“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label ဟင်းချက်နည်း. Show all posts
Showing posts with label ဟင်းချက်နည်း. Show all posts

Monday, February 10, 2014

ပင်လယ်စာချဉ်စပ်ဟင်းရည်( Hot & Spicy Sea Foods Soup)

ပင်လယ်စာချဉ်စပ်ဟင်းရည်( Hot & Spicy Sea Foods Soup)
****************************************

ပါဝင်ပစ္စည်းများ....

ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၃ လီတာ
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ 
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။

အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။

အိုးတစ်လုံးမှာရေနွေးကိုဆူအောင်တည်ပြီး..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးရေနွေးဖျောကာ ..အအေးခံထားပါ။

ကြက်ရိုးကို..ကြင်လင်သောပာင်းရည်ရအောင်ပြုတ်ပါ(ကြည်လင်စေရန်..
အမြှုပ်များကိုခပ်ထုပ်ပစ်ပါ.)

မိမိဆေးကြောသန်.စင်ထားသောပင်လယ်စာများကို.ရေနွေးဆူဆူတွင်ခေတ္တရေနွေးဖျောပေးပါ..။
(သွေးရည်နှင့်အကျိအချွဲများထွက်သွားစေရန်).ရေအေးဖြင့်ဆေးပြီး.ရေစစ်ပါ။

ပါဝင်ပစ္စည်းများကိုလိုအပ်သလိုလှီးဖြတ်သန်.စင်ထားပါ...။

အားလုံးအရန်သင့်ဖြစ်ရင်တော့စချက်ပါမယ်...။

ပထမဆုံးကြည်လင်သော
ကြက်ရိုးပြုတ်ရည်ထဲသို.ကြက်သွန်နီလေးစိတ်နှင့်..စပါးလင်.ပဒဲကော၊ချင်း၊
တောရှောက်ခါးရွက်ကိုထည့်ပြုတ်ပါ။

အရသာအဖြစ်..ကြက်သားမှုန်.၊ပာင်းချိုမှုန်(သုံးတတ်ပါက)၊ငါးငံပြာရည်၊
သကြားတို.ဖြင့်ဖြည့်စွက်ပါ။

ပာင်းရည်တစ်ခါဆူပွက်လာလျှင်...သန်.စင်ထားသောမှိုကိုထည့်ပါ။ မှိုထည့်ပြီးနောက်တစ်ခါထပ်ဆူပွက်လာလျှင်..မီးပြင်းကို.လျှော့ချပါ(မီးပြင်း
ပြင်းနှင့်ထားလျှင်..မိမိချက်သောပာင်းရည်နောက်ကျိသွားနိုင်ပါသည်...)

ရေနွေးဖျောထားသောပင်လယ်စာတွေကိုထည့်ပေါင်းပါ။

ထိုအချိန်တွင်..ငရုတ်သီးစိမ်းကိုဓါးပြားရိုက်ထည့်ပြီး..သံပုရာရည်(သို.)ရှောက်ရည်(အသီးကိုညှစ်ထည့်ပါက..ပိုမိုကောင်းမွန်)။ချဉ်....ငံ...စပ်...အရသာကိုတော့မိမိနှစ်ပိုနှစ်သက်သလိုထည့်ပါ.ဥပမာ..ချဉ်တာလေးကို
ပိုကြိုက်ရင်..အချဉ်လေးပိုထည့်ပေးလိုက်ပါ။

မိမိစားသုံး(သို.)ဧည့်ခံကာနီးမှ...ခရမ်းချဉ်သီးလေးစိတ်ခွဲနဲ.ရှမ်းနံနံပါးပါးလှီး
( ကြိုက်နှစ်သက်ပါက..နံနံပင်လေးပါ)ထည့်သုံးဆောင်နိုင်ကြပါတယ်....။

ချစ်သူငယ်ချင်းများ...။ချစ်မိတ်ဆွေများ...ဒီနေ.ပဲ..စမ်းကြည့်လိုက်ကြပါလား..
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား...။။။။
ပါဝင်ပစ္စည်းများ....

ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၃ လီတာ
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)
ခရမ်းချဉ်သီး.................၃.(လေးစိတ်ခွဲ)
စပါးလင်.......................၂ ချောင်း( အဖြူရောင်သာ ပါးပါးလှီး)
ပဒဲကော......................၁ တက် ( ပါးပါးလှီး)
ချင်း............................၁တက်(ပါးပါးလှီး)
ကောက်ရိုးမှို(သို.)ငွေနှင်းမှို..အနည်းငယ်
ရှမ်းနံနံ
တောရှောက်ခါးရွက်..
ငရုတ်သီးစိမ်းတောင့်..။

အရသာကိုတော့..ချက်နည်းပေးရင်ပြောပေးသွားမယ်ဗျာ..။

အိုးတစ်လုံးမှာရေနွေးကိုဆူအောင်တည်ပြီး..သံပုရာသီး၁စိတ် ၊ တရုတ်နံနံလေးထည့်ပြီးရေနွေးဖျောကာ

Friday, September 6, 2013

ကွမ်းရွက်နဲ့ချက်တဲ့ကဏန်းအစပ်


Photo: ကွမ်းရွက်နဲ့ချက်တဲ့ကဏန်းအစပ်
Friday, September 6, 2013

ဒီကဏန်းချက်နည်းက အိသက်မမကြီး အမျိုးသားဆီကရတာပါ။ 
ကိုကြီးက ဆရာဝန်အလုပ်နဲ့ လားရှိုးမှာတာဝန်ကျပါတယ်။ 
မကြီးလည်း သျှောင်နောက်ကို ဆံထုံးပါသွားရော။ 
ဒီမှာတင်ပဲ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်လိုမှတားမရအောင် 
စိတ်ကြီးတဲ့ အိသက်တို့မိသားစုရဲ့ အစားအသောက် 
အပြန်အလှန် ပို့ပွဲကြီးစပါတော့တယ်။ အမေကသူ့သမီးကြီးကြိုက်သမျှ 
ရန်ကုန်စာအကုန် ကားဂိတ်ကပို့ (နေ့ချင်းရောက်) မကြီးက 
လားရှိုးက ကောင်းနိုးရာရာအကုန်ပို့ပေါ့လေ။ 

မကြီးပို့တဲ့အထဲက အဲဒီက ဆိုင်တစ်ဆိုင်ကကဏန်းဟင်းက 
တစ်စက်ကျန်တဲ့အထိ အရသာရှိတာ၊ အိမ်ကလူစုံ ကလေးမကျန် 
အကုန်ကြိုက်ပါတယ်။ ကိုကြီးကလည်း ဟင်းချက်အရမ်းကောင်းပါတယ်။ 
ဘာကြောင့် ဒီကဏန်း ဒီလောက်ကောင်းရပါသလဲလို့ ဟင်းချက်
ကောင်းတဲ့ကိုကြီးကို မေးရပါတယ်။
(London ပြန်ရောက်ရင် ကိုယ့်ဘာသာချက်ရမှာလေ)
ကွမ်းရွက်ကြောင့်ပါတဲ့။ ချက်နည်းလေး ပေးမယ်နော်။ 

ပါဝင်ပစ္စည်းများ 
......................
• ကဏန်း - ခြောက်ကောင် ( နှစ်ပိုင်းခြမ်းထားပြီး) 
( ရန်ကုန်မှာလိုတော့ လယ်ကဏန်းမရှိတော့ သဲကဏန်းက 
အသားနည်းတယ်)
• ကြက်သွန်နီ - နှစ်လုံး
• ချင်း - စားပွဲဇွန်း သုံးဇွန်း
• မဆလာ ( ကုလားလေးမဆလာဆို ပိုကောင်းပါတယ်)
• မန်ကျည်းသီးရေဖျော် - နည်းနည်း (အကြမ်းပန်းကန်လုံးစာ)
• သကြား - ၂ ဇွန်း
• ဆား၊ ကြက်သားမှုန့် - ၃ ဇွန်း
• ငံပြာရည် - ၂ ဇွန်း
• ချင်း
• နံနံပင် - နည်းနည်း
• ကွမ်းရွက် - တစ်ရွက်

ချက်ပြုတ်နည်း
.....................
၁။ ကဏန်းလေးများ ပါးဟပ်သန့်စင်ကာ ရေစင်စင်ဆေးထားပါ။ 
ဆား၊ ကြက်သားမှုန့် ၁ ဇွန်း၊ ချင်း အနည်းငယ်တို့ဖြင့် ဇလုံတစ်ခုတွင်
ခလောက်ထားပါ။ 

၂။ ကြက်သွန်များကို ငရုတ်သီးခွဲခြမ်း၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့
ဆီသတ်ပါ။ ကဏန်းကိုရေစင်စင်ဆေးပြီး ချင်း၊ ဆား၊ ကြက်သားမှုန့် ၂ ဇွန်းတို့နဲ့ 
ခလောက်ထားပါ၊ ကြက်သွန်ဖြူ၊ နီကို ထောင်းထားပါ။ ကြက်သွန်များကို 
ငရုတ်သီးခွဲခြမ်း ၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့ ဆီသတ်ပါ။ ကြက်သွန်
ရွှေရောင်သမ်းပြီဆိုရင် ကဏန်းထည့်လုံးပါ။ ကဏန်းနီလာရင် ရေ ၁ ပိုင့်၊ 
မန်ကျည်းရေ နည်းနည်း၊ ပဲငံပြာရည်အကြည် တစ်ဇွန်းထည့်၊ ကွမ်းရွက်
ညှပ်ထည့်ပြီး ပွက်ပါစေ။ ဆီပြန် ရေကျန်ကျက်ပြီဆိုရင် မဆလာလေးအုပ်၊
နံနံပင်လေးအုပ်ပြီး အသည်းစွဲကဏန်းဟင်းတစ်ခွက်ရပါပြီ။


Htet Family's Creation
www.htetfamily.com

FOOD Magazine
ဒီကဏန်းချက်နည်းက အိသက်မမကြီး အမျိုးသားဆီကရတာပါ။
ကိုကြီးက ဆရာဝန်အလုပ်နဲ့ လားရှိုးမှာတာဝန်ကျပါတယ်။
မကြီးလည်း သျှောင်နောက်ကို ဆံထုံးပါသွားရော။
ဒီမှာတင်ပဲ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်လိုမှတားမရအောင်
စိတ်ကြီးတဲ့ အိသက်တို့မိသားစုရဲ့ အစားအသောက်
အပြန်အလှန် ပို့ပွဲကြီးစပါတော့တယ်။ အမေကသူ့သမီးကြီးကြိုက်သမျှ
ရန်ကုန်စာအကုန် ကားဂိတ်ကပို့ (နေ့ချင်းရောက်) မကြီးက

Saturday, August 3, 2013

ယိုးဒယား သင်္ဘောသီးထောင်း


Photo: ယိုးဒယား သင်္ဘောသီးထောင်း

လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား
ဟင်းခတ်မှုန့်တို့ပါနော်။

သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေဆေးပေးပါ။ ပြီးတော့မှ သင်္ဘောခြစ်နဲ့ သဘောင်္သီးတွေကို ခြစ်ယူပါ။ ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးပေးထားပါ။ ငရုတ်သီးတွေကို ရေဆေးပြီး အညှာခြွေပေးထားပါ။ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပေးထားပြီး ခရမ်းချဉ်သီးကို မထူမပါး လှီးပါ။ ခရမ်းချဉ်သီး အလုံးသေးပါက ထက်ခြမ်းခြမ်းထည့်နိုင်ပါတယ်။ ပဲတောင့်ရှည်ကို ၁ လက်မခွဲ အရှည်လောက်တွေရအောင် ဖြတ်ထားပေးပါ။ ငါးပိစိမ်းစားကို မီးအုံးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇောက်နက်တဲ့ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူအရင်ထည့်ထောင်းပါ၊ ပြီးရင် ငရုတ်သီးတောင့်တွေ ထည့်ထောင်း၊ ပြီးတာနဲ့ ငါးပိစိမ်းစား၊ သကြား၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အားလုံး သမအောင် ထောင်းပါ။ ပုစွန်ခြောက်ညက်စရာမလိုပါဘူး။ ပြီးတာနဲ့ ပဲသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး အားလုံးသမအောင် အသာလေးမွှေပေးပါ။ ပြီးရင် သကြားနဲ့ ငံပြာရည်ကိုထည့်၊ ခြစ်ထားတဲ့ သင်္ဘောသီးတွေကို ထည့်ပြီး တစ်ဘက်က တူလေးဆွပေး၊ လက်တစ်ဘက် ငရုတ်ကျည်ပွေ့နဲ့ အသာအယာလှည့်ထောင်းပေးပါ။ ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်ကိုပါ ဆမ်းထည့်ပြီး အားလုံး သမအောင် ထောင်း၊ အရသာ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာကို ကဲထည့်၊ ပြီးရင် မြေပဲထောင်းလေးကိုပါ ထည့်ပြီး မွှေပေးပါ။ စိတ်ကြိုက်အရသာတွေ့ပြီဆိုရင် တော့ ချိုချဉ်ငံစပ်အရသာလေးနဲ့ ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီနော်။


By Lulucooking
လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား

Friday, May 3, 2013

ဒံပေါက်ချက်နည်း (COOK BY YOURSELF N SAVE MONEY LIVE BETTER)

ဒံပေါက်ချက်နည်း ----------------<br /
  • ဒီဒန်ပေါက်ကတော့ ပြီးခဲ့တဲ့ အပတ်က ချက်ကျွေးဖြစ်တယ် ။ ဧည့်သည်တွေ လာလည်လို့ပါ ။ ကြက်သားဒန်ပေါက်ပါ ။ ကြက်သား ဒန်ပေါက်ကို ရယ်ဒီမိတ် မဆလာနဲ့ ချက်ကြသလို ကိုယ်တိုင်မဆလာစပ်ပြီးလည်းချက်ကြပါတယ် ။ဆိတ်သားဒန်ပေါက် နဲ့ အမဲသား ဒန်ပေါက် တို့ရဲ့ မဆလာက ကြက်သားဒန်ပေါက်မဆလာနဲ့ မတူပါဘူး ။ နောက်များ ချက်ရင် တင်ပေးပါ့မယ် ။ အခု ကြက်သား ဒန်ပေါက် ချက်နည်းလေး ပြောပြပါ့မယ်
    ကြက်သား ......................................... 1kg
    ဆန် .......................................... ၄ဗူး

Friday, April 12, 2013

သက်ရှည်ကျန်းမာမှုကို ထောက်ပံ့ပေးမည့် ဟင်းခတ်အမွှေးအကြိုင်များ

 ချက်ပြုတ်စားရာမှာ ဟင်းခတ်အ မွှေးအကြိုင်အဖြစ် ထည့်သွင်းချက်ပြုတ်တာတွေက သက်ရှည်ကျန်းမာဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာ သင်သိပါရဲ့လား။

(၁) နနွင်း
=====
ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ် နနွင်းကို အိန္ဒိယ၊ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ဟင်းချက်ရာ မှာ အသုံးပြု ကြပါတယ်။ ထိုင်းနိုင်ငံမှ သုတေသီတွေ ရဲ့ လေ့လာမှုအရ တစ်နေ့ကို နနွင်းမှုန့် လက်ဖက်စား ဇွန်းတစ်ဇွန်းစာလောက် သင်စားသောက်တဲ့ ဟင်းတွေထဲမှာပါရှိရုံနဲ့ အမျိုးအစား ၂ ဆီးချိုသွေး ချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျှော့ချ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၂) ချင်း(ဂျင်း)
=======
နာကျင်ကိုက်ခဲမှုကို သက်သာစေတယ် အိန္ဒိယနိုင်ငံမှ ပညာရှင်တွေရဲ့ လေ့လာမှုအရ ချင်း(ဂျင်း)က ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမျက် ကိုက်ခဲတာ၊ ထိခိုက်မှုကြောင့်

Sunday, April 7, 2013

Summer စတိုင် ကြက်ကင်


Photo: Summer စတိုင် ကြက်ကင်
Sunday ,April 07, 2013

Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားက
လည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်
စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

    ကြက်ပေါင်၊ တောင်ပံ – ၅ခု
    ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

    ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
    စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)
    သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း
    လိမ္မော် ဆိုဒါ – ၁ခွက် (Measurement ချိန်ခွက်)
    သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
    ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)

ကင်နည်း

၁။ ကြက်ပေါင်နှင့် တောင်ပံများကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ဇလုံ တစ်ခုထဲတွင် (ကြက်ပေါင်၊ တောင်ပံ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဗီနီကာ၊ လိမ္မော် ဆိုဒါ၊ သကြား၊ ဆား၊ ကြက်
သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုးမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ဒယ်ထဲ ကြက်ပေါင်၊ တောင်ပံနုယ်ထားသော ဆော့ရည်များကို မီးဖြင့် ၁မိနစ်ခန့် တည်ပေးပါ။ ပြီလျှင် ခွက်တစ်ခုထဲတွင် ထည့်ပြီ ဖယ်ထားပါ။

၃။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်
တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀
ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။

၅။ ကင်ပြီလျှင် ကြက်ကင်များကို ဌက်ပျောရွက်ပေါ်တွင် ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

Wutyee Food House
Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားက
လည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်
စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ကြက်ပေါင်၊ တောင်ပံ – ၅ခု
ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)
သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း

Monday, January 7, 2013

。≈✥≈。ကိုရီးယားပဲခေါက်ဆွဲ。≈✥≈。

。≈✥≈。ကိုရီးယားပဲခေါက်ဆွဲ。≈✥≈。
░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ 


ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်

ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။



ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။



တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး

နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။



ပါဝင်ပစ္စည်းများ(၂ပွဲစာ)
〓〓〓〓〓〓〓〓〓〓


✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)

✿သခွါးဖရုံသီး (courgette =Zucchini)၁လုံး(အတုံးလေးများ)

✿အာလူးကြီးကြီး ၁လုံး(အတုံးလေးများ)

✿ကြက်သွန်နီ ၁လုံး(အတုံးလေးများ)

✿ကိုရီးယား ပဲအနှစ် ၃ဇွန်း(စားပွဲတင်)

✿ နှမ်းဆီ၃ဇွန်း(စားပွဲတင်)

✿ပြောင်းကော်မှုန့်၂ဇွန်းရေဖျော်ပြီး(စားပွဲတင်)

✿ဂျုံခါက်ဆွဲ ၂ပွဲစာ





ချက်ပြုတ်နည်း
〓〓〓〓〓〓

စစချင်း ဒယ်ထဲတွင် ကြက်သွန်နီ် ၊ ဖြူ နှင့် ဝက်ဗိုက်ခေါက်သား

အတုံးလေးများကို ထဲ့ပြီးကြော်ပါ။



ဝက်သားကျက်ရင် အာလူး, သခွါးဖရုံသီးအတုံးလေးများထဲ့ကာ 

၂မိနစ်ခန့်ဆက် ကြော်ပါ။ 



အိုးထဲမှာပဲ အစာများကို ဘေးကပ်ပြီး BLACK BEAN အနှစ်ထဲ့

၁မိနစ်ခန့်ကြော်ပေးပါ။

ပြီးမှအကုန်ရောကြော်ပါ။



ရေအနဲငယ် ထဲ့ပြီးအသားများ၊ အသီးများနူးပါစေ။



နောက်ဆုံး ပြောင်းကော်ရည်ထဲ့ပြီးအရည်ပျစ်စေကာ နှမ်းဆီရောပြီး

 ခေါက်ဆွဲ ပေါ်တွင်၎င်းထမင်းပေါ်တွင်၎င်းဆမ်းကာ ပူပူလေးစားသုံးပါ။



လတ်လတ်ဆက်ဆက်သခွါးသီးလေးများ ဖြင့်စားရင်အလွန်ကောင်းပါတယ်။ 
ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်
ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။

ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။

တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။

ပါဝင်ပစ္စည်းများ(၂ပွဲစာ)
〓〓〓〓〓〓〓〓〓〓

✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)

Tuesday, January 1, 2013

♚ ပဲတီသနပ် (ခေါ်) ပဲပင်ပေါက်သနပ် ♚



 
ပဲတီသနပ်လို့ ခေါ်တဲ့ ပဲပင်ပေါက်သနပ်ကို အားလုံးအတွက်

မျှဝေပေးလိုက်ရပါတယ်နော့့် 



ပြုလုပ်နည်း
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ပဲပင်ပေါက်များကို အမည်းရောင် ပဲဖတ်လေးတွေ အရင်သန့်စင်ပေးရမယ်နော်

ပြီးမှ ရေနဲ့ သန့်စင်အောင်ဆေးပါမယ့့် 


ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အထဲမှာ နနွင်းမှုန့်လေး

Sunday, December 30, 2012

ဂျပန်ပုစွန်ပွကြော်


Photo: ဂျပန်ပုစွန်ပွကြော်
▫◊▫═▫◊▫═▫◊▫═

အဆာပြေလဲ စားလို့ရအောင် ထမင်းနဲ့လဲ စားလို့ဖြစ်တဲ့ 

ပုဇွန်ပွကြော် ကြော်စားကြစို့နော်............ :)



ပါဝင်ပစ္စည်းများ
▫◊▫═▫◊▫═▫◊▫═

▫◊▫ပုစွန်၊

▫◊▫တန်ပူရာ အပွမှုန့်၊

▫◊▫မုန့်ကြွပ်မှုန့်၊

▫◊▫ဆီမွှေး၊

▫◊▫ဝိုင်၊

▫◊▫ဆား၊

▫◊▫ငရုတ်ကောင်းမှုန့်၊

▫◊▫ကြက်သားမှုန့်


ပြုလုပ်ပုံအဆင့်ဆင့်
▫◊▫═▫◊▫═▫◊▫═▫◊▫

သန့်စင်ထားပြီးသား ပုစွန်ကို ကြက်သားမှုန့်၊ ဆီမွှေး၊ ငရုတ်ကောင်းမှုန့်၊ 

ဆားအနည်းငယ်နဲ့ ဝိုင်အနည်းငယ် ထည့်ပြီးနယ်ပါ။ 


တန်ပူရာကို ရေခဲနဲ့ ရေရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်ထား ပါ။


ပြီးမှ ပုစွန်ကို ဖျော်ထားတဲ့ တန်ပူရာထဲမှာ နှစ်ပြီး ဆယ်ထားပါ။ 

ဆယ်ပြီး သားပုစွန်ကို မကြော်သေးဘဲနဲ့ခဏနှပ်ထားပါမယ်။

 နောက်ဆုံးမှ နှပ်ထားတဲ့ ပုစွန်ကိုမှုန့်ကြွပ်မှုန့်နဲ့ ကပ်ပြီးဆီပူပူမှာကြော်လိုက်မယ်။

ဒါဆိုရင်တော့စားနေကျအရသာတွေနဲ့မတူဘဲ ထူးခြားတဲ့ အရသာကို 

ခံစားရမယ့် ဂျပန်ပုစွန်ပွကြော် ဟင်းတစ်ခွက်ရပါပြီ။
အဆာပြေလဲ စားလို့ရအောင် ထမင်းနဲ့လဲ စားလို့ဖြစ်တဲ့
ပုဇွန်ပွကြော် ကြော်စားကြစို့နော်............ :)

ပါဝင်ပစ္စည်းများ
▫◊▫═▫◊▫═▫◊▫═

▫◊▫ပုစွန်၊

▫◊▫တန်ပူရာ အပွမှုန့်၊

▫◊▫မုန့်ကြွပ်မှုန့်၊

▫◊▫ဆီမွှေး၊

ငါးနီတူနဲ့ထမင်းကြော် စားကြမယ်


Photo: ငါးနီတူနဲ့ထမင်းကြော် စားကြမယ်
♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦

ထမင်းကြော်ဆိုရင် ရိုးရိုးပဲ ကြော်စားဖြစ်တဲ့ မောင်နှမတွေ အတွက်

ထမင်းကြော်နည်း အသစ်လေးပါ........ ツツ

ကြော်စားကြမယ်ဟုတ်  :) 

ပါဝင်ပစ္စည်းများ
♦◦♦◦♦◦♦◦♦◦♦◦♦

♫ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)

♫ထမင်း၂ပွဲစာ

♫မုန်လာဥနီ ၁လုံး( စိတ်ထားပါ)

♫ငရုတ်သီးစိမ်း ၂တောင့်

♫Chilli powder ၁ဇွန်း(စားပွဲတင်)

♫ကြက်ဥ၂လုံး

♫ကြက်သားမှုန့်၂ဇွန်း

♫နံနံပင်အနဲငယ်

♫ကြက်သွန်နီ ၁ခြမ်း၊

♫ကြက်သွန်ဖြူ ၂မွှာ


ပြုလုပ်နည်း
♦◦♦◦♦◦♦◦♦◦♦

ငါးနီတူခြောက်လေးများကို ကျွတ်သွားအောင် ကြော်လိုက်ပါ။ ဖယ်ထားပါ။

 
ငါးကြော်ထားသောဆီထဲကို စိတ်ထားသော ကြက်သွန် အနီ၊ ဖြူ များကြော်ပါ။


ကြက်သွန်လေးများကျွတ်လာရင် chilli powder ထဲ့ပြီး မုန်လာဥလေးများထဲ့ပါ။ 

အကြော်များကို အိုးတဖက်ကိုကပ်၍ ကြက်ဥ၂လုံး မွှေကြော်ပါ။

အကုန်ရောမွှေကာ ထမင်းထဲ့ကြော်ပါ။


 ကြက်သားမှုန့်၂ဇွန်း၊ ငရုတ်သီးစိမ်း ထဲ့ကြော်ပါ။

အားလုံးနှံ့ပြီဆိုရင် ကြော်ပြီးသားငါးနီတူများထဲ့ပါ။

 နံနံပင် အုပ်ပြီးရင်အဆင်သင်ဖြစ်ပါပြီ။

 

 http://htetfamily.com
ထမင်းကြော်ဆိုရင် ရိုးရိုးပဲ ကြော်စားဖြစ်တဲ့ မောင်နှမတွေ အတွက်

ထမင်းကြော်နည်း အသစ်လေးပါ........ ツツ

ကြော်စားကြမယ်ဟုတ် :)

ပါဝင်ပစ္စည်းများ
♦◦♦◦♦◦♦◦♦◦♦◦♦

♫ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)

♫ထမင်း၂ပွဲစာ

♫မုန်လာဥနီ ၁လုံး( စိတ်ထားပါ)

♫ငရုတ်သီးစိမ်း ၂တောင့်

♫Chilli powder ၁ဇွန်း(စားပွဲတင်)

ငါးသလောက်ဥဟင်း


Photo: ငါးသလောက်ဥဟင်း
═══════════

ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........

စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......

ပါဝင်ပစ္စည်းများ
════════

✧ငါးသလောက်ဥ ၃၀၀ ဂရမ်

✧ဂျင်း၁ဇွန်း(စားပွဲတင်)

✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

✧ခရမ်းချဉ်သီး၁လုံး

✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)

✧ဆနွင်းနဲနဲ

✧ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ

ဟင်းချက်နည်း
════════

ငါးသလောက်ဥများကိုရေစင်စင်ဆေးပြီးရင် ဂျင်း၊ဆား

၊ကြက်သားမှုန့်၁ဇွန်းတို့နဲ့ နယ်ထားပေးပါ။

ကြက်သွန်ထောင်းထားတာများဆီသတ်ပါ။
ကြက်သွန်ရွှေဝါရောင်သန်းရင် ငါးဥများထဲ့ကာ အိုးကိုလှုပ်ပေးပါ။ ကြက်သားမှုန့်၁ဇွန်း ထဲ့ပါ

၃မိနစ်ခန့်အကြာ ခရမ်းချဉ်သီးများထဲ့ကာ အနည်းငယ် လှိမ့်ပေးကာရေအနဲငယ်ထဲ့ပြီး ၁၅မိနစ်ခန့်အုပ်ပေးပါ။

ငါးဥလေးများကျက်ပြီးဆိုရင် နံနံပင်လေးအုပ်ပြီး ထမင်းပူပူနဲ့စားလို့ရပါပြီ။
ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........

စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......

ပါဝင်ပစ္စည်းများ
════════

✧ငါးသလောက်ဥ ၃၀၀ ဂရမ်

✧ဂျင်း၁ဇွန်း(စားပွဲတင်)

✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

✧ခရမ်းချဉ်သီး၁လုံး

✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)

Tuesday, December 18, 2012

မြောက်ပိုင်း အိန္ဒိယစတိုင်လ် ကြက်သား ဒန်ပေါက်


 ကက်သား ဒန်ပေါက် (၈ယောက်စာ)
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။
ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့
ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း
အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။

ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

အုန်းနို့ခေါက်ဆွဲ ချက်ကြမယ်

ဒီတစ်ပတ် ပိတ်ရက်မှာ သူငယ်ချင်းတွေ စုပြီး အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်လို့ စိတ်ကူးရလာတယ်။ ချက်ကြမယ်ဟေ့ ကောင်းကောင်းအစီအစဉ်လေးမှာလဲ မမေ အုန်းနို့ခေါက်ဆွဲ ချက်နည်းလေးရေးပေးပါလို့ တောင်းဆိုထားသူတွေအတွက် ပါ ချက်နည်းလေးရေးပေးပြီး အတူတူ ချက်စားကြတာပေါ့။
ပါဝင်သော ပစ္စည်းများ

Thursday, November 22, 2012

ထိုင်းစတိုင်လ် ငပိထမင်းကြော် နဲ့ ကျောက်ပွင့်သုပ်





ထိုင်းစတိုင်လ် ငပိထမင်းကြော်

ထိုင်းစတိုင် ငပိထမင်းကြော်လေးပါ။  ငပိထမင်းကြော်မှာ သရက်သီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး

Thursday, November 15, 2012

အာဟာရဓာတ်များမဆုံးရှုံးစေရန် ချက်ပြုတ်နည်း











အစားအသောက်တွေကို အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်ရာမှာ မူလအရင်းမြစ် အာဟာရတွေ ဆုံးရှုံးမသွားအောင် ချက်ပြုတ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆန်
ဆန်ကို ရေနဲ့ အကြာကြီး ပွတ်တိုက်ဆေးကြောခြင်း မလုပ်ပါနဲ့။ ရေနဲ့ အထပ်ထပ်အကြိမ်ရေများများ ဆေးကြောတာကြောင့် ဆန်မှာပါဝင်တဲ့ ဗီတာမင် ဘီ-ဝမ်းဓာတ်

Sunday, November 4, 2012

ဟင်းခတ်အမွှေးအကြိုင်များ၏ ကျန်းမာရေးအစွမ်းများ

ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုတာကြောင့် ဟင်းရဲ့အရသာကောင်းမွန်ပြီး ဟင်းအပြင်အဆင် လှပရုံသာမက သင့်အတွက် ကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ရရှိနိုင်ပါတယ်။ Phytochemicals နဲ့ antioxidant တွေလည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရော ဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အလိုက်ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 ဆီသတ်ရွက်


Saturday, October 27, 2012

ကရင်တပင်တိုင် မုန့်ဟင်းခါး

မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာတော့ မုန့်ဟင်းခါးဟု ခေါ်လေ့မရှိဘဲ မုန့်တီဟု ခေါ်လေ့ရှိသည်။
ရခိုင်မုန့်တီဟုသာ သတ်မှတ်ခေါ်ဆိုထားပေမယ့် ကရင်ပြည်နယ်၊မွန်ပြည်နယ် စသည့် ဒေသတို့တွင်လည်း
မုန့်ဟင်းခါးဟုခေါ်ဆိုလေ့ မရှိပဲ မုန့်တီဟုသာ သတ်မှတ်ခေါ်ဆိုလေ့ရှိသည်။ ထိုဒေသအခေါ်အရတော့
ယနေ့မေချက်မည့် ဟင်းလျာသည် ကရင်တပင်တိုင်မုန့်တီဖြစ်ပါတယ်။

ကရင်လူမျိုးအများစုကတော့ ငါးပိကိုကြိုက်နှစ်သက်ကြ၍ ၎င်းတို့ချက်သည့် ဟင်းလျာသည်

Thursday, October 11, 2012

ဗိုလ်စားပဲသီး ချဉ်ငံစပ်သုပ်


 http://api.ning.com/files/alldh5qWFicEPVVaiNuzCX8e2NVV85p9MjGdBGlwjmig1WFEfsiBpfTxCAFUE74z-Ktclf*G0NPi8gQ1uga7SRHfZPM*J8ih/IMG_0974.JPG

သက်သတ်လွတ်စားသုံးသူများအတွက်လဲ အဆင်ပြေသည့် အသုပ်လေးပါ။

ပဲသီးသုပ်ရန် ပါဝင်သော ပစ္စည်းများ

၁။ ဗိုလ်စားပဲသီး ၁၅ ကျပ်သားခန့်
၂။ဆား ကော်ဖီဇွန်းတစ်ဝက်ခန့်
၃။ သံပရာသီး တစ်လုံး
၎။ကြက်သွန်နီဥ အသေးနှစ်လုံး (ကြီးလျှင် တစ်ဥပဲ သုံးပါ)
၅။ကြက်သွန်ဖြူဥကြီး ၃ မွှာ
၆။ငရုတ်သီးစိမ်း ၄၊၅ ထောင့်ခန့်
၇။ပဲငံပြာရည်အချို (သို့) ပဲဆီ စားပွဲတင်ဇွန်း ၁ဇွန်း

Saturday, September 29, 2012

ငပျောရွက် ငါးကင်



တမူထူးခြားပြီ အရသာဆန်းတမျိုး ဖြစ်သည့် ငပျောရွက် ငါးကင်လေးနဲ့ မိတ်ဆက်ပါရစေ။ ငပျောရွက်ထုတ်ပြီ ကင်ထားတဲ့ အတွက် ငပျောရွက်က ငါးအသားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတာ မို့ ခြောက်သွေ့မသွားပဲ၊ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို ရရှိမှာပါ။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားတာမို့ အနံလေးက သင်းပြီ စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ [Ingredients]
  • ငါးရံ့ [fish]                                        ♦ ၂၀ကျပ်သား (အသားလွှာ ၄ပိုင်း)
  • ငပျောရွက် [banana leaves]            ♦ ၄ခု

ဝက်သားပေါင်း


မနက်စာ ၀က်သားပေါင်းလေးပါ။ ၀က်သားအပြင် ပုဇွန်ပါထည့်ထားတာမို့ အရသာလည်း ကောင်းမွန်ပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ၀က်သားပေါင်း တူတူလုပ်စားကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
  • ဖက်ရွက် – ၁၅ရွက်
  • ၀က်သား (သို့) ကြက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပုဇွန် – ၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပေးပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်