“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Thursday, November 8, 2012
သင် စိုးရိမ်စိတ်များနေသလား .. ဒါမှမဟုတ် .. ဖိစီးမှုများနေသလား .......
သင် စိုးရိမ်စိတ်များနေသလား .. ဒါမှမဟုတ် .. ဖိစီးမှုများနေသလား .......
ငှက်ပျောသီး စားလိုက်ပါ နောက်တစ်ကြိမ် သင့်မှာစိုးရိမ်ပူပန်စိတ်များနေလို့ မကြာခဏဆီးသွားနေရရင် ငှက်ပျောသီးစားလိုက်ပါလို့ New Orleans Fitness Centre မှ အားကစားအာဟာရပညာရှင် Molly က ပြောပါတယ်။
ငှက်ပျောသီး အလယ်အလတ်တစ်လုံးမှာ ၁၀၅ ကယ်လိုရီနဲ့ သကြား ၁၄ ဂရမ်သာပါဝင်တဲ့အတွက် သွေးတွင်း သကြားဓာတ် အနည်းငယ်သာ မြင့်တက်နိုင်ပြီး ဗီတာမင် B6 နေ့စဉ်လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းပါဝင်တဲ့ အတွက် သင့်ရဲ့ စိုးရိမ်စိတ်လျှော့ချနိုင်ဖို့ ဦးနှောက်မှ Serotonin လုံလုံလောက်လောက် ထွက်ရှိလာပါတယ်။
ဘာဌက်ပျောသီးကို စားရမလည်း ဆိုရင် သီးမွှေးဖြစ်ပါသည် ။
by: facebook
ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်
ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက် 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။
(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။
(၅) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော
့ နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၆) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။
(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း
ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကိုတတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။
(၁၀) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်
ကိုတိုးတတ်စေပါတယ်။
Good health 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Creditto ^..^
ရွေ မြန် မာ
(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။
(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။
(၅) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော
့ နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၆) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။
(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း
ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကိုတတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။
(၁၀) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်
ကိုတိုးတတ်စေပါတယ်။
Good health
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Creditto ^..^
ရွေ မြန် မာ
ကမ္ဘာပေါ်မှ တွင်းပေါက်ကြီးများ
ကမ္ဘာပေါ်မှ တွင်းပေါက်ကြီးများကို တင်ပေးတာပါ။
ကျွန်တော်တို့ လူသားတွေဟာ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ပြန်လည်ပြီး အပေါက်တွေဖောက်နေကြတာကို တွေ့ မြင်ရမှာပါဗျာ...
(၁)Chuquicamata, Chile
ဒီတွင်းကြီးကတော့ ချီလီနိုင်ငံမှာပါ။ကြေးနီမိုင်းတွင်းပါ။မိုင်းတွင်းအနက် 850 m ရှိပြီး  ကမ္ဘာကြေးနီအများဆုံးထုတ်လုပ်ရာနေရာပါ။
(၂)Udachnaya Pipe, Russia
 ဒီတွင်းပေါက်ကြီးကတော့ ရုရှား နိုင်ငံက စိန်တွင်းကြီးပါ။ 1955 ခုနှစ်ထဲကတွေ့ ရှိထုတ်လုပ်ခဲ့တဲ့ ဒီစိန်တွင်းဟာ 600 m နက်ပါတယ်။
(၃)Sink hole, Guatemala
ဂွာတီမာလာ နိုင်ငံမှာ 2007 ခုနှစ်က ပေ 300 နက်တဲ့ တွင်းပေါက် ကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတွင်းပေါက်ကြီးဟာ မိုးရွာသွန်းမှုနှင့် မြေ အောက်ရေ လှိုက်စားမှုတို့ ကြောင့်လို့ မှတ်ချက်ချကြပါတယ်။
(၄) Diavik Mine, Canada
ကနေဒါ နိုင်ငံ အနောက်မြောက်ဘက်ပိုင်းမှာ ရှိတဲ့ ဒီစိန်တွင်းကို 2003 ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ကို 8 million carats or about 1,600 kg (3,500 lb) ထွက်ရှိပါတယ်။
(၅)Mirny Diamond Mine, Siberia
ဒါကတော့ ဆိုက်ဘီးယားမှာ၇ှိတဲ့  ကမ္ဘာကျော်စိန်တွင်းပါ။ 525 m နက်ပြီးတော့ 1200 m ကျယ်ပါတယ်။အကြီးဆုံးစိန်တွင်း အဖြစ်တည်ရှိခဲ့ ပြီးအခုတော့ စွန့် ခွာခဲ့ပါပြီ။ အထက်မှ အောက်ခြေကို
ရောက်ဖို့ ထရပ်ကားကို နှစ်နာရီလောက်မောင်းရပါတယ်။
(၆)Great Blue Hole, Belize
Belize နိုင်ငံက အပြာရောင်တွင်းပေါက်ကြီးကတော့ ပင်လယ်ကမ်းခြေနားမှာ ရေအောက်တွင်းပေါက်ကြီးပါ။ ပေ ၁၀၀၀ကျယ်ပြီး ပေ ၄၀၀ နက်ပါတယ်။နောက်ထပ်ရှာတွေ့ တဲ့တစ်ပုံကိုတင်ပေးလိုက် ပါအုံးမယ်။
ဒီပုံကပိုလှတယ်နော်...
 (၇)Bingham Canyon Mine, Utah
 ကြေးနီမိုင်းတွင်းကြီးပါပဲ။0.75 mile (1.2 km) နက်ပြီးတော့
2.5 miles (4 km) ကျယ်ပါတယ်။
(၈) Monticello Dam, California
စီးဆင်းနှုန်း ကတော့ 48,400 cubic feet per second တဲ့။
(၉)Kimberley Diamond Mine, South Africa
 တောင်အာဖရိက က စိန်တွင်းဟောင်းကြီးပါ။လူတွေကတော့
ကြီးမားတဲ့တွင်းကြီးလို့ ပဲခေါ်ကြပါတယ်။ကမ္ဘာ မှာ လက်နဲ့ တူးတဲ့
တွင်းတွေထဲမှာအကြီးဆုံးပါပဲ။ 1866 ခုနှစ်မှာ မိုင်းလုပ်သား
စက်တွေမပါပဲနဲ့ ဂေါ်ပြားတွေနဲ့ တူးပြီး 2,722 kg စိန်တွေထွက်ရှိ
ခဲ့ပါတယ်။
(၁၀)Darvaza Gas Crater, Turkmenistan
 တာ့မင်စတန်နိုင်ငံ မှာ 1971 ခုနှစ်ထဲကမြေအောက်ကသဘာဝ
ဓာတ်ငွေ့ တွေဒီတွင်းပေါက်က ထွက်နေတာ တွေ့ ရျိခဲ့ရတာပါ။
ဒီတွင်းကြီးမီးတွေ လောင်ကျွမ်းနေတာဟာ ဒီနေ့ အထိမရပ်မနား
ပါပဲတဲ့ ။
ကဲ သူငယ်ချင်းတို့ အတွက် ၇ှာလို့ ရသမျှကိုတင်ပေးလိုက်ပါတယ်။
စိတ်ကြေနပ်မှုအထိုက်အသင့်ရတယ်ဆိုရင် ပင်ပန်းရတာနပ်ပါပြီ။
..........................................နေခရမ်း..........................
မူရင်း ...နေခရမ်း(ထူးဆန်းထွေလာ)   တွင်လည်းကြည့်နိုင်ပါသည်။
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1485899&xgs=1&xg_source=msg_share_post
ခရမ်းချဉ်သီးအသုံးဝင်ပုံ
Photo: ကျန်းမာရေးလည်းကောင်း ဈေးလည်းပေါသည့်  ခရမ်းချဉ်သီးအသုံးဝင်ပုံ ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။ Antioxidant ပါရှိမှု ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။ ရောဂါတိုက်ဖျက်မှု ဆီးအိတ်ကင်ဆာ လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။ နှလုံးရောဂါ ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။ မျက်စိကျန်းမာရေး လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။ နေရောင်ကာကွယ်မှု နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဝယ်ရာတွင် ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။ ခရမ်းချဉ်သီး သိုလှောင်ခြင်း ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။ ဒေါက်တာနုမြတ်
ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံး
မှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။
Antioxidant ပါရှိမှု
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။
ရောဂါတိုက်ဖျက်မှု
ဆီးအိတ်ကင်ဆာ
လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။
နှလုံးရောဂါ
ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ
လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။
မျက်စိကျန်းမာရေး
လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။
နေရောင်ကာကွယ်မှု
နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။
ခရမ်းချဉ်သီးဝယ်ရာတွင်
ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။
ခရမ်းချဉ်သီး သိုလှောင်ခြင်း
ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။
ဒေါက်တာနုမြတ်
မုန်လာဥရဲ့စွမ်းအင်
မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင် မုန်လာဥတွင် ပါဝင်သော
နိုက်ထရိတ်ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ကြောင်း သုတေသီများက ပြောကြားသည်။
မုန်လာဥကို ဟင်းချက်၍စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ်ဆေးပြားများ သောက်သုံးသည် ဖြစ်စေ
သွေးတိုးကျ စေနိုင်ကြောင်း အမေရိကန်နှလုံးနှင့် သွေးကြောဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။
နိုက်ထရိတ်ဓာတ်သည် ဟင်းသီးဟင်းရွက်တို့တွင် အများဆုံး ပါဝင်တတ်သည်။ မုန်လာဥတွင်
နိုက်ထရိတ်ဓာတ်များပါဝင်နေသဖြင့် နှလုံးနှင့်ဆိုင်သော ရောဂါများကုသရာ၌ ပိုမိုထိရောက်စွာ
ကုသနိုင်လိမ့်မည်ဟုသုတေသီများကမျှော်လင့်ထားသည်။
ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့်ဆိုင်သောရောဂါများ ဖြစ်ပွားလျက်
ရှိသည်။၂၀၂၅ ခုနှစ်အရောက်တွင် ထို့ထက်ပိုလာနိုင်သည် ဟုဆိုသည်။
 New
 Mg Mandalay
အိပ်ရေးပျက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ
လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပါဘူး။ တချို့လူတွေက တစ်ညမှာ ခြောက်နာရီအိပ်ရုံနဲ့ အိပ်ရေးဝတတ်ပေမယ့် တချို့ကျတော့ ရှစ်နာရီနဲ့အထက်အိပ်မှ အိပ်ရေးဝတတ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်ညမှာ အိပ်စက်ချိန် ခုနစ်နာရီမှ ကိုးနာရီရှိဖို့ အကြံပေးထားပါတယ်။ အိပ်ရာကနေ လန်းလန်းဆန်းဆန်းနိုးလာပြီး တစ်နေ့လုံးလည်း တက်ကြွလန်းဆန်းနေတယ်ဆိုရင် သင့်မှာကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုဆိုင်ရာ အလေ့အထ ရှိတယ်လို့ ပြောနိုင်ပါတယ်။
၁။ လေ့လာခြင်းနှင့် မှတ်ဉာဏ်
အိပ်စက်မှုဟာ ဦးနှောက်ကနေ မှတ်ဉာဏ်ဆီကို သတင်းအချက်အလက် အသစ်တွေ ပို့ပေးနိုင်အောင် ကူညီပါတယ်။ စာမေးပွဲ၊ အလုပ်အသစ်စတဲ့ စိန်ခေါ်မှုတခုခုမလုပ်ခင် ညမှာကောင်းကောင်း အိပ်စက်ထားသူတွေဟာ ညမှာ အိပ်ရေးမဝထားသူတွေထက် ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်ပါတယ်။ လေ့လာမှုများစွာက တစ်ညလုံး အိပ်ရေးဝဝအိပ်ပြီးတဲ့အခါ လူတွေမှာ ပြဿနာ ရင်ဆိုင်နိုင်တဲ့ စွမ်းအားသစ်နဲ့ အမြင်သစ်တွေ ရရှိအောင်မြင်ကြောင်း ဆိုပါတယ်။
၂။ ကိုယ်အလေးချိန်
အကြာကြီးအိပ်ပျက်တာဟာ ခန္ဓာကိုယ်ရဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်သိုလှောင်မှုများခြင်းနဲ့ စိတ်ဖိစီးမှုဟော်မုန်းကော်တီဇုန်း ထွက်ရှိမှုများခြင်းကြောင့် ကိုယ်အလေးချိန်မြင့်တက် စေနိုင်ပါတယ်။ ကော်တီဇုန်းဟော်မုန်းများတာဟာ ဝမ်းဗိုက် အဆီများခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အိပ်ရေးပျက်ရင် ဆာလောင်မှု ဖိနှိပ်ပေးတဲ့ Leptin ဟော်မုန်းနည်းသွားပြီး ဆာလောင်မှုဖြစ်စေတဲ့ Ghrelin ဟော်မုန်းအထွက်များစေတဲ့အတွက် ပိုစားဖြစ်တာပါ။
၃။ ဘဝအရည်အသွေး
ကြာရှည်အိပ်ရေးပျက်ခြင်းနဲ့ ခဏတာအိပ်ရေးပျက်ခြင်းတွေဟာ စိတ်မရှည်မှု၊ ဒေါသ၊ အာရုံစူးစိုက်အားနည်းခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အချိန်မဖြုန်းချင်ရင် အိပ်စက်အနားယူသင့်ပါတယ်။ အိပ်ရေးပျက်တာဟာ ပင်ပန်းစေသလို အလုပ်လုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။
၎။ ကိုယ်ခံစွမ်းအား
အိပ်ရေးပျက်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ပြောင်းလဲစေပါတယ်။ အိပ်ရေးပျက်တာများလို့ ကိုယ်ခံစွမ်းအား ကျရင် အအေးမိခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးကွေးခြင်း စတာတွေ ဖြစ်လွယ်တတ်ပါတယ်။
၅။ နှလုံးနှင့် အဆုတ်ကျန်းမာရေး
အကြာကြီး အိပ်ရေးပျက်တာက နှလုံးနဲ့ အဆုတ်ကျန်းမာရေးအပေါ် ဘယ်လောက်များများ ထိခိုက်စေတယ်ဆိုတာ အတိအကျတော့ မသိသေးပါဘူး။ ဒါပေမယ့် အိပ်ရေးပျက်တာများရင် သွေးဖိအားမြင့်တက်ခြင်းနဲ့ နှလုံးခုန်နှုန်း ပုံမမှန်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးမဝတာကြောင့် စိတ်ဖိစီးမှုဟော်မုန်းများခြင်းနဲ့ ရောင်ရမ်းမှုဖြစ်စေပြီး ဒီအကြောင်းရင်း နှစ်ချက်ဟာ နှလုံးရောဂါထခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။
၆။ ဘေးကင်းလုံခြုံမှု
အိပ်ရေးဝတာဟာ မတော်တဆ ထိခိုက်မှု ဘေးအန္တရာယ်ကို ကာကွယ်ပေးပါတယ်။ အိပ်ရေးပျက်ပါများရင် သတိ လစ်ဟင်းမှုတွေ ဖြစ်လာပြီး လိမ့်ကျခြင်း၊ လဲကျခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ မတော်တဆ ထိခိုက်မှုတွေ အဖြစ်များ ပါတယ်။ အိပ်ရေးမဝခြင်းနဲ့ အိပ်ငိုက်ခြင်းတို့ကြောင့် နှစ်စဉ် အမေရိကန်မှာ ယာဉ်တိုက်မှုပေါင်း တစ်သိန်းကျော် ဖြစ်ပွားနေကြောင်း အမျိုးသားအဝေးပြေးယာဉ် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဆိုပါတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A496162&xgs=1&xg_source=msg_share_post
အသီးအရွက်များကို စားသင့်သော အကြောင်းရင်းလေးချက်
၁။ အမျှင်ဓာတ်ရရန်
မိမိတို့ ခန္ဓာကိုယ်က မချေဖျက်နိုင်တဲ့ အစားအစာတွေက မိမိတို့ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အဆီလျှော့ချရာမှာ ကူညီနိုင်သလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျှင်ပါတဲ့ အစားအစာတွေဟာ ပြည့်အင့်စေတဲ့အတွက် တခြားအစားအစာတွေကို သိပ်မစားဖြစ်တော့ပါဘူး။ အဆီပါဝင်တဲ့အစားအစာတွေကို အနည်းငယ်သာစားတဲ့ အတွက် မကောင်းတဲ့အဆီတွေကို လျှော့ချနိုင်ပါတယ်။
၂။ ခန္ဓာကိုယ်ကို ကာကွယ်ရန်
အသားငါးတွေထက်စာရင် အသီးအရွက်တွေ အထူးသဖြင့် အစိမ်းရင့်ရောင်အရွက်၊ အဝါရောင်အသီးအရွက်၊ ပဲတွေကို ပိုပြီးစားသင့်ပါတယ်။ အသီးအရွက်တွေကို မကြာခဏ အစိမ်းစားပေးရင် သွေးထဲမှာ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးနိုင်တဲ့အရာတွေ မြင့်တက်လာပါတယ်။ ဗီတာမင်စီ၊ အီး၊ ဖောလစ်အက်စစ်၊ လိုင်ကိုပင်း၊ အယ်လ်ဖာနဲ့ ဘီတာကယ်ရိုတင်းစတဲ့ အာနိသင်ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အရွက်တွေ အစိမ်းစားခြင်းဖြင့် တိုးပွားလာပါတယ်။ ယင်းတို့ ရှိနေတဲ့အတွက် Free Radicals တွေကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါတယ်။ အသီးအနှံများများစားလေ၊ ကင်ဆာအပါအဝင် အခြားရောဂါတွေဖြစ်နိုင်ခြေ နည်းပါးလေပါပဲ။ အသီးအရွက်တွေ အားလုံးထဲမှာ ပဲအမျိုးမျိုး၊ ငရုတ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပန်းသီး၊ ဆီးသီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ မက်မွန်သီးတို့ကို ပိုပြီးစားသင့်ပါတယ်။
၃။ ကယ်လိုရီပမာဏလျှော့ချရန်
ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့ရည်ရွယ်ထားတဲ့ သူတစ်ယောက်ရဲ့ အစားအသောက်ဟာ အသီးအရွက်တွေသာ ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့ အသီးအရွက်တွေကို ထမင်းမစားခင် ကြိုပြီး စားထားပေးရပါမယ်။ အစားအစာတွေ အားလုံးထဲမှာ များများစားလေ အကျိုးရှိလေဆိုတာ အသီးအရွက်တွေကိုသာ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
၎။ ခန္ဓာကိုယ်အတွက် အကျိုးပြုသောပစ္စည်းတို့ကို ပို၍စုပ်ယူစေရန်
အသီးအရွက်တွေကို သံလွင်ဆီ၊ မြေပဲဆီတွေနဲ့ တွဲပြီးစားသုံးပါက ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ အရာတွေကို ပိုမိုစုပ်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကနေ လိုင်ကိုပင်းရဖို့၊ အစိမ်းရင့်ရောင်အသီးအရွက်တွေကနေ Lutein ကိုရဖို့ဆိုရင် ဆီတချို့နဲ့ရောပြီး စားပေးသင့်ပါတယ်။ ဆလတ်ရွက်၊ မုန်လာဥနီ၊ ဟင်းနုနွယ်တို့ကိုစားပြီးတာနဲ့ တစ်ပြိုင်နက် အကျိုးပြုပေးတဲ့ phytochemicals တွေကို ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။ ယင်းတို့ကို တောပတ်သီးနဲ့တွဲပြီး စားပေးပါက ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပိုပြီးလျှော့ချနိုင်ပါတယ်။ အလားတူပါပဲ။ မိမိတို့စားသောက်တဲ့ အသီးအရွက်ထဲကို သံလွင်ဆီ ဒါမှမဟုတ် မြေပဲဆီထည့်စားပေးတာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ အရာများပိုများလာပြီး ဘဝသက်တမ်း ပိုရှည်နိုင်ပါသေးတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A496233&xgs=1&xg_source=msg_share_post
ကထိန်သင်္ကန်း သမိုင်းကြောင်း...
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူစဉ် ပါဝေယျကတိုင်းသား
ရဟန်း(၃၀)တို့သည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင်တို့ကို ဆောင်ကြလေသည်။
ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြ
သည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် “ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးနေတော်
မူ၏။ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”
ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။
ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်
ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။
လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်
ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။
ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာ
ကြရလေကုန်သည်။
ထိုအခါ မြတ်စွာဘုရားသည်“ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှုမဖြစ်
သည်၍ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”
ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည် “တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊
ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား။
တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကိုဖူးမြင်
ရန်သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား။
ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်ဘုရား”
ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော်အပါးသုံးဆယ်
တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။
ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။
ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။
(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။
ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း
ဖြစ်ပါတယ်။
တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။
(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
“အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။
ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား
(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။
ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်
တိုင်ဖြစ်ပေသည်။ ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွ
ဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။
ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက“ဘုရားမှာတော့စိန်၊ကျောင်းမှာ
တော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။
ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။
ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။
ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။
ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသောသင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။
ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်
ရဟန်တော်များဟာ လိုက်နာရန်အလို့ငှာ မြတ်ဗုဒ္ဓက ချမှတ်ထားသော ၀ိနည်းစည်းကမ်းငါးမျိုးကို အချိန်ကာ လအတိုင်းအတာတစ်ခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ရန်အတွက် ကထိန်ခင်း
ခြင်းဖြစ်သည်။
ညှပ်မကြီး
ညပ်မကြီးဟူသည် တန်ဖိုးရှိသော ပစ္စည်းများကို စီးထားသောအ ပဒေသာပင်အကြီးစားကြီးကို ဆိုလိုသည်
မဟုတ်။
ကထိန်နှင့်ပတ်သက်သော စကားလုံးသည်ကား ဥတ်ဖြစ်သည်။ ဥတ္တိဆိုသော စကားလုံးမှဆင်းသက်လာသည်။
“ဥတ္တိဒုတိယကမ္မ၀ါစာ”ရွတ်ဆိုပြီးကထိန်ခင်းထိုက်သောရဟန်းကိုကထိန်သင်္ကန်းပေးရသည်။
ထို့ကြောင့် ထိုကထိန်သင်္ကန်းကို ”ဥတ်”သင်္ကန်းဟူ၍ဆိုပါသည်။ဥတ်သင်္ကန်းဟူသည် ရဟန်းများ အသုံးပြုတော်
မူနေသော အပေါ်ရုံသင်္ကန်း၊ အောက်ပိုင်းသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်း၊ ထိုသုံးထည်တွင် တထည်ထည်ကို ဆိုလိုပါသည်။
မျက်မှောက်ခေတ်ကထိန်
ယနေ့ မြန်မာပြည်တွင် မျက်မှောက်ခေတ်ကထိန်များကို ကြည့်လျှင် ရှုမြင်ရသူတို့၏ စိတ်ဝယ် အလွန်အင်မတန်
မှကြည်နူးစရာကောင်းလှပေသည်။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှတန်ဆောင်မုန်းလပြည့်အထိ ကထိန်ပွဲကျင်ပရာ တစ်လတာကာလအဖြစ်
သတ်မှတ်ကြကာ မြန်မာတစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှာ ကထိန်ပွဲများကို စည်းကား သိုက်မြိုက်စွာ ကျင်းပကြသည်။
ရပ်ကွက်အလိုက်၊ အသင်းအလိုက်၊ ဌာနအလိုက်စသည်ဖြင့် မြို့ရော တောမပါမကျန် ကထိန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပနေကြသည်။
တန်ဖိုးရှိသော ပဒေသာပင်အကြီးစားကြီးများကို စီးကာ အတီးအမှုတ် အကအခုံများဖြင့် လှည့်လည်အပူဇော်ခံကြသည်။ ရည်ရွယ်ချက်သည်ကားကြည့်ရှုသူဗုဒ္ဓဘာသာဝင်တို့သဒ္ဓါတရားတိုးပွားနိုင်စေရန်အလို့ငှာဖြစ်သည်။
ထိုပဒေသာပင်များ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်သောအားဖြင့် မြန်မာလူမျိုးများ၏ သဒ္ဓါတရားကောင်းမှုသည်
ကား အထူးပြောဖွယ်မလိုတော့ပေ။
သို့သော် စိတ်မကောင်းစရာတစ်ခုသည်ကား အချို့သော အလှူရှင်အချို့သည်ကား ကထိန်၏အဓိပ္ပာယ်ကို
ကား တိတိကျကျ မသိတော့ချေ။
ပဒေသာပင်ကြီးတွေစီး၊ ဆိုင်းတွေ ဗုံတွေနှင့် လှည့်လည်ပြီး နောက်ဆုံး ဘုန်းကြီးကျောင်းကိုထိုပဒေသာပင်ကြီး
တွေပို့လိုက်သည်ကိုပင် ကထိန်ဟုထင်မှတ်နေကြသည်။
ဆရာတော်များဟောကြားတော်မူသော တရားတော်များကိုပင် မနာယူနိုင်တော့ပေ။အဘယ်ကြောင့်ဆိုသော် တစ်နေကုန် မမောနိုင် မပန်းနိုင် တီးမှုတ်ကခုန်မှုခဲ့ကြသောကြောင့်ပေတည်း။
အကာဖြစ်သောတီးမှုတ်ကခုံမှုတွေနှင့် အဆုံးသတ်ပြီး၊ အနှစ်ဖြစ်သော ဆရာတော်များဟောသော ကထိန်
အကြောင်းသိကောင်းစရာ တရားများကိုကား မနာယူနိုင်တော့ပေ။
ထိုကြောင့်ငွေကုန်လူပန်းဖြစ်နေလေ၏။ဤသည်ပင်လျှင်အထူးသတိပြုစရာအချက်ဖြစ်ပေသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤကဲ့သို့ မဖြစ်မူ၍ တစ်နှစ်မှ တစ်ခါ ကြုံခဲလှသော ဤကထိန်ပွဲရာသီအတွင်း အကာမပါမူ၍ အနှစ်သက်သက်ဖြစ်သော အလုပ်ကို လုပ်နိုင်ကြပါစေဟု တိုက်တွန်းရင်း မိမိ၏ ဆောင်းပါးကို နိဂုံးချုပ်လိုက်
ရပေသည်။
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1486235&xgs=1&xg_source=msg_share_post
ခြေသလုံး ကြွက်သား ကျန်းမာရေး
လူ့ခန္ဓာကိုယ်မှာ နှလုံးလိုပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေ ညှစ်ပေးတဲ့ လုပ်ဆောင်မှုချင်းတူတဲ့ ခြေသလုံး ကြွက်သားတွေရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်မိလေ့ မရှိပါဘူး။ ဒါကြောင့်လည်း ခြေသလုံး ကြွက်သားတွေ ရောင်ရမ်းတာကနေ သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့မှုကြောင့် အသက်အန္တရာယ် ရှိတဲ့အကြောင်းကို လူအများ သတိမမူမိကြဘူးလို့ ရန်ကုန် ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သား ရောင်ရမ်းခြင်းဟာ ဘယ်လိုအန္တရာယ်တွေ ရှိနိုင်တယ်။ ဘယ်လိုတွေ ကာကွယ်နိုင်မလဲ ဆိုတာကို ရန်ကုန်တိုင်းမ် ဂျာနယ်မှ တင်ဆက် ပေးလိုက်ပါတယ်။
ခြေသလုံးကြွက်သား လုပ်ဆောင်ချက်
ခြေသလုံးကြွက်သားများသည် နှလုံးကဲ့သို့ပင် သွေးများအား ညှစ်ပေးပြီး ခြေထောက် အောက်ပိုင်းသို့ ရောက်နေသော သွေးများကို နှလုံးသို့ ရောက်စေရန် ညှစ်ပေးသော လုပ်ဆောင်မှု ရှိကြောင်း သိရသည်။ “နှလုံးကတော့ သွေးတွေကို တစ်ကိုယ်လုံး ရောက်အောင် ညှစ်ပေးတယ်။ ခြေသလုံးကြွက်သားကတော့ ခြေထောက်အောက်ပိုင်း ရောက်နေတဲ့ သွေးတွေကို နှလုံးကို ရောက်အောင် ညှစ်ပေးတယ်။ ခြေသလုံးကြွက်သားတွေ ရောင်ရင်တော့ သေတတ်တယ်ဆိုတာလည်း ဟုတ်တယ်။ ခြေသလုံးကြွက်သားတွေက မညှစ်လို့ရှိရင် သွေးက ခြေထောက်မှာ လာပုံနေမယ်၊ နှေးသွားမယ် ဆိုရင်တော့ သွေးခဲပြီး ဒုက္ခပေးနိုင်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာချစ်စိုးက ပြောသည်။
မှန်မှန်စီးတဲ့ သွေးသဘော
လူ့ခန္ဓာကိုယ်တွင် စီးဆင်းလျက်ရှိသော သွေးသဘောမှာ မှန်မှန်စီးနေပါက အနည်ထိုင်ခြင်း မရှိဘဲ အကြောင်းတစ်ခုခုကြောင့် သွေးစီးဆင်းမှု နှေးသွားလျှင် သွေးခဲသွားတတ်သည့် သဘောရှိကြောင်း သိရသည်။
ဒီလိုဖြစ်ရင် နှေးတတ်တယ်
“ဘယ်အခါမျိုးမှာ နှေးသွားသလဲ ဆိုရင် ခြေသလုံး ကြွက်သားတွေက လှုပ်နေရမယ်။ မလှုပ်တာ ကြာသွားရင်တော့ ခြေထောက်ထဲမှာ သွေးက စီးတာ နှေးသွားတတ်တယ်။ ဒီအခါမျိုးမှာတော့ ကိုယ်က ဂရုစိုက်နိုင်ရင် အကောင်းဆုံးပေါ့” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ခြေသလုံးကြွက်သားသည် လမ်းလျှောက်ပါက လမ်းတစ်လှမ်း လှမ်းတိုင်း ကျုံ့ကျုံ့ပေးရလေ့ ရှိပြီး ကြွက်သားများ ကျုံ့သွားကာ ကာယကံရှင် မသိသော်လည်း လမ်းလျှောက်နေချိန်တွင် သွေးများက နှလုံးကို ပြန်သွားသည့် သဘောရှိပြီး အထိုင်များခြင်း၊ လှုပ်ရှားမှု နည်းခြင်းများ ဖြစ်ပါက ခြေသလုံးကြွက်သားများ အလုပ်မလုပ်တော့ကြောင်း သိရသည်။ “အထူးသဖြင့်တော့ ခရီးဝေး ကားစီးတယ်ဆိုရင် ခြောက်နာရီလောက် ကျော်ပြီးတော့ ထိုင်ရတယ်။ လေယာဉ်ခရီးရှည်၊ ကားတွေ ခရီးရှည် စီးတဲ့အခါ ခြေထောက်ကလဲ ဆန့်လို့မရ၊ ထလို့လဲမရ၊ ကွေးလို့မရတော့ ခြေသလုံးကြွက်သားတွေက မလှုပ်ဘူး ဖြစ်နေတယ်ဆိုရင် သွေးတွေက အပေါ်ကို ပြန်မတက်တော့ဘဲနဲ့ အဲဒီထဲမှာ ခဲသွားနိုင်ပါတယ်” ဟု ဆက်လက် ရှင်းပြခဲ့သည်။
သွေးခဲရင် ဒါတွေဖြစ်နိုင်
ခြေသလုံးကြွက်သားတွင် သွေးခဲပါက ခြေသလုံးကြီးလာခြင်း၊ ရောင်လာခြင်းများ ခံစားရပြီး ခြေသလုံးအတွင်းမှ သွေးခဲက တဖြည်းဖြည်း ပေါင်ထိ တက်လာကာ ရောင်လာနိုင်ပြီး သွေးခဲပြုတ်ကာ သွေးကြောများမှတစ်ဆင့် နှလုံးမှဖြတ်ကာ အဆုတ်ထဲတွင် သွား၍ ပိတ်ဆို့ကာ အဆုတ်ပုပ်သွားခြင်း၊ အဆုတ်သွေးကြော ပိတ်သေဆုံးခြင်းများ ဖြစ်နိုင်ကြောင်း သိရသည်။ “သွေးခဲက တံကောက်ကွေး အထက်ကိုပါ တက်ပြီး ခဲလာပြီဆိုရင် နောက်တစ်ဆင့်က အဲဒီသွေးခဲက ပြုတ်ပြီးတော့ နှလုံးဘက်ကို ပြန်ပါသွားတယ်။ ပြန်ပါသွားရင် နှလုံးရဲ့ ယာဘက်ခန်း ပြီးတော့မှ အဆုတ်၊ အဆုတ်ထဲ ရောက်တဲ့အခါကျတော့ ဆက်သွားလို့ မရတော့ဘူး၊ တစ်နေတယ်။ အဆုတ်သွေးကြောထဲမှာ သွေးခဲကြီးဆို့နေရင် ရုတ်တရက် သွေးလည်ပတ်မှု ရပ်တယ်။ ရပ်တာနဲ့ ရင်ဘတ်ထဲက အောင့်တယ်၊ အောင့်တယ်ဆိုပြီး သေတတ်တယ်။ အမှတ်တမဲ့တော့ နှလုံးသွေးကြော ပိတ်နဲ့တော့ မှားတတ်တာပေါ့။ တကယ်တမ်းကတော့ ခြေထောက်ကြွက်သား ရောင်တာကနေ စတဲ့ ပြဿနာပါပဲ” ဟု ဒေါက်တာချစ်စိုးက ပြောသည်။
ပိုးဝင်ရင်လည်း ရောင်ရမ်းနိုင်
ခြေထောက်ထဲသို့ ပိုးဝင်ပါကလည်း ရောင်ရမ်းနိုင်ပြီး ပိုးဝင်၍ ခြေထောက်ရောင်သည့် ပုံစံမှာ နီရဲနေတတ်ခြင်း၊ ထိလျှင်နာခြင်း၊ ယင်းအပြင် ပုံမှန် အသားရှိသော နေရာနှင့် ပိုးဝင်သည့်နေရာကို ပိုင်းခြားထားသည့် စည်းပုံစံ ရှိကြောင်း သိရသည်။ “ပိုးဝင်တဲ့ နေရာက နီရဲနေတယ်။ သတ်မှတ်ထားတဲ့ နယ်စည်းခြားလေး နယ်နိမိတ်လေး ရှိတယ်။ နာလဲနာ ပူလဲပူ ရဲလဲရဲတယ် ဆိုရင်တော့ ဆယ်လူလိုက်တစ်လို့ ခေါ်တယ်။ ပိုးသတ်ဆေးတွေပေးရင် ပျောက်ပါတယ်” ဟု ရှင်းပြသည်။
ဒီလိုတွေ စစ်ကြည့်နိုင်တယ်
အာထရာဆောင်း ရိုက်ခြင်းဖြင့် ခြေသလုံး သွေးပြန်ကြောတွင် သွေးခဲနေခြင်းကို သိရှိနိုင်ကာ သွေးခဲပျော်စေသောဓာတ် တိုင်းတာကြည့်ပါကလည်း သိရှိနိုင်ကြောင်း သိရသည်။ “ခန္ဓာကိုယ်ထဲမှာ သွေးခဲနေရင် ကြိုးစားပြီး သွေးခဲပျော်စေတဲ့ ဓာတ်က အလိုလို ထွက်ပါတယ်။ အဲဒီဓာတ်တွေ တိုင်းတာကြည့်လို့များ နေရင်လဲ သိနိုင်ပါတယ်” ဟု ဆိုသည်။
ဒီလိုတွေ ကာကွယ်ပါ
ခြေသလုံးကြွက်သား သွေးကြောပိတ်ခြင်းသည် လေယာဉ်၊ ကား၊ ခရီးရှည် စီးသည့်အခါ၊ ခြေထောက်တွဲလောင်း ကြာရှည်စွာ ချခြင်း၊ တစ်နေကုန် ရပ်နေရခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်ပြီး လေဖြတ်ဝေဒနာ ခံစားရသူများ သာမက အပူထုတ်ခြင်းများ ပြုလုပ်သည့်အခါ သွေးကြောကို ဖိထားခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ “အပူထုတ်လို့ရှိရင် သွေးတွေက ဝုန်းခနဲစီးသွားတယ်။ အဲဒီလိုလုပ်တဲ့ အခါမှာလည်း သွေးကြောနံရံတွေက ပွန်းတယ်။ ဖိထားလို့ သွေးမလျှောက်တဲ့ အချိန်မှာ ပျက်စီးတယ်။ ခဏနေရင် သွေးခဲတွေ လာကပ်တာလဲ ရှိတယ်။ သွေးကြောနံရံတွေ ပျက်စီးအောင် အတင်းနှိပ်တယ်၊ နယ်တယ်ဆိုရင်လဲ သွေးကြောတွေ ပိတ်နိုင်တယ်” ဟု သတိပေး ပြောကြားခဲ့သည်။
ကား၊ လေယာဉ်တို့နှင့် ခရီးသွားနေသည်ဆိုပါက ခြေထောက်များကို ကွေးလိုက်ဆန့်လိုက် မကြာခဏ လုပ်ပေးရန် လိုအပ်ကာ လေဖြတ်ဝေဒနာရှင်များကိုလည်း လူနာစောင့်မှ ခြေထောက်များကို ကိုင်ကာဘေးသို့ ကားပေးခြင်း၊ စုပေးခြင်းများကို လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း သိရသည်။ ခြေဖျားကို မြေကြီးကို ဖိနင်းပေးခြင်း၊ ပြန်လျှော့ပေးခြင်းများဖြင့် ကြွက်သားများကို ညှစ်လိုက်လျှော့လိုက်ဖြစ်အောင် လုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါရောဂါသည် ပေါ့ဆမနေသင့်ဘဲ ချက်ချင်းသိပြီး ကုသနိုင်ပါက အသက်အန္တရာယ် မရှိနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် တင်ဆက် ပေးလိုက်ပါသည်။
ငွေစန္ဒီ
By Yangon Times Journal 
http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1466388&xgs=1&xg_source=msg_share_post