“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, October 16, 2013

မျက်လုံးထဲ တက်တူးထိုးခြင်း(ထူး ထူးဆန်းဆန်း)

မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။

ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။

မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။

မျက်ကြည်လွှာ တက်တူးထိုးခြင်း

မျက်စံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက်