“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Wednesday, June 27, 2012
ကွန်ပျူတာမှာ RAM မကောင်းတော့ဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ
ကွန်ပျူတာတစ်လုံးမှာ RAM ဟာမရှိမဖြစ်လိုအပ်ပါတယ်…RAM ဟာ CPU နှင့်  Hard disk ကြားမှာ တံတား သဖွယ်ပေါင်းကူးဆောင်ရွက်ပေးပါတယ်..RAM ဟာ Volatile memory အမျိုးအစားဖြစ် တယ် ..ကွန်ပျူတာ အလုပ်လုပ်နေစဉ်အတွင်းမှာ Data တွေကိုယာယီမျှသာထိမ်းသိမ်းထားတာဖြစ်ပြီး..power off သွား ရင်တော့ သူ့ မှာ ထိမ်းသိမ်းနိုင်စွမ်းမရှိပါဘူး..ဟုတ်ပြီ..ဒါဆို ဒီလိုအရေးပါတဲ့ RAM တစ်ခု ကွန်ပျူတာမှာ RAM မကောင်း တော့ဘူးဆိုရင် ဘယ်လိုတွေဖြစ် လာမလဲ ဆိုတာလေ့လာကြည့်ရအောင်..
RAM ဘာကြောင့်ပျက်ရသလဲ..
အောက်ပါအကြောင့်အရင်းများကြောင့် RAM များပျက်စီးနိုင်သည်…
1.Electro static Discharge (ESD)
2.Default industry
3.Enviroment
4.Low quality
Monday, June 25, 2012
ပင်အပ်တစ်ချောင်းဖြင့် ကြက်ဥခွံများကို ဖောက်ထွင်းကာ အလွန်ထူးဆန်းသောပန်းပုများပြုလုပ်
ဆလိုဗေးနီးယား အနုပညာသမားဖရန့်ဂရွမ် (၇၂ နှစ်)သည် ကြက်ဥခွံများကို ပင်အပ်ဖြင့် ဖောက်ထွင်းကာ အလွန်ထူးဆန်းသော ပန်းပုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သူသည် ကြက်ဥများကို ထိပ်၌ အပေါက်သေးသေးဖောက်ကာ အရည်များကို ဖောက်ထုတ်လိုက်ပြီး ပန်းပုပြုလုပ်ခြင်းဖြစ်သည်။ သူသည် ပင်အပ်အရွယ်အသွားကို အသုံးပြုသည့် လျှပ်စစ်ဖောက်စက်ကို အသုံးပြုသည်။ သူသည် ယင်းရှားရှားပါးပါး ကြက်ဥအနုပညာကို ဖန်တီးလာခဲ့သည်မှာ ၁၈နှစ်ရှိပြီဟုဆိုသည်။ ဂရွမ်သည် ဆလိုဗေးနီးယားနိုင်ငံ မြို့တော်အနီးရှိ စတာရာဗာနီကာရွာကလေး၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ သူသည် သူ၏ကြက်ဥပန်းပုတစ်ခုကို ဒေါ်လာ၅၀၀ ဖြင့်ရောင်းချပြီး ဆလိုဗေးနီးယား၊ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ ပြပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။
http://luckymyotaw.wall.fm/forum/16 (ထူးခြားဆန်းပြား)
စိတ်ဓာတ်မကျအောင် ကူညီပေးမည့် ရိုးရှင်းသော နည်းလမ်းများ
စိတ်ဓာတ်ကျ နေသလား။ လူတိုင်းလိုလိုမှာ စိတ်ဓာတ်ကျခြင်း ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျ ဝေဒနာ အများစုဟာ ဘဝနေထိုင်မှုဟန်ပန် ပြောင်းလဲလိုက်ရုံနဲ့ သက်သာလျော့ပါး သွားတတ်ပါတယ်။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ စိတ်ဓာတ် မကျဖူးဘူး ဆိုတဲ့ လူအနည်းစု တော့ရှိပါတယ်။ သူတို့မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိုးအကွေ့ မကြုံလာသမျှ လောကဓံ အကောင်း၊ အဆိုးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာကြောင့်ပါ။
၁။ သင့်ကိုယ်သင် အပြစ်မတင်ပါနဲ့
စိတ်ဓာတ်ကျ ဝေဒနာကို အနိုင်ယူနိုင်တဲ့ အရိုးရှင်းဆုံး၊ အရေးအပါဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်း တစ်ခုပါ။ စိတ်ဓာတ်ကျ ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို စိတ်နဲ့ မလုံခြုံတဲ့စိတ် ရောနှော ပါဝင်နေ တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်း ကင်းဝေး သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အားကိုးမှု အပြည့်ရှိပါတယ်။ ကိစ္စတစ်ခုခုမှာ အမှားလုပ်မိခဲ့တယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ အမှားကနေ သင်ခန်းစာ ယူနိုင်ဖို့သာ ကြိုးစားသင့်ပါတယ်။
၂။ ရင်ဖွင့်ပြောဆိုပါ
စိတ်ဓာတ်ကျရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျခြင်း အကြောင်း လူတွေကို ပြောပြတာက လျှို့ဝှက်ပြီး မျိုသိပ် ခံစားနေတာထက် ပိုကောင်းတာ ကတော့ အမှန်ပါပဲ။ ဒါကြောင့် စိတ်ဓာတ်ကျ နေချိန်မှာ တစ်ယောက်တည်း အထီးကျန် မနေပါနဲ့။ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင်တောင် စိတ်ပညာရှင် တစ်ဦးနဲ့ တွေ့ဆုံကာ ရင်ဖွင့် ပြောဆိုလိုက်ပါ။
၃။ ပုံမှန် ကိုယ်လက်လှုပ်ရှားပေးပါ
စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးဟာ ဆက်စပ်မှု အများကြီး ရှိပါတယ်။ စိတ်ဓာတ် ကျချင်သလိုလို ဖြစ်လာရင် ပြေးခြင်း၊ ဘတ်စကတ်ဘော ကစားခြင်းတွေလို ကိုယ်လက် လှုပ်ရှား အားကစား လုပ်လိုက်ရင် စိတ်ခံစားချက် ကောင်းမွန် လာနိုင်ပါတယ်။
Saturday, June 23, 2012
ကမ္ဘာ့ အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်တွေ နဲ့  ရုပ်ထုတွေ
၁။  Spring Temple Buddha 
ကမ္ဘာ့ အမြင့် ဆုံး ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံမှာတည်ရှိပြီး ခရီးသွားဧည့်သည်တွေ
အမြဲတမ်းလာကြတဲ့ အမြင့် (၁၂၈ )မီတာရှိတဲ့  Vairocana ဗုဒ္ဓလို့ အမည်ရတဲ့ ရုပ်ပွားတော်ဖြစ်ပါတဃ်။ 
ရုပ်ပွားတော်ရဲ့ ( ၂၅ )မီတာမြောက်မှာ Jiuhua တောင်ကြီးရှိပြီး
ဘာသာရေးရဲ့  သင်္ကေတတစ်ခုအနေဲ့ တည်ဆောက်ထားတာ ဖြစ်ပါတဃ်။
၂။ Laykun Setkyar Statue
ဒုတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း ဗုဒ္ဓ ကို ကိုဃ်စားပြုထားတာပါပဲ ။
မြန်မာနိုင်ငံမှာတည်ရှိကာ လှပသပ္ပာဃ်စွာ တည်ရှိနေပြီး ချီးကျူးစရာကောင်းလှတဲ့ 
ဗိသုကာပညာရပ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး (၁၁၆)မီတာမြင့် မားပါတဃ်။
ရုပ်ပွားတော်ပာာ ဒါတွေမပါနဲ့ ကြည့် ရင်တောင်မှာ လှပသပ္ပာဃ်နေပါတဃ်။
လေးကွန်းစတြာလို့ အမည်ရပြီး (၂၀၀၈)ခုနှစ်တုန်းကပဲ တည်ဆောက်တာပြီးခဲ့တာဖြစ်ပါတဃ်။
ဒီရုပ်ပွားတော်ကို ဗုဒ္ဓကိုဃုံကြည်ကိုးကွဃ်ဆည်း ကပ်နေသူတွေကနေအလေး သမှုပြုမှုနဲ့ 
တည်ဆောက်ထားတာဖြစ်ပါတဃ်။
၃။ Ushiku Daibutsu
ကမ္ဘာကြီးတစ်ခုလုံးကနေ အာရှကို တကဃ်လေးစားဖို့ အကြောင်းအရာတွေ အများကြီးရှိနေပါပြီဗျာ ။
တတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း အာရှတိုက်က  ဂျပန်နိုင်ငံမှာတည်ရှိတာပါပဲ။
ပြီးတော့ ဒါပာာလည်း ဗုဒ္ဓကို ကိုဃ်စားပြုထားတာဖြစ်ပါတယ်။
ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးပာာ Ushiku လို့ အမည်ရပြီး ( ၁၁၀)မီတာမြင့်မားပါတယ်။
(၄,၀၀၀ )တန် အလေးချိန်ရှိပြီး  အပြင်မှာတကဃ် မတွေ့ ဘဲနဲ့ တော့  ယုံကြမှာမပာုတ်ပါဘူး ။
ဘယ်လောက် အရွဃ်အစားကြီးတဃ်ဆိုတာ စိတ်ကူးကြည့် လိုက်ပါ  ပန်းပုလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့
၎။ Nanshan Haishang Guanyin
တရုတ်နိုင်ငံ ၊ Hainanကျွန်းမှာတည်ရှိပြီး Guanyin ရုပ်ထုတော်ကတော့  (၁၀၈)မီတာ အမြင့် ရှိပါတယ်။
ကမ္ဘာ့ လှည့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်ပြီး ဒီတစ်ခါတော့ နတ်သမီးကို
ကိုဃ်စားပြုထားတာဖြစ်ပါတယ်။ 
Bodhisattva Guan Yin( ကွမ်ရင်မဃ်တော် )ပာာ ကရုဏာရှင်နတ်သမီးတစ်ယောက်ဖြစ်ပြီး  တရုတ်ဗုဒ္ဓ
ဘာသာမှာအရေးကြီးတဲ့ နတ်သမီးတစ်ပါးပါ ။
သူ့ ရဲ့ ရုပ်ထုတော် ဖွင့် ပွဲကို ဘုန်းကြီး(၁၀၈)ပါး တက်ရောက်ခဲ့ပြီး တခြားစိတ်ဝင်စားသူတွေလည်း
တက်ရောက်ခဲ့ကြပါတယ်။
၅။ The statues of the emperors Yan and Huang
ဒီတစ်ခါလည်း တရုတ်ကို ပြန်ရောက်ပြန်ပါပြီ ။
တရုတ်ပြည်ကြီးရဲ့   အရေးကြီးတဲ လူနှစ်ဃောက်ပာာ သူတို့ ရဲ့ ရုပ်ထုတွေကို ထုလုပ်ခြင်းခံရပြီး
ဂုဏ်ပြုခံထားရပါတယ်။
သူ တို့ ကိုဂုဏ်ပြုတဲ့  အနေနဲ့  ကမ္ဘာပေါ်ကအမြင့်ဆုံးရုပ်ထုတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့
သူတို့ ရုပ်ထုတွေကို တည်ဆောက်ပြီး ဂုဏ်ပြုထားကြပါတယ်။
(၁၀၆)မီတာ အမြင့် ရှိပြီး ဒီအကြီးကြီးကို တည်ဆောက်တာပာာ နှစ်(၂၀)တောင်ကြာခဲ့ပါတယ်။
၆။ Sendai Daikannon
အခွန်ဆောင်စရာမလိုတော့အောင် ဃတြာချေတဲ့အနေနဲ့  တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Sendai ၊ ဂျပန် မှာရှိတဲ့ဒေသခံတွေက  ဒီရုပ်ထုတော်ကြီးဆီကို သွားလည်မသွားကြဘဲ လေးစားသမှု
လည်းမပြုကြပါဘူး။ ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေက Sendai Daikannonကို စိတ်ဝင်စားကြပြီး
နှစ်တိုင်း နှစ်တိုင်း အများကြီးလာကြပါတယ်။ ရုပ်ထုတော်ရဲ့ အပေါ်ဆုံးကိုဓာတ်လှေကားနဲ့ တက်ရောက်နိုင်ပြီး 
မြို့ ရဲ့ အံသြဖွဃ်ကောင်းအောင် လှတဲ့မြင်ကွင်းကို ကြည့် ရှုနိုင်ပါတယ်။
၇။ Peter the Great
ဒီရုပ်ထုကြီးကတော့ ရုရှား ၊ မော်စကိုမှာတည်ရှိပြီတော့ ရုရှားအင်ပါဃာဘုရင်တစ်ပါးဖြစ်တဲ့  ပီတာကို
ပြောရပါလိမ့်မယ်။ ဒီ(၉၆)မီတာရှိတဲ့   ရုပ်ထုကြီးရဲ့ ဆောက်လုပ်သူ Tsereteliပာာ Christopher Columbus ရဲ့ 
အမှတ်တရ ရုပ်ထုအနေနဲ့  တည်ဆောက်ခဲ့ပြီး ဒါကြီးကို အမေရိကန် အစိုးရကိုရောင်းတော့
အမေရိကန်အစိုးရက ရုပ်ထုကြီးရဲ့ ဒီဇိုင်းကို မကြိုက်တာကြောင့်  လက်မခံခဲ့ပါဘူး။
ဒါကြောင့်  ကိုလံဘတ်ရဲ့ ခေါင်းကြီးကို ရုရှားအင်ပါဃာ ဘုရင် ပီတာခေါင်းနဲ့ လဲပြီး ရုရှားကို ရောင်းခဲ့ရပါတယ်။
၈။ Great Buddha of Thailand
ဘုရားလာဖူးသူတွေရဲ့  (၉၂)မီတာအမြင့်မှာရှိနေပြီး ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ပာာ ထိုင်းနိုင်ငံမှာ
အမြင့်ဆုံးဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးပြီးဖို့  (၁၈)နှစ်လောက်ကြာမြင့်ခဲ့ပြီး
အခုဆို  ဆောက်လုပ်တာပြီးဆုံးသွားတဲ့ ကြည်ညိုစရာကောင်းလှတဲ့ 
ဗုဒ္ဓရုပ်ပွားတော်ကြီးကို  အပြည့်အ၀ဖူးမြော်လို့ ရပါပြီ။
၉။ Ling Shan Grand Buddha
တရုတ်ကတော့ မြင့်မားလှတဲ့ရုပ်ပွားတော်တွေ ဆောက်တဲ့နေရာမှာ ကြီးမားလှတဲ့လို့ ဆိုရပါလိမ့်မယ်။
ဗုဒ္ဓရုပ်ပွားတော်တို့ ရဲ့  ပုံစံတစ်ခုဖြစ်တဲ့ လက်ဖ၀ါးဖြန့်  ထားတဲ့ပုံစံ တစ်ခုကိုတည်ဆောက်ထားပြီး
ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီကြီးမားလှတဲ့ဗုဒ္ဓရုပ်ပွားတော်ပာာ Lingshan( လင်းရှန် ) ကောင်တီမှာတည်ရှိကာ (၈၈)မီတာမြင့်မားပြီး
၁၀။ Mother Motherland Calls
ဒီသာမန်ထက်ကြီးလှပြီး ခန့် ညားလှတဲ့ရုပ်ထုကြီးပာာ ရုရှားနိုင်ငံမှာတည်ရှိပြီး  Stalingrad စစ်ပွဲ
(ဂျာမဏီကနေရုရှားကို ဒုတိဃကမ္ဘာစစ်အတွင်းက ကျူးကျော်ခြင်း ) အမှတ်တရအနေနဲ့
တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီရုပ်ထုကြီး  တည်ဆောက်တာပြီးဆုံးတဲ့ ၁၉၆၇ မှာတော့ရုပ်ထုကြီးပာာ ကမ္ဘာပေါ်မှာအကြီးဆုံး ရုပ်ထုကြီးပါ။
ဒါပေမဲ့လည်း အာရှသားတွေကနေကမ္ဘာ့ အကြီးဆုံးရုပ်ထုတွေကို စဆောက်လာကြတော့
ဒီ Mother Motherland ရုပ်ထုကြီးပာာ ကမ္ဘာ့ အမြင့်ဆုံးရာထူးကနေ ဆင်းပေးလိုက်ရပါတယ် ။
အခုချိန်မှာတော့ (၈၈) မီတာမြင့်တဲ့ Dai Kannon ပေါ်လာကတည်းက  (၈၅)မီတာပဲရှိတဲ့  ရုရှားရုပ်ထုကြီးပာာ
နံပါတ်(၁၁)နေရာကို ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကျွန်တော့်အမြင်မှာတော့  ဒီရုပ်ထုကြီးပာာ ပိုပြီးလှတဲ့အတွက် နံပါတ်(၁၀)ထဲမှာ
                                           http://10awesome.com
မူရင်း..http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1363495&xgs=1&xg_source=msg_share_post
သရဲသစ္စေ၀တ္ထုတိုများ
သရဲသစ္စေရော အခြားသရဲသစ္စေဆန်ဆန် ဆန်းကြယ်တဲ့ ၀တ္ထုတိုလေးများကို စုစည်းပြီး တင်ပေးထားပါတယ်..ဖတ်ချင်တယ်ဆိုရင်...download ကိုကလစ်ပြီး ဒေါင်းဖတ်ပေါ့နော်..
ဒေါက်တာစိုးထိုက်နှင့် သွေးစုတ်တစေä
တစ်နှစ်တစ်ကြိမ် သင်းချိုင်းမှပြန်ထလာပြီး သွေးစုတ်သည့် သွေးစုတ်ဖုတ်ကောင်နှင့် ဆုံတွေ့ခဲ့ရသော ပြည့်တန်ဆာမတစ်ဦး၏ ဆန်းကြယ်သောအတွေ့အကြုံ
Download
ဒေါက်တာစိုးထိုက်နှင့်ဝိညာဉ်ခေါ်တဲ့ပွဲတကüသိုလ်ကျောင်းသားတစ်သိုက် သရဲခေါ်ပွဲကျင်းပရာမှ ဖြစ်ပေါ်လာသည့် ထိတ်လန့်အံ့သြဖွယ်ဇာတ်လမ်း
Download
တစေäအော်သံ
သူခိုးတစ်ယောက်၊ လင်သားကွယ်ရာတွင် ဖောက်ပြားသည့် ဇနီးမယားတစ်ယောက်၊ သူတစ်ပါးအိမ်ရာကိုပြစ်မှားသူ ကြာသမားတစ်ယောက်တို့၏ သုံးပွင့်ဆိုင် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်း
Download
သင်းကွဲဝိညာဉ်မလူမနေတာကြာတဲ့အိမ်ကြီးမှာ စာသွားရေးတဲ့ စာရေးဆရာတစ်ယောက် ထိုအိမ်တွင်ခိုကပ်နေသော သရဲမနှင့် တွေ့ဆုံကြပုံ စိတ်ဝင်စားဖွယ်ဇာတ်လမ်း
Download
နေအ၀င် ညအကူး တစေäမြူးတဲ့တော
ဆယ်နှစ်တစ်ခါခြောက်တဲ့တစေäစုံတွဲ။ တစေäကို အချိန်အတိအကျလာစောင့်ပြီး တွေ့ဆုံကြသူများ။ တစေäများကို ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းရိုက်ကူးကြသူများ
Download
ဥစာစောင့်မလေး မြကြေးမုံ
မိမိကိုယ်မိမိ ဥစာစောင့်လို့ ထင်မြင်ယူဆနေတဲ့ မိန်းမငယ်တစ်ဦး
Download
နှစ်ကိုယ်ခွဲနှင်းဆီ
ကားတိုက်မှုတွင်ပါဝင်သည့်မိန်းကလေးနှစ်ဦး တစ်ယောက်ကိုယ်ထဲတွင် တစ်ယောက်ဝိညာဉ် ပြောင်းလဲဝင်ရောက်သွားပုံအကြောင်း
Download
ဒေါက်တာစိုးထိုက်နှင့် ဖုတ်သွင်းမင်းသမီးလက်
မှော်အတတ်ဖြင့်စီရင်ထားသော မှန်ချပ်ကြီးထဲတွင် ၀ိညာဉ်ကို အကျဉ်းချခံထားရသည့် နန်းတွင်းသူမိန်းမပျိုတစ်ဦးအဖြစ်ကို ပါတော်မမူခင်ကာလမှ ၂၁ရာစုအစပိုင်းကာလအထိ ရေးဖွဲ့ထားသည့်
Download
စုန်းအပျိုစင်
စုန်းကဝေလောကနောက်ခံဇာတ်လမ်း
Download
ပုဆ်စာဆန်သော တစေမလေး
သေပြီးနှစ်ပေါင်း22နှစ်ကြာချိန်မှာ ပြန်လည်ရှင်သန်လာသည့် မိန်းကလေးတစ်ယောက်၏၀ိညာဉ်
Download
ခေတ်သစ်စုန်းမ
လက်ရှိကာလနှင့် အံမ၀င်ဂွင်မကျဖြစ်နေသော အမျိုးသမီးတစ်ဦးအား စုန်းမအဖြစ်စွတ်စွဲကြပုံကို အနာဂတ်ကာလ နောက်ခံ သိပ်ပံဝတုအဖြစ် ရေးဖွဲ့ထားသည်
Download
လပြည့်နေ့တိုင်း အသက်ဝင်လာသည့် သစ်သားပန်းပုရုပ်မှ ပြတ်ကျန်ခဲ့သည့် လက်တစ်ဖက်အကြောင်း ထိတ်လန့်ခြောက်ခြားဖွယ် ရေးသားတင်ပြထားသည်
Download
နာနာဘာဝဂြိုဟ်
ဂြိုဟ်တစ်ခုလုံးတွင် နာနာဘာဝသရဲတစေများသောင်းကျန်းနေသည့်အကြောင်းဖွဲ့ဆိုထားသည့် ..... သိပ်ပံဇာတ်လမ်းတစ်ပုဒ်ပါ။
Download
ရေအောက်ကဘာမှ သိုက်နန်းရှင်
လူတစ်ပိုင်းငါးတစ်ပိုင်းဘ၀ဖြင့် ရေအောက်သိုက်နန်းကို စောင့်ရှောက်နေရသည့် ဥစ်စာစောင့်မိန်းမပျိုလေးတစ်ဦးအဖြစ်ကို ဒဏ္ဍာရီဆန်ဆန်တင်ပြထားသည်
Download
တွယ်ငြိတတ်သော စိတ်ဇောဝိညာဉ်
ကွယ်လွန်သူစော်ဘွားကြီးတစ်ဦး မိမိထားရစ်ခဲ့သောရတနာများအပေါ် အစွဲအလန်းကြီးစွာဖြင့် သရဲတစေäဖြစ်နေပုံကို အချစ်ဇာတ်လမ်းဖြင့် ရောမွှေတင်ပြထားသည့် ကိုလိုနီခေတ်နောက်ခံ ဇာတ်လမ်းရှည်
Download
စိတ်ညှို့ရှင်၏ကလဲ့စား
စိတ်ညှို့ဆရာတစ်ယောက်... ငယ်စဉ်က မိသားစုကိုစော်ကားခဲ့သည့်လူအား စိတ်ညှို့ပညာဖြင့် ပြန်လည်လက်စားချေပုံ
Download
ဘ၀ဟောင်းရဲ့ပဲ့တင်သံ
ယခင်ဘ၀က မပေါင်းရပဲ အသေဆိုးသေခဲ့ရသည့် ချစ်သူနှစ်ဦး။ ယခုဘ၀တွင် လူဝင်စားအဖြစ်နှင့်ပြန်တွေ့ကြသည်။ သို့သော်.....
Download
မာယာရှင်ဝိညာဉ်မ
သေသူမိန်းကလေးက သူမကိုသတ်ခဲ့သည့်လူသတ်သမားကို ဖော်ထုတ်ပုံ
Download
တတိယတွဲသို့
http://luckymyotaw.wall.fm/forum/33  (သရဲ၊သစ္စေ)
မူရင်း...http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A130821&xgs=1&xg_source=msg_share_post
Thursday, June 21, 2012
အရှက်ကြီးသူနဲ့ စိတ်ပညာကျောင်းသူတို့ ခဏတာ
ချစ်သူများနေ့ ညချမ်းတစ်ခုမှာ အရှက်ကြီးတတ်သူ ကောင်လေး တစ်ယောက်ဟာ လူစည်ကားတဲ့ လမ်းဆုံ
လဖက်ရည်ဆိုင်တစ်ဆိုင်မှာ အေးအေးလူလူ သီချင်းလေးနားထောင်ရင်း လဖက်ရည် သောက်နေတုန်း ကျောင်းသူ
အရွယ် ကောင်မလေး
ချောချောလေး တစ်ယောက် တစ်ယောက်တည်း လာထိုင်နေတာကို တွေ့လိုက် ရတယ်။ လွန်းပျံခေတ်ဆို
တော့ မြင်မြင်ချင်းပဲ ကောင်လေးက ကျောင်းသူ ကောင်းမလေးကို ချစ်မိ သွားပေမယ့် ရှတ်တတ်သူပီပီ
စကားသွားပြောဖို့ရာ သတ္တိမရှိတာမို့တစ်နာရီ လောက်ကြာအောင် သတ္တိကို မွေးယူခဲ့တယ်။
နောက်ဆုံးအရဲစွန့်ပြီး ကျောင်းသူလေးနားကို မယောင်မလည်တိုးကပ်ပြီး .. ..
ကျွန်တော် ညီမလေးအတွက် သောက်စရာ တစ်ခုခုများ မှာပေးလို့ ရမလား သိပါရစေ လို့ မေးလိုက်ပါတယ်။
အဲဒီအခါမှာကျောင်းသူ ကောင်မလေးက အသံစွာကျယ်ကျယ်နဲ့ လူတွေအားလုံး ကြားလောက်အောင် .. ..
ရှင်နဲ့ ကျွန်မ လိုက်မအိပ်နိုင်ဘူး လို့ အဓိပ္ပာယ်မဲ့ ပြန်ပြောလိုက်တာကြောင့် လဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့သူတွေ
အားလုံး သူတို့ နှစ်ယောက်ကို လှည့်ကြည့် ကြပေမယ့် နားလည်ပေးကြပါတယ်။ အထင်နဲ့ လက်တွေ့အဖြစ်အပျက်
ကွာခြား လွန်းတာမို့ ရှက်တတ်တဲ့ ကောင်လေးခမျာ မျက်နှာနီရဲသွားပြီး ကျောင်းသူ ကောင်မလေးကို တောင်းပန်ကာ
သူ့နေရာမှာ ပြန်သွားထိုင်ပြီး စိတ်ဖြေနေပါတယ်။ ခဏအကြာမှာ အဲဒီ ကျောင်းသူလေးက ကောင်လေးရှိရာကို
ခပ်ပြုံးပြုံးလေး လျှောက်လာပြီး .. ..
ကျွန်မ စိတ်မကောင်းပါဘူးရှင်။ ကျွန်မ အပြုအမူကြောင့် ရှင် တော်တော်ရှက်သွားတယ် ထင်တယ်။ ကွန်မက
စိတ်ပညာနဲ့ ဘွဲ့ယူစာတမ်း ပြုစုနေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးပါ။ ဒီလို အခြေအနေမျိုးမှာ ပတ်ဝန်းကျင်
ကဘယ်လို တုံ့ပြန်မယ်မလဲ ဆိုတာကို လေ့ကျင့်ချင်တာ တစ်ခုတည်းနဲ့ ကျွန်မဒီလို လုပ်မိတာပါ လို့ ပြောပြီး
တောင်းပန်ပါ သတဲ့။ အဲဒီအခါမှာ ရှက်တတ်တဲ့ ကောင်လေးက အသံကုန်ပြန်ပြီး အော်လိုက် တာကတော့
ဟေ့ မင်းက ငွေ ငါးထောင်မှ မတန်တာ။ မပေးနိုင်ဘူး ဆိုပြီး ချာကနဲ လှည့်ထွက် သွားလေရဲ့ .. .. .. ။
သေသွားတဲ့ယုန်
အသက် (၉၀)အရွယ်ရှိ အဘိုးအိုတစ်ဦးဟာ သူ့မိသားစု ဆရာဝန်ဆီရောက်လာပြီး
ဆရာရယ်၊ ကျွန်တော် ဘယ်တုန်းကနဲ့မှ မတူအောင် အားအင်တွေ ရှိနေလိုက်တာဗျာ။ အခုဆိုရင် အသက်
(၁၈)နှစ် ရှိတဲ့ ကျွန်တော့် ဇနီးကလေး ကိုယ်ဝန်ရှိနေပြီဆရာ၊ ဘယ်လိုသဘော ရသလဲ .. ..
လို့ ခပ်ကြွားကြွားလေး မေးလိုက်ပါတယ်။ ဆရာဝန်က အဘိုးအိုရဲ့ မွေးခွန်းကို ခဏစဉ်းစားပြီး
ကျွန်တော့်မှာ အဘိုးလိုပဲ အသက်အရွယ် ကြီးရင့်တဲ့ မိတ်ဆွေ တစ်ဦး ရှိပါတယ်။ သူက မုဆိုးပါ။ သူ့ဘ၀မှာ
တစ်ခါမှ သားကောင် လွတ်သွားတယ် ဆိုလို့ မရှိခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ သားကောင် ပစ်ဖို့ တောထဲ ထွက်လာ
ရာမှာ သေနတ်အစား ထီးကောက်ကို မှားပြီး ယူသွားမိပါတယ်။ ချောင်းကလေး တစ်ခုကို ရောက်တော့ တစ်ဖက်
ကမ်းမှာ ယုန်လေး တစ်ကောင်ကို မုဆိုးအဘိုးအိုက လှမ်းတွေ့လိုက်တယ်။ ဒါနဲ့ သူက ထီးကောက်ကို မြှောက်
လိုက်ပြီးဒိုင်း .. ဒိုင်း .. နဲ့ ပစ်လိုက်တာ ယုန်ကလေး ခင်မျာ သေသွားပါ လေရော။ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့
အဘိုးဘယ်လို ထင်ပါသလဲ
လို့ ဆရာဝန်က ပြန်မေးလိုက်ပါတယ်။ ဒီအခါမှာ အဘိုးအိုက
ဒါတော့ ဘယ်ဖြစ်နိုင်မလဲ၊ ယုန်ကို တစ်ယောက်ယောက်က ပစ်လိုက်တာ နေမှာပေါ့
လို့ ဖြေလိုက်တဲ့အခါမှာ ဆရာဝန်က
ကျွန်တော့်အဖြေကလည်း အဲဒါပါပဲ လို့ ဆိုလိုက်ပါတယ်။
အကြောင်းကတော့
နေသာတဲ့နံနက်ခင်းတစ်ခုတွင် လူတစ်ယောက်သည် ကျဉ်းမြောင်းသော တံတားတစ်ခုကို ဖြတ်သန်းနေခိုက်၊
သူ့အောက်ရှိ မြစ်ကမ်းပါးဘေး သစ်ရိပ်အောက်တွင် ငါးမျှားနေသော တံငါသည်တစ်ယောက်ကို မြင်သည်။ မြစ်မှာ
ရေနက်ပြီး ညင်သာစွာ စီးဆင်နေသည်။ ထိုလူသည် တံတားပေါ်ရပ်၍ တံငါသည်ကို စောင့်ကြည့် နေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် တံငါသည်သည် သူချထားသော ငါးမျှားကြိုးကို ဆွဲယူလေသည်။ ငါးမျှားကြိုး
အဆုံးတွင်အလွန်ကြီးသော ငါးတစ်ကောင်ပါလာသည်။
တံငါသည်သည် ငါးကို ငါးမျှားချိတ်မှဖြုတ်၍ ရေထဲသို့ ပြန်လွှတ်လိုက်သည်။ နောက်ထပ်မိနစ် အနည်းငယ်
အကြာတွင်နောက်ထပ် ငါးကြီးတစ်ကောင် ရပြန်သည်။ တံငါသည်သည် ထိုငါးကြီးကိုလည်း မြစ်ထဲသို့ ပြန်လွှတ်
လိုက်ပြန်သည်။ တတိယအကြိမ်တွင်မူ ငါးအသေးတစ်ကောင် ဖမ်းမိသည်။ ထိုငါးကို သူ့တောင်းထဲ ထည့်ပြီး
နောက် အိမ်ပြန်ရန် ပြင်ဆင်တော့သည်။ တံတားပေါ်မှ လူသည် အလွန်အံ့အားသင့်သွားသဖြင့် တံငါသည်အား
မေးသည်။
“ ခင်ဗျားဘာကြောင့် ကြီးမားပြီး လှပတဲ့ ငါးကြီးတွေကို ရေထဲ ပြန်လွှတ်ပြီး၊ ငါးသေးသေးကိုမှ ယူတာလဲ ”
တံငါသည်က မော့ကြည့်ပြီး ပြန်ဖြေလိုက်တာက..
“ ဒယ်အိုးက သေးသေးလေးမို့ပါဗျာ ” တဲ့
မူရင်း...http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1607347&xgs=1&xg_source=msg_share_post
Sunday, June 17, 2012
ကျွန်တော့်ချစ်သူ အိနြေ္ဒရှင်မလေး
ကေသာကျော့ရှင်း
မူယာကင်းလို့
ဖြူစင်ဝင်းတဲ့ လမင်းနှယ်.....။
ပါးကွက် ပါးပါး
သနပ်ခါးနဲ့
နှုတ်ခမ်းဖူးလေး နီစွေးကြွယ်....။
ထမီ, ရင်ဖုံး
ဆံနွယ်ထုံးလို့
လုံလုံခြုံခြုံ လှလွန်းတယ်.....။
အမြင်လည်း...အေး
ရင်ထဲ...နွေးသမို့
ကျက်သရေ အပေါင်းနဲ့ ခညောင်းတယ်...။
ပန်းချီလည်း....ရှုံး
ရယ်(ရီ)လည်း....နှုန်းချိ
ရင်ထဲ...ထိလို့...
အမြတ်နိုးဆုံး ချစ်မိတယ်....။
(လင်းသထွန်း - LinnTha@gmail.com)ဧဒင်ဥယျာဉ် လင်းသထွန်းအိမ်သို့    
ငါ့အတွက်တော့ ချစ်နေဖို့ပဲလိုပါတယ်
မင်းရဲ့ငြင်းပယ်ခြင်း ဇာတ်လမ်းအစမှာ
ငါ့မျှော်လင့်ချက်တွေ ရပ်တန့်ခဲ့.......
တကယ်ဆို
ငါဟာ အလွမ်းတွေနဲ့ နေသားမကျသူပါ
အသည်းကွဲခြင်းနဲ့ အကျွမ်းဝင်မှု မရှိသူပါ ချစ်သူ....
မင်းနဲ့ နီးစပ်ဖို့ကြိုးစားမိတိုင်း
ငါ့ယုံကြည်ခြင်းတွေ အပိုင်းပိုင်း ချိုးဖျက်ခံခဲ့ရပေါ့....
အကျိုးမပေးဘူးလို့ဘဲ ပြောရမလား..?
ချစ်ခြင်းမှာ ကံမွဲလို့ ဒဏ်ရာတွေချည်းပဲ ဖြစ်တည်ခဲ့တယ်....
ဒါပေမယ့် ချစ်သူ
ဝေးကွာခြင်း အကြောင်းတရားဟာ ဘယ်လောက်ပဲ ခမ်းနား..ခမ်းနား
ငါ ရုန်းထွက်ဖို့ မကြိုးစားမိဘူး.....
အဲဒီလို မဆုံနိုင်ခြင်းတွေနဲ့
အချစ်မှာလုံးလုံးလျားလျားရှုံးနိမ့်ခဲ့ရပေါ့...
တကယ်တော့ အချစ်ရယ်
ဖြစ်တည်မှုနဲ့ ပြီးဆုံးမှုမှာ ချစ်ခြင်းကဏ္ဍ ကျရှုံးခဲ့ရပေမယ့်
ငါ့အတွေးတိုင်းမှာ မင်းရှိနေတာက
အရာရာထက်ပြီးပြည့်စုံခြင်းပါ.....
“ တကယ်ဆိုရင် ငါ့အတွက်တော့ ... ချစ်နေဖို့ပဲ လိုအပ်ပါတယ်ကွယ် ”
မုန်းပါ...မုန်းပါ ချစ်သူ.....
အလိုမတူဘဲ နှလုံးသားတစ်ခုလုံး အမုန်းခံခဲ့ရ
ဒီမျက်ဝန်းတွေက ငါ့ကို သတ်တာပါ....
ဒီအပြုံးတွေက ငါ့ကို ရက်စက်ခဲ့တာပါ...
မုန်းပါ....မုန်းပါ ချစ်သူ
မြတ်နိုးခြင်းမှာ သက်သေပြစရာ အလွမ်းတွေရှိလျက်နဲ့
ချစ်ခြင်းကို မင်းယုံကြည်အောင် အသက်မသွင်းနိုင်ခဲ့ဘူး....။
မုန်းပါ...မုန်းပါ ချစ်သူ
မြေနိမ့်ရာကို လှံစိုက်ခံရမှ ဒဏ်ရာက “လှ” သလားလို့ မမေးပါနဲ့တော့..။
ငါကတော့
ဒီအမုန်းတွေထဲ ချော်လဲ ရောထိုင်လိုက်ပါတော့မယ်...။
မုန်းပါ...မုန်းပါ ချစ်သူ
တန်ဖိုး မထားသူလို့ မသတ်မှတ်တော့ပါဘူး
တစ်ကိုယ်ကောင်းဆန်သူလို့ မစွပ်စွဲတော့ပါဘူး
ငါဘယ်လောက် ချစ်တယ်ဆိုတာ
နင်သိရင်....တော်ပြီ....။
ကဲ မုန်းပါ...မုန်းပါ ချစ်သူ
Friday, June 15, 2012
သဘာဝအသံလေးတွေကို ပေးနေတဲ့ Website
ကျေးငှက် သာရကာ အသံ၊ လှိုင်းပုတ် သံ စတဲ့ သဘာဝ အသံ တွေဟာ
လူ့စိတ်ကို ငြိမ်းအေး စေပါတယ်။ မိုးရွာသွန်းသံကို နားထောင်ပြီး စာဖတ် ရတာကို နှစ်သက်သူတွေ အတွက် သဘာဝ အသံတွေ ပေးနေတဲ့ ဆိုက်တစ်ခု ရှိပါတယ်။ ဒီဆိုက်မှာ မိုးရွာတာ၊ မိုးခြိမ်း တာ၊ ကလေးတွေ ခိုးခိုးခစ်ခစ် ရယ်တာ၊ ကျေးငှက်တွန်ကျူးတာ စတဲ့ သဘာဝ အသံပေါင်း များစွာ ရှိတယ်။ အသံတစ်မျိုးတည်း အပြင် အသံနှစ်မျိုး၊ သုံးမျိုး ပေါင်းစပ်ထား တာတွေလည်း ရှိပါတယ်။ ကြိုက်တာကို ရွေးနားထောင်ပြီးရင် အွန်လိုင်းမှာ မျှဝေလို့ ရတယ်။ WAV ဖိုင်အနေနဲ့ ကွန်ပျူတာထဲမှာ သိမ်းထားလို့လည်း ရပါသေးတယ်။
http://www.naturesoundsfor.me                                                    ထက်မြတ်
မူရင်း..http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A634976&xgs=1&xg_source=msg_share_post
အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆို တတ်ချင်သူများ အတွက် Website
အင်္ဂလိပ် စကားကို Native Speaker တွေလို မဟုတ်တောင် ကျွမ်းကျင်စွာ ရေရေ လည်လည် ပြောဆို တတ်ချင်သူများ အတွက် နည်းစနစ် ကောင်းမွန်တဲ့ နေရာမှ လေ့လာ သင့်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေ၊ ခရီးသွား အင်္ဂလိပ် စကားတွေ၊ လုပ်ငန်းသုံး အင်္ဂလိပ် စကားတွေ၊ အင်တာဗျူးမှာ ယုံကြည်မှု အပြည့်အဝနဲ့ပြောဆိုနိုင်ဖို့ အင်တာဗျူး စကားပြော လေ့ကျင့်ခန်းတွေ၊ စကားပြောမှာ အသုံးပြုလေ့ရှိတဲ့ အခြေခံသဒ္ဒါတွေ၊ ဘာသာပြန်ဖို့ ခက်ခဲလေ့ရှိတဲ့ phrase နဲ့ idiom တွေကို လေ့လာ နိုင်မှာပါ။ အင်္ဂလိပ်စကား နားထောင်မှု စွမ်းရည်ကို မြှင့်တင်ပေးမယ့်အပြင် ရယ်မော ပျော်ရွှင်ဖွယ် ကောင်းတဲ့ အမေးအဖြေကဏ္ဍ တွေကိုပါ လေ့ကျင့် သင်ကြား နိုင်မှာပါ။ ဒါ့အပြင် အင်္ဂလိပ်စကားပြောဆိုရာမှာ လိုက်နာ စရာ စည်းကမ်းလေး တွေကိုပါ တင်ပြထားလို့ လေ့လာသူတွေ အကြိုက် တွေ့စေမှာပါ။
http://www.talkenglish.com
                                                                                                    ထက်မြတ်
from:http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A634286&xgs=1&xg_source=msg_share_post
Wednesday, June 13, 2012
ဆောဝဲလ်လေးတွေတော့ရှိပါတယ်..fullversionမဟုတ်လို့စိတ်ညစ်နေတာလား
သူငယ်ချင်းတို့ရေ..မင်္ဂလာပါနော်...အခုသူငယ်ချင်းတို့ကိုဆော့ဝဲလေးတွေတော့ရှိတယ်..သူတို့ပေးတဲ့တစ်လfree ၁၅ရက်freeသုံးပြီးတော့ကီးလေးတွေမဝယ်နိုင်လို့ဆက်မသုံးဘဲနေနေရတဲ့သူငယ်ချင်းတွေအတွက်ပါ.....ကီိးလေးတွေ မဝယ်နိုင်လို့စိတ်ညစ်နေတာလား...မညစ်ပါနဲ့တော့လိုချင်တဲ့ဆော့ဝဲversionနဲ့နာမည်ကိုဘဲသိရင်ကီးလေးတွေကိုအလွယ်တကူရနိုင်ပါတယ်  ဘယ်မှာရနိုင်တာလဲဆိုတော့သူအလိုလိုတော့ရောက်လာမှာတော့မဟုတ်ဘူးနော်.......ဟိ...အဲ့တော့ဒီကိုသွားလိုက်  လိုချင်တဲ့ဆော့ဝဲလ်လေးတွေကိုaကနေစပြီးzထိအောင်ရှာလို့ရတယ်....ကဲသူငယ်ချင်းအားလုံးအဆင်ပြေပါစေ......
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A841644&xgs=1&xg_source=msg_share_post
Saturday, June 9, 2012
အစားအသောက် စားရုံ ဖြင့် ခါးနာ ၊ ခါးကိုက် သက်သာစေနည်း
ခါးနာ၊ ခါးကိုက်ခြင်းဝေဒနာ ကို သက်သာစေရာမှာ အကိုက်အခဲ ပျောက်ဆေး များက လည်း အထောက် အကူပြုပါတယ်။ သို့ပေမယ့် နောက်ထပ်ပေါ်လာနိုင် တဲ့အ္တရာယ် ကို လျော့ပါး သွားစေ ဖို့ဆိုရင်တော့ ခါးနာ ခြင်း ကိုဖြစ်စေ တဲ့ ရောင်ရမ်းခြင်းကို သက်သာလျော့ ပါးစေတဲ့ အစားအစာ များကို ပိုမိုစားသုံးဖို့တော့ လိုအပ် ပေ လိမ့်မယ်။
- ချယ်ရီသီးများ။ ။ ချယ်ရီသီး ဖျော်ရည် ၁၂ အောင်စကို တစ်နေ့ ၂ ကြိမ် ၈ ရက်ကြာ သောက်သုံးခြင်း က ကြွက်သား ကိုက်ခဲ နာကျင်ခြင်းကို လျော့ပါး သက် သာစေကြောင်း လေ့ လာမှု တစ်ခုက ပြသခဲ့တယ်။
- သံလွင်ဆီ - ဆယ်လ်မွန်ငါးသေတ္တာဘူး၊ ရေ ဒါမှမဟုတ် သံလွင်ဆီမှာ စိမ် ထားတဲ့ ဆာဒင်းငါး
- မက်ကာရယ်ငါး၊ တူနာငါး၊ သစ် ကြားသီး (ယင်းတို့က အိုမီဂါ -၃ အဆီအက်စစ် ကြွယ်ဝတဲ့ အစားအစာများ ဖြစ်တယ်)
Tuesday, June 5, 2012
ကွန်ပြူတာမြန်နှုံန်းမြင့်နည်း ၇ မျိုး
၁။ သင့် ကွန်ပြူတာ ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် ကွန်ပြူတာ ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။
သင့်ကိုလူတွေသဘောတွေ့လာစေမယ့်နည်း ၆-နည်း
(၁) တဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ။
လူလူချင်းသဘောကျပါ။
တဖက်လူရဲ့ပြသနာကိုစိတ်ဝင်စားပါ။သူတို့ရဲ့အချိန်ပေးဂရုစိုက်မှုကိုရတတ်ပါတယ်...
မိတ်ဆွေကောင်းရဖို့အတွက်
အချိန်လိုတယ်။အားစိုက်ရမယ်။ကိုယ်ကျိုးမကြည့်ရပါ။စဉ်းစားဆင်ခြင်ဥာဏ်နဲ့စာနာစိတ်
ရှိရမယ်... မွေးသက္ကရာဇ်စုပြီးသူတို့ရဲ့မွေးနေ့မရောက်မီ တရက်အလိုတွင်
အသိပေးလိုက်ပါ...အံ့သြ၀မ်းသာနေတာ
တွေ့ရပါလိမ့်မယ်...
(၂) ပြုံးပါ။
အပြုံးဟာ...နုံးခွေနေသူကို အနားပေးအားမွေးပေးစေသလို၊ စိတ်ဓါတ်ကျနေသူကို
နေရဲ့အလင်းရောင်ဆောင်တတ်
ပါတယ်...ကြေကွဲသူကိုနေရောင်ခြည်ပေးပါတယ်...ဒါဟာ သဘာဝရဲ့ဒုက္ခ
သောကတွေကိုဆန့်ကျင်ဖြိုဖျက်ဖို့
အကောင်းဆုံးနည်းပါ...အပြုံးဟာငွေပေးဝယ်၍မရသလို
ချေးယူ၍မရပါ...တောင်းယူ၍မရသလို ခိုးယူ၍မရပါ...
ပေးတတ်မှသာအသုံးတည့်သည့် ပစ္စည်းတခုပါ...ပြုံးလိုက်တဲ့အခါကြမှသာ
အကြင်နာတရားနဲ့လူသားပီသသွားပါတယ်...
Sunday, June 3, 2012
~~ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၂မျိုး~~
ဆံပင်စတိုင်နဲ့ ဆံကေသာ ကျန်းမာ လှပမှုဟာ လူတစ်ယောက်ကို ကြည့် အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ သန်စွမ်း ကျန်းမာတဲ့ ဆံပင်ပုံ ရှိဖို့ဆိုရင် သင်ခေါင်းလျှော်တဲ့ ပုံစံ၊ ဆံပင်သား လှပအောင် ကွန်ဒီရှင်နာ လိမ်းတဲ့ ပုံစံအပေါ်မှာလည်း မူတည်နေသလို စားသောက်တဲ့ အာဟာရ အပေါ်မှာလည်း မူတည်နေပါတယ်။ သင်ရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အဓိက စားသင့်တဲ့ ထိပ်တန်း အာဟာရ ဓာတ်တွေကို အကြံပြုလိုက်ပါတယ်။
၁)နို့နှင့် နို့ထွက်ပစ္စည်း
အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက် စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်း မွန်အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်း တွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာကို သန်စွမ်းကျန်းမာစေပါ တယ်။
၂) ငါး
ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီ များများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ဆံ ပင်ကျွတ်နှုန်းနှေးစေပါတယ်။ ငါးမှာ သံ ဓာတ်နဲ့ ဗီတာမင်B12 တို့ ပါဝင်တဲ့အ တွက် ဆံကေသာနဲ့ အသားအရေကို လှ ပကျန်းမာစေပါတယ်။ ဆံခြည်မျှင်အိတ် ထဲမှာ သံဓာတ်တွေကို သိုလှောင်ထား ပြီး ဆံပင်ထိခိုက်မှုဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာကြောင့်ပါ။
၃) အခွံချွတ်မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့်အစာ
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ ဆံကေသာအတွက် အရေး ပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ် စုနဲ့ သံဓာတ်တို့ ပါဝင်နေပါတယ်။ သွပ် ဓာတ်ဟာ ဆံကေသာကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက်သက်ရောက်မှု ရှိ စေတဲ့ ဟော်မုန်းတွေကို ဟန်ချက်ညီမျှ စေပါတယ်။ စားတဲ့ အစားအသောက် ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်း မာစေပါတယ်။
ကမ္ဘာကျော်များ ပြောသောစကား..
အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။
သူတော်စင် ၀ိဝေကနန္ဒ
တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။