“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, October 8, 2013

"မာနကြီးတဲ့ ယောက္ခမ"(ဟာသ)

"မာနကြီးတဲ့ ယောက္ခမ"

ညဆိုင်းအလုပ်ဆင်းပြီး ပြန်လာတဲ့ယောက်ျားဟာ အိပ်ခန်းထဲဝင်လာတော့ မိန်းမလုပ်သူက စောင်ကြီးခေါင်းမြီးခြုံပြီး အိပ်နေတုန်း။
ဒါနဲ့ ဘာမှပြောမနေဘူး စောင်ခြုံထဲအသာတိုးဝင်လိုက်တယ်
ပြီးတော့ မိန်းမကို ပွတ်သီးပွတ်သပ်သွားလုပ်ပြီး ချစ်မဏ္ဍိုင်လေး စိုက်လိုက်မိတယ်။

ခဏနေတော့ ဗိုက်ဆာလာတာနဲ့ စားစရာယူမလို့  မီးဖိုထဲသွားလိုက်တာ... ...
ဟင် ... မိန်းမက မီးဖိုထဲ ရောက်နေပါလား
မြန်လိုက်တာ
အဲ ... မဟုတ်သေးပါဘူး
မသင်္ကာတာနဲ့ မေးကြည့်တယ်... ...

"မိန်းမ၊ မင်းက ဘယ်လိုလုပ်ပြီး မီးဖိုထဲ ရောက်နေတာလဲ"
"ဘာတွေလာပြောနေတာလဲ၊ ကျမ ဒီမှာ ဟင်းချက်နေတာ ကြာလှပြီ"

"ဟင်.... ဒါဆို ဟို..ဟို... အိပ်ရာထဲက ဘယ်သူတုန်း"
"ကျမအမေလေ၊ မနက်ကမှ ရောက်တာ၊ ခရီးပန်းလာပြီး ခေါင်းကိုက်နေလို့ ကျမတို့ အိပ်ရာထဲ ဝင်အိပ်ခိုင်းထားတာလေ"

"ဘုရား... ဘုရား၊ မှားကုန်ပြီ မိန်းမရေ၊ ငါက မင်းမှတ်လို့ ဟို ဟို ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီကွာ"
"ရှင်ဟင် ဟင်... အီး ဟီး လုပ်ရက်လှချည်လား ယောက်ျားရယ် အီး "

မိန်းမလုပ်သူလည်း ငိုယိုပြီး အိပ်ခန်းထဲ ပြေးသွားတယ်
ပြီးတော့ အိပ်ရာပေါ်မှာ ငေါင်စင်းစင်းနဲ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ အမေကို ရန်တွေ့တာပေါ့... ...

"မေမေရယ်၊ ခုနတုန်းက ဟိုသင်း ဒီသင်းဖြစ်တာ သမီးယောက်ျားမှန်း မသိဘူးလား"
"သိသားပဲ"

"ရက်စက်လိုက်တာ မေမေရယ်၊ သိရက်သားနဲ့၊ ဘာလို့ ဘာမှပြန်မပြောဘဲ ငြိမ်နေရတာလဲ မေမေရဲ့"
"အောင်မယ်... လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ငါသဘောမတူဘဲနဲ့ ညည်းကို ဒီအကောင် ခိုးပြေးတာ မှတ်မိလား"

"မှတ်မိပါတယ် မေမေ"

"အေး... အဲဒီကတည်းက ဒီကောင့်ကို မုန်းလွန်းလို့ စကားမပြောပဲ နေလာတာ၊ ခုချိန်ကျမှ ငါက ခေါ်ခေါ်ပြောပြော လုပ်နေရအုံးမှာလားအေ့... ကဲ"

"ရှမ်..."

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

ကမ္ဘာ့ ပထမဆုံးသော အင်တာနက် စာမျက်နှာအား ပြန်လည်လွှင့်တင်

Photo: ကမ္ဘာ့ ပထမဆုံးသော အင်တာနက် စာမျက်နှာအား ပြန်လည်လွှင့်တင်

အင်တာနက်ဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ ဘာပဲလိုလို အင်တာနက်မှာ ရှာဖွေပါဆိုတဲ့ စကားရပ်ဟာ လွန်စွာမှန်ကန်လှပါတယ်။ ဘီလီယံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေဟာ World Wide Web (W3) လို့ခေါ်တဲ့ ကွန်ယက်ကြီးပေါ်မှာ လွှင့်တင်ထားပါတယ်။ နှစ်ပေါင်းများစွာ တာရှည်ခံပြီး နာမည်ကျော်သွားတဲ့ စာမျက်နှာတွေ ရှိသလို သက်ဆိုးမရှည်ပဲ နေ့မြင်ညပျော် ဖြစ်ခဲ့ရတဲ့ စာမျက်နှာတွေလဲ ဒုနဲ့ဒေးပါပဲ။ 

W3 ဆိုတဲ့ အင်တာနက် ကွန်ယက်ကြီးကို လူအများ စတင်ပြီး အသုံးပြုနိုင်ခဲ့တာ ပြီးခဲ့သည့် ဧပရယ်လ ၃၀ ရက်နေ့က နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါတယ်။ ဒီ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ပျောက်ကွယ်သွားတဲ့ ထောင်သောင်းချီတဲ့ စာမျက်နှာတွေထဲမှာ အင်တာနက်ခေတ်ဦးပိုင်းက စာမျက်နှာတွေက အများစု ဖြစ်နေပါတယ်။ 

MCG ရဲ့ W3 ပေါ်ပေါက်လာပုံ ဆောင်းပါအား ဖတ်ရှုရန် - http://on.fb.me/10wGgAs

သို့သော်လည်း W3 ရဲ့ မျိုးစေ့လဲဖြစ်၊ ကမ္ဘာ့ ပထမဦးဆုံးသော အင်တာနက် စာမျက်နှာလို့လဲ ခေါ်ဆိုနိုင်တဲ့ စာမျက်နှာတစ်ခုကို သမိုင်းကြောင်းကနေ မပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အင်တာနက် စတင်မွေးဖွားခဲ့ရာ European Organization for Nuclear Research (CERN) အနေနဲ့ ဤ သမိုင်းဝင် အင်တာနက် စာမျက်နှာအား အင်တာနက် နှစ်ပေါင်း ၂၀ ပြည့် အထိန်းအမှတ်အဖြစ် ယမန်နေ့တွင် ပြန်လည်လွှင့်တင် ပေးခဲ့ပါတယ်။ 

အောက်ပါပုံအား ကြည့်မယ်ဆိုရင် ကမ္ဘာ့ ပထမဆုံး အင်တာနက် စာမျက်နှာနဲ့ ယနေ့ခေတ် အင်တာနက် စာမျက်နှာများရဲ့ ကြီးမားတဲ့ ကွာခြားမှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

မျက်မှောက်ခေတ်မှာလို ရှုပ်ထွေးလှတဲ့ ကြော်ငြာတွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ မပါရှိသလို CSS တို့ ၊ HTML5 တို့ ၊ Flash တို့ လည်း အသုံးမပြုထားပဲ အလွန်ရိုးရှင်းတဲ့ မူလပထမ Hypertext Markup Language (သို့) HTML ကို အသုံးပြုကာ Times New Roman ဖောင့်ကို အသုံးပြုကာ text သီသန့် စာမျက်နှာအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ 

W3 Project နှင့် မူလပထမ အင်တာနက် စာမျက်နှာတို့ကို လေ့လာလိုပါက - http://info.cern.ch/hypertext/WWW/
အင်တာနက်ဆိုတာ ကြီးမားကျယ်ပြန့်လှပါတယ်။ ဘာပဲလိုလို အင်တာနက်မှာ ရှာဖွေပါဆိုတဲ့ စကားရပ်ဟာ လွန်စွာမှန်ကန်လှပါတယ်။ ဘီလီယံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေဟာ World Wide Web (W3) လို့ခေါ်တဲ့ ကွန်ယက်ကြီးပေါ်မှာ လွှင့်တင်ထားပါတယ်။ နှစ်ပေါင်းများစွာ တာရှည်ခံပြီး နာမည်ကျော်သွားတဲ့ စာမျက်နှာတွေ ရှိသလို သက်ဆိုးမရှည်ပဲ နေ့မြင်ညပျော် ဖြစ်ခဲ့ရတဲ့ စာမျက်နှာတွေလဲ ဒုနဲ့ဒေးပါပဲ။

W3 ဆိုတဲ့ အင်တာနက် ကွန်ယက်ကြီးကို လူအများ စတင်ပြီး အသုံးပြုနိုင်ခဲ့တာ ပြီးခဲ့သည့် ဧပရယ်လ ၃၀ ရက်နေ့က နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပါတယ်။ ဒီ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ပျောက်ကွယ်သွားတဲ့ ထောင်သောင်းချီတဲ့ စာမျက်နှာတွေထဲမှာ အင်တာနက်ခေတ်ဦးပိုင်းက စာမျက်နှာတွေက အများစု ဖြစ်နေပါတယ်။

MCG ရဲ့ W3 ပေါ်ပေါက်လာပုံ ဆောင်းပါအား ဖတ်ရှုရန် - http://on.fb.me/10wGgAs

သို့သော်လည်း W3 ရဲ့ မျိုးစေ့လဲဖြစ်၊ ကမ္ဘာ့ ပထမဦးဆုံးသော အင်တာနက် စာမျက်နှာလို့လဲ ခေါ်ဆိုနိုင်တဲ့ စာမျက်နှာတစ်ခုကို သမိုင်းကြောင်းကနေ မပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကော်ဖီနှင့် လက်ဖက်ရည်သောက်ပေးက အသည်းကျန်းမာစေနိုင်

Photo: ကော်ဖီနှင့် လက်ဖက်ရည်သောက်ပေးက အသည်းကျန်းမာစေနိုင်

ကော်ဖီ (သို့မဟုတ်) လက်ဖက် ရည်(tea)ကို တစ်နေ့လေးခွက် သောက် သုံးပေးခြင်းဟာ အသည်းအဆီ ဖုံးခြင်းကို သက်သာစေပြီး အသည်းကို ပိုမို ကျန်းမာစေတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ Duke National University of Singapore က သုတေသီများရဲ့ လေ့ လာမှုအရ ကဖင်း ဓာတ်ဟာ အသည်း အတွက် အခုလိုအာနိသင်တွေ ရှိနေ ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ် ပါတယ်။

ဆီးချိုသွေးချိုရောဂါရှင်တွေနဲ့ အဝလွန်သူတွေရဲ့၇၀%မှာ အသည်း အဆီဖုံးနေပြီး ယမကာမှီဝဲသူတွေမှာ အများဆုံးတွေ့ရတဲ့ အခြေအနေဖြစ် ပါတယ်။ အစားအစာနဲ့ လေ့ကျင့် ခန်းကကုသမှုထက် ပိုထိရောက် တယ်လို့သိရပါတယ်။ ဆဲလ် culture များ နဲ့ ကြွက်သားများမှာ လေ့လာမှုများ အရ ကဖင်း ဓာတ်ဟာ အသည်းမှာ သိုလှောင်နိုင်တဲ့ အဆီဓာတ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေကို သက်ရောက် မှုရှိပြီး အသည်း အဆီဖုံးခြင်းကို ကာ ကွယ်နိုင်တယ်ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။
တွေ့ရှိမှုအရ နေ့စဉ်ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လေးခွက်မျှ သောက်သုံးသူတွေဟာ အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ “ကော်ဖီနဲ့ လက်ဖက်ရည်ကရတဲ့ ကဖင်း ဓာတ်ဟာ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေ ပေမယ့်လည်း ဒီသုတေသနမှာတော့ အသည်းကိုပိုပြီး ကျန်းမာ စေတယ်လို့ မိမိတို့သိရှိခဲ့ပါတယ်” လို့ သုတေသန ခေါင်းဆောင် Dr.Paul Yen က ပြောကြားခဲ့ပါတယ်။
ဒီလေ့လာမှုကို Journal Hepa- tology မှာ ဖော်ပြထားပါတယ်။

မြ၀တီ

"ကျားမာယာ"(ဟာသ)

Photo: "ကျားမာယာ"

မိန်းမဖြစ်သူက သူ့ယောက်ျားကို မသင်္ကာနေတာကြာပြီ
အကြောင်းကတော့ သူ့ရုံးက စာရေးမလေးနဲ့ ဘာလိုညာလို ကြားနေလို့လေ

ယောက်ျားက အောင်မြင်နေတဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်ပေါ့

တရက်တော့ သူ့ယောက်ျားက ရုံးကနေ ဖုန်းဆက်တယ်... ...

"မိန်းမရေ... ဒီနေ့ အိမ်ပြန်နောက်ကျမယ်ကွာ၊ ရုံးမှာ အလုပ်နည်းနည်း ရှုပ်နေလို့"... တဲ့

အလုပ်ရှုပ်နေလို့ နောက်ကျမယ်ဆိုတာ ယုံတော့ မယုံဘူး၊ 
ဒါပေမယ့် အချိုသတ်ပြီး ပြန်ပြောလိုက်တယ်.. ...

"ဟုတ်ကဲ့ပါ ရှင့်အလုပ်ကိုသာ ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါ"

ခဏနေတော့ သူ့ယောက်ျားရဲ့ ရုံးခန်းရှိရာကို တိတ်တိတ်လေးလိုက်သွားတယ်
ဟိုရောက်လို့ သူ့ယောက်ျားရဲ့ ရုံးခန်းတံခါးကိုလည်း ဖွင့်လိုက်ရော... ...
အထဲမှာ မြင်လိုက်ရတာက... ... ...

ရှေ့နေကြီးက ဖုန်းပြောနေတယ်... 
စာရေးမလေးက ရှေ့နေကြီးရဲ့ပေါင်ပေါ် တက်ထိုင်နေတယ်

ကဲ... တခါဖြင့် ခက်ကြပြီ
ရုတ်တရက်ဆိုတော့ အထဲကနှစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်

ဒါပေမယ့်...
သူ့ယောက်ျား ရှေ့နေကြီးက ပြောနေတဲ့ ဖုန်းကို ချက်ခြင်းအသံမြှင့်ပြီး ပြောထည့်လိုက်တယ်.... 

"ခင်ဗျားတို့ကို မှာထားတဲ့ထိုင်ခုံက ဘယ်တော့ရမှာလဲ၊ ဒီမှာ ကျုပ်နဲ့ ကျုပ်စာရေးမ ထိုင်ခုံလေးတစ်လုံးကို မျှထိုင်နေရတာ လွယ်တာမဟုတ်ဘူး... ဟွင်း" ... တဲ့

— with Soe Tint San.

“ လက်တွေ့ပျောက် ဆေးမီးတို ”***ကြွက်နို့

Photo: “ လက်တွေ့ပျောက် ဆေးမီးတို ”***ကြွက်နို့
*****************************

ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။

***ဆီးရောဂါ
၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး အူနဲ့ ကန်ဇွန်းရွက်ကိုနုတ်နုတ်စင်းပြီး ဆီးစပ်မှာအုံထားပါ။

***နားထဲပိုးကောင်ဝင်ရင်
ဘယ်လောက်ဆိုးတယ်ဆိုတာကြုံးဘူးမှသိပါမယ်။ ဆွေ့ဆွေ့ခုန်အော်ဟစ်နေရတာမျိုးပါ။ ပိုးကောင်ဝင်နေတဲ့ နားထဲကို အုန်းဆီလောင်းထည့်ပါ။ ခဏနေရင် အုန်းဆီတွေပြန်ထွက်အောင် ခေါင်းဆောင်းလိုက်ပါ။ ပိုးကောင်ထွက်သွားပါလိမ့်မယ်။
ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

နောက်တစ်နည်းကတော့ ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက်ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့”ပေါ်တွင် အမြဲမပြက် လိမ်း လိမ်းပေးပါ။ တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး မကြာခင်ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။

***ဆီးရောဂါ
၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး