“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 3, 2012

ဆရာမျိုးဟန်ကို - 2012, August လ အတွက် ဗေဒင် ဟောစတမ်း


၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခု အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော်လည်း ငွေကြေးကိစ္စများ အဖတ်မတင် အဆင်မပြေဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ပြောင်းရွှေ့လုပ်ကိုင်ရမည်။ ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများ အတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ် ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။

အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးယာယီကိစ္စများ သွားရမည်။ ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊ မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ နှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။ ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၀ ၇ ၀ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ဘုရားတွင် ဆွမ်းတော် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။

၂။ တနင်္လာ သားသမီးများ အတွက်

ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။