“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, April 30, 2013

ထူးထူးခြားခြား ကမ္ဘာ့မြေအောက် ဆေးရုံ

ထူးထူးခြားခြား ကမ္ဘာ့မြေအောက် ဆေးရုံ

မြေအောက်မှာဆောင်ထားတဲ့ ဆေးရုံ ဆိုပဲ...

ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။ ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။ ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။

ဒီဆေးရုံကိုတော့ လေပြွန်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊ အသက်ရှုမ၀တာတို့စတဲ့ ရောဂါတွေအတွက် ကုသပေးပါသတဲ့။ ဆေးရုံကဆရာဝန်တွေကတော့ ဒီလို ဆားငွေ့တွေပါတဲ့အတွက် အနုဇီဝ ပိုးမွှားတွေကို သေစေနိုင်ပြီးတော့ အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ဆိုပေမယ့် အခြားဆရာဝန်တွေကတော့ ဒီအဆိုကို သိပ်ပြီးတော့ မထောက်ခံပါဘူး။

သို့ပေမဲ့လည်း နှစ်စဉ် လူနာပေါင်း ၅၀၀၀ လောက်ကတော့ ဒီဆေးရုံမှာ လာရောက်ပြီး ကုသနေကြပါသတဲ့။ တစ်ခေါက်ကုသလျှင် လူနာ ၂၀၀ လောက်ကို ဆားငန် လေတွေရှိတဲ့ လှိုင်ဂူထဲမှာ နေ့လည် လောက်အထိ ဒါမှမဟုတ်ရင်တော့ တစ်ညအိပ်စေပါသတဲ့။ လူနာတွေရဲ့ သုံးပုံတစ်ပုံကတော့ ကလေးတွေဖြစ်ပါတယ်။ ကုထုံးကတော့ ၂၄ရက်ကြာမြင့်ပါသတဲ့။

ဒီမှာ ဆေးကုသရင်တော့ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးနေနိုင်ပေမယ့် အန္တရာယ်တော့ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဆေးကုသနေတဲ့ အချိန်မှာ ကလေးငယ်လေးတွေဆိုရင် Safety ဦးထုပ်တွေ၊ လှိုင်ဂူ မျက်နှာကျက်တွေကနေ ယိုစိမ့်လာတဲ့ ရေတွေကို ကာကွယ်ပေးဖို့ ပလပ်စတစ်တွေနဲ့ ကာကွယ်ပေးထားပါသတဲ့......
ကဲ…. ရင်ကျပ်ပန်းနာ၊ အသက်ရှုကျပ်၊ လေပြွန်ရောင်သူများလည်း သက်သာလို သက်သာငြား အဆိုပါ မြေအောက် ဆေးရုံလေးသို့ သွားရောက် စမ်းသပ်နိုင်ပါကြောင်း…..။ မှတ်ချက်။ ။ပျောက်မပျောက် အာမ မခံပါ။

http://on.fb.me/18n0pOt

သော်တာမောင်

အပြာရောင် စိန်ပွင့်တစ်ပွင့် ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ဖြစ်

Photo: အပြာရောင် စိန်ပွင့်တစ်ပွင့် ကမ္ဘာ့စံချိန်တင် ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ဖြစ်

Monday, 29 April 2013 01:40 

ဘွန်ဟမ်းလေလံဌာနက ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံတွင် တွေ့ရသည့် ၅ ဒသမ ၃ ကရက်ရှိ စိန်ပွင့်ပြာ (Photo - AFP)

ကမ္ဘာပေါ်တွင် အရှားပါးဆုံး စိန်ပွင့် အမျိုးအစား တစ်ရပ်ဖြစ်သော အပြာရောင်စိန်ပွင့် တစ်ပွင့်သည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ရာ ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်ခဲ့ပြီး ယခင်စံချိန်ဟောင်းထက် ၀ ဒသမ ၇၅ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ ယခု စိန်ပွင့်သည် ၅ ဒသမ ၃၀ ကရက် အလေးချိန်ရှိပြီး ၁ ကရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း တန်ကြေးရှိသည်ဟု ဆိုသည်။

အဆိုပါ စိန်ပွင့်ကို ဧပြီလ ၂၄ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘွန်ဟမ်း လေလံဌာနတွင် လေလံတင် ရောင်းချခဲ့ပြီး Trombino အမည်ရှိ လက်စွပ်၌ တပ်ဆင်ထားကာ ခြောက်ကြိမ်တိတိ လက်ဆင့်ကမ်း ရောင်းချခဲ့ပြီး ဖြစ်သည်။ မူလဈေးနှုန်းမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းသာ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ လက်စွပ်ကို အဲလိဇဘတ်တေလာ ကဲ့သို့သော ဟောလိဝုဒ်စတားတို့၏ လက်စွဲထင်ရှား ကျော်ကြားသည့် အီတလီ လက်ဝတ်ရတနာ ပညာရှင် ဘူဂါရီက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် ငါးကရက်ကျော်သည့် အပြာရောင် စိန်ပွင့်များ လွန်စွာရှားပါးလှပြီး ဈေးကွက်၌ တွေ့ခဲလှသည်။ တော်ဝင်မိသားစုများနှင့် ထင်ရှားကျော်ကြားသူတို့သည် ရာစုအဆက်ဆက် အပြာရောင် စိန်ပွင့်အား တပ်မက်ခဲ့ကြရာ ၁၇ ရာစု အနှောင်းပိုင်းက ပြင်သစ်ဘုရင် လူဝီ-၁၄ ၀ယ်ယူခဲ့သည့် Hope Diamond အမည်ရှိ အပြာရောင်စိန်ပွင့်မှာ သမိုင်းတွင် အကျော်ကြားဆုံး ဖြစ်သည်။

ယင်းစိန်ပွင့်ကို ယခုအခါ ၀ါရှင်တန်ဒီစီရှိ စမစ်ဆိုးနီးယန်း သဘာဝ သမိုင်းပြတိုက်တွင် ထားရှိသည်။ အိန္ဒိယမှလာသည့် ယင်းစိန်ပွင့်သည် ပြင်သစ်တော်လှန်ရေးအတွင်း ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။

Ref:AFP

ရေမလို အဝတ်လျှော်စက် LG ကထုတ်မည်

Photo: ရေမလို အဝတ်လျှော်စက် LG ကထုတ်မည်

ဘယ်လိုနည်းပညာနဲ့ ထုတ်မလဲတော့မသိဘူး။ တောင်ကိုရီးယား LG ကတော့ ရသုံးစရာ မလိုတဲ့ အဝတ်လျှော်စက် ထွင်မတဲ့လေ။ 

ဖြစ်နိုင်ပါ့မလားလို့တောင် စဉ်းစားကြည့်တယ်။ LG ကတော့ ထုတ်လုပ် မှာ ဖြစ်တယ်လို့ နိုင်ငံတကာ နည်းပညာ သတင်းများ က ဖော်ပြ ထားကြပါတယ်။ အပူချိန်၊ လျှပ်စစ်၊ ဖိအား စွမ်းအင် သုံးမျိုးကို အခြေခံ လို့ အဝတ်အထည်တွေကို သန့်ရှင်းအောင် လုပ်လို့ ရမယ့် ဖော်မြူလာ ကို LG ကို ဖန်တီးအောင်မြင်ထားတယ်လို့ဆို ပါတယ်။ 

သို့ပေမယ့် Development အဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ များမကြာမီ နှစ်များအတွင်းမှာ မြင်တွေ့လာရမယ့် LG ရဲ့  ကမ္ဘာ့ ပထမဆုံး ရေမလို အဝတ်လျှော်စက် ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: tecblog

Aung Kham (TSJ team)

TechSpace Journal

Myanmar News Update(facebook)
 
မိန်းကလေးများ သတိထားစေချင်

တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွားတတ်ကြပါသည်။

ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွားတတ်ပါသည်။ အဲဒီအချိန်မှာ ပြန်ပြင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။

သို့သော် သဘာဝတရားမို့ မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။

အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည်အထိ အဆိပ်ပြင်းပါသည်။

ယခုအခါ အလွန်တိုးတက်သဖြင့် လိင်စိတ်ကို ပြင်းထန် ထကြွစေသည့် ကော်ဖီမစ်ဖြစ်စေ ပီကေဖြစ်စေ အသုံးပြုပြီး မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ကို အလွယ်တကူ ဖျက်ဆီးနိုင်ပါသည်။ ထို့ကြောင့် ဆိတ်ကွယ်ရာတွင် ချစ်သူကျွေးသည့် မည်သည့်အစားအစာကိုမျှ မစားမိပါစေနှင့် ။

ချစ်သူကို ယုံလျှင်တစ်မျိုးပေါ့။ ချစ်သူက ခန္ဓာကိုယ်ကို တောင်းခံလာလျှင် ခြွင်းချက်မရှိ ငြင်းပယ်ပေးပါ။ ချစ်သူဘ၀တွင် မှားယွင်းမိလျှင် မိမိအပေါ် ရိုးအီသွားသဖြင့် နောက်တစ်ယောက်အပေါ် ကျိန်းသေ စိတ်ယိုင်သွားပါမည်။ စောင့်ထိန်းမှသာ ရေရှည် တည်မြဲပါမည်။

ချစ်သူကလည်း အထင်သေးမှာ မြေကြီးလက်ခတ်မလွဲပင်။

ကျွန်ုပ်ထက် အသိပညာ ထက်မြက်သော မိန်းကလေးများ အင်မတန်ပေါများသော်လည်း မေ့လျော့နေမည်ကို စိုးရိမ်းသဖြင့် ယခုလို အသိပေးရခြင်းဖြစ်ပါသည်။ အထင်သေးခြင်း မပာုတ်ပါ ခင်ဗျာ။

နားလည်စောင့်ထိန်းနိုင်ပါစေ။
ပြည်ငြိမ်း

Myanmar Update News

လင်နှင့် မယားဝတ္တရား

Photo: လင်နှင့် မယားဝတ္တရား
***************

လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြားတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ယခုဘဝမှာလည်း စိတ်ချမ်းသာစွာပေါင်းသင်းဆက်ဆံ လိုတယ်။နောင်ဘဝတစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။သံသရာတစ်လျှောက်ဘဝများစွာ ပေါင်းသင်းဆက်ဆံပြီး အဆုံးဘဝထိလက်တွဲပြီး နိဗ္ဗာန်စံဝင်ချင်တယ်ဆိုတဲ့ ဇနီးမောင်နှံများအတွက် အောက်ပါအချက်လေးများကို ဂရုတစိုက်.အလေးနက်ထားဖို့လိုပါတယ်။အိမ်ထောင်ရေးမှာ အတွဲအားဖြင့် လေးတွဲရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့

၁။လူသေယောင်္ကျားနှင့်လူသေမိန်းမအတွဲ

ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ကိုယ်ကျင့်တရားမကောင်းဘူး၊သဒ္ဓါတရားမရှိသလို မိန်းမဖြစ်သူကလည်း သီလမရှိ၊ကိုယ်ကျင့်တရားမကောင်း၊သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယောင်္ကျားနှင့် လူသေမိန်းမအတွဲလို့ဆိုလိုတာပါ။

၂။နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲ

မိန်းမကသီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။သမာဓိရှိတယ်။ပညာရှိ တယ်။ဒါပေမယ့်ယောင်္ကျားဖြစ်သူက သီလမရှိဘူး၊ကိုယ်ကျင့်တရားမကောင်းဘူး၊သဒ္ဓါတရားမွဲတယ်။သမာဓိ မရှိဘူး၊ပညာဆိုတာလည်း မရှိဘူးဆိုရင် နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲဖြစ်ပါတယ်။အတွဲမညီ ပါဘူး။ပထမအတွဲကလည်း မကောင်းတဲ့အတွဲဖြစ်ပါတယ်။

၃။နတ်သားယောင်္ကျားနှင့် လူသေမိန်းမအတွဲ

ယောင်္ကျားဘက်ကကောင်းတယ်။သီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။သမာဓိ ကောင်းတယ်။ပညာရှိတယ်။ဒါကိုနတ်သားနဲ့တူတယ်လို့ဆိုတာပါ။မိန်းမလုပ်သူက သီလမရှိဘူး၊ ကိုယ်ကျင့်တရားမကောင်းဘူး။သမာဓိမရှိဘူး၊ပညာမဲ့တယ်။ဒီလိုအတွဲမျိုးကလည်း အတွဲမညီပြန်ပါဘူး။ ဒီအတွဲကိုယောင်္ကျားဘက်ကကောင်းပြီး မိန်းမဘက်ကမကောင်းလို့ နတ်သားယောင်္ကျားနှင့်လူသေမိန်းမ အတွဲလို့ဆိုတာပါ။

၎။နတ်သားယောင်္ကျားနှင့်နတ်သမီးမိန်းမ

ဒီအတွဲကတော့ အကောင်းဆုံးအတွဲပဲ။ယောင်္ကျားကလည်းသီလရှိတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ သမာဓိရှိတယ်။ပညာရှိတယ်။ သဒ္ဓါတရားရှိသလို၊မိန်းမဖြစ်သူကလည်း သီလရှိတယ်။ ကိုယ်ကျင့်တရား ကောင်းတယ်။သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိတယ်။အလွန်ကောင်းမွန်ပြီး လူတိုင်းလူတိုင်း စံနမူနာ ယူပြီး လိုက်နာကျင့်သုံးအပ်တဲ့အတွဲဖြစ်ပါတယ်။အတွဲညီညီနဲ့ ကောင်းတဲ့သူအချင်းချင်း၊သူတော်ကောင်း အဖြစ်ဖြင့် ကောင်းတဲ့အကျင့်တွေကိုကျင့်ပြီးတော့ မေတ္တာ၊ကရုဏာတွေ နားလည်မှုတွေထားပြီးပေါင်းသင်း မယ်ဆိုရင် အိမ်ထောင်ရေးဟာ မသာယာဖွယ် မရှိပါဘူး။သာယာမှာပါ။

ဒါနဲ့ပတ်သတ်ပြီး မှတ်သားလိုက်နာထိုက်တဲ့ ဝတ္ထုကြောင်းတစ်ခုကိုပြောချင်ပါတယ်။မြတ်စွာဘုရားဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတဲ့မြို့မှာ သီးတင်းသုံးတော်မူနေတဲ့အခါ အဲဒီမြို့မှာ မြတ်စွာဘုရားရှင်ကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး ဒကာမကြီးဆိုတာရှိပါတယ်။မြတ်စွာဘုရား ကိုပထမဆုံးတွေ့ဆုံချိန်မှာပင် သောတာပန်များဖြစ်ခဲ့တာပါ။မြတ်စွာဘုရားရှင်နှင့်ဘဝများစွာ အမျိုးတော်စပ် ခဲ့တာ၊ဘဝများစွာ အတူနေရခဲ့ကြရသောကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
နဲ့ အလွန်ပင်အကျွမ်းဝင်သောကြောင့် အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာကြီး နဲ့ ဒကာမကြီးဖြစ်ပါတယ်။မြတ်စွာဘုရားရှင် မြို့ထဲကို ဆွမ်းခံကြွတော့ ထိုဒကာကြီး ဒကာမကြီးအိမ်ကိုလည်း ကြွပါတယ်။ ခင်းထားတဲ့နေရာမြတ်မှာ မြတ်စွာဘုရားရှင်ထိုင်တော်မူနေတုန်း ဒကာကြီးနဲ့ဒကာမကြီးက ရိုသေစွာရှိခိုးပါတယ်။အဲဒီအခါမှာ နကုလပိတာဆိုတဲ့ ဒကာကြီးက လျှောက်ထားတယ်။မြတ်စွာဘုရားရှင် တပည့်တော်မှာ ဟောဒီနကုလမာတာဒကာမကြီးကို ငယ်ငယ်ရွယ်ရွယ်တည်းက ထိမ်းမြားပြီး ပေါင်းသင်းခဲ့ တာဖြစ်ပါတယ်ဘုရား။တပည့်တော်ဟာ နကုလမာတာကို ထိမ်းမြားသောအခါမှစ၍ အခြားသူတစ်ယောက် ကို ကိုယ်ထိလက်ရောက်မဆိုထားဘိ၊စိတ်နှင့်မျှမပြစ်မှားမိပါ။နကုလမာတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင် ပေါင်းသင်းလိုပြီး သံသရာမှာလဲ အတူတူပေါင်းသင်းလိုပါတယ်ဘုရား။

ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကိုလျှောက်သည်မှာတပည့်မသည်လည်း ငယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့လိုက်ပါခဲ့ရပါသည်။ထိုအခါမှစ၍ အခြားသူကိုစိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။ ထိုခင်ပွန်း ဇနီးနှစ်ဦးတို့ရဲ့ စကားကို ဘုရားရှင်က ပြန်လည်မိန့်တော်မူတာက ယခုဘဝမှာ စိတ်တူသဘောတူ ကြည်ဖြူ ကြသော ဇနီးခင်ပွန်း တို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့်တစ်ယောက် သဒ္ဓါ၊သီလ၊စာဂ၊ပညာတို့ အရာရာ တူစေကြရမည်။

သဒ္ဓါဆိုတာ ရတနာသုံးပါး၊ကိုဆည်းကပ်ကိုးကွယ်ခြင်း၊ကံနှင့် ကံ၏အကျိုးကိုသက်ဝင်ယုံကြည်ခြင်း၊မိဘ ဆရာသမားများ၏ဂုဏ်များကိုသက်ဝင်ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာဆပ်ရခြင်းစတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံစေရမှာပါ။ဒီသဒ္ဓါတရားက အင်မတန်မှ ဂရုပြုရမှာဖြစ်ပါတယ်။ဆိုလိုတာက ရတနာသုံးပါးဆိုတာ ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘာသာတူသူ လူမျိုးတူအချင်းချင်းပဲ ဖြစ်သင့်ပါတယ်။မိမိက ဘာသာတရားကိုင်းရှိုင်းပြီး ရတနာသုံးနဲ့ မိဘ၊ဆရာသမားများကိုကြည်ညိုလေးစား သော်လည်း မိမိနဲ့ပေါင်းသင်းနေထိုင်သူက ဘာသာခြားဖြစ်နေမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်သလို သာယာဖြောင့်ဖြူးခြင်းလည်းရှိမှာမဟုတ်ဘူး။ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် သဒ္ဓါတရားချင်း တူသူချင်း သာပြုသင့်ပါတယ်။ဘာသာတူသူနဲ့သာပြုသင့်ပါတယ်။ဒါက ဦးဇင်းတို့ပြောတဲ့စကားမဟုတ်ပဲ မြတ်စွာဘုရား တရားတော်အရ အသိပေးခြင်းဖြစ်ပါတယ်။

နောက်သီလပါ။ဒါလည်းအရေးကြီးပြန်တယ်။မိမိကသီလရှိပြီး မိမိနဲ့ပေါင်းသင်းနေထိုင်သူက သီမကင်းမဲ့နေ မယ်ဆိုရင်မဖြစ်ပြန်ဘူး။အိမ်သားကသီလလုံခြုံပြီးအိမ်သူကကာမေသုမိစ္ဆာစာရစတဲ့သီလတွေဖောက်ပြား နေမယ်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်ပါ။ဒါကြောင့်အိမ်ရှင်ကသီလရှိသလို အိမ်သူကလည်းသီလရှိရမှာ ဖြစ်ပါတယ်။

စာဂကျပြန်တော့လည်းတူရဦးမှာပါ။စာဂဆိုတာ လှူဒါန်းခြင်း ပေးကမ်းခြင်းကိုဆိုလိုတာပါ။တစ်ယောက်က လှူဒါန်းမှုပြုလျှင် တစ်ယောက်က ကြည်ဖြူရပါမယ်။မပိတ်ပင်ရဘူး၊မတားမြစ်ရဘူး၊မကြည်မဖြူမဖြစ်ရဘူး၊ “မယ်ကလှူမူ မောင်ကြည်ဖြူ မောင်ကလှူဒါန်း မယ်ရွှင်လန်း”ဖြစ်ရမှာပါ။နောက်ဆုံးတစ်ချက်က ပညာပါ။ ပညာချင်းတူရမှာပါ။လောကီပညာ၊မှစ၍ အရာရာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ပညာ နောက်ဆုံးဝိပဿနာ ပညာထိတူကြရမှာဖြစ်ပါတယ်။ထိုလေးချက်နဲ့ ယောင်္ကျားနှင့်မိန်းမ တူညီမည်ဆိုလျှင် ယခုဘဝမှာလည်း မခွဲမခွာ သာသာယာယာ ပေါင်းသင်းရမည်ဖြစ်သလို၊နောင်ဘဝအဆက်ဆက်မှာလည်း အတူတူပေါင်းသင်း ရမည်ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောတော်မူပါတယ်။ ဒီဒေသနာတော်ကို သတိထား ဂရုစိုက်ပြီး တစ်ယောက်တစ်ယောက် ယခုဘဝမှာလည်း နတ်သား နတ်သမီးနဲ့တူတဲ့ လင်မယားအဖြစ်ပေါင်းသင်း နေထိုင်ကြပြီး ဘဝတစ်လျှောက်လုံးပေါင်းသင်းနေထိုင်ချင်တယ်ဆိုရင် ယုံကြည်မှု(သဒ္ဓါ)၊ကိုယ်၊နှုတ်နှစ်ပါး လုံခြုံစောင့်ထိန်းမှု(သီလ)၊ပေးကမ်းလှူဒါန်းခြင်း(စာဂ)နဲ့ အကောင်းအဆိုးကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့(ပညာ) ဒီလေးပါးကိုလက်ကိုင်ထားနိုင်ပါစေဟု ဆုတောင်းမှု ပြုလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

လင်နှင့် မယားဝတ္တရား

**************** 

လင်ဝတ္တရား(၅)ပါး

(၁) အမြတ်တနိုး ခေါ်ဆို၊ ကြင်နာခြင်းဖြင့်၎င်း၊
(၂) နှိမ့်ချ၍ မခေါ်ဆို၊ မဆက်ဆံခြင်းဖြင့်၎င်း၊
(၃) မိမိမယားကိုလွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့်၎င်း၊
(၄) စားဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်၎င်း၊
(၅) အဝတ်တန်ဆာဥစ္စာကို ပေးကမ်းအပ်နှင်းခြင်းဖြင့်၎င်း ပြုစုအပ်၏။

( “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်မှ 

မယားဝတ္တရား(၅)ပါး

(၁) အမှုကြီးငယ်တို့ကို ကောင်းစွာစီရင်၏
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်၏
(၃) မိမိလင်မှတစ်ပါး အခြားသောယောက်ျားတို့၌ လွန်ကျူးသော အကျင့်မှကင်း၏
(၄) ရှာဖွေစုဆောင်းခဲ့သည် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏

( “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်မှ )

Burmese Treasure(facebook)