“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, November 6, 2012

Laptop Speed ကိုမြန်အောင် ပြန်လုပ်မယ်

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။
အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။

၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။
အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။
သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A481528&xgs=1&xg_source=msg_share_post

မိမိ ကွန်ပျူတာမှာ Regedit ခေါ်လို့ မရဘူးဆိုရင်

အရင်ဆုံး  Start မှ Run (win key + R) ကိုဖွင့်ပါ။ ပြီးရင် run box ထဲမှာ gpedit.msc ကို ရိုက်ထည့်ပါ။

Group Policy Box ကျလာလိမ့်မည်။ ပြီးရင် User Configuration >> Administrative Templates ကို Click လုပ်ပါ။


ပြီးလျှင် System ကို ကလစ်ပေးပါ။ ညာဘက်အကွက်တွင် Prevent access to registry edition tools စာသားကို ရှာပါ။ တွေ့ပါက Double Click လုပ်ပါ။


Not Configured ကို Enabled လုပ်ပါ။ Apply လုပ်ပါ။ ပြီးရင် Ok ပေးပါ။


ပြီးတဲ့ အခါ Regedit ပြန်ဖွင့်ကြည့်ပါ။ ဖွင့်၍ မရသေးပါက Not configured ကို ပြန်ပေးပြီး Ok  ပြန်လုပ်လိုက်ပါ။
ပြီးရင်တော့  Regedit ပြန်ဖွင့်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

http://www.zwekapinmyae.com/forum/topic/show?id=2879352%3ATopic%3A784653&xgs=1&xg_source=msg_share_topic

Blue Screen Error ဖြေရှင်းနည်း

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။
2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။

http://www.lwanthunalmyay.com/profiles/blog/show?id=6467116%3ABlogPost%3A134684&xgs=1&xg_source=msg_share_post

you tube ကသီချင်းတွေကို Mp3 လုပ်ချင်သူများအတွက်

အရင်ဆုံးဒီလင့်လေးကိုဝင်လိုက်ပါ
ပြီးရင် အောက်မှာပုံနဲ့ပြထားတဲ့အတိုင်းလုပ်လိုက်ပါ
you tube ကိုလုပ်ချင်တဲ့သိချင်းလင့်ယူလိုက်ပါ ပြီးရင် http://www.youtube-mp3.org/
ခုလင့်ကိုဝင်ပြီး ပုံထဲကအတိုင်းလုပ်လိုက်ကျရအောင် 

http://www.mmitpalace.com/forum/topics/you-tube-mp3?commentId=6456788%3AComment%3A216557&xg_source=msg_com_forum

ကွန်ပျူတာကို Windows တင်ခါစ လိုအပ်တဲ့ software များရှာရန် လမ်းညွှန်

ကွန်ပျူတာကို Windows တင်ခါစ လိုအပ်တဲ့ software တွေကို ဘယ်နေရာကနေယူရမှန်းမသိသေးတဲ့သူတွေအတွက်
http://www.filehorse.com/
http://ninite.com/
http://www.filehippo.com/
http://www.freewarefiles.com/
http://www.supershareware.com/
http://www.hamstersoft.com/


form : http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A446128&xgs=1&xg_source=msg_share_post

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ


၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။

အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကေ တာ့ စိတ်ဖိစီးမှုတွေ လျော့နည်း လာခြင်းပါပဲ။ လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။


၂။ ဦးနှောက်စွမ်းရည် တိုးတက်စေမယ်။

စိတ်ဖိစီးမှုများတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ဦးနှောက် ဉာဏ်စွမ်းရည် လျော့နည်းမှု ဆက်စပ်မှုရှိကြောင်း လေ့လာချက်တချို့အရ သိရှိခဲ့ရသလို အပန်းဖြေခရီးထွက်ခြင်းဟာ ဦးနှောက်မှတ်ဉာဏ် စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။


၃။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေတယ်။

နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရာကနေ အပန်းဖြေခရီး ထွက်လိုက်တဲ့အခါမှာတော့ သင်ဟာ အိပ်ရေး၀၀အိပ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့အကျင့်ကို ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ ဒါဆိုရင် နာကျင်ကိုက်ခဲမှုတွေလည်း လျော့နည်းလာနိုင်ပါတယ်။ လေကောင်းလေသန့်လည်း ရရှိစေတဲ့အတွက် ပိုပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။


၎။ မိသားစု သံယောဇဉ်ကြိုး ခိုင်မာစေတယ်။

နေ့စဉ်နေ့တိုင်း ကျောင်းသွားလိုက်၊ ရုံးသွားလိုက်နဲ့ မိသားစုဝင်အချင်းချင်း တယောက်နဲ့တယောက် တွေ့ဆုံကြတဲ့အချိန်က ရှားပါးလွန်းပါတယ်။ မိသားစုနဲ့ အပန်းဖြေခရီးထွက်တဲ့အခါ မိသားစုဝင်အချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ခင်မှုတွေရကာ အမှတ်တရ ဖြစ်ရပ်လေးတွေနဲ့ သံယောဇဉ်ကြိုး မြဲမြံလာစေ နိုင်ပါတယ်။ ဒီလိုပဲ မိတ်ဆွေအချင်းချင်းလည်း ပိုပြီး ရင်းနှီးမှုပိုကာ ပိုခင်မင်လာနိုင်ပါတယ်။


၅။ ဘ၀မှာ ပိုနေပျော်လာတယ်။

အပန်းဖြေခရီး ထွက်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးပွားပြီး အတွေ့အကြုံအသစ်တွေ ခံစားရနိုင်ပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုကတည်းက ဘာအလုပ်ကိစ္စမှ ခေါင်းထဲမှာ မရှိတော့တဲ့အတွက် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ရယ်မောလာနိုင်ကာ ကိုယ်နှစ်သက်ရာ လုပ်နိုင်ကြပါတယ်။

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1495746&xgs=1&xg_source=msg_share_post

လည်ချောင်းနာခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း


လည်ချောင်းနာခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး အချိန်သိပ်ပြီး မကြာဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ အချိန် သုံးရက်လောက် ကြာချိန်မှာ သူ့အလိုလို ပျောက်သွားတတ်ကြပေမယ့် ခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ လည်ချောင်းနာတာက Streptococci ဘက်တီးရီးယားပိုးကြောင့် အဖြစ်များတတ်ပြီး လည်ချောင်းနာခြင်းနဲ့အတူ ခေါင်းကိုက်တာ
နဲ့ ကိုယ်အပူချိန် တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို ပြန်လည်ကုသရမှာ ဖြစ်တဲ့အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေသောက်ဖို့ လိုပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သဘာဝနည်းလမ်းလေးတွေနဲ့ ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပန်းသီးရှာလကာရည်သုံးပါ

လည်ချောင်းနာတာက ဘက်တီးရီးယားမျိုးစုံကြောင့် ဖြစ်တာမျိုးပါ။ ရှာလကာရည်မှာ သဘာဝ ရောဂါပိုး တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ရေတစ်ခွက်ထဲကို ရှာလကာရည် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံလောက် ပေါင်းထည့်ကာ လည်ချောင်း အရမ်းနာတယ်လို့ ခံစားရချိန်တိုင်း သောက်ပေးပါ။ ဘက်တီးရီးယားကြောင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ်သုံးပါ

ကျန်းမာရေး အထောက်အကူပြု ဘက်တီးရီးယားတွေ များစွာပါဝင်တဲ့ ဒိန်ချဉ်ဟာ လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ် တစ်ခွက်လောက်ကို လည်ချောင်းနာနေစဉ်မှာ ပုံမှန်သောက်ပေးပါ။ မနက်စာ စားချိန်မှာလည်း ဒိန်ချဉ် သောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ်သောက်ပြီး နာရီဝက်လောက်ကြာမှ တခြားအစားအစာတွေကို စားပေးပါ။

ကြက်သွန်နီသုံးပါ

ကြက်သွန်နီမှာ ရောဂါပိုးတွေကို ကာကွယ်နိုင်တာနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ သဘာဝ အာနိသင်တွေ ပါဝင်ပါတယ်။ လည်ချောင်းမှာရှိတဲ့ လည်ချောင်းနာစေတဲ့ ရောဂါပိုးတွေကိုလည်း ခြေဖျက်ပေးနိုင်ပါတယ်။ ကြက်သွန်နီ အရည်ဟာ အရမ်းကို ပူစပ်လွန်းတယ်လို့ထင်ရင် ရေနဲ့ရောပြီး သောက်ပေးနိုင်ပါတယ်။ တစ်နေ့မှာ သုံးကြိမ်လောက် သောက်ပေးနိုင်ပါတယ်။ တစ်ခါသောက်ရင် ကြက်သွန်ဥအရွယ်တော် တစ်လုံးပါ။


ကြက်သွန်ဖြူသုံးပါ

ကြက်သွန်ဖြူက ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားတွေ မဝင်အောင် ခုခံနိုင်တဲ့ အာနိသင်ရှိပါပြီး ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ လည်ချောင်း ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး လက်ဖက်စားဇွန်းနဲ့ လေးပုံတစ်ပုံလောက်ကို ရေတစ်ခွက်ထဲမှာရောပြီး သောက်ပါ။

ဆီကုထုံး ခံယူပါ

သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့အဆီကိုလည်း သုံးလို့ရပါတယ်။ လက်ဝါးပေါ်မှာ ဆီအနည်းငယ် အစက်ချပြီး သံပရာရည် သုံးစက်၊ စမုန်ဖြူမှုန့် အနည်းငယ်နဲ့ ပျစ်နေအောင် သမလိုက်ပြီး လည်ချောင်းအပေါ်နားကနေ လိမ်းပေးကာ ပိတ်စပါးပါးလေးနဲ့ အုပ်ထားလိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းက ဆီအနည်းငယ်ကို ဆူနေတဲ့ ရေထဲကိုထည့်လိုက်ကာ ထွက်လာတဲ့အငွေ့ကို ရှူပါ။ သစ်ကြားသီးနှင့် ပျားရည်သစ်ကြားသီးကို ပျားရည်နဲ့ ရောပြုတ်ပြီး စားပေးတာဟာ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာတွေကိုပါ သက်သာစေနိုင်ပါတယ်။ နေကြာဆီစားပါ နေ့စဉ်စားနေကျ အစားအစာတွေထဲကို နေကြာဆီ အနည်းငယ်ထည့်ပြီး စားပေးပါ။ နေကြာဆီက လည်ချောင်းနာတာနဲ့ အသံဝင်တာတွေကို ကုသရာမှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိပါတယ်။ နေ့စဉ် နေကြာဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် ထည့်စားပေးပါ။

ဆားနှင့် ဆော်ဒါသုံးပါ

ရေတစ်ခွက်ထဲကို ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်မွှေကာ မနက် အိပ်ရာက နိုးလို့ မျက်နှာသစ်ပြီးချိန်မှာ လည်ချောင်းထဲထိ ရောက်အောင် အာလုတ်ကျင်းပေးပါ။ နှစ်ရက်လောက် ဆက်တိုက်ပြုလုပ်ပေးရင် လည်ချောင်းနာတာကို သက်သာသွားစေပါတယ်။


အေးခဲတာတွေကို ခဏရှောင်ပါ

လည်ချောင်းနာနေချိန်မှာ ကလေးငယ်တွေကို ရေခဲမုန့်နဲ့ အေးခဲအောင် ပြုလုပ်ထားတဲ့ ဂျယ်လီတွေ မကျွေးပါနဲ့။ လည်ချောင်းနာတာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။ ပြင်ပမှာ ပြုလုပ်ရောင်းချတဲ့ ရေခဲမုန့်နဲ့ ဂျယ်လီတွေကို ကျွေးမယ့်အစား အိမ်မှာပြုလုပ်ထားတာမျိုးကို ကျွေးပါ။ ဂျယ်လီကို အိမ်မှာ ကျောက်ကျောမှုန့်နဲ့ သစ်သီးတွေကို ရောနှောပြုလုပ်ပြီး အေးခဲနေတာကို လျှော့ကာ ကျွေးနိုင်ပါတယ်။ ကလေးကို မကျွေးခင် ရေခဲသေတ္တာထဲကနေ ခဏထုတ်ထားလိုက်ကာ အေးတဲ့အရှိန် လျော့သွားမှ စားပါစေ။

သဲသဲ
http://www.yatanarpon.com.mm/cp/goodhealth/article-63819