“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, October 23, 2012

ကိုယ်ဖော ကိုယ်ရောင် ရောဂါပျောက်ဆေးနည်း


ရှေးခေတ်ဝါရင့်ပြီးမြန်မာ့ဆေးဆရာကြီးတို့ကကိုယ်ဖောကိုယ်ရောင်ခြင်းရောဂါကိုလိမ်းဆေးအမျိုးမျိုးနှင့်စမ်းသပ်၍ လိမ်းစေ ရန် ညွှန်ကြားကြ၏၊ မအောင်မြင်လျင် ဓာတ်စာကျွေး၍ ကုသလေ့ ရှိကြသည်။
ဤတွင် ကြားရသောဆေးနည်းမျိုးစုံကို ဖော်ပြရလျင် ကုန်နိုင်ဖွယ် မရှိတော့ပါ၊လက်တွေ့အဖြစ် စိတ်ချရသော
နည်းကောင်း တစ်ခုတည်းကိုသာ ဖော်ပြမည်။ ကိုယ်တွေ့ကိုသာ ပြောပြမည်။
ဤအရှင်သည် ၁၃၄၈ ခုနှစ်တွင် ခရီးရှည်ထွက်၍ တနင်္သာရီ တိုင်းမှ အပြန်ခရီး ရန်ကုန်မြို့ရောက်ပြီးလျင်
ပြင်းထန်စွာ ဖျား၍ ရှေ့ခရီး ဆက်မသွားနိုင်တော့ပါ။ ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသို့ တက်ရောက်၍
တစ်လကျော်ကြာအောင် ကုသမှု ခံယူခဲ့ရသည်။
အဖျားရပ်ပြီဟု ဆေးရုံမှ ဆင်းခဲ့ရ သော်လည်း ကျမ္မာရေး မကောင်းသေးပါ၊အားအင်အလွန်ဆုတ်ယုတ်နေ
သည်၊ မတ်တပ်ရပ်လျင် ကြာကြာမရပ်နိုင်ပါ၊ ထိုင်ရသည်၊ ထိုင်ပြီးလျင် မိမိဘာသာ မထနိုင်ပါ၊ သူတပါး အကူအညီပေးမှ ထနိုင်သည်၊ အစာအာဟာရ စားနေရစေကာမူ ဘာစား၍မှ အရသာ ပေါ်လွင်ခြင်း ထင်ရှားမရှိပါ။
ခြေထောက်တွေ ဖောရောင်ခြင်း
ထို့ပြင် အဖျားကြီးကြီး ဖျားနာခြင်း ခံရပြီးလျင် နောက်ဆက်တွဲအနေဖြင့် ခြေထောက်တွေ ဖောရောင်လာသည်၊
ဆေးရုံမှ ဆင်းလျင် စမ်းချောင်းမှ တူမကြီး ဒေါ်ရင်ရင်သိန်းနှင့်း မြေး ကိုနေ၀င်းတို့အိမ်အပေါ်ထပ်၌ ကျောင်းအ
မှတ်ဖြင့် ခေတ္တရပ်ဆိုင်းနေ ၍ ရှေ့ခရီးဆက်ရန် စီစဉ်ရသည်။
ထိုအချိန်တွင် တူများမြေးများက သူတို့ကြားဖူးသော လိမ်းဆေးများ ရှာဖွေ၍ ခြေဖ မိုးဖောရောင်နေခြင်းကို လိမ်းပေးကြ၏၊ သက်သာလာမည်ဟုမျှော်မှန်းကြသည်၊ ဓမ္မဗျူဟာ စာစောင်ပိုင်ရှင် ဒေါ်သူဇာ တို့ မိသားစု
ကလည်း ဆေးဝါးများ ကျမ္မာရေး ဓာတ်စာများ နေ့စဉ်ပို့ပေး၍ ပြုစုပေးရှာကြပါ၏။
ဖောရောင်ရောဂါ လိမ်းဆေးအမျိုးမျိုး
ခရီးသွားနေစဉ် ရောဂါဖြစ်လာသည်မို့ ဆက်စရာရှိတာ ဆက်ရပေအုံးမည်၊ သို့ဖြင့် ရန်ကုန်မှ မန္တလေးမြို့၊
ရွှေဘိုမြို့၊ မုံရွာ မြို့၊ ထိုမှတဖန် မန္တလေးမြို့မှ ကလေးမြို့သို့ခရီးထွက်ခဲ့ရာ ကလေးမြို့မှ လျပ်စစ်ဗိုလ်တဲ
ရိပ်သာ၌ တည်းခိုနေစဉ် သူတို့ ဒေသတွင် ရှိသော ဆေးအမျိုးမျိုး၊ ဆေးမြစ်အမျိုးမျိုးလိမ်းပေးကြ၍ အားမရကြ
သဖြင့် စုတ်ထိုးဆေးဆရာကလည်း သူ၏ လက်စွမ်းပြကာ စုတ်ထိုး၍ ကုသပေးလိုက်ပါသေး၏။
နောက်ဆုံးတွင် မိမိနေထိုင်သီတင်းသုံးရာဖြစ်သော ချင်းတောင်ပေါ် ခန္တီးတောင် တောရကျောင်းသို့
ရောက်လာပြန် တော့လည်း ဒကာ ဒကာမများက တောဆေးမြစ်၊ တောင်ဆေးမြစ်မျိုးစုံနှင့် လိမ်းပေးကြပြန်၏၊
ရောဂါပျောက်ကင်းသွားခြင်း မရှိပဲ စောင့် ကြည့်နေခဲ့ရာ ခြေဖမိုးမှ ခြေသလုံး၊ ဒူး၊ ပေါင်အထိ ယခင်ကထက် ပို၍ ဖောရောင်လာပုံကို သတိထားမိ၏၊ နေရထိုင်ရ လေးလံခြင်း ထူးကဲလာသည်။
ယောင်္ကျားခြေထောက်၊ မိန်းမ မျက်နှာ
ကိုယ်ခန္ဓာဖောရောင်ခြင်းနှင့် စပ်လျင်း၍ ရှေးခေတ် သမားကျော်ကြီးများ၏ မှတ်တမ်းတွင် “ ယောင်္ကျားတို့ ကိုယ်ခန္ဓာ၌ ခြေထောက်မှ စတင်၍ တစ်ကိုယ်လုံး ဖောရောင်ခြင်းကို ကြောက်ရတယ်၊ သေတတ်တယ်၊ မိန်းမတို့ ကိုယ်ခန္ဓာ၌ မျက်နှာမှ စတင်၍ တကိုယ်လုံးဖောရောင်ခြင်းကို ကြောက်ရတယ် ” ဟူ၍ အဆိုရှိ၏။ ထို့ကြောင့် မတောက်တစ်ခေါက် ဆိုသလို တွေး ဆမိသည်။
မိမိမှာ ခြေဖမိုးမှ စတင်ဖောရောင်ခြင်းကြောင့် “ ငါ သေချိန်ရောက်ခဲ့ပြီလော ဟူ၍ တခါတရံ တွေးဆ
မိသည်၊ စိုးရိမ်ကြီးစိတ် မရှိပါ၊ အကြောင်းမှာ မိမိအမှန်သေရမည့် အချိန်ရောက်သောအခါ မသေမီ ၁၀-နှစ်မှ ကြိုတင်၍ သိနိုင်စွမ်း တစ်နည်းနည်း ရရှိပါစေသတည်း ”
ဟု ဆုတောင်းခြင်းနှင့်တကွ သစ္စာပြုအဓိဋ္ဌာန်ချက်လေးလေးနက်နက် ပြုထားပြီးရှိ၏။
တစ်စုံတစ်ရာ အရိပ်နိမိတ်မပြ၊ အိပ်မက်ခြင်းလဲ မရှိ၊ ကမ္မဋ္ဌာန်းအာရုံတွင်လည်း မပေါ်ဖူးပါ၊ ထို့ကြောင့် ငါ မသေနိုင် သေးပါဘူး ဟူ၍ မိမိစိတ်အာရုံကို နှစ်သိမ့်မှု ဖြစ်စေပြီး စိတ်ရှင်းရှင်းထားနေလိုက်သည်။
ဤကား ရောဂါဝေဒနာ ပြင်းစွာ ခံစားနေကြရသော ဘ၀တူ ဂိလာနပုဂ္ဂိုလ်တို့အား နည်းပေးခြင်းပါတည်။
ပဲစိမ်းငုံပြုတ်၍စား၊ အကောင်းဆုံး လက်တွေ့ဆေး
ကံကောင်းချင်တော့ ခြေသလုံး၊ ဒူးပေါင်တွေ ဖောရောင်၍ နှစ်လကျော်ကြာပြီးသောအခါ ပဲစိမ်းငုံ ၂ ပြည်သား
ရောက်လာ၏၊ ဇာတိရွာမှ တပည့်ကျောင်းထိုင်ဘုန်းကြီး ဦးတိက္ခခရီးကြုံ၍ ကလေးဝမြို့ ရွှေမုဋ္ဌောကျောင်းမှ ဆွမ်းစားကျောင်း ဘုန်းကြီး ဦးဇဋိလက လှူလိုက်၍ ယူဆောင်ခဲ့သည်ဆို၏၊
လူပြောများကြ၍ ပဲစိမ်းငုံ အလုံးလိုက်နေ့စဉ် နို့ဆီဗူး တစ်ဘူးကျ ပြုတ်ပေး ကြ၏၊ အစမ်းသဘော စားလာခဲ့ရာ တစ်ပြည်သားခန့်ကုန်လျင် ပေါင်မှ စ၍ ဒူးဆစ်အထိ ဖောရောင်ခြင်း လျော့သွားပုံကို
တွေ့မြင်ရ၏၊
စားနည်းမှာ ထူးထွေခြင်း မရှိပါ၊ ပဲလုံးဟင်းကဲ့သို့ ဆားနှင့် ဆီခပ်၍ ချက်ပေးကြရာ စား၍ကောင်း
သောကြောင့် နေ့စဉ်ရက်ဆက် စားလာခဲ့သည်၊ ပဲ ၂ ပြည်သားကုန်လျင် လုံးဝပျောက်ကင်းသွားပုံကို
တွေ့မြင်ရ၏၊ခြေဖမိုး ပါ ဖောရောင်ခြင်း မရှိတော့ပါ၊ အံ့သြစရာကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့် စာဖတ်ပရိသတ်များအား နည်းပေးမည်၊ ခြေထောက်စသည်မှ တကိုယ်လုံး ဖောရောင်လာခဲ့လျင် ခရီးမရောက် တာတွေ လုပ်မနေပါနှင့်၊ ပဲစဉ်းငုံ အလုံးကိုသာ နေ့စဉ် နို့ဆီဘူး တဘူးခန့် ပြုတ်စားနေပါ။ လုံးဝပျောက် ကင်းမည် မှတ်ပါ။
သတိပြုရန်မှာ- ဖောရောင်ရောဂါ ရှိသူအားလုံး အသားစိမ်း ဟင်းစားခြင်း လုံးဝရှောင်ကြဉ်ရပါမည်။
တစ်ကိုယ်လုံး ဖောရောင်သူ ပျောက်၏
အလွန်အကျွံ တစ်ကိုယ်လုံးဖောရောင်နေသူတစ်ဦး ပျောက်ကင်းသွားပုံ လက်တွေ့မြင်ရဖူး၏၊ လွန်ခဲ့သော သုံးနှစ်ကျော်က ဤအရှင်၏ ရွှေဘိုနယ် ငွေတွင်းကုန်းရွာ၌တူအရင်း ဦးဂုံညှင်း၏ ဇနီး အသက်(၄၀) အရွယ် ဒေါ်အေးရှင်သည် ကိုယ်ဖော ရောင်ရောဂါဖြစ်ခဲ့ရာ သေပြီး အသုဘရုပ်ကောင်ကြီး ပုပ်ပွရောင်နေ
သကဲ့သို့ ကြည့်ဝံ့စရာ မရှိအောင်ပင် ဆိုးဝါးနေသည်။
ဦးဂုံညှင်းက ဆေးဆရာတွေ ခေါ်ယူ၍ ကုသစေ၏၊ ဆေးထိုးအပ်ကိုင်သူရော ဗိန္ဓောဆရာပေါက်စတွေရော သူတို့တတ် နိုင်သမျှဖြင့် ငွေကိုယူ၍ ကုသပေးကြ၏၊ သို့ရာတွင် သက်သာခြင်း မရှိပါ၊ တနေ့တခြား ပို၍သာ ဖောရောင်ခြင်း ကြီးမား လာပုံ မြင်ကြရ၏၊ အသက်ရှင်ဦးမည် ဟု မည်သူမှ မထင်ကြတော့ပါ။
သေကံမရောက် သက်မပျောက်
သေကံမရောက် သက်မပျောက် ဟူသကဲ့သို့ နောက်ဆုံးတွင် ပဲစဉ်းငုံအလုံးကို ရေနှင့်ပြုတ်၍
ကျွေးစမ်းကြည့်သည်၊ ရှေး လူကြီးတို့ ညွှန်ကြားချက်အရ ပဲပြုတ်ရေကိုလည်း သောက်စေသည်၊ ပဲပြုတ်ရေနှင့်
ရေချိုးပေးသည်၊ ထိုအခါ သိသာအောင် တစ်နေ့တစ်ခြား သက်သာလာသည်၊ ပဲတစ်ပြည်သား မကုန်ခင် မသာကြီးပုပ်ပွနေသကဲ့သို့ အခြေဆိုးမှ လွတ်မြောက်လာပုံ တွေ့မြင်ကြရ၏။
ထိုအခါတွင် မသေတော့ပါဘူး ဟူ၍ ဦးဂုံညှင်းတို့ သားအဖက အားတက်လာကြပြီး ပဲစဉ်းငုံအလုံးကို
နေ့စဉ်ပြုတ်၍ ရက် ဆက်ကာ ကျွေးမွေးလာခဲ့ကြရာ ပဲ နှစ်ပြည်သား ခန့်ကုန်လျင်ဖောရောင်ခြင်းအားလုံး လုံးဝပျောက်ကင်းသွားတော့၏။ ပကတိသော လူကောင်းဘ၀ကို ပြန်လည်ရောက်ရှိလာသည်၊ ယနေ့တိုင် အသက်ရှင်လျက် ကျန်းမာစွာ ရှိနေသည်၊ နောက် ထပ်ဖောရောင်ခြင်း မရှိတော့ပါ။
ထို့ကြောင့် ကိုယ်ဖောကိုယ်ရောင်ဖြစ်နေလျင် ပဲစဉ်းငုံပြုတ်ကို ရက်ဆက်စားပေးပါက အကောင်းဆုံးဆေးဖြစ်၍ မသေတော့ ဘူး မှတ်ပါ၊ အထူးသတိပြုရန်မှာ- ကိုယ်ဖောကိုယ်ရောင်ခြင်း ရောဂါဖြစ်နေလျင် အသားစိမ်း ငါးစိမ်းဟင်းများကို မစားပါ နှင့်၊ အသားစိမ်းများ စားလျင် ရောဂါတိုးပြီး သေသွားတတ်သည်၊ အလွန်ဆုံး (၄၇) ရက်သာ အသက်ရှင်နိုင်သည် ဟု ရှေးခေတ် သမားကျော်ကြီးတို့က မှာတမ်းပြုခဲ့ကြ၏၊ မယုံကြည်ပဲ အသားစိမ်းဟင်း စားကြသူတွေ သေသွား ကြသည် ချည်း တွေ့ရ၏။
ဗဟုသုတ တိုးပွါးနိုင်ကြပါစေ...။

တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ နှာ-၁၆၀-၎

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1483008&xgs=1&xg_source=msg_share_post

လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေးအကျိုးပြုပုံ ၂၅ မျိုး



လက်ဖက်ရည်ကြမ်းဟာ ထူးခြားတဲ့ကျန်းမာရေး အကျိုးသက်ရောက်ပုံတွေကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာတဝန်းမှာ လူကြိုက်များတဲ့ သောက်သုံးစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးပြုပုံတွေ အများကြီးရှိပါတယ်။ တနေ့ကို လက်ဖက်ရည်ကြမ်း အနည်းဆုံး ၄ ခွက်လောက် သောက်သုံးခြင်းမရှိတဲ့သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိတယ်လို့ ဆိုလို့မရတဲ့အခြေအနေပါ။ ဒါကြောင့် လက်ဖက်ရည်ကြမ်းဘာကြောင့် စတင်သောက်သုံးသင့်နေပြီဆိုတာကို ထောက်ခံမှုပေးနိုင်တဲ့ အချက် ၂၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁)လက်ဖက်ရည်ကြမ်းနှင့် ကင်ဆာ
လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓါတ်တိုးဆန့် ကျင်ပစ္စည်းဟာ ဗီတာမင်စီထက် စွမ်းအား ၁ဝဝ ဆ သာပြီး၊ ဗီတာမင်အီးထက်  ၂၅ ဆသာပါတယ်။ လက်ဖက်ရည်ကြမ်းဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ကင်ဆာနဲ့ဆက်နွယ်နေတဲ့ ဆဲပျက်ဆီးခြင်းကို ကာကွယ်ပေးပါတယ်။


(၂) လက်ဖက်ရည်ကြမ်းနှင့် နှလုံးရောဂါ

လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာကိုလက်စထရောကိုကျဆင်းစေတာကြောင့်

 နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ရာရောက်ပါတယ်။ နှလုံးရောဂါခံစားနေရသူတွေဆို ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးဆဲလ်ကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေပါတယ်။

(၃) လက်ဖက်ရည်ကြမ်းနှင့် အိုမင်းရင့်ရော်ခြင်း
လက်ဖက်ရည်ကြမ်းမှာပါတဲ့ ပိုလီဖီနော ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ပါးရည်တွန့်ခြင်း၊ အသားအရေပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ ဖရီးရာတီကယ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေကို တိုက်ဖျက်ပေးပြီး အသက်ရှည်စေပါတယ်။


(၄) လက်ဖက်ရည်ကြမ်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း

လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း ထိရောက်စွာ ကူညီပေးပါတယ်။ အဆီတွေကိုလောင်ကျွမ်း သွားစေပြီး၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ လက်ဖက်ရည်ကြမ်းဟာ တနေ့ကို  ကယ်လိုရီ ၇ဝ လျှော့ချပေးနိုင်ပြီး တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ပေါင် လျှော့ချပေးနိုင်စွမ်းရှိပါတယ်။


(၅) လက်ဖက်ရည်ကြမ်းနှင့် အသားအရေ

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အသားအရေကို ပျက်စီးစေတဲ့ ဖရီးရာဒီကယ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။


(၆) လက်ဖက်ရည်ကြမ်းနှင့် အဆစ်ရောင်နာ

လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့် အဆစ်နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်ပြီး၊ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲသည့်ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။ အရိုးနုတွေကို ပျက်စီးစေတဲ့ အင်ဇိုင်းပိတ်ဆို့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


(၇) လက်ဖက်ရည်ကြမ်းနှင့် အရိုး

လက်ဖက်ရည်ကြမ်းမှာ ဖလူအိုရိုက်ဒ် ဒြပ်ပေါင်းမြင့်မားစွာပါဝင်တာကြောင့် အရိုးကို သန်မာစေနိုင်ပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဖြင့် အရိုးကို သိပ်သည်းကျစ်လစ်စေပါတယ်။


(၈) လက်ဖက်ရည်ကြမ်းနှင့် ကိုလက်စထရော

လက်ဖက်ရည်ကြမ်းဟာ ကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောနဲ့ မကောင်းတဲ့ကိုလက်စထရောတို့ရဲ့ အချိုးအစားကို မျှတကောင်းမွန်လာနိုင်တဲ့အစွမ်း ရှိပါတယ်။


(၉) လက်ဖက်ရည်ကြမ်းနှင့် အဝလွန်ခြင်း

လက်ဖက်ရည်ကြမ်းဟာ အဆီဆဲလ်အတွင်း သကြားဓါတ်ရွှေ့လျားမှုကို ရပ်တန့်စေခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကိုစား၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လက်ဖက်ရည်ကြမ်းသောက်ပေးမယ်ဆိုရင်တော့ အဝလွန်ခြင်းဖြစ်လာနိုင်စရာ လုံးဝမရှိပါဖူး။


(၁ဝ) လက်ဖက်ရည်ကြမ်းနှင့် သွေးချိုရောဂါ

လက်ဖက်ရည်ကြမ်းဟာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး သွေးတွင်းသကြားပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်းကို ကာကွယ်ပေးပါတယ်။


(၁၁) လက်ဖက်ရည်ကြမ်းနှင့် အယ်လ်ဇိုင်းမားစ်

လက်ဖက်ရည်ကြမ်းဟာ မှတ်ဥာဏ်စွမ်းအားကို ကောင်းမွန်လာစေတဲ့အစွမ်းရှိတာကြောင့် မှတ်ဥာဏ်ချို့ယွင်းလာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားစ်ရောဂါကို သက်သာစေပါတယ်။ အယ်လ်ဇိုင်းမားစ်ရောဂါကို ကုသနိုင်ခြင်းမရှိပေမယ့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ဦးတည်နေတဲ့ ဦးနှောက်တွင်း ဖြစ်စဉ်တစ်ခုကို နှောင့်နှေးစေနိုင်တဲ့အစွမ်း လက်ဖက်ရည်ကြမ်းမှာ ရှိပါတယ်။


(၁၂) လက်ဖက်ရည်ကြမ်းနှင့် ပါကင်ဆန်

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အကြောအားနည်း၍ ခြေတုန်လက်တုန်ကိုဖြစ်စေတဲ့ ဦးနှောက်တွင်းဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့သူတွေမှာ ခြေတုန်လက်တုန်ရောဂါဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။


(၁၃) လက်ဖက်ရည်ကြမ်းနှင့် အသဲရောဂါ

လက်ဖက်ရည်ကြမ်းဟာ အသဲပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေအတွက် အတွင်းအင်္ဂါအစားထိုးကုသမှု မရနိုင်ခြင်းကို တားဆီးပေးပါတယ်။ အသဲအဆီတွင်းမှာရှိတဲ့ အန္တရာယ်ပေးတဲ့ ဖရီးရာဒီကယ်တွေကို ဖျက်စီးပစ်ကြောင်း သုတေသနအတော်များများက တွေ့ရှိခဲ့ပါတယ်။


(၁၄) လက်ဖက်ရည်ကြမ်းနှင့် သွေးတိုးရောဂါ

သွေးအရမ်းတက်ခြင်းကိုကာကွယ်ပေးပါတ်။ သွေးတိုးခြင်းကိုဖြစ်ပေါ်စေတဲ့ angiotensin တွေကို နှိပ်ကွပ်ပေးခြင်းဖြင့် သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။


(၁၅) လက်ဖက်ရည်ကြမ်းနှင့် အစာအဆိပ်သင့်ခြင်း

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ catechin ဓါတ်ဟာ အစာအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားနဲ့ အဲဒီဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့ အဆိပ်ဓါတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။


(၁၆) လက်ဖက်ရည်ကြမ်းနှင့် သွေးတွင်းသကြားဓါတ်

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ မြင့်မားလာတဲ့ သွေးတွင်းသကြားဓါတ်ကို လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနောနဲ့ ပိုလီဆက်ချာရိုက်ဓါတ်တို့က ထိရောက်စွာ ကျဆင်းစေပါတယ်။


(၁၇) လက်ဖက်ရည်ကြမ်းနှင့် ကိုယ်ခံစွမ်းအား

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနော်နဲ့ ဖလာဗီနွိုက်ဓါတ်ပေါင်းဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်ပေးနိုင်တာကြောင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေပါတယ်။


(၁၈) လက်ဖက်ရည်ကြမ်းနှင့် အအေးမိ၊ဖျားနာ

လက်ဖက်ရည်ကြမ်းသောက်ပေးခြင်းဖြင့် အအေးမိ၊ ဖျားနာခြင်းကို ကာကွယ်နိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဗီတာမင်စီဟာ သာမာန်ဖျားနာခြင်းကို ကုသနိုင်တဲ့အစွမ်းရှိပါတယ်။


(၁၉) လက်ဖက်ရည်ကြမ်းနှင့် ပန်းနာရင်ကျပ်

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ theophyline ဟာ အသက်ရှုလေပြွန်ကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို ပြေလျှော့စေတာကြောင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပါတယ်။


(၂ဝ) လက်ဖက်ရည်ကြမ်းနှင့် နားရောဂါ

လက်ဖက်ရည်ကြမ်းဟာ နားရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ချည်စလေးကိုလုံးပြီး လက်ဖက်ရည်ကြမ်း စွတ်ပြီး နားတွင်းသန့်ရှင်းရေးလုပ်ပေးလို့ရပါတယ်။


(၂၁) လက်ဖက်ရည်ကြမ်းနှင့် ရေယုန်

လက်ဖက်ရည်ကြမ်းဟာ ရေယုန်ရောဂါအတွက် ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ နှပ်ထားတဲ့ လက်ဖက်ရွက်ကို ရေယုန်ပေါ် လိမ်းပေးပြီး ခြောက်သွားအောင်ထားလိုက်ပါ။


(၂၂) လက်ဖက်ရည်ကြမ်းနှင့် သွားပျက်စီးမှု

ခံတွင်းရောဂါကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးအမျိုးမျိုးကို ချေဖျက်ပေးပါတယ်။ ခံတွင်းနံ့ဆိုးဝါးမှုကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုကိုလည်း လျှော့ချပေးပါတယ်။


(၂၃) လက်ဖက်ရည်ကြမ်းနှင့် စိတ်ဖိစီးမှု

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ L-theanine ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို လျော့ကျဖြေဖျောက်ပေးနိုင်ပါတယ်။


(၂၄) လက်ဖက်ရည်ကြမ်းနှင့် ဓါတ်မတည့်ခြင်း

လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ EGCG ဟာ ဓါတ်မတည့်မှုဖြစ်ခြင်းကို သက်သာစေပါတယ်။ ဓါတ်မတည့်ကို ခံစားနေရပြီဆိုရင်တော့ လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။


(၂၅) လက်ဖက်ရည်ကြမ်းနှင့် HIV

 ဂျပန်သုတေသနပညာရှင်တွေဟာ လက်ဖက်ရည်ကြမ်းမှာပါတဲ့  EGCG ဓါတ်ဟာ HIV ပိုးတွေ ကောင်းတဲ့ခုခံအားဆဲလ်တွေဆီ ပေါင်းစည်းခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဒါဟာ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့် HIVပိုးပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ 
(ဖန်းဇက်)

source>>>http://www.khitlunge.net.mm/HealthBeauty/Healthbeauty

shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_3817.html#more