“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, October 16, 2012

၈ နှစ်သား Miscrosoft Techonology Specialist

 
 
ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ နေထိုင်တဲ့ အသက် ၈နှစ်သား Shafay ဟာ မိုက်ခရိုဆော့ အသိမှတ်ပြု Techonology Specialist တစ်ဦးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် မတ်လ ၁၃ ရက်က မွေးဖွားပြီး ၂၀၁၂ခုနှစ် ဧပြီလဆန်းမှာဆန်းမှာ Microsoft မှကျင်းပတဲ့ Prometric Test စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အံ့သြစွာပဲ ရမှတ် ၉၁ မှတ်နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် ၁၃
လသာသင်ကြားခဲ့ရပါတယ်။ Shafay Thobani ဟာငယ်ငယ်လေးကတည်းက ကွန်ပျူတာအသုံးပြုမှုကို နက်နက်နဲနဲစိတ်ဝင်စားသူ ဖြစ်ပြီး Network ရဲ့လုပ်ဆောင်ချက်များကို အမြဲလေ့လာနေတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို သင်ကြားပေးတဲ့ ဆရာ Faisal Durrani အနေနဲ့ Domain Name စနစ် (DNS) နဲ့ Internet Protocol (IP) သင်ခန်းစာတွေကို သင်ကြားရတာ အခက်အခဲမရှိခဲ့ပါဘူး။ Shafay ဟာ Microsoft Hyper-V virtualization ကိုလည်း ၆၅ မှတ်နဲ့ အောင်မြင်ထားပါတယ်။ အသက် ၈ နှစ်သာ ရှိသေးပြီး အသက် ၂၀ ဝန်းကျင်လူများ လေ့လာသင်ယူရတဲ့ ဘာသာရပ်ကို ငယ်ငယ်လေးနဲ့ ထူးချွန် အောင် လေ့လာသင်ကြားနိုင်ခဲ့ပါတယ်။ ဒါကြောင့် Shafay ကို ကမ္ဘာ့အသက်အငယ်ဆုံး Microsoft အသိမှတ်ပြု နည်းပညာ စပယ်ရှစ်လစ် တစ်ဦး အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
 
Wonderful and Amazing Case
 

ပီကေဝါးခြင်းကြောင့် သင်ရရှိနိုင်သော ကောင်းကျိုးများ


 
 
 
 
 
 
 
 
 
 
ကွမ်းယာစားတာကြောင့် သွားနဲ့ခံတွင်း အလှအပနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ကွမ်းစားတဲ့ အကျင့်ရှိသူတွေ အနေနဲ့ ကွမ်းပြတ်စေဖို့ ပီကေကို အစားထိုး ဝါးပေးသင့်ပါတယ်။ ပီကေဝါးတာကြောင့် ကွမ်းပြတ်တဲ့ အကျိုးကျေးဇူးအပြင် အောက်ပါကောင်းကျိုးတွေကိုလည်း ရရှိစေနိုင်ပါတယ်။


မှတ်ဉာဏ် ကောင်းမွန်စေခြင်း


ပီကေဝါးတာကြောင့် တွေးခေါ် မြော်မြင်နိုင်တဲ့ အစွမ်းကို တိုးစေကြောင်း သိပ္ပံနည်းကျ ရှင်းပြခဲ့ပါတယ်။ ပီကေဝါးတာက ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ် အဆင့်ကို တိုးစေပြီး စိတ်နဲ့ ခန္ဓာ နှစ်မျိုးစလုံး အတွက် လောင်စာအနေနဲ့ အာနိသင် ရရှိစေပါတယ်။ ပီကေဝါးတာကြောင့် ဦးနှောက်ဆီကို သွေးစီးဆင်းမှု တိုးစေပြီး နှလုံးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေကာ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းမှုကို အဆက်မပြတ် တိုးစေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေဆိုချိန်အတွင်း ပီကေဝါးပေးရင် အမှတ်ကောင်းကောင်း ရရှိစေပါတယ်။


ကိုယ်အလေးချိန် ထိန်းပေးခြင်း


သကြားမပါတဲ့ ပီကေကို ဝါးပေးရင် သင့်ခါးအတိုင်းအတာကို ထိန်းပေးပါလိမ့်မယ်။ ပီကေဝါးတာ တစ်နာရီကြာတိုင်း ၁၁ ကယ်လိုရီ လောင်ကျွမ်းစေလို့ပါ။ ပီကေဝါးတာက သင်ရဲ့ အစာ စားချင်စိတ်ကို လျော့ကျစေပြီး ကယ်လိုရီ များများ ရယူမှု မဖြစ်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် မကြာခဏ ဗိုက်ဆာနေတယ်ဆိုရင် ပီကေ ဝါးပေးသင့်ပါတယ်။


စိတ်ဖိစီးမှု လျော့ကျခြင်း


စာမေးပွဲမဖြေခင် စိတ်ပူပန်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ပီကေဝါးနေကြတာ မြင်ဖူးမှာပါ။ လက်သည်း ကိုက်နေတဲ့ သူတွေလည်း ရှိကောင်း ရှိမှာပါ။ ဒါက စိတ်ဖိစီးမှုကို ဖြေဖျောက်နေကြတာ ဖြစ်ပါတယ်။ ပီကေဝါးတာက စွမ်းအင်ကို ထွက်ရှိစေပြီး သင့်ကို စိတ်အပန်းပြေစေပါတယ်။ ပီကေကို ဝါးလေလေ၊ စိတ်ဖိစီးမှု လျော့ကျလေလေပဲ ဖြစ်ပါတယ်။ ပီကေဝါးတာကြောင့် ခန္ဓာကိုယ်ထဲ ဂလူးကို့စ် အဆင့်တိုးစေတဲ့ အတွက် အပန်းပြေစေတာ ဖြစ်ပါတယ်။


ခံတွင်းကျန်းမာရေး ကောင်းမွန်စေခြင်း


ပီကေဝါးတာက တံတွေး အထွက်နှုန်းကို တိုးစေတာကြောင့် ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ အကြောင်းကတော့ ပီကေဝါးတာကြောင့် သွားတွေမှာ ကပ်ညိနေတဲ့ သကြား၊ စားကြွင်းစားကျန်တွေနဲ့ ပိုးတွေကို ကင်းစင်သွားစေလို့ပါ။ သကြားမပါတဲ့ ပီကေဝါးတာကြောင့် သွားပိုးစားတာကို ကင်းစေပြီး ခံတွင်းထဲက ပိုးသတ် အာနိသင်ကို တိုးစေပါတယ်။ ခံတွင်းအနံ့ဆိုးကို ကင်းစေပြီး သွားတွေကို ဖြူစင်စေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။


အစာကြေညက်စေခြင်း


ပီကေဝါးတာကြောင့် တံတွေးထွက်နှုန်း တိုးသလို အူလှုပ်ရှားမှု ကောင်းစေတာကြောင့် အစာကြေညက်စေပါတယ်။


အခြားအကျိုးကျေးဇူးများ


ပီကေဝါးတာဟာ အာရုံစူးစိုက်မှု ကောင်းစေသလို ပင်ပန်းနွမ်းနယ်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။


ဇွန်

Ref:By Good Health

Source: http://www.yatanarpon.com.mm/cp/goodhealth/news-66430
shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_7342.html#more

တန်းခိုးကြီး ဘုရားတွေအပေါ်မှာ အမျိုးသမီးတွေ တက်ကောင်း မတက်ကောင်း တက်ရင် ငရဲကြီးသလား?

 
ပိဋကတ်စာပေ
အထောက်အထား ။နောက်ထပ်ဆက်မေးတာက ဘုရားပေါ်မတက်ရလို့ 
တားမြစ်သူတွေ ငရဲကြီး မကြီး ။အင်း တော်တော်မေးနိုင်တဲ့ ဒကာမပဲ။မေး
တဲ့သူရှိတော့လည်းဦးဇင်းတက်နိုင်သလောက် ဖြေပေးရတာပေါ့။

(မှတ်ချက်) မိမိတို့ ၏အမြင်များကိုလည်း ၀င်ရောက်ပြီး ကောမန့် ပေးရ်ျ
ကုသိုလ်ယူနိုင်ပါတယ်။

ဘုရားပေါ်တက်လာတဲ့ အမျိုးသမီးတွေကို တားမြတ်တဲ့
သူတိုင်းကို အပြစ်ဖြစ်တယ်လို့  ပြောလို့ မရပါဘူး။ စိတ်သာရှင်စော ဘုရား
ဟောဆိုတာ ကြားဖူးမှာပေါ့။ဥပမာ--

ဘုရားရှင်၏သီလ၊သမာဓိ၊ပညာဂုဏ်တို့ ကိုလေးစားသောအားဖြင့်
ဂရုဂါရ၀ဖြစ်စေသောငှါ ဘုရားပေါ်မှာ အမျိုးသမီးတွေတက်လာတာကို
တားမြစ်လာရင်တော့ အပြစ်မဖြစ်ပါ။

ထိုသို့ မဟုတ် မိမိတို့ ကိုးကွယ်တဲ့ဘုရား ဘုန်းကံနိမ့်မှာကြောက်လို့ 
လာက်လာဘတွေနည်းမှာကြောက်လို့ ၊လောကီအစီအရင်တွေပျက်မှာစိုး
လို့ ဆိုတဲ့ အကြောင့်တွေကြောင့်တားမြစ်လာရင်တော့ ဆရာရော၊ဒကာရော
အ၀ိစိပါပဲ။

ဘာလို့ လည်းဆိုတော့ ဦးဇင်းတို့ ဘုရားကိုယ်တော်မြတ်ကြီးတောင်မှ “နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အား သာမန်ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှုပြုတာတွေ၊
ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ
ဝင်ထွက် သွားလာခွင့်ပေးထားတာတွေ၊
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပိလ၀တ်နေပြည်တော်ကိုပြန်
လာသောအခါ ယသော်ဓရာမင်းသမီးက ဘုရား၏ခြေထောက်ကိုဖက်ရ်ျ
ငိုတာတွေကို မတားဘဲခွင့်ပြုထားသည် မဟုတ်ပါလော့။

ဘာလို့ ခွင့်ပြုတာလည်းဆိုရင် သတ္တ၀ါတွေ စိတ်ချမ်းသာအောင်
အကျိုးများအောင်လို့ ပါ။ဒါကြောင့် သတ္တ၀ါအားလုံး ကိုယ်ချမ်းသာစေချင်
တယ် စိတ်ချမ်းသာစေချင်တယ်ဆိုရင် ဘုရားရှင်အလိုအတိုင်းသာ
အကောင်းဆုံးပါပဲလို့ ဖြေကြားလိုက်ပါရစေ။

(မှတ်ချက်) ဘုရားပေါ်အမျိုးသမီးတွေတက်ရင် ငရဲကြီးတယ်လို့ ယူဆထား
သူများ tradition ရိုးရာအစဉ်အလာ မှားယွင်းစွာ လက်ခံလာမှုတွေရပ်တန့် 
နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာ ရှိပါစေ။

အရှင်ဝိစက္ခဏ(မဟာလယ်တီ)
မော်နီကာ
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1475659&xgs=1&xg_source=msg_share_post

သင့် စာကျက်စွမ်းရည်ကို ဘယ်လိုမြှင့်တင်မလဲ

ဒီကနေ့ခေတ်ဟာ ယှဉ်ပြိုင်မှုခေတ် (Hyper Competition Age) ကြီး ဖြစ်တာနဲ့အညီ လူငယ် လူရွယ်တိုင်းဟာ အချိန်တိုင်း သင်ယူနေ၊ Learning လုပ်နေရ ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာလည်း စဉ်ဆက်မပြတ် သင်ယူလေ့လာနေကြတဲ့ အဖွဲ့အစည်းတွေ၊  နိုင်ငံတွေကပဲ အောင်မြင်မှု သရဖူအလီလီကို ရယူနေကြတာ ဖြစ်ပါတယ်။

ဒီလို Learning Organization တွေထဲမှာ ကျောင်းသင်ပညာရေးတွေကိုသာမက Informal Education ဖြစ်တဲ့ ကိုယ်တိုင်လေ့လာသင်ယူမှု (Self learning) ကိုလည်း မပြတ်ပြုလုပ်နေကြရမှာပါ။ တစ်ဖက်မှာလည်း Formal Education လမ်းကြောင်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း၊ ပထမဘွဲ့ (First Degree) တွေကို သာမက ဒုတိယဘွဲ့ (Second Degree)တွေ၊ မာစတာဘွဲ့ (Master Degree)တွေ၊ ဒေါက်တာဘွဲ့တွေ၊ ဒီပလိုမာတွေ များစွာသင်ယူကြရဦးမှာ ဖူးငုံတို့ရဲ့ သင်ယူလေ့လာမှု Learning Process မှာ အထောက်အကူပြုစေဖို့ အချက်အလက်ကလေးများကို တင်ပြပေးလိုက်ပါတယ်။

၁။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှုနှင့် ပန်းတိုင် (Planning Time-table and Target)
အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်း အရာရာတိုင်းမှာ အစပြုမှုဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးတွေ တော်တော်များများဟာ Planning ရေးဆွဲတဲ့နေရာမှာ အားနည်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာ Planning နဲ့ ပတ်သက်လို့ အမြဲတမ်းပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “ Fail for plan is plan for fail”  “ စီမံကိန်းဆွဲဖို့ ပျက်ကွက်ခြင်းဟာ ကျဆုံးဖို့အတွက် စီမံကိန်းဆွဲနေခြင်းပဲ ” တဲ့။ ဒါကြောင့်မို့ ဖူးငုံတို့အနေနဲ့လည်း မိမိတို့ရဲ့ စာသင်နှစ်တွေ စစချင်းကတည်းက ဘယ်ရက် ဘယ်ရက်တွေမှာ ဘယ်ဘာသာတွေကို အပြီးကျက်မယ်၊ ဘယ်လတွေမှာ ဘယ်ဘာသာတွေကို သင်ရိုးကုန်လေ့လာပြီးလို့ ပြန်လည်လေ့ကျင့်ခန်းလုပ်မယ် စတဲ့ ကိုယ့်ရဲ့ Studying Process နဲ့ ဆက်စပ်ပတ်သက်တဲ့ Mile stones, Time-scale တွေကို အသေးစိတ် ရေးဆွဲ ပြင်ဆင်ထားသင့်ကြပါတယ်။ ပြီးသွားရင်လည်း Plan က Plan အတိုင်းပဲ ရှိနေလို့ မရပါဘူး။ ကိုယ်ရေးဆွဲထားတဲ့ စီမံကိန်း Plan နဲ့ အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါမယ်။ အဲသည်လို လုပ်နေစဉ်အခါမှာလည်း ကိုယ့်ရဲ့ Plan ဟ လက်တွေ့ကျမကျ၊ ကိုယ်နဲ့ ကိုက်ညီ မကိုက်ညီ မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျှော့လုပ်ပြီး Planကို အမြဲတမ်း Update လုပ်နေသင့်ပါတယ်။

၂။ စာကျက်သည့်နေရာ (Studying Location)
စာကျက်တဲ့နေရာကလည်း ဖူးငုံတို့ Learning Process မှာ များစွာ အရေးပါပါတယ်။ ခိုင်မာတဲ့ သုတေသနစစ်တမ်းတွေအရ နေရာတစ်နေရာတည်းမှာပဲ  အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့ သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာမှတ်မိတယ်လို့  ဆိုပါတယ်။ ဖြစ်နိုင်ရင် စာကျက်တဲ့နေရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ထက် စာကြည့်စားပွဲမှာ ဖြစ်သင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကား (Reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Line Pen စတဲ့ စာရေးကိရိယာတွေကိုလည်း စာကျက်နေရင်း ထရှာစရာမလိုအောင် အရန်သင့် ထားရှိသင့်ပါတယ်။ ပြီးတော့ အထူးသဖြင့် လက်ကိုင်ဖုန်းရှိတဲ့ ဖူးငုံတို့ကလည်း တတ်နိုင်ရင် စာကျက်နေတဲ့အချိန်မှာ လက်ကိုင်ဖုန်းကို ပိတ်ထားဖို့ ကြိုးစားသင့်ပါတယ်။ စာကျက်တဲ့နေရာဟာ တိတ်ဆိတ်ငြိမ်သက်၊ အနှောင့်အယှက်တွေ ကင်းဖို့ လိုအပ်သလို၊ အပူအအေးမျှတပြီး လုံလောက်တဲ့ အလင်းရောင်ရရှိဖို့လည်း လိုအပ်ပါတယ်။

၃။  အမျိုးမျိုးသော စာဖတ်နည်းများ (Various Reading Style)
ကျနော်တို့ မြန်မာကျောင်းသားတွေ တော်တော်များများဟာ စာဆိုတာနဲ့ တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ တကယ်တော့ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ စတဲ့ အဆင့်ဆင့်တက်လှမ်း မြင့်မားလာလို့ ဖတ်ရတဲ့၊ လေ့လာရတဲ့ သင်ရိုးတွေ၊ ရည်ညွှန်းစာအုပ် ( Reference Books) တွေ များပြားလာတဲ့အခါ ဘယ်သူမှ အလွတ်မကျက်နိုင်တော့ပါဘူး။ ဒါကြောင့် စာအုပ်တွေ၊ သင်ရိုးတွေကို ဖတ်ရှုလေ့လာကြတဲ့နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ Reading Style လေးတွေနဲ့ ချိန်ထိုးသုံးသပ် ဖတ်ရှုကြမယ်ဆိုရင် ပိုပြီးထိရောက် အောင်မြင်ပါလိမ့်မယ်။

(က) အပေါ်ယံရှပ်ဖတ်ခြင်း ( Skimming)
သင်ရိုးတစ်ခုလုံး၊ စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ် မဖတ်ရှုမီ စာအုပ်ရဲ့ဆိုလိုရင်း၊ အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံ ဖတ်ရှုသင့်ပါတယ်။ ပြီးတော့ တချို့ Reference Books တွေကို ဖတ်ရှုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ သင်ရိုး(Course) နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အပိုင်းတွေကို Skimming Reading Style နဲ့ ဖတ်ရှုသင့်ပါတယ်။

(ခ) မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်း (Memorizing)
စာမေးပွဲမှာ မေးလေ့မေးထရှိတဲ့ အကြောင်းအရာတွေ၊ စာမေးပွဲအတွက် မသိမဖြစ်သိထားရမယ့် အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် Memorizing Reading Style နဲ့ ထပ်ကာတလဲလဲ ဖတ်ရှုရပါမယ်။

(ဂ) သိမြင်နားလည်အောင် ဖတ်ရှုခြင်း ( Realizing)
တချို့အကြောင်းအရာတွေဟာ အလွတ်ကျက်မှတ်ရုံနဲ့ မလုံလောက်ဘဲ သေသေချာချာ သဘောပေါက် သိမြင်နားလည် (realize) ဖြစ်အောင် သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ ကမ္ဘာကျော် Equation တစ်ခုဖြစ်တဲ့ E=mc2 ဆိုတာကို အလွတ်ကျက်မှတ်ရင် စက္ကန့်ပိုင်းလောက်ပဲ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ဒီ Equation ကို သေသေချာချာ သဘောပေါက် နားလည် အသုံးချနိုင်ဖို့ကတော့ မလွယ်ပါဘူး။

၎။ တတ်နိုင်သလောက် အလွတ်ကျက်မှတ်ရမည့်စာများကို အသံထွက်၍ ကျက်ပါ
စာကျက်မှတ်တဲ့အခါ တချို့ ပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမယ့်  တချို့ကတော့ မျက်စိနဲ့ပဲဖတ်ပြီး အသံထွက်ကျက်လေ့မရှိပါဘူး။
လူရဲ့ ဦးနှောက်ဟာ အကြောင်းအရာတစ်ခုကို မှတ်သားတဲ့နေရာမှာ လူ့ခန္ဓာကိုယ်ရဲ့ ဒွါရပေါက် အာရုံခံအင်္ဂါ (Sense Organs) တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတာတွေကနေ Input Data အချက်အလက်တွေကို ရယူပါတယ်။ ဒါကြောင့်မို့ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့်အကြောင်းအရာကို မျက်စိနဲ့ပဲ Scan လုပ် မှတ်သားနိုင်ပြီး နားနဲ့အသံကို မကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိတဲ့ သူတွေရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သား (Voice Record) လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဥပမာ- စာမေးပွဲမှာ စာတွေဘာတွေ မေ့သွားခဲ့ရင်လည်း မျက်စိနဲ့ Scan လုပ်ထားတဲ့ ပုံရိပ်တွေကို ဦးနှောက်က ပြန်ခေါ်ယူနိုင်ရုံသာမက နားနဲ့ Record လုပ်ထားတဲ့ အသံ Voice တွေကိုပါ ပြန်လည် ကြားနိုင်တာမို့ မှတ်မိနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။

၅။ စိတ်ဖိစီးမှုများကို လျှော့ချပါ။ (Reduce Your Stress)
တတ်နိုင်သလောက် စာမကျက်မှတ်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုး (Meditation Exercise) ကို ၁၅မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ ဒါမှမဟုတ် စာမကျက်ခင် ကိုယ်အနှစ်သက်ဆုံးသီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်လောက် နားထောင်ပါ။ ကိုယ့်ရဲ့ Study Plan, Time-table ကို ရေးဆွဲတဲ့နေရာမှာလည်း တောက်လျှောက် စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅မိနစ်လောက် နားပြီးရင် ပြန်ကျက် စသည်ဖြင့် ရေးဆွဲထားသင့်ပါတယ်။ Studying Process ဆိုတာဟာ စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ Process ဖြစ်တာမို့ ဖူးငုံတို့ရဲ့စိတ်ဟာ Stress တွေ၊ Pressure တွေ ကင်းကင်းနဲ့ ကြည်လင်နေဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။
နောင်မှာလည်း အလျဉ်းသင့်ရင် Studying Skill Tips လေးတွေကို ဆက်လက်ဖော်ပြချင်ပါသေးတယ်။
(လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နတ်သည်)

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A491312&xgs=1&xg_source=msg_share_post

အမျိုးသမီးများ အစားသင့်ဆုံးသော အကောင်းဆုံး အစားအစာ(၁၀)မျိုး

၁။ ချောကလက်အညို

စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီးပေးပါတယ်။
ဥရောပ သုတေသီတွေက ချောကလက်အညိုကို တစ်နေ့ တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော ထွက်တာကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓာတ်ကျတာ၊ အဝလွန်တာ၊ နှလုံးရောဂါ စတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၂။ မှို

ကင်ဆာရောဂါကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိနိုင်ပါတယ်။
တစ်နေ့ကို မှို တစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သားကင်ဆာရောဂါ ဖြစ်ပွားတာကို ၆၄ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။ တခြားသော လေ့လာသူတွေက ရင်သားကင်ဆာကို ဖြစ်စေတဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ Aromatase ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။

၃။ ဆာဒင်းငါး

နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
အိုမီဂါ-၃ ဓာတ် ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးသွေးကြောပိတ်တာ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ နှလုံး တိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်း စေပါတယ်။ ဆာဒင်းငါး သုံးအောင်စ စားပါက တစ်ဒသမသုံး ဂရမ်ရှိတဲ့ အိုမီဂါ- ၃ ကို ရရှိပါတယ်။

၎။ ထောပတ်သီး

ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးပါတယ်။
ထောပတ်သီးထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေ များစွာ ပါဝင်နေပါတယ်။ ဒီအဆီတွေက သင့်ခန္ဓာကိုယ် အလေးချိန် ကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက သင်စားတဲ့ နေ့စဉ် အစားအစာတွေထဲက ကယ်လိုရီရဲ့ ၂၃ ရာခိုင်နှုန်းကို မပြည့်ဝဆီတွေသာ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါက သင့်ဗိုက်က အဆီတွေကို လျှော့ချနိုင်ပြီး သင့်ခန္ဓာကိုယ် အလေးချိန်ကို ငါးပေါင်အထိ လျော့နည်းသွားစေတယ်လို့ ဆိုထားပါတယ်။

၅။ ငရုတ်ပွသီး

မျက်ကြည်လွှာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အသက်အရွယ် ရလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်ကြည်လွှာ ပျက်စီးတာနဲ့ မျက်စိတွင်းတိမ်ဖြစ်တာကြောင့် အမြင်အာရုံထိခိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ လူတင်း၊ ဇီဇန်သင်းနဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ ငရုတ်ပွသီးက သင့်အမြင်အာရုံတွေ စူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။ တစ်နေ့ကို ငရုတ်ပွသီး နှစ်ကြိမ် စားပေးပါက ဗီတာမင်စီအပြင် လူတင်း ၁၁၆ မိုက်ခရိုဂရမ်၊ ဇီဇန်သင်း ၅၆၂ မိုက်ခရိုဂရမ်ကို ရရှိစေပါတယ်။

၆။ အစိမ်းရောင် ပန်းဂေါ်ဖီ

မျက်နှာပေါ်မှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
တရုတ် ပန်းကန်လုံး တစ်လုံးစာ အစိမ်းရောင် ပန်းဂေါ်ဖီပွင့်ကနေ ဗီတာမင်စီနဲ့ ဗီတာမင်အေ ဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ကို ဖြစ်စေပြီး ကော်လဂျင် ထုတ်လုပ်မှုကို  အားပေးပြီး ဗီတာမင်အေက ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ် ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

၇။ အာလူး

သွေးတိုး ကျစေပါတယ်။
အာလူး အရွယ်တော် တစ်လုံးကနေ ကယ်လိုရီ အပြည့်အဝ ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိနိုင်တဲ့ ပိုတက်စီယမ် ပမာဏထက် ပိုမို ရရှိနိုင်ပါတယ်။ ပိုတက်စီယမ်က နှလုံးရောဂါကို တိုက်ထုတ်နိုင်ပြီး သွေးတိုး ကျစေပါတယ်။

၈။ ပန်းသီး

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပါတယ်။
အရသာချိုတဲ့ ပန်းသီး အရွယ်တော် တစ်လုံးမှာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ကွာစန်တင်ဓာတ် ကြွယ်ဝပါတယ်။ ဒီဓာတ်က ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ခန္ဓာကိုယ် ခုခံကာကွယ်နိုင်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ Appalachian State University ရဲ့ နှစ်ပတ်ကြာ လေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုက ကွာစန်တင်ဓာတ် ပါအောင် စားသုံးသူတွေက မစားသုံးသူတွေထက် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

၉။ ဟင်းနုနယ်ရွက်

အရိုးတွေကို သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွားစေပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက် ဖြစ်တဲ့ ဟင်းနုနယ်ရွက်ထဲမှာ ဗီတာမင်ကေ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။ ဖောလိတ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေက မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွား စေပါတယ်။ ခွက်တစ်ခွက်စာကနေ ၇ ကယ်လိုရီ ရရှိနိုင်ပါတယ်။

၁ဝ။ နွားနို့

အရိုးပါး ရောဂါကို ကာကွယ်ပေးပါတယ်။
ကယ်လ်စီယမ် အပြည့်အဝ ရရှိနိုင်တာကြောင့် အရိုးပါးရောဂါ ဖြစ်ပွားမှုကို တားဆီးနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ အဆီ မပါဝင်တဲ့ နွားနို့ကို တစ်နေ့ သုံးကြိမ် သောက်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)Ref:By Good HealthSource: http://www.yatanarpon.com.mm/cp/goodhealth/news-11199

ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ

                 
ယခုအခါတွင် ခါးနာခြင်းနှင့် ခါးဆစ်လွဲခြင်းတို့ ဖြစ်ပွားမှုမှာ ယခင်ကထက် ပိုမို များပြားလာကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ရှေးဦးစွာ ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ မည်သို့ ဖြစ်ပွားလာရကြောင်း သိရှိရန် လိုပေသည်၊

ကျွန်ုပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral Disc ခေါ်အရွတ်ဝိုင်းကလေး တစ်ခုစီရှိပါသည်၊ ထိုအရွတ် အ၀ိုင်းကလေးသည်   အရိုးနှစ်ခုအကြား တည်ရှိနေရာမှ အကြောင်းတစ်ခုခုကြောင့် နေရာလွဲသွားခဲ့ပါက ကျောရိုးဆစ် တစ်ခုနှင့်တစ်ခုထိပြီး ပွတ်တိုက်မိကြတော့သည်၊

ထိုကဲ့သို့ ကျောရိုး အဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်း (Slipped Intervertebral Disc) ကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ  အခံရခက်လှပြီး  လူတစ်ဦး၏  သွားလာလှုပ်ရှားမှုကို  အနှောက်အယှက်ပေးလှသော ခါးနာခြင်း(Back pain) ဖြစ်ပေါ်လာပေသည်။

ထိုကဲ့သို့ ကျောရိုးဆစ် တစ်လျှောက် နာကျင်မှုများ  ဖြစ်ပေါ်လာရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိသော်လည်း အဓိကအားဖြင့် ထိခိုက်မှု၊ ဒဏ်ဖြစ်မှု(ဥပမာ- အလေးအပင်မခြင်းမျိုး)၊ အရိုးများ အသက်ကြီးလာ၍ ပျက်စီးယိုယွင်းလာမှု၊ နေထိုင်သည့် ပုံစံများ မှားယွင်းမှုနှင့် သောကဖိစီးမှု တို့ကြောင့် အများဆုံး ဖြစ်ပွားရကြောင်း တွေ့ရှိရပါသည်။

ဇက်ကြော ပုခုံးကြောများ ကိုက်ခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှူ၏ရာနှုန်း အတော်များများသည် သောကဖိစီးမှုကြောင့်ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့ရှိရတတ်ပါသည်၊ လူတချို့သည် ပြဿနာ အခက်အခဲ တစ်ခုနှင့် ရင်ဆိုင် တွေ့ရတိုင်း ခါးနာတတ်ကြပါသည်၊

တစ်ခါတစ်ရံတွင် မိမိ၏ နေထိုင်မှုပုံစံ မှန်ကန်မှု မရှိ၍သော်၎င်း (ဥပမာ -ကုလားထိုင်၌ ထိုင်ရာတွင် ခါးမတ်မတ်ထား၍ မထိုင်ဘဲ ခါးကွေး၍ ကြာရှည်ထိုင်ခြင်းမျိုး)၊ အရမ်းပျော့သော မွေ့ယာ၌ အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်၌ ကြာရှည်စွာထိုင်ရခြင်း၊ ကားအစွန်း၌ ကြာရှည်စွာ ထိုင်မိခြင်း တို့ကြောင့်၎င်း ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်၊

ခါးနာခြင်းနှင့်ကျောရိုးဆစ်လွဲသွားခြင်းတို့ မဖြစ်ပွားရအောင် ကာကွယ်နည်းမှာ - မာသောမွေ့ယာပေါ်၌ အိပ်ခြင်းနှင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာလာစေမည့် လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ-

(၁) လမ်းမှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သားများကို သန်မာစေသည့် အပြင် ခါးရိုးကို  ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိစေပါသည်၊

(၂) လမ်းမှန်မှန် မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှကင်းဝေးစေပါသည်၊ ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက်အိပ်ပါ၊လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ၊ ထို့နောက်ခေါင်း၊လည်ပင်းနှင့် ရင်ပိုင်းတို့ကို(ခါးကော့ပြီး) အပေါ်သို့ မ နိုင်သလောက် မပါ၊ ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူးမကွေးစေဘဲ ခြေတောက်ကို အပေါ်သို့မပေးပါ၊ ထို့နောက်ပြန်ချပါ၊ ထိုသို့ (၁၀)ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံးတွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ(ခါးကြော့ပီး) တပြိုင်နက်(၁၀)ကြိမ် မ ပါ၊ ပြန်ချပါ။(ထိုသို့ ပြုလုပ်ရာတွင် လက်နှစ်ဖက်၏ အကူအညီမပါဘဲ ပြုလုပ်ရပါမည်၊)

(၃) နောက် လေ့ကျင့်ခန်းတစ်ခုမှာ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြုလုပ်ပါ၊တစ်နေ့လျှင် (၁၅)ကြိမ် ပြုလုပ်ပါ၊
     (ထိုသို့ ပြုလုပ်စဉ် လက်နှစ်ဖက်ကို ခါးတွင်ထောက်ထားပါ၊)

           အထက်ပါ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ပါသည်
Credit: http://www.sitagucenter.org

ကင်ဆာရောဂါအတွက်ဆေးတစ်ခွက်


ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက
ပြန်လာနိုင်ခဲ့ကြပါတယ်" ။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။
အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ။
သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။
သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ ``ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ
လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ်။
အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။ သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။
အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။ အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး
(အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ်..

ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။
ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ ဆရာသမားများ (အနာနှင့်ဆေးတည့်သော်)တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း
ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝ
သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။
( Mg Mandalay )
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A491662&xgs=1&xg_source=msg_share_post

ကျန်းမာရေးအတွက် မိမိကိုယ်မိမိ ထိန်းသိမ်း စောင့်ရှောက်နည်း (SELFCARE)


ပန်းဥယျာဉ်ထဲရှိ ရေပိုက်များအတွင်း ရေများစီး ဆင်းနေသကဲ့သို့ သွေးသည်လည်း လူတို့၏ ခန္ဓာ ကိုယ်ထဲရှိ သွေးကြောများအတွင်း လှည့်ပတ်စီးဆင်းလျက်ရှိသည်။ ရေပိုက်ခေါင်းကို ဖွင့်လိုက်သည့်အခါ ပိုက်လိုင်းထဲတွင်ရှိသော ရေသည် အရှိန်ဖြင့် စီးဆင်းလာသကဲ့သို့ သွေးသည်လည်း သွေးကြောများအတွင်း အရှိန်ဖြင့် စီးဆင်းလျက်ရှိသည်။
နှလုံးတစ်ချက်ခုန်တိုင်း နှလုံးသည် သွေးကို သွေးကြောများထဲသို့ အရှိန်ဖြင့်တွန်းပို့သောအခါ သွေးဖိ အား တက်လာသည်။ ၎င်းကိုအပေါ်သွေးဟုခေါ်သည်။ အပေါ်သွေးသည် သာမန်အားဖြင့် (၁၂၀) မီလီမီတာ မာကျူရီ ရှိသည်။ နှလုံးခုန်နှုန်းတစ်ချက်နှင့်တစ်ချက်အကြား နှလုံးနားနေချိန်တွင် သွေးလွှတ်ကြောများအတွင်း သွေးဖိအား လျော့နည်းလာသည်။ ၎င်းကို အောက်သွေးဟုခေါ်သည်။ အောက်သွေးသည် သာမန်အားဖြင့် (၈၀) မီလီမီတာမာကျူရီ ရှိသည်။
သင်သည် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် အမြင်အာရုံေ၀၀ါးခြင်းများ ခံစားရသည့်အခါ ဆရာဝန်နှင့်သွားရောက်ပြသတိုင်ပင်သင့်သည်။ အချိန်တိုင်း သွေးပေါင်ချိန်တက်နေ သည့်အခါ သွေးကြောနံရံပေါ်သို့ အဆက်မပြတ်သက်ရောက်နေသော ပြင်းထန်များပြားသည့် ဖိအားသည် သွေးကြောများကိုသာမက နှလုံး၊ ကျောက်ကပ်၊ မျက်စိနှင့် ဦးနှောက် အပါအ၀င် အင်္ဂါများကိုလည်း ထိခိုက် ပျက်စီးစေနိုင်သည်။ သွေးပေါင်ချိန် 140/90mmHg နှင့် အထက် များခြင်းသည် ဆေးပညာအရ သွေးတိုး ရောဂါဟု သတ်မှတ်သည်။
သွေးကြောများအတွင်းရှိ ဖိအားကို နှလုံးခုန်နှုန်းကို ထိန်းခြင်းဖြင့်လည်းကောင်း၊ သွေးကြောများကို ကျယ်ပေးစေခြင်းဖြင့်လည်းကောင်း ထိန်းညှိပေးနိုင်သည်။ ထို့အတူ သွေးကြောအတွင်းရှိဖိအားကို ဘ၀နေထိုင် မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့်လည်း ထိန်းချုပ်နိုင်သည်။
ဤဆောင်းပါးတွင် သွေးတိုးရောဂါထိန်းချုပ်ရာတွင် အကူအညီပေးနိုင်သည့် အချို့သော အချက်အ လက်များကို ဖော်ပြပေးထားသည်။
S (Stop Smoking) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်ဟူသော သတိပေးချက်အ တိုင်း ဆေးလိပ်သာမသောက်ပါက ကျန်းမာရေးကောင်းမွန် စေရန်အတွက် များစွာအထောက်အကူ ဖြစ်စေ နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းဖြစ်သည်။ ပြင်းပြင်းရှုရှိုက်လေ ပို၍ ရောဂါရလေပင်ဖြစ်သည်။သို့သော် သင်ဆေးလိပ်ဖြတ် လိုက်မည်ဆိုလျင် နှလုံးရောဂါ နှင့်သွေးကြောဆိုင်ရာရောဂါ များဖြစ်ပွားနိုင်သောအန္တရာယ်ကို တဖြည်းဖြည်း လျော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် နှလုံးနှင့်သွေးကြော ရောဂါများ အသက်အန္တရာယ်ကိုခြိမ်းခြောက်သည် အထိမစောင့် ဘဲ ယခုပင် ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။
E (Exercise Regularly) ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးပေါင်ချိန်လျော့ ချရန်နှင့်သင်၏ကျန်းမာရေးကောင်းမွန်စေရန်အ တွက် များစွာအထောက်အကူပေးသော အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း အားဖြင့် နှလုံး၏လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ ကြွက်သားများ၏ တင်းအား၊ လျော့အားများကို ပုံမှန်ကောင်းမွန်စေရုံသာမက သွေးလှည့်ပတ်မှုကို အကောင်းဆုံးပုံမှန်ဖြစ်စေပြီး သွေးပေါင် တက်ခြင်းကိုပါ လျော့ကျစေနိုင်ပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသော လေ့ကျင့်ခန်းအချို့မှာ လမ်းလျောက် ခြင်း၊ အနှေး ပြေးခြင်း (Jogging)၊ အမြန်ပြေးခြင်း (Running) ၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းတို့ဖြစ်သည်။
L (Limiting salt in your Diet) သင်၏အစားအစာထဲတွင် ဆားလျော့စားထားခြင်း (ဆားပါဝင်မှုကို ကန့် သတ်ထားခြင်း)
သွေးတိုးရောဂါနှင့် ဆားတွင်ပါဝင်သော ဆိုဒီယမ်ဓာတ်တို့၏ ဆက်နွယ်နေမှုကို တိတိကျကျ မည်သူမှ မဖော်ထုတ်နိုင်သေးပေ။အိမ်သုံးဆားနှင့် အချို့အစားအစာများ ပြုလုပ် ရာတွင်ပါဝင်သော ဆိုဒီယမ်ဓာတ်သည် အချို့လူများ၏ သွေးပေါင်ချိန်ကို တိုက်ရိုက်သက်ရောက်မှု ရှိသော်လည်း အချို့သောသူများတွင် အနည်း ငယ်သာ သက်ရောက်မှု ရှိသည်ကို တွေ့ရသည်။ လူတစ်ဦး နှင့်တစ်ဦး သက်ရောက်မှု မတူညီကြပေ။ အချို့ လူများသည် ၎င်းတို့စားသုံးသော အစား အစာများထဲတွင် ဆားပါဝင်မှုလျော့ချခြင်းအားဖြင့် သွေးတိုးရောဂါကို လွယ်လွယ်ကူကူပင် လျော့ချနိုင်သည်။ သွေးတိုးရောဂါနှင့်ပတ်သက်သော ကျွမ်းကျင် သည့်ပညာရှင်များက လူတစ်ဦးနေ့စဉ် စားသုံးသော အစားအစာထဲတွင် ဆားပါဝင်မှုကို (၂၄၀၀)မီလီဂရမ်၊ သို့မဟုတ် လ္ဘက်ရည် ဇွန်းတစ်ဇွန်း ထက်မပိုစေရန် ကန့်သတ်ထားသည်ကို လေ့လာတွေ့ရှိရပေသည်။
F (Fat Free Food) အဆီမပါသော အစားအစာများ
သွေးပေါင်ချိန်မြင့်တက်ခြင်းသည် အဆီနှင့် ကိုလက်စထရောပါဝင်မှုများသော အစားအစာများနှင့် ဆက်စပ်မှုရှိနေသောကြောင့် နေ့စဉ်စားသုံးသော အစားအစာများတွင် အဆီပါဝင်မှုလျော့ချရန် အရေးကြီး ပေသည်။ ကိုလက်စထရောနှင့် အဆီပါဝင်မှုများသော အစားအစာများကို လျော့စားပါ၊ အသားများနှင့် အတူ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ များကို မျတစွာစားသုံးပါ။ မွေးမြူရေးအသားများ ထက်စာလျင် အရေပြားမပါသော ကြက်သား၊ ငါးများ၊ အဆီမပါသော (ထုတ်ထားသော) အသားများကိုသာ စားသုံးသင့်ပါသည်။ ကြက်ဥ၊ ဘဲဥများကို လျော့စားပါ။ ထို့အပြင် မိမိတို့အနေဖြင့်နွားနို့သောက်မည်ဆိုလျင် အဆီမပါသောနွားနို့ သို့မဟုတ် အဆီနည်းသောနွားနို့ (1% milk)ကိုသာ သောက်သင့်ပေ သည်။
ပြည့်ဝဆီပါဝင်မှုနည်းသော သင့်တင့်မျတသော အစားအစာများကိုသာ စားသုံးရန်အကြံပြု ထားပါ သည်။ အစားအလွန်အကျွံစားသုံးခြင်းမှရှောင်ကြဉ်ရန် အရေး ကြီးသည်။
သို့သော် အကြောင်းအရင်းမသိ သွေးတိုးရောဂါ ရှိသော်လည်း အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါ များ မရှိသည့်လူများတွင် စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဖြစ်ပေါ်လာသည့် အကျိုးကျေးဇူးများမှာ ရှင်းလင်းတိကျစွာ မသိရှိရသေးပေ။
C (Control your Weight) သင်၏ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပါ
ခန္ဓာကိုယ်အ၀လွန်ခြင်းနှင့် သွေးတိုးရောဂါသည် ဆက်စပ်လျက်ရှိသည်။ ၀မ်းဗိုက်တွင် အဆီစုနေသူ များသည် ကိုလက်စထရော မြင့်တက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများနှင့် ဆက်စပ်မှုရှိပေသည်။ ခန္ဓာ ကိုယ်အလေးချိန်လျော့ချခြင်းသည် နှလုံးရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလျော့ချနိုင်ရုံသာမက သွေးတိုးရော ဂါတွင် ကုသသော အချို့ဆေးဝါးများ၏ အကျိုးအာနိသင်ကို ပိုမိုအစွမ်းထက်မြက်စေပါသည်။
သွေးပေါင်ချိန်များသော တစ်နည်းအားဖြင့် သွေးတိုးရောဂါရှိသော ခန္ဓာကိုယ်အ၀လွန်သည့် မည်သူမ ဆို ခန္ဓာကိုယ်အလေးချိန်လျော့ချရန် နည်းလမ်းများကို စတင်ပြုလုပ်သင့်ပါသည်။ ယင်းနည်းလမ်းများတွင် အစားအသောက် ပြုပြင်ပြောင်းလဲခြင်းနှင့် လေ့ကျင့် ခန်းပြုလုပ်ခြင်းတို့ ပါဝင်သည်။
A (Avoid Alcohol Intake) အရက်သောက် ခြင်းကို ရှောင်ပါ
အရက်သောက်ခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်စေပါသည်။ လူတစ်ယောက်သည် တစ်နေ့လျင် အရက်သုံး ခွက်ထက် ပိုမိုသောက်ပါက သွေးတိုးရောဂါဖြစ် ပွားစေပါသည်။ အရက်အလွန်အကျွံ သောက်သုံး ခြင်းသည် လေဖြတ်လေငန်းရောဂါ၊ အသည်းရောဂါနှင့် အခြားပြင်းထန်သည့်ရောဂါများ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်တက်စေပါသည်။ ထို့ပြင် အရက်ကြောင့် သွေးတိုးရောဂါကို ကုသ သည့် အချို့ဆေးဝါးများ၏ အကျိုးအာနိသင်ကို လျော့ကျစေနိုင်ပါသည်။
R (Reduce Stress) စိတ်ဖိစီးမှုများအား လျော့ချပါ
စိတ်ဖိစီးမှုကြောင့် သွေးပေါင်ချိန်မြင့်တက်စေသည်။ အချို့သောနည်းလမ်းများသည် စိတ်မကြည်မ သာဖြစ်မှု (စိတ်ညစ်ညူးမှု)များကို လျော့ကျစေပြီး ကျန်းမာရေးကောင်းမွန်စေရန်များစွာ အထောက်အကူပြု ပါသည်။ အချို့သောနည်းလမ်းများသည် မိမိတို့၏ဘ၀တွင် စားသောက်ပုံပြောင်းလဲခြင်း၊ အရက်သောက်ပုံ ပြောင်းလဲခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းစသည့် အရေးကြီးသည့် ဘ၀နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့တွင် အထောက်အကူ ဖြစ်စေနိုင်သည်။ သင့်အနေဖြင့် မည်သည့်အခြေအနေမျိုး တွင် စိတ်ဖိစီးမှုများတတ်သည်ကို အဓိကထားစဉ်းစား တွေးတောကာ ဖြစ်နိုင်လျင် ယင်းအခြေအနေမျိုးကို ရှောင်ရှားနိုင်ရန် နည်းလမ်းများ ကြိုတင်စဉ်းစားထား သင့်ပေသည်။
သင့်စိတ်ထဲတွင် ဖိစီးမှုများလာလျင် လမ်းလျောက်ပါ၊ သို့မဟုတ် ရေကူးပါ။ လေ့ကျင့်ခန်း ပြုလုပ် ခြင်းသည် အလွန်အံသြဖွယ်ကောင်းသော သဘာဝ စိတ်ဖိစီးမှုလျော့ကျစေသည့် စိတ်ငြိမ်စေသည့် နည်းလမ်း ပင်ဖြစ်သည်။ အနှိပ်ခံခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ ယောဂကျင့်စဉ်ကျင့်ခြင်း၊ တရားထိုင်ခြင်းနှင့် အခြားစိတ် ဖိစီးမှုလျော့ကျစေသည့် နည်းလမ်းများကိုလည်း ကျင့်သုံးပါ။
သက်တောင့်သက်သာထိုင်၍ ကြွက်သားများကို လျော့ထားပါ။ စိတ်ထဲတွင် ရှိသမျသော စိတ်ဖိစီးမှု အားလုံးကို ဖယ်ထုတ်ပြီး သာယာချမ်းမြေ့ဖွယ် ကောင်း သော ပင်လယ်ကမ်းခြေရောက်နေသကဲ့သို့ စိတ်ထဲတွင် သဘောထားကာ မိမိ၏၀င်လေ၊ ထွက်လေကို နှာသီးဖျားတွင် သတိကပ်ထားခြင်းနည်းလမ်း၊ တနည်းအား ဖြင်တရားထိုင်၊ တရားမှတ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျ စေနိုင်ပါသည်။
E (Early Detection and Prevention) စောစော စမ်းသပ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း
သင့်အနေဖြင့် အသက်ရှုရာတွင် ခက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း များ ဖြစ်ပေါ်လာပါက သင့်ဆရာဝန်ထံ သွားရောက်ဆွေးနွေး တိုင်ပင်သင့်သည်။ နှလုံးရောဂါနှင့် သွေးကြော ဆိုင်ရာရောဂါများ သင့်အား တိုက်ခိုက်လာချိန်အထိ မစောင့်ပါနှင့်။ သင့်၏ ဆရာဝန်ထံ ချက်ချင်းသွား ရောက်၍ ဆွေးနွေး တိုင်ပင်ပြီး သင့်လျော်သောကုသမှုကိုခံယူပါ။ သင့်အား ပေးလိုက်သည့် ဆေးအမည် များအား သိအောင်ကြိုးစားပြီး မှတ်သားထားပါ။ ထို့ပြင် မည်သည့် ဆေးဝါးများကို ပေးလိုက်သည်၊ မည်မျ ပမာဏကို မည်သည့်အကြိမ် အရေအတွက်ဖြင့် သောက်သုံးရမည်ကို စာရင်းပြုစု၍ ချရေးထားပါ။ ယင်းသည် နောင်တချိန်တွင် များစွာအသုံးဝင် လာနိုင်ပါသည်။
ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။ ဆေးကုန် သွားပြီဆို၍ ဖြတ်မပစ်ပါနှင့်။ မိမိသောက်ရမည့် ဆေးပမာဏကို မေ့သွားခဲ့လျင် မည်သို့ပြုလုပ်ရမည်ကို သိအောင်ကြိုးစားပါ။ ဆေးပုလင်းတစ်လုံးထဲတွင် ဆေးများအားရောမထည့်ပါနှင့်။ ဆေးဝါးများကို သူ့ပုလင်းနှင့်သူ ခွဲခြားသတ်မှတ်ပြီး ထည့်ထားပေးပါ။ အခြားသူများ၏ ဆေးများကိုယူ၍ သောက်သုံးခြင်း၊ မိမိဆေးများကို သူတစ်ပါးအားပေးသောက်ခြင်းများ မပြုလုပ်ပါနှင့်။ သိချင်သည်များကို ရင်းနှီး ပွင့်လင်းစွာမေးမြန်းပါ။ ယင်းမေးခွန်းများသည် အမှန်တကယ် အားဖြင့် မေးသင့်မေးထိုက်သော မေးခွန်းများသာ ဖြစ်ပေသည်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A491517&xgs=1&xg_source=msg_share_post

TeamViewer သုံးပြီး သူငယ်ချင်းတွေစက်ထဲ အလည်သွားကြရအောင်

nl TeamViewer 7.0.13936 Free + Portable id  
ပထမတခါ တင်ထားး ဘူးပြီးသားပါ လင့်တွေဖျက်ချခံလိုက်ရပါတယ်...  ဒါကြောင့် ခုတကြိမ်