“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, November 2, 2012

ကမ္ဘာ့အရှည်ဆုံး ဆံပင်အမောက်ထောင်နိုင်သူ


ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားကတော့ ဂျပန်နိုင်ငံမှ အသက် ၄၀ အရွယ် ဖက်ရှင် ဒီဇိုင်နာ Kazuhiro Watanabe ဖြစ်ပါတယ်။

လက်ရှိ သူထောင်ပြခဲ့ ဆံပင်ကတော့ အမြင့် ၃ပေ ၈.၆ လက်မ (၁.၃ မီတာ) ရှိပါတယ်။ သူ့ဆံပင် ဒီလိုရှည်ပြီး ထောင်လို့ ရအောင် ၁၅ နှစ်တိတိ အချိန်ယူထားပါတယ်။ ၁၅ နှစ်လုံးလုံး ဆံပင်ကို တစ်နေ့ ဂျယ် တစ်ဘူး၊ ဆံပင်ဖြန်း စပရေး ၃ ဗူး အကုန်ကျခံပြီး အမောက် မထောင်ထောင်အောင
် မွေးထားတဲ့ ဆံပင် ပုံစံ ဖြစ်ပါတယ်။

သူ့ရဲ့ ထူးထူးခြားခြား စွမ်းဆောင်နိုင်မှုကြောင့် ၂၀၁၃ ကမ္ဘာ့ ဂင်းနစ်မှတ်တမ်း စာအုပ် ထပ်တိုးစာရင်းထဲမှာ ထပ်မံ မှတ်တမ်းတင် ဂုဏ်ပြုပေး မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၃ပေ ၈.၆ လက်မ ရှည်တဲ့ ဆံပင်အထောင် ပုံစံနဲ့ Kazuhiro ကို ယခုလို မြင်တွေ့ ရပါတယ်။
---
Ref:knowworld
 
 
 

Views: 277

မဟာစည်ဆရာတော်ကြီး၏မေတ္တာပို့

အကျွန်ုပ်သည် ဘေးရန်ကင်းကွာချမ်းသာရပါလို၏။ စိတ်ဆင်းရဲခြင်းကင်းရပါလို၏။ ကိုယ်ဆင်းရဲခြင်းကင်းရပါလို၏။ ကိုယ့်ဝန်ကိုယ့်တာကိုယ်ခန္ဓာချမ်းသာစွာ မွေးမြူရပါလို၏။
အကျွန်ုပ်၏မိဘနှစ်ပါး၊ ဆရာသမားများအားလုံး၊ ဥာတကာမိတ်ဆွေအားလုံး၊ တရားကျင့်ဖော်အားလုံး
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ၊

ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြသော ယောဂီသူတော်စင်အားလုံး၊
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြသော ရဟန်းသာမဏေအားလုံး၊
သူတော်စင်အမျိုးသား၊ သူတော်စင်အမျိုးသမီးအားလုံး
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ကျွန်ုပ်၏ပစ္စည်းလေးပါးအလှူ့ဒါယကာ၊ အလှူ့ဒါယိကာမအားလုံး၊
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ကျွန်ုပ်၏ကိုယ်စောင့်နတ်အပေါင်း၊ ဤကျောင်းတိုက်အတွင်း၌လည်းကောင်း၊
ဤအိမ်အတွင်း၌လည်းကောင်း၊ ဤခြံကြီးအတွင်း၌လည်းကောင်း၊
စောင့်ရှောက်ကြကုန်သော ဒေဝတာနတ်အပေါင်း
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
သက်ရှိကျားမ-မဟူ သတ္တဝါအပေါင်း၊ ဝင်သက်ထွက်သက်ရှိကြကုန်သောသတ္တဝါအပေါင်း၊
အလုံးစုံသောသတ္တဝါအပေါင်း၊ ပုဂ္ဂိုလ်အပေါင်း၊ ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း၊
အမျိုးသမီးအပေါင်း၊ အမျိုးသားအပေါင်း၊ အရိယာသူတော်စင်အပေါင်း၊ အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း၊ နတ်ဗြဟ္မာအပေါင်း၊ လူသားအပေါင်း၊ အပါယ်ဘုံသားအပေါင်း
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ၊ ရရှိပြီးသောဂုဏ်သိမ်စည်းစိမ်များလည်း မယုတ်လျော့ကြပါစေသတည်း၊ ကိုယ်ပြုသောအမှုအတိုင်း ခံစားစံစားရသူချည်းပါတကား။
အရှေ့အရပ်၌ရှိကြကုန်သော၊ အနောက်အရပ်၌ရှိကြကုန်သော၊ မြောက်အရပ်၌ရှိကြကုန်သော၊ တောင်အရပ်၌ရှိကြကုန်သော၊ အရှေ့တောင်ထောင့်အရပ်၌ရှိကြကုန်သော၊ အနောက်မြောက်အရပ်၌ရှိကြကုန်သော၊ အရှေ့မြောက်ထောင့်အရပ်၌ရှိကြကုန်သော၊ အနောက်တောင်ထောင့်အရပ်၌ရှိကြကုန်သော၊ အောက်အရပ်၌ရှိကြကုန်သော၊
အထက်အရပ်၌ရှိကြကုန်သော၊် သက်ရှိကျားမ-မဟူ သတ္တဝါအပေါင်း၊ ဝင်သက်ထွက်သက်ရှိကြကုန်သောသတ္တဝါအပေါင်း၊
အလုံးစုံသောသတ္တဝါအပေါင်း၊ ပုဂ္ဂိုလ်အပေါင်း၊ ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း၊
အမျိုးသမီးအပေါင်း၊ အမျိုးသားအပေါင်း၊ အရိယာသူတော်စင်အပေါင်း၊ အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း၊ နတ်ဗြဟ္မာအပေါင်း၊ လူသားအပေါင်း၊ အပါယ်ဘုံသားအပေါင်း
ဘေးရန်ကင်းကွာချမ်းသာကြပါစေ၊ စိတ်ဆင်းရဲခြင်းကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
ကိုယ့်ဝန်ကိုယ့်တာကိုယ့်ခန္ဓာချမ်းသာစွာ မွေးမြူနိုင်ကြပါစေ။
ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ၊ ရရှိပြီးသောဂုဏ်သိမ်စည်းစိမ်များလည်း မယုတ်လျော့ကြပါစေသတည်း၊ ကိုယ်ပြုသောအမှုအတိုင်း ခံစားစံစားရသူချည်းပါတကား။
အထက်ဘဝဂ်၊ အောက်အဝီစိ၊ ရှိရှိသမျှ အနန္တစကြာဝဠာ ကုန်းနေသတ္တဝါအားလုံး
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ။
အထက်ဘဝဂ်၊ အောက်အဝီစိ၊ ရှိရှိသမျှ အနန္တစကြာဝဠာ ရေနေသတ္တဝါအားလုံး
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ။
အထက်ဘဝဂ်၊ အောက်အဝီစိ၊ ရှိရှိသမျှ အနန္တစကြာဝဠာ ကောင်းကင်နေသတ္တဝါအားလုံး
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ။

(ဓမ္မာစရိယဆရာကြီးဦးဌေးလှိုင်မှ မြန်မာဘာသာသို့ပြန်ဆိုပေးထားမှုကို မေတ္တာရှေးရှုလျှက် ပြန်လည်မျှဝေပေးပါသည်။)

ဦးနှောက်အကြောင်း သင်မသိသေးသော အချက်များ

ဦးနှောက်မှာ နာ့ဗ်ဆဲလ်ပေါင်း ၁၀၀ ခန့် ရှိပါတယ်။ တစ်ခါတစ်ရံမှာ မယုံကြည်နိုင်လောက်အောင် ဦးနှောက်က စွမ်းဆောင်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ အခင်ဆုံး သူငယ်ချင်းရဲ့မွေးနေ့
ကိုတောင် မေ့နေတတ်ပါတယ်။ ဦးနှောက်က သုံးပေါင်ခန့်ပဲ လေးပေမယ့် ခန္ဓာကိုယ် စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းကို အသုံးပြုနေပါတယ်။
(၁) Google က ဦးနှောက်ရဲ့ မှတ်သားမှုကို အားနည်းအောင် လုပ်နေပါတယ်
ကိုလံဘီယာ တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်အရ လူအများစုဟာ အင်တာနက်ကို ပိုမှီခိုလာပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးမှု နည်းလာပါတယ်။ Google အသုံးများတာကြောင့် စိတ်ကူးတွေ၊ တွေးခေါ်ပုံတွေကို ကောင်းကောင်း သိနားလည်လာပေမယ့် မှတ်ဉာဏ်က ပိုမို လျော့နည်းလာပါတယ်။
(၂) တချို့ လူတွေက အဆင်သင့် အစာတွေကို စွဲလမ်းကြတယ်၊ တချို့က မစားချင်ကြဘူး
လေ့လာမှု တစ်ခုအရ လူတွေကြိုက်တဲ့ အစားအသောက်နဲ့ စိတ်လှုပ်ရှားမှုဖြစ်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေကို လေ့လာခဲ့ကြရာ ဒါက ဒိုပါမင်းဟော်မုန်းနဲ့ ဆက်စပ်မှု ရှိတာကို တွေ့ရပါတယ်။ ဒိုပါမင်းဟော်မုန်းဟာ စိတ်တက်ကြွမှု၊ စိတ်ကြည်နူးမှုတို့နဲ့ ဆက်စပ်နေပြီး ဒိုပါမင်း လက်ခံတဲ့ Receptor လျော့နည်းလေလေ၊ ပျော်ရွှင်ဖို့ရာအတွက် အဆင်သင့် အစာတွေ ပိုလိုအပ်လေလေ ဖြစ်တာကို တွေ့ရပါတယ်။
(၃) သီချင်းနားဆင်တာက အတိတ်ကို ပြန်အောက်မေ့စေတယ်
တေးဂီတ၊ အတိတ်ကို လွမ်းဆွတ်မှုနဲ့ လူသားတို့အကြား ဆက်စပ်မှု ရှိပါတယ်။ ၂၀၁၀ လေ့လာမှုအရ အဓိပ္ပာယ်ရှိတဲ့ တေးသီချင်း နားထောင်ပေးရင် ကလေးဘ၀မှာ ရရှိခဲ့တဲ့ ချစ်ခင်ကြည်နူးဖွယ်ရာ အခိုက်အတန့်ကို အောက်မေ့သတိရပြီး ပျော်ရွှင်မှုကို ရရှိစေတယ်လို့ သိရပါတယ်။
(၄) ဦးနှောက်က အနာဂတ် ကာလကို ခန့်မှန်းနိုင်တယ်
၂၀၁၂ လေ့လာမှုမှ တွေ့ရှိချက်အရ ဦးနှောက်ရဲ့ အရှေ့ဘက်ကျတဲ့ အစိတ်အပိုင်း Frontopolar Cortex ဟာ အတိတ်ကာလ အတွေ့အကြုံကို အခြေခံပြီး အနာဂတ်မှာ ကြုံရမယ့် အရာတွေကို ခန့်မှန်းနိုင်ပါတယ်။ ဒါက ဦးနှောက်ရဲ့ ရေတိုခန့်မှန်းမှုဖြစ်ပြီး အနာဂတ် အကြောင်းကို နည်းလမ်းတကျ တွေးခေါ်နိုင်ပါတယ်။
(၅) အဖော်ကောင်းရင် ပိုဈေးဝယ်ဖြစ်
လေ့လာမှု အသစ်နှစ်ခုအရ စိတ်ဖိစီးမှုများနေချိန်၊ အိပ်ရေးပျက်နေချိန်နဲ့ သတိလက်လွတ် ဖြစ်နေချိန်တွေမှာ ဈေးဝယ်ထွက်လိုစိတ် ပြင်းပြမှု အရှိဆုံး ဖြစ်တယ်လို့ သိရပါတယ်။ နောက်လေ့လာမှု တစ်ခုအရ သိရတာက ဆွဲဆောင်မှုရှိပြီး အရည်အချင်းရှိတဲ့ ဈေးဝယ်အဖော်ပါရင် ပိုပြီး ဈေးကြီးတဲ့ အသုံးအဆောင်ကို ဝယ်ယူဖြစ်နိုင်ခြေ ပိုများကြောင်း သိရပါတယ်။
(၆) တစ်ခါတစ်ရံ သင့်စိတ်ခံစားမှုကို ယုံကြည်သင့်တယ်လို့ထင်တယ်
အသိစိတ်ဟာ ကောင်းတဲ့ ရွေးချယ်မှုကိုချည်း အမြဲ ဦးတည်မနေပါဘူး။ လေ့လာမှု တစ်ရပ်အရ ရိုးစင်းတဲ့ ဆုံးဖြတ်ချက်ကိုချဖို့ ဦးနှောက်ကို အသုံးပြုတာနဲ့ ပိုရှုပ်ထွေးတဲ့ အရာအတွက် ဆုံးဖြတ်ချက်ချဖို့ စိတ်ခံစားမှုကို အသုံးပြုတဲ့ ကျောင်းသားတွေက ပိုမိုပျော်ရွှင်မှု ရှိကြကြောင်း သိရပါတယ်။
(၇) ဦးနှောက်ဂိမ်းတွေက သီချင်း နားထောင်တာလောက် မှတ်ဉာဏ်အပေါ် ထိရောက်မှု မရှိပါဘူး
လတ်တလော လေ့လာမှု တစ်ရပ်အရ အသက် ၁၈-၆၀ နှစ်ကြား ပါဝင်အစမ်းသပ်ခံသူ ၁၁၄၃၀ ဦးကို လေ့လာခဲ့ရာ တစ်နေ့မှာ ၁၀ မိနစ်ခန့် အွန်လိုင်းဂိမ်းတွေကို တစ်ပတ် သုံးကြိမ်နဲ့ ခြောက်ပတ်ကြာ လုပ်ဆောင်စေခဲ့ပါတယ်။ ဒီစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ပြီးတာတောင် မှတ်ဉာဏ်တိုးတက်မှုနဲ့ လေ့လာမှုစွမ်းရည် တိုးတက်မှု မရှိခဲ့ဘူးလို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။ တကယ်တမ်း မှတ်ဉာဏ် ကောင်းလိုတယ်ဆိုရင် တေးသီချင်းတွေကို များများ နားထောင်သင့်ပါတယ်။ တေးသီချင်းတွေကို နားထောင်တာကြောင့် မှတ်ဉာဏ် ပိုကောင်းပြီး အာရုံစူးစိုက်မှု ပိုကောင်းတာကို တွေ့ရကြောင်း စတန်းဖို့ဒ် တက္ကသိုလ်မှ လေ့လာတွေ့ရှိရပါတယ်။
(၈) ဦးနှောက်ကို ကောင်းတဲ့နည်းတွေနဲ့ အလွယ်တကူ လှုံ့ဆော်နိုင်ပါတယ်
စွဲလမ်းမှု ဇီဝဗေဒ လေ့လာမှုအရ မကြာခဏ နေပူဆာလှုံတာဟာ ဆေးစွဲတာလိုပဲ ဦးနှောက်ကို တူညီတဲ့ တုံ့ပြန်မှုတွေ ပေးပေမယ့် ဉာဏ်ကောင်းစေတာမျိုးတော့ မဟုတ်ပါဘူး။ အစာကို အလွန်အကြူးစားတာ၊ ဖေ့စ်ဘွတ်ခ်လို လူမှုရေးကွန်ရက် အသုံးများတာ၊ တခြားစွဲလမ်းစေတဲ့ လုပ်ဆောင်မှုတွေ လုပ်တာတွေက ဦးနှောက်ကို လှုံ့ဆော်မှု မပေးနိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ အပန်းပြေတာ စတဲ့နည်းကောင်းတွေနဲ့ပဲ ဦးနှောက်ကို လှုံ့ဆော်နိုင်ပါတယ်။
(၉) အမျိုးသမီးတွေက ဦးနှောက်သေးတာကြောင့် စိတ်ခံစားမှု ပိုဖြစ်လွယ်
ရုပ်ပိုင်းဆိုင်ရာအရ ပြောရရင် အမျိုးသမီးတွေရဲ့ ဦးနှောက်ထက် အမျိုးသားတွေရဲ့ ဦးနှောက်က ၁၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေက ကိုယ်လုံးကိုယ်ထည်ချင်းလည်း မတူကြပါဘူး။ စိတ်ခံစားမှုပိုင်း ယှဉ်လိုက်ရင် အမျိုးသမီးတွေက စိတ်ဝေဒနာ ပိုခံစားလွယ်ပြီး အမျိုးသားတွေက အာရုံစူးစိုက်မှု ချို့တဲ့ရောဂါ ပိုရလွယ်ကာ ဘာသာစကား တတ်ကျွမ်းမှု ပိုနည်းပါတယ်။
(၁၀) ဦးနှောက်က အသက် ၂၀ အရွယ်မှာ အကောင်းဆုံး
မှတ်ဉာဏ်ဟာ အသက် ၂၇ နှစ် ဝန်းကျင်မှာ စတင် ကျဆင်းလာပါတယ်။ ဒါပေမဲ့ အသက် ၄၅ နှစ်အထိ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာက ကျဆင်းမှု မရှိသေးပါဘူး။ တကယ်လို့ ဘလူးဘယ်ရီသီးလို မှတ်ဉာဏ်ကောင်းစေတဲ့ အစာခုနစ်မျိုးကို စားပေးရင် မှတ်ဉာဏ်ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A8053101&xgs=1&xg_source=msg_share_post

HIVပိုး...ရှိမှန်းသိနိုင်သည့်...လက္ခဏာများ

ခန္ဓာကိုယ်ထဲကို HIV ပိုး ဝင်ရောက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းဟာ တစ်လမှ နှစ်လအတွင်း
Acute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး လက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။

တစ်ခါတစ်ရံမှာ HIV ရောဂါပိုးဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ်ထိတောင်

မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုးရှိသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ
သူတို့မှာ ပိုးရှိမှန်း မသိရှိကြပါဘူး။
ပိုးရှိ၊ မရှိ စစ်ဆေးဖို့က အရေးကြီးပါတယ်။
အထူးသဖြင့် မိမိအိမ်ထောင်ဖက်အပေါ် သစ္စာမရှိဘဲ တခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုလုပ်သူတွေနဲ့
မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူတွေ အနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။
အောက်ပါတို့ဟာ HIV ပိုးရှိနေမှန်း သိနိုင်တဲ့ လက္ခဏာတချို့ပါ။

၁။ အဖျားရှိခြင်း


HIV ပိုး ဝင်ရောက်တဲ့ ပထမဆုံး လက္ခဏာ အနေနဲ့ အဖျားရှိတာပါ။ ၁၀၂ ဒီဂရီလောက်ထိ ရှိတတ်ပါတယ်။

မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။
ဗိုင်းရပ်စ်ပိုးဟာ သွေးအတွင်း ရွေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့ အခါမှာ ခုခံအားစနစ်က
တုံ့ပြန်တာကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။

၂။ မောပန်းခြင်း


ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။

မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

၃။ ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း


HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ကာလသားရောဂါ ဒါမှမဟုတ် အသည်းရောင်ရောဂါနဲ့လည်း မှားယွင်းတတ်ပါတယ်။
အဲဒီရောဂါတွေ အားလုံးမှာ အဆစ်နဲ့ ကြွက်သားကိုက်ခဲ နာကျင်တာ၊ အကျိတ်တွေ ရောင်တာတွေ ဖြစ်ပေါ်တတ်လို့ပါ။
ခန္ဓာကိုယ်တွင်း ပိုးဝင်ရောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ရဲ့ တုန့်ပြန်မှုကြောင့် အကျိတ်ရောင်တာဖြစ်ပြီး
များသောအားဖြင့် လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာတွေက အကျိတ်တွေမှာ ရောင်ရမ်းနေတတ်ပါတယ်။

၎။ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း


လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြားလက္ခဏာတွေပါ။


၅။ အရေပြားတွင် အဖုအပိမ့် ပေါက်ခြင်း


အရေပြားမှာ အဖုအပိမ့် ပေါက်တာဟာလည်း HIV ပိုးဝင်ရောက်တဲ့ စောစောစီးစီး လက္ခဏာ ဒါမှမဟုတ်

နောက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေဟာ လက်မောင်းနဲ့ ခန္ဓာကိုယ်အတွင်း
ပေါက်နေတတ်ပါတယ်။

၆။ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း


HIV ပိုး ဝင်ရောက်သူ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။


၇။ ကိုယ်အလေးချိန်ကျဆင်းခြင်း


HIV ပိုး ဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးရွားရွား

ဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့
အဓိပ္ပာယ်ရပါတယ်။မိမိခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး ကျဆင်းကာ
ဝမ်းပျက်နေပြီး ရက်ပေါင်း ၃၀ ကျော်ထိ အဖျားရှိနေမယ်ဆိုရင် HIV ပိုး ဝင်ရောက်နိုင်တယ်လို့ သံသယရှိရပါမယ်။

၈။ ချောင်းခြောက်ဆိုးခြင်း


ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြုရင်တောင် မပျောက်ကင်းခဲ့ရင်

HIV ရောဂါပိုးရှိတယ်လို့ သံသယဝင်ရပါမယ်။

၉။ နမိုးနီးယား အဆုတ်ရောင်ရောဂါ


ချောင်းဆိုးတာနဲ့ ကိုယ်အလေးချိန်ကျတာဟာ HIV ပိုး ဆိုးရွားစွာ ဝင်ရောက်တဲ့ လက္ခဏာ ဖြစ်ပြီး

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်တာပါ။
ခုခံအားစနစ် ကျဆင်းတာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ရောဂါပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။
နမိုးနီးယားအပြင် ရေယုန်နဲ့ မှိုပိုးတွေပါ ဝင်ရောက်နိုင်ပါတယ်။

၁၀။ ညဘက် ချွေးထွက်ခြင်း


HIV ပိုး ဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။

မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ ဝေဒနာလိုမျိုးပါ။
အခန်းအပူချိန် ဒါမှမဟုတ် လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။

၁၁။ လက်သည်း ခြေသည်း ပြောင်းလဲခြင်း


HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ လက်သည်းခြေသည်းတွေ တင်းပုတ်ပုံသဏ္ဌာန် ပြောင်းလဲတာ၊

လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင် ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။
မှိုပိုးကူးစက်တာကြောင့် ဖြစ်တတ်ပြီး ခုခံအားကျဆင်းနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။

၁၂။ မှိုရောဂါပိုး ဝင်ရောက်ခြင်း


မှက္ခရုပေါက်တာဟာ HIV ပိုးရှိသူတွေမှာ အဖြစ်များပါတယ်။ ကန်ဒိတာ မှိုပိုးကြောင့်ဖြစ်ပြီး ပါးစပ် ဒါမှမဟုတ်

အစာမျိုပြွန်မှာ ဖြစ်တတ်တာမို့ အစာမျိုရတာ ခက်ခဲတတ်ပါတယ်။

၁၃။ အာရုံစူးစိုက်နိုင်ရန် ခက်ခဲခြင်း


မှတ်ဉာဏ်ပြဿနာ၊ အာရုံစူးစိုက်ရ ခက်ခဲတဲ့ပြဿနာ၊ စိတ်တိုလွယ်တာ ဒါမှမဟုတ် စိတ်ဆတ်တာဟာ

HIV ပိုး ဝင်ရောက်ခံရတဲ့ လက္ခဏာပါ။ စာရေးတာလိုမျိုး နေ့စဉ် အလွယ်တကူ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ
ပြုလုပ်ဖို့လည်း ခက်ခဲတတ်ပါတယ်။

၁၄။ ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း


ပါးစပ်ရေယုန်နဲ့ လိင်အင်္ဂါမှာ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောက်ဆုံးအဆင့် လက္ခဏာတွေပါ။

ဒါ့အပြင် ရေယုန်ပေါက်တာကြောင့်လည်း HIV ပိုး ကူးစက်ဖို့ ပိုလွယ်သွားပါတယ်။
ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံနေစဉ်အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူ
ဝင်ရောက်နိုင်လို့ပါ။

၁၅။ ထုံကျဉ်ခြင်း၊ အားနည်းခြင်း


HIV ပိုး ရှိနေရင် ခြေထောက်နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။

အာရုံကြောပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။

၁၆။ ဓမ္မတာမမှန်ခြင်း


HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။

အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။
ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ်အရွယ်မှာ သွေးဆုံးတတ်ပေမယ့် HIV ပိုး ကူးစက်ခံရသူတွေမှာ
၄၇ နှစ်မှ ၄၈ နှစ် အရွယ်မှာ သွေးဆုံးတတ်ပါတယ်။
http://kopaelay.blogspot.com/2012/08/blog-post_7999.html#.UIvi0KBY5Y0

ခင်ပွန်းကြီး(၁၀)ပါး နှင့် ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိပါက ကျရောက်တတ်သော ဒဏ်ကြီး(၁၀)ပါးဆယ်ပါး


ခင်ပွန်းကြီး(၁၀)ပါး
၁။သမ္မာ သဗ္ဗုဒ္ဓဘုရား
၂။ပစ္စေက ဗုဒ္ဓါ
၃။ရဟန္တာ
၎။အဂ္ဂသာဝက
၅။မိခင်
၆။ဖခင်
၇။အလေးဂရုပြုထိုက်သူ
၈။တရားဟောဆရာ
၉။အတတ်ပညာသင်ပေးသူ
၁၀။ ကျွေးဖူး ပေးဖူးသူ
ဤသူများ ကို ကာယကံ ၊၀စီကံ မနောကံ၊ တို့ ဖြင့်ပြစ်မှား စော်ကားမိပါက ရရှိနိုင်မယ့် ဒဏ်ကြီး(၁၀)ပါးကတော့
၁။ ဝေဒနာကြီးမား
၂။လျော့ပါးစည်းစိမ်
၃။နေအိမ်မီးလောင်
၎။အင်္ဂါကျိုးပြတ်
၅။နူနာဝဲစွဲ
၆။စိတ်ဖောက်ရူးသွပ်
၇။ မမှန်စွပ်စွဲ
၈။မင်းပြစ်ဒဏ်သင့်
၉။ပြိုကွဲမျိုးဆွေ
၁၀။ရွှေငွေ ကျွဲနွား ယွင်းဖောက်ပြားက ဆယ်ပါးမျက်မှောက် ဒဏ်ကြီးရောက်၍ နောက်၌မသွေ သေပြန်လေသော် ငရဲ ကြီးစွာ လားဖို့ ရာတည်း ။
တရားဗဟုသုတ တိုးပွါးနိုင်ကြပါစေ...။
(ဓမ္မရံသီဆရာတော် ဦးသုနန္ဒ)
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1487825&xgs=1&xg_source=msg_share_post

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

 




ကံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့
သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။

ကျန်းမာကြံ့ခိုင်စေပါတယ်
ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်
ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ်
ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။

 ရေဓာတ် ပြည့်ဝစေပါတယ်
ပူပြင်းတဲ့ရာသီဒဏ်ခံရရင်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုကိုကြာကြာလုပ်ရင်ကံရည်ကို သောက်သင့်ပါတယ်။ ဒါကခန္ဓာကိုယ်ကိုရဓာတ်ပြည့်ဝစေပါတယ်။အထူးသဖြင့်ဆ်ာဒါလိုအချိုရည်တွေအစားကံရည်ကို သောက်
သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်
ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။

ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်
ကြံရိုးဟာဆီးလမ်းကြောင်းကိုသန့်စင်စေပြီးကျာက်ကပ်တွေကိုလုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ကံရိုးဟာဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။

သက်လုံကောင်းစေပါတယ်
ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။

ဝမ်းမှန်မှန်သွား စေပါတယ်
ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။
shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_3116.html#more

အံ့ဖွယ်ရေကုထုံး

 


ရေ(၆) ဖန်ခွက် (၁.၅) လီတာကို နေ့စဉ် သောက်သုံးခြင်းဖြင့် ဆရာဝန်ခ၊ စမ်းသပ်ခ၊ ဆေးဘိုး၊ ဆေးသောက်ခများ သက်သာ စေ ပါသည်။ ရေသောက်ခြင်းကို လက်တွေ့ လေ့ကျင့်မှု့ မလုပ်မှီ သင်ယုံကြည် လိမ့်မည်မဟုတ်။
ရေသောက်ခြင်း ရောဂါကုထုံးဖြင့် အောက်ပါ ရောဂါများကို ပျောက်ကင်း စေကြောင်း လေ့လာတွေ့ ရှိရပါသည်။ သွေးတိုး၊ သွေးအားနည်းခြင်၊ အဆစ်အမြစ် ကြွက်သား နာကျင်မှု အ၀လွန်ခြင်း၊ အဆစ် ရောင်ခြင်း၊လေး လံထုံထိုင်ခြင်း၊ သွက်ချာပါဒ ဖြစ်ခြင်း နှာပိတ်ခြင်း၊ မှုးဝေခြင်း ၊နှလုံးရောဂါ၊သွေးကြောကျဉ်းခြင်း ချောင်းဆိုးခြင်း၊ သွေးကင်ဆာ၊ ကျောက်ကပ် ၊ကျောက်တည်ခြင်းပန်းနာ၊ တီဘီ၊ ဦးနှောက်အမှေးရောင်ရော ဂါ ချောင်းဆိုရင်ကြပ်နာ၊ လိင်အင်္ဂါ ဆိုင်ရာရောဂါများ၊ အစာအိမ်မှ အစာမချေ ပေးနိုင်ခြင်း ၀မ်းကိုက် ရောဂါ၊ အစာအိမ် အှုရောင်ရောဂါ၊ အလွန်အကဲ အစာအိမ် အချဉ်ပေါက်ခြင်းသား အိမ်ကင်ဆာ၊ ၀မ်းချုပ်ခြင်း၊ ဆိးချိုရောဂါ မီးယပ် သွေးမမှန်ခြင်း၊ ရင်သား ကင်ဆာ၊ လည်ချောင်း ကင်ဆာရောဂါ ခေါင်းကိုက်ခြင်း၊ သွေးကင်ဆာ မျက်စိနှင့် ပတ်သတ်သော ရောဂါများ(မျက်စိနီခြင်း၊မျက်စိသွေးယိုခြင်း၊ သွေးလွန်ခြင်း စသည်ဖြင့်…)
ရေဖြင့်ရောဂါကုထုံးကျင့်နည်း
နံနက်အိပ်ရာထ သွားမတိုက်ခင် ရေ(၁.၅)လီတာ (သို့မဟုတ်) ရေ (၆) ခွက်ကို နေ့စဉ်သောက်သုံးပါ။ သောက်ပြီးမှ မျက်နှာသစ် သွားတိုက်ပါ၊ ယင်းးကျင့်ထုံးနည်းကို ရှေးအိန္ဒိယ ကုထုံး Usha Paana Chikitsa အဖြစ် လူသိများ ကြသည်။
သတိပြုရန် အချက်မှာ ရေ(၁.၅)လီတာ မသောက်ခင်နှင့် သောက်ပြီး တစ်နာရီး အတွင်း မည်သည့် စားစရာ သောက်စရာကိုမျှ မစားမသောက်ရပါ။ အထူး သတိ ပြုရမည့် အချက်များမှာ ပြီးခဲ့သော ညတွင် အရက်သေစာ သောက်စားခြင်း မပြုလုပ်ရန် ဖြစ်သည်။ ရေကုထုံး ကျင့်စဉ်ကို နံနက်တိုင်း ကျင့်ရ မည်။ညဖက်မဖြစ်စေရပါ။ ရေကုထုံး ပြုလုပ်ရန် အတွက် ကျိုချက်ပြီးသောရေ၊ သန့် စင်ထားသောရေကို အသုံးပြုရန်လိုအပ်ပါသည်။
ရေ(၁.၅)လီတာ သို့ မဟုပ် ရေ (၆) ခွက်ကို တခါတည်း သောက်သုံးရန် ခက်ခဲသော်၊ ပထမဦးစွာ ရေ( ၄ ) ခွက်ကို ဦးစွာ သောက်သုံးပြီး ( ၂ ) မိနစ်ခြား၍ ရေ( ၂ ) ဖန်ခွက်ကို ညီညာစွာ သောက်သုံးခြင်းဖြင့် လေ့ကျင့်ပါ။ ကြာသော် ရေ ( ၆ ) ဖနိခွက်ကို တစ်ခါတည်း သောက်သုံး လာနိုင်ကြောင်း တွေ့ ရှိရပါမည်။
တစ်နာရီအတွင်း နှစ်ကြိမ် သုံးကြိမ် ဆီးသွားပါလိမ့်မည်။ထို့ နောက်ပုံမှန်ဖြစ်လာမည်။
လေ့လာတွေ့ ရှိမှု့ 
၎င်းကုထုံးသည် အောက်ဖေါ်ပြပါရောဂါများကို ညွှန်ပြပါရက်အတွင်း ပျောက်ကင်းအောင်ကုသနိုင်ကြောင်း တွေ့ရှိရသည်။
၁။ ၀မ်းချုပ်ခြင်း ( ၁ ) ရက်
၂။ ဆီးချို ( ၇ ) ရက်
၃။ အစာအိမ်အချဉ်ပေါက်ခြင်း ( ၂ ) ရက်
၎။ ကင်ဆာ ( ၄ ) ပတ်
၅။ တီဘီ ( ၃ ) လ
၆။ သွေးတိုး ( ၄ )ပတ်
အဆစ်အမြစ် ရောင်ခြင်း၊ ဒှုလာ (လေးဖက်နာ) ဖြစ်ခြင်းကြောင့် ခံစားရသော လူများ အတွက် အကြံပြုချက်မှာ တစ်ပတ်ခန့် တစ်နေ့ ( ၃ ) ကြိမ် အစားမစားမှီ ဒီကုထုံးကို ကျင့်သင့်သည်။ ဥပမာ၊ ၊ မနတ်၊ နေ့ လည်၊ ည ဆက်လက်၍ရောဂါပျောက်သည့်တိုင်အောင်ကျင့်သင့်သည်။
လူ့ခန္ဓာကို သန့်စင်စေသော မှန်ကန်သော နည်းလမ်းမှာ ရေသောက်သုံး ခြင်းပင် ဖြစ်သည်။ ရေသောက်ခြင်းသည် သွေးသစ်များကို ဖြစ်ပေါ် ပေးစေသည်။
သွေးပညာဟု ဆေးပညာတွင် သိကြသည်။ အူမကြီးနှင့် အှုလမ်းကြောင်းရှိ အကျိအချွဲများကို သွေးသစ် များကို ထုပ်ပေးသည်။ အူမကြီး သန့်ရှင်း နေလျှင် အချိန်အတော်ကြာ စားသုံးထားသော အစာ၏ သြစာဓါတ် အဟာရဓါတ်များကို စုပ်ယူနိုင်ပြီး သန့် ရှင်းသော သွေးသစ်များကို ဖြစ်ပေါ်စေသည်။
သွေးသည် နာမကျန်း ရောဂါ ကုသခြင်း အားလုံး အတွက် အရေးပါသည်။ ထို့ကြောင့် ကျန်းမာရေးကို ထိမ်းသိမ်းရန် ရေကိုနေ့စဉ် ပုံမှန် သောက်သုံးသင့်သည်။
လူ့ဘ၀သည် အရမ်းကို တိုတောင်းပါသည် ထို့ကြောင့် ယခု သင့်သိလိုက်သော ရေ၏ အံ့သြစရာ စွမ်းဆောင် ချက်များကို သင့်သူငယ်ချင်း၊ ဆွေမျိုး၊ အိမ်နီးနားချင်း၊ မိတ်ဆွေ သင်္ဂဟများကို မွန်မြတ်သော စိတ်ထား ဖြင့်ဖြန့် ဝေပေးပါ။ တိုတောင်းလှသော လူ့ဘ၀အတွင်း မွန်မြတ်သော ၀န်ဆောင်မှု များကို သင်တက် သမျှ ဆောင်ရွက် နိုင်ပါစေ။
တရားစခန်းက ဦလေးကြီးတစ်ယောက်ပေးတဲ့ လက်ကမ်းစာစောင်လေးပါ။
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498908&xgs=1&xg_source=msg_share_post

အိပ်ပျော်ရင်း သွားကြိတ်ခြင်းဆိုင်ရာ အချက်အလက်များ



သွားကြိတ်တာဟာ အိပ်ပျော်သွားတဲ့ အချိန်မှာ မသိဘဲ အပေါ်သွားနဲ့ အောက်သွားတို့ ထိတွေ့ကာ အသံ မြည်အောင် ကြိတ်တာမျိုး ဖြစ်ပါတယ်။ အိပ်ပျော်ရင်း သွားကြိတ်တာက မပြင်း ထန်ရင် ကုသစရာ မလိုအပ်ပါဘူး။
ဒါပေမယ့် သွားကြိတ်တာက မကြာခဏ ဖြစ်နေရင် နောက်ဆက်တွဲ အနေနဲ့ မေးရိုး ပြဿနာ၊ ခေါင်းကိုက်ခြင်း၊ သွားထိခိုက် ပျက်စီးခြင်းနဲ့ တခြား ပြဿနာတွေ ဖြစ်စေ နိုင်ပါတယ်။ အထူးသဖြင့် သင်ဟာ အိပ်ရင်း မကြာခဏ သွားကြိတ်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိရင် ပြင်းထန် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ပြဿနာ ကြုံတွေ့ ရတတ်ပါတယ်။
အိပ်ပျော်ရင်း သွားကြိတ်နေသလား
အိပ်ပျော်ရင်း သွားကြိတ်ခြင်း ရှိ၊ မရှိ အောက်ပါ အချက်တွေအရ သိနိုင်ပါတယ်။ - သင့်သွားကြိတ်သံကြောင်း အတူအိပ်တဲ့သူ နိုးလာရင်
- သင်ဟာ တစ်ယောက်တည်း အိပ်တဲ့သူဆိုရင် သွားပဲ့တာ၊ သွားထိခိုက်ပျက်စီးတာတွေ အလိုလိုနေရင်း ဖြစ်ပေါ်လာရင်
သွားတွေဟာ ထိလွယ် ရှလွယ် ဖြစ်နေရင်
- မေးရိုးနာကျင်နေရင် ဒါမှ မဟုတ် မေးရိုးကြွက်သား လှုပ်ရှားမှုကြောင့် နားကိုက်နေရင်
အကြောင်းရင်းမရှိဘဲ ခေါင်းကိုက်နေရင်
- (သွားကြိတ်ရင်း လျှာကို ထိမိတာကြောင့်) လျှာဟာ အလိုလိုနေရင်း နာကျင်နေရင်
ဆရာဝန်နဲ့ ဘယ်အချိန် ပြသင့်သလဲ
- သွားတွေ ပျက်စီးထိခိုက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေရင်
- မေးရိုး၊ မျက်နှာနဲ့ နားတွေ အကြောင်းရင်းမရှိဘဲ နာကျင်နေရင်
- အိပ်ရင်း သွားကြိတ်သံကြောင့် အိပ်မရကြောင်း အတူအိပ်သူက ပြောလာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အိပ်ရင်း သွားကြိတ်ခြင်း ဖြစ်စေသော အကြောင်းရင်းများ
အိပ်ရင်း သွားကြိတ်ရတဲ့အကြောင်းရင်းတွေကို သေသေချာချာတော့ မသိကြသေးပါဘူး။ သွားကြိတ်ခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့-
- စိတ်ပူပန်သောကနဲ့ စိတ်ဖိစီးမှုများခြင်း
- ဒေါသနဲ့ မခံချင်စိတ်ကို မျိုသိပ်ချိုးနှိမ်ထားခြင်း
- အထက်သွားနဲ့ အောက်သွား အံချော်ခြင်း
- အိပ်စက်မှု ပုံစံမမှန်ခြင်း
- ကလေးတွေမှာ သွားပေါက်တာနဲ့ နားကိုက်တာကြောင့် နာကျင်ခြင်းကို တုံ့ပြန်ခြင်း
- ကလေးတွေမှာ မေးရိုးနဲ့ သွားတွေ ကြီးထွားဖွံ့ဖြိုးခြင်း
- စိတ်ကျရောဂါ ကုသဆေးတစ်ချို့ အပါအဝင် စိတ်ရောဂါကုဆေးတွေရဲ့ ဆိုးကျိုး တစ်ချို့ ခံစားရခြင်းတွေ ဖြစ်ကြပါတယ်။
အိပ်ရင်း သွားကြိတ်ခြင်း ကင်းဝေးစေရန်
တေးဂီတ နားဆင်ခြင်း၊ ကြက်သီးနွေးရေချိုးခြင်း၊ အားကစားလုပ်ခြင်း စတာတွေဟာ စိတ်အပန်းဖြေစေပြီး သွားကြိတ်ခြင်း သက်သာလျော့ပါးစေပါတယ်။
အခန်းဖော်ကို မေးပါ
သင်အိပ်နေရင်း သွားကြိတ်သံ ထွက်သလားဆိုတာ သင့်အခန်းဖော် ဒါမှ မဟုတ် အတူ အိပ်သူကို မေးပါ။ သင့်သွားကြိတ်သံကို ကြားရတာနဲ့ သင့်ကို နှိုးဖို့ ပြောပါ။
ခံတွင်း ကျန်းမာရေးကို စစ်ဆေးပါ
သွားနဲ့ ခံတွင်း ကျန်းမာရေးကို စစ်ဆေးတာဟာ သွားကြိတ်တဲ့ ပြဿနာကို ကာကွယ် ကုသရေးမှာ အရေးပါဝင်ပါတယ်။ အထူးသဖြင့် သင်က အခန်းထဲမှာ တစ်ယောက်တည်း အိပ်တဲ့သူဆိုရင် သင့်သွားကြိတ်သံကို တခြားသူတွေ သတိပြုမိဖို့ မလွယ်ပါဘူး။ အဲဒီ အခါမှာ သွားဆရာဝန်ကသာ သင့်ခံတွင်း ကျန်းမာရေး စစ်ဆေးပြီး သင်ဟာ အိပ်ရင်း သွားကြိတ်ခြင်း ရှိ၊ မရှိ အဖြေရှာနိုင်မှာပါ။
Tips
ကလေးငယ်တွေမှာ အိပ်ရင်း သွားကြိတ်တာ အဖြစ်များပေမယ့် လူပျိုဖော်၊ အပျိုဖော် ဝင်စအရွယ်မှာ သူ့အလိုလို သက်သာပျောက်ကင်းသွားတတ်ပါတယ်။
Ref: Good Health
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A331997&xgs=1&xg_source=msg_share_post

ဖြည်းဖြည်းလေး အသက်ရှူက နာကျင်မှုသက်သာနိုင်


ယောဂကျင့်စဉ်လိုမျိုး အသက်ရှူ လေ့ကျင့်ခန်း လုပ်တာကြောင့် အတော်အသင့် နာကျင်တာကို သက်သာစေနိုင်ကြောင်း လေ့လာသူတွေ အနေနဲ့ နာတာရှည် နာကျင်မှုရှိတဲ့ အမျိုးသမီး ၂၇ ယောက်နဲ့ သူတို့နဲ့ အသက်တူညီမှုရှိတဲ့ ကျန်းမာတဲ့ အမျိုးသမီး ၂၅ ယောက်ရဲ့ နာကျင်မှု တုံ့ပြန်မှုကို စမ်းသပ်ခဲ့ပါတယ်။
ပုံမှန် အသက်ရှူနှုန်းကို ထက်ဝက်ခန့် နှေးလိုက်တဲ့အခါမှာ နာကျင်မှုဝေဒနာ ခံစားရတာ နည်းသွားပြီး စိတ်ခံစားမှု မသက်မသာ ဖြစ်တာလည်း လျော့သွားတာကို လေ့လာသူတွေ တွေ့ရှိခဲ့ပါတယ်။ အသက်ရှူနှုန်း နှေးလိုက်တာကြောင့် ထောက်ပံ့ နာ့ဗ်ကြော အဖွဲ့ Sympathetic Nervous System နဲ့ အလိုအလျောက် နာ့ဗ်ကြောအဖွဲ့ Parasympathetic Nervous System တို့ ညီညွှတ်မျှတ သွားတာကြောင့်လို့ ဆိုပါတယ်။
စိတ်ဖိစီးမှုများတဲ့ အချိန်မှာ ထောက်ပံ့ နာ့ဗ်ကြော အဖွဲ့က ပိုအလုပ်လုပ်တဲ့ အတွက် နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားတက်တာနဲ့ ချွေးထွက်များတာတွေလိုမျိုး ဖြစ်လာပါတယ်။ Sympathetic အာရုံကြောအဖွဲ့ကို စက်လှေကားလိုမျိုး မြင်ကြည့်ရင် Parasympathetic အာရုံကြောအဖွဲ့က ဘရိတ် (brake) လိုမျိုးလုပ်ဆောင်ပေးပါတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498921&xgs=1&xg_source=msg_share_post

မမြင်ရပါဘူးဆိုတဲ့ Password အမဲစက်လေးတွေကို ကြည့်ချင်ရင်

မသိသေးသော သူများအတွက် တင်ပေးလိုက်တာပါ ။
ဒီ Sofware လေးက အမဲစက်လေးတွေပဲပေါ်နေတဲ့ Password တွေကို
မှန်ဘူးလေးနဲ့ ဘာရေးထားလဲကြည့်တဲ့ Sofware လေးပါ ။
ဆိုလိုတာက မိမိ အင်တာနက်ဆိုင်မှာ အကောင့်တွေ အသုံးပြုပြီး ၊
ဒါမှမဟုတ် Webside တွေ ကို ၀င်ခဲ့ပြီး မိမိရဲ့ Password တွေကို
မကျန်အောင် မလုပ်ခဲ့တဲ့သူတွေအတွက် သတိထားစေချင်လို့ပါ ။
အောက်မှာ ပုံလေးတွေကို ကြည့်နိုင်ပါတယ်
1 - မိမိ GTalk မှာ Username နဲ့ Password ရိုက်ထားတဲ့ပုံပါ ။

2 - Sofware လေးကို Run ပြီး Password ကို မြင်ရတဲ့ပုံပါ ။

အားလုံးအဆင်ပြေပါစေ ။ အောက်မှာ Sofware ယူဖို့အတွက် ကလစ်နှိပ်ပေးပါ
ကလစ်နှိပ်ပါ
အပေါ်မှာ Download လုပ်လို့မရဘူးဆိုလို့ ထပ်တင်ပေးလိုက်ပါတယ်။
အောက်မှာ ယူလိုက်ပါ ။
အပေါ်မှာ Download မရသူများ ဒီနေရာမှာ ကလစ်နှိပ်ပါ
ပျော်ရွှင်ပါစေ ။
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498992&xgs=1&xg_source=msg_share_post

မိမိမွေးလာမည့်ကလေး၏ လိင်အမျိုးအစားကို သွေးဖောက်စစ်ဆေးမှုဖြင့် ကြိုတင်သိရှိနိုင်တော့မည်


မိမိဗိုက်ထဲက ကလေးမမွေးမီ ကာလမှာ မိမိမွေးဖွားလာမယ့် ကလေးဟာ သားလေး ဒါမှမဟုတ် သမီးလေးမှန်း သိနိုင်ဖို့ မိခင်လောင်းတွေ အနေနဲ့ ကိုယ်ဝန်ဒုတိယ သုံးလမှတီဗွီဓာတ်မှန် (UItra sound) ရိုက်ကြည့်ကြရပါသည်။
ဒါပေမဲ့ လေ့လာမှု အသစ်အရ ကိုယ်ဝန်ဆောင် စောစောပိုင်း ကာလ တွေမှာ သွေးဖောက် စစ်ဆေးတာကြောင့် မိမိမွေးမယ့် ကလေးရဲ့ လိင်အမျိုးအစားကို တိကျတဲ့ အဖြေထွက်နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။ ရောဂါ အခြေအနေကြောင့် တချို့ လူနာတွေမှာ မွေးလာမယ့် ကလေးရဲ့ လိင်အမျိုးအစားကို စောစောစီးစီးသိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေမြွှာရည်ကို စစ်ဆေးတာတွေ လုပ်ရတဲ့အတွက် ကိုယ်ဝန် ပျက်ကျနိုင်ခြေ အနည်းငယ် ရှိပေမယ့် မျိုးရိုးလိုက်တဲ့ ရောဂါတွေအတွက် ကလေးရဲ့လိင်အမျိုးအစားကို ကြိုတင်သိဖို့ အရေးကြီးတာကြောင့် ရေမွှာရည် စစ်ဆေးမှုတွေကို ပြုလုပ်နေရပါတယ်။
ခုနောက်ပိုင်း ကိုယ်ဝန်ဆောင် မိခင်ရဲ့ သွေးကို ဖောက်စစ်ပြီး လိင်အင်္ဂါ စစ်ဆေးမှု ပြုလုပ်ကြည့်ရာ တိကျတဲ့ အဖြေထွက်လာ တယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၂၀၁ ယောက်ကို သွေးဖောက်ပြီး လေ့လာရာမှ ၁၈၉ ယောက်မှာ တိကျတဲ့အဖြေ ရရှိတယ်လို့ သိရပါတယ်။ သူတို့ထဲမှ ၁၅၆ ယောက်ဟာ X-ခရိုမိုဇုန်းနဲ့ ဆက်စပ်တဲ့ ရောဂါကိုရှာဖွေဖို့ အတွက် လိင်အင်္ဂါစစ်ဆေးမှု ပြုလုပ်ရတာ လို့ဆိုပါတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A498877&xgs=1&xg_source=msg_share_post