“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 2, 2013

အလွယ်တကူ ဝယ်ယူ နိုင်သော ဆေးဝါးများ အန္တရာယ်

အလွယ်တကူ ဝယ်ယူ နိုင်သော ဆေးဝါးများ အန္တရာယ်

လူသားတို့၏ ခန္ဓာကိုယ်သည်  အကြောင်း အမျိုးမျိုး တွေကြောင့်  ရောဂါဘယ ဖြစ်မှုများ ရှိလာ တတ်ပါတယ်။
ထိုအခါ အဲဒီ ရောဂါတွေ သက်သာ စေရေး အတွက် ဆေးရုံ၊ ဆေးခန်းတွင် ပြသ ကြသလို သာမန် လူတန်းစား အတော်များများ ကတော့ ရပ်ကွက် အတွင်းရှိ ဈေးဆိုင်တွေမှာ ရနိုင်တဲ့ အိမ်သုံး ဆေးဝါး များကိုသာ ကိုယ့်ဘာသာ ဝယ်ယူ သောက်သုံးကြတာ များပါတယ်။အသက်အရွယ် ရလာသော လူကြီး ၁ဝ ယောက်မှာ ရှစ်ယောက် လောက်ဟာ နေ့စဉ် ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုသော ဆေးဝါးများကို သောက်သုံး နေရကြောင်း တွေ့ရှိ နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နှင့် သောက်သူတွေမှာ မသိသာ ပေမယ့် နီးစပ်ရာ ဆိုင်တွေမှာ ကိုယ့်အစီ အစဉ်နဲ့ကိုယ် ဝယ်သောက် ကြသူတွေ မှာတော့ ဆေးများ၏ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရ တာမျိုး တွေရှိ နေကြောင်း ကြားသိ နေရပါတယ်။ ကျေးလက်နေ လူအများစုဟာ ရောဂါေ ဝဒနာ တစ်ခုခု ဖြစ်လာပြီဆိုရင် ဆေးရုံ ဆေးခန်းမှာ ပသလျှင် ကုန်ကျမည့် ကုန်ကျ စရိတ်ကို ကြောက်လန့်ပြီး ကြားဖူးနားဝ ဆေးအမည် တွေကို ဆေးရောင်းသည့် ဆိုင်များတွင် ပြောဆို ဝယ်ယူကာ သောက်သုံး တတ်ကြကြောင်း သိရှိ ရပါတယ်။ ရောဂါကြောင့် ဆေးတစ်ခု သောက်ရ တော့မယ် ဆိုရင် ဒီဆေးကြောင့်ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်၊ ဘယ်လို ဘေးထွက် ဆိုးကျိုးတွေ ရနိုင်မယ်၊ ဘယ်လောက် ကြာအောင် သောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ် သောက်ရမယ် ဆိုတာတွေကို နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြသ မေးမြန်းပြီး တော့မှသာ သောက်သုံး သင့်ပါတယ်။ ဆရာဝန် မှာကြားတဲ့ အတိုင်း သောက်မယ် ဆိုရင်တောင် အလင်းရောင် သိပ်မရတဲ့ နေရာတွေမှာ ဆေးမသောက် သင့်ပါဘူး။ အလင်းရောင် ကောင်းစွာ ရနိုင်တဲ့ နေရာမျိုးမှာ ဆေးကို သုံးသင့်တဲ့ အခြေအနေမျိုး ဟုတ်၊မဟုတ်၊ သက်တမ်း ကုန်ဆုံးခြင်း ရှိ၊မရှိ သေချာစွာ ကြည့်ရှုပြီးမှ သောက်သုံး သင့်ပါတယ်။ နေ့စဉ် သောက်နေကျ ဆေးတွေကိုတောင် မသောက်ခင်မှာ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးပြီးမှ  သောက်သင့် ပါတယ်။ မိမိ ခံစားနေရတဲ့ ရောဂါ ဝေဒနာကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသမှု မရှိဘဲ ကိုယ့် ဘာသာ ဝယ်သောက်တဲ့  ဆေးတွေကြောင့် ကြုံလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ရက်အနည်းငယ် အတွင်းမှာ သက်သာ သွားနိုင်ပေမယ့် အချို့ ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုး တွေကတော့ ကာလ အတန်ကြာမှ ပေါ်လာတတ်ပြီး ပြင်းထန် တတ်ပါတယ်။ ဒါ့အပြင် အခြား ဆိုးရွားတဲ့ အချက် တစ်ချက် ကတော့ မိမိကို ဆရာဝန် ညွှန်ကြား  ထားတဲ့ ဆေးသောက်နေစဉ် သတ်မှတ် ပေးထားသော ဆေးမကုန်မီ မှာပဲ တခြား သူတွေက ပိုကောင်းတယ် သောက်ကြည့်လို့ တိုက်တွန်းတာကြောင့် တခြား ဆေးကိုပါ တွဲပြီး သောက်သုံး တတ်ကြ ပါတယ်။အဲဒီလို မသောက်ခင်မှာ နားလည် တတ်ကျွမ်းတဲ့သူ တွေ ကို သေချာစွာ မေးမြန်းပြီးမှ သောက်သင့် ပါတယ်။ ဒါ့အပြင် တိုင်းရင်း ဆေးတွေ၊ သဘာဝ သစ်ပင်တွေက ရတဲ့ ဆေးတွေဟာလည်း ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဓာတ်ပြုမှုတွေ လျင်မြန် စွာ ဖြစ်နိုင်လို့ ဆေးတစ်မျိုး သောက်ရန် ညွှန်ကြား ထားသည့်ရက် မကုန်မီ တွဲဖက် မသောက်သုံး သင့်ပါဘူး။  ထို့ကြောင့် ကျေးလက်နေ ပြည်သူများ အနေဖြင့် ရောဂါ ဝေဒနာ တစ်ခု ဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးမှူး၊ ဆရာဝန် တွေကို ပြသပြီးမှ ဆေးကို ညွှန်ကြားတဲ့ အတိုင်း သောက်သုံး ကြရန်နှင့် ကိုယ့်စိတ်ကူးနှင့် ကိုယ် ဆေးစပ်ကာ ဝယ်ယူ သောက်သုံးခြင်း မပြုလုပ် မိစေဖို့ အသိပေး ရေးသား တင်ပြ လိုက်ရ ပါသည်။        

ဆောင်းပါးရှင်-  ထွန်းမင်းဇော် (ခိုလမ်)
From_Myawaddy Health
လူသားတို့၏ ခန္ဓာကိုယ်သည် အကြောင်း အမျိုးမျိုး တွေကြောင့် ရောဂါဘယ ဖြစ်မှုများ ရှိလာ တတ်ပါတယ်။
ထိုအခါ အဲဒီ ရောဂါတွေ သက်သာ စေရေး အတွက် ဆေးရုံ၊ ဆေးခန်းတွင် ပြသ ကြသလို သာမန် လူတန်းစား အတော်များများ ကတော့ ရပ်ကွက် အတွင်းရှိ ဈေးဆိုင်တွေမှာ ရနိုင်တဲ့ အိမ်သုံး ဆေးဝါး များကိုသာ ကိုယ့်ဘာသာ ဝယ်ယူ သောက်သုံးကြတာ များပါတယ်။အသက်အရွယ် ရလာသော လူကြီး ၁ဝ ယောက်မှာ ရှစ်ယောက် လောက်ဟာ နေ့စဉ် ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုသော ဆေးဝါးများကို သောက်သုံး နေရကြောင်း တွေ့ရှိ နိုင်ပါတယ်။ 
 
ဆရာဝန် ညွှန်ကြားချက်နှင့် သောက်သူတွေမှာ မသိသာ ပေမယ့် နီးစပ်ရာ ဆိုင်တွေမှာ ကိုယ့်အစီ အစဉ်နဲ့ကိုယ် ဝယ်သောက် ကြသူတွေ မှာတော့ ဆေးများ၏ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရ တာမျိုး တွေရှိ နေကြောင်း ကြားသိ နေရပါတယ်။ ကျေးလက်နေ လူအများစုဟာ ရောဂါေ ဝဒနာ တစ်ခုခု ဖြစ်လာပြီဆိုရင် ဆေးရုံ ဆေးခန်းမှာ ပသလျှင် ကုန်ကျမည့် ကုန်ကျ စရိတ်ကို ကြောက်လန့်ပြီး ကြားဖူးနားဝ ဆေးအမည် တွေကို ဆေးရောင်းသည့် ဆိုင်များတွင် ပြောဆို ဝယ်ယူကာ သောက်သုံး တတ်ကြကြောင်း သိရှိ ရပါတယ်။ ရောဂါကြောင့် ဆေးတစ်ခု သောက်ရ တော့မယ် ဆိုရင် ဒီဆေးကြောင့်ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်၊ ဘယ်လို ဘေးထွက် ဆိုးကျိုးတွေ ရနိုင်မယ်၊ ဘယ်လောက် ကြာအောင် သောက်ရမယ်၊ တစ်နေ့ ဘယ်နှစ်ကြိမ် သောက်ရမယ် ဆိုတာတွေကို နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြသ မေးမြန်းပြီး တော့မှသာ သောက်သုံး သင့်ပါတယ်။ 
 
ဆရာဝန် မှာကြားတဲ့ အတိုင်း သောက်မယ် ဆိုရင်တောင် အလင်းရောင် သိပ်မရတဲ့ နေရာတွေမှာ ဆေးမသောက် သင့်ပါဘူး။ အလင်းရောင် ကောင်းစွာ ရနိုင်တဲ့ နေရာမျိုးမှာ ဆေးကို သုံးသင့်တဲ့ အခြေအနေမျိုး ဟုတ်၊မဟုတ်၊ သက်တမ်း ကုန်ဆုံးခြင်း ရှိ၊မရှိ သေချာစွာ ကြည့်ရှုပြီးမှ သောက်သုံး သင့်ပါတယ်။ နေ့စဉ် သောက်နေကျ ဆေးတွေကိုတောင် မသောက်ခင်မှာ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးပြီးမှ သောက်သင့် ပါတယ်။ မိမိ ခံစားနေရတဲ့ ရောဂါ ဝေဒနာကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသမှု မရှိဘဲ ကိုယ့် ဘာသာ ဝယ်သောက်တဲ့ ဆေးတွေကြောင့် ကြုံလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ရက်အနည်းငယ် အတွင်းမှာ သက်သာ သွားနိုင်ပေမယ့် အချို့ ဆေးတွေရဲ့ဘေးထွက် ဆိုးကျိုး တွေကတော့ ကာလ အတန်ကြာမှ ပေါ်လာတတ်ပြီး ပြင်းထန် တတ်ပါတယ်။ ဒါ့အပြင် အခြား ဆိုးရွားတဲ့ အချက် တစ်ချက် ကတော့ မိမိကို ဆရာဝန် ညွှန်ကြား ထားတဲ့ ဆေးသောက်နေစဉ် သတ်မှတ် ပေးထားသော ဆေးမကုန်မီ မှာပဲ တခြား သူတွေက ပိုကောင်းတယ် သောက်ကြည့်လို့ တိုက်တွန်းတာကြောင့် တခြား ဆေးကိုပါ တွဲပြီး သောက်သုံး တတ်ကြ ပါတယ်။အဲဒီလို မသောက်ခင်မှာ နားလည် တတ်ကျွမ်းတဲ့သူ တွေ ကို သေချာစွာ မေးမြန်းပြီးမှ သောက်သင့် ပါတယ်။ ဒါ့အပြင် တိုင်းရင်း ဆေးတွေ၊ သဘာဝ သစ်ပင်တွေက ရတဲ့ ဆေးတွေဟာလည်း ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဓာတ်ပြုမှုတွေ လျင်မြန် စွာ ဖြစ်နိုင်လို့ ဆေးတစ်မျိုး သောက်ရန် ညွှန်ကြား ထားသည့်ရက် မကုန်မီ တွဲဖက် မသောက်သုံး သင့်ပါဘူး။ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ အနေဖြင့် ရောဂါ ဝေဒနာ တစ်ခု ဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးမှူး၊ ဆရာဝန် တွေကို ပြသပြီးမှ ဆေးကို ညွှန်ကြားတဲ့ အတိုင်း သောက်သုံး ကြရန်နှင့် ကိုယ့်စိတ်ကူးနှင့် ကိုယ် ဆေးစပ်ကာ ဝယ်ယူ သောက်သုံးခြင်း မပြုလုပ် မိစေဖို့ အသိပေး ရေးသား တင်ပြ လိုက်ရ ပါသည်။

ဆောင်းပါးရှင်- ထွန်းမင်းဇော် (ခိုလမ်)
From_Myawaddy Health

ကမ္ဘာ့ ရှေးအကျဆုံး မီးရထား ဥမင်လိုဏ်ခေါင်း တစ်ခု အင်္ဂလန် နိုင်ငံတွင် ရှာဖွေ တွေ့ရှိ

ကမ္ဘာ့ ရှေးအကျဆုံး မီးရထား ဥမင်လိုဏ်ခေါင်း တစ်ခု အင်္ဂလန် နိုင်ငံတွင် ရှာဖွေ တွေ့ရှိ 
=================================================

မေ-၀၃

ရှေးဟောင်း သုတေသန ပညာရှင်များသည် ကမ္ဘာ့ ရှေးအကျဆုံးဟု ယူဆရသော နှစ်ပေါင်း ၂၂ဝ သက်တမ်းရှိ မီးရထားဥမင်လိုဏ်ခေါင်းတစ်ခုကို အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်းယားပြည်နယ် ခရစ်ခ်ျဒေသ ရှိ ကျောက်ပုံ ဥယျာဉ်၏ မြေအောက် အနက် ၁ဝ ပေတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
Fritchley Tunnel အမည်ရှိ အဆိုပါ သမိုင်းဝင် ဥမင်လိုဏ် ခေါင်းသည် ၁၇၉၃ ခုနှစ် အတွင်းက တည်ဆောက် ခဲ့ဖွယ်ရှိပြီး ယခင်ကမှတ်တမ်းတင်သော ကမ္ဘာ့ ရှေးအကျဆုံး ဥမင်လိုဏ်ခေါင်း ထက် နှစ်နှစ် စောကြောင်းနှင့် အဆိုပါဥမင်လိုဏ်ခေါင်းကို မီးရထားလမ်းနှင့် ချိတ်ဆက်၍ သံထည် အလုပ်ရုံသို့ ထုံးကျောက်များ ပို့ဆောင်ရာတွင် စက်မှုလုပ်ငန်း ရှင်များက အသုံးပြုခဲ့သည်။
အဆိုပါ မြေကွက်အား ယခင်ကပိုင်ဆိုင်ခဲ့သည့် မြေပိုင်ရှင်က ကျောက်ပုံဥယျာဉ် တည်ဆောက်ရန် အတွက် ၁၉၇၇ ခုနှစ်က ယင်းဥမင်လိုဏ်ခေါင်းကို ရောင်းချခဲ့သည့် အချိန်မှစ၍ ဥမင် လိုဏ်ခေါင်း မှာ ပျောက်ကွယ် ခဲ့ရခြင်းဖြစ်သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဂျွန်မစ်ဂလေးဆိုသူ လက်ရှိ မြေပိုင်ရှင်နှင့် ရှေးဟောင်း သုတေသန ပညာရှင် များ အကြား ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် အဆိုပါ မြေအားတူးဖော်မှုများ ပြုလုပ်ရန် ငွေကြေးထောက် ပံ့မှုများ လုပ်ဆောင်ခဲ့သည်။
၁၈ မီတာ အရှည်ရှိသော အဆိုပါ ရထားလမ်း ဥမင်လိုဏ်ခေါင်းကို ပြန်လည်ဖွင့်ရန် အတွက် ဇန်နဝါရီလ မှစ၍ စက်ယန္တရား ကြီးများ အသုံးပြု၍ တူးဖော်မှုများကို လုပ်ဆောင်ခဲ့သည်။
အဆိုပါ ဥမင်လိုဏ်ခေါင်းကို ဒေသတွင်း အင်ဂျင်နီယာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သော The Buttlerley ကုမ္ပဏီက ၁၇၉၃ ခုနှစ်က တည်ဆောက်ခဲ့သော မြင်းကောင်ရေအားသုံး မီးရထားလမ်း Butterley Gangroad နှင့် ချိတ်ဆက် အသုံးပြု ခဲ့သည်။
အဆိုပါ မီးရထား ဥမင်လိုဏ်ခေါင်း အတွင်းပိုင်းကို 3D ပုံစံ ဖန်တီးရန်အတွက် လေဆာအသုံးပြု၍ စကန်ဖတ်ခြင်းကို Lottery၏ ထောက်ပံ့မှုဖြင့် စတာလင်ပေါင် ၁၇၉ဝဝဝ အကုန်အကျခံ ပြုလုပ်သွား မည်ဖြစ်သည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာတွင် လုပ်ငန်းများ ပြီးစီးခဲ့ပါက အနာဂတ်မျိုး ဆက်သစ်များအတွက် ယင်းဥမင်လိုဏ် ခေါင်းကို တစ်ဖန်ကာကွယ်စောင့်ရှောက်ရန်အတွက် စီမံကိန်းအဖွဲ့က ထိန်း သိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Virgin Galactic ကုမ္ပဏီ၏ အာကာသ ခရီးသည်တင် ယာဉ်အား ပထမဆုံး အကြိမ်အဖြစ် စမ်းသပ်ပျံသန်း

Virgin Galactic ကုမ္ပဏီ၏ အာကာသ ခရီးသည်တင် ယာဉ်အား ပထမဆုံး အကြိမ်အဖြစ် စမ်းသပ်ပျံသန်း

Virgin Galactic အာကာသ ခရီးသွား ကုမ္ပဏီသည် ၎င်းတို့၏ ဒုံးပျံ စွမ်းအင်သုံး အာကာသ ခရီးသည် ယာဉ်ကို ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်း ခဲ့ရာတွင် အောင်မြင် ခဲ့သည်ဟု သိရသည်။

Spaceship Two (SS2) အာကာသ ယာဉ်သည် ကုမ္ပဏီထုတ် White Knight 2 သယ်ဆောင်ရေး လေယာဉ်နှင့် အတူ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ် မြို့၏ မြောက်ဘက် မိုဂျေ့ဗ် သဲကန္တာရရှိ လေယာဉ် ပြေးလမ်းမှ ဧပြီ ၂၉ ရက် နံနက် ၇ နာရီ ၂ မိနစ်တွင် ပျံတက် သွားခဲ့ခြင်း ဖြစ်သည်။

မြေပြင်မှ စတင် ပျံသန်းပြီး ခန့်မှန်းခြေ အားဖြင့် ၄၅ မိနစ် အကြာတွင် မြေပြင် အမြင့်ပေ ၄၇၀၀၀ ခန့်အရောက်တွင် SS2 အာကာသယာဉ်သည် White Knight 2 လေယာဉ်မှ ခွဲထွက် သွားခဲ့သည်ဟု သိရသည်။

စမ်းသပ် ပျံသန်းနေစဉ် အတွင်း SS2 အာကာသ ယာဉ်သည် အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့ခြင်းကြောင့် အာကာသ အတွင်းသို့ ခရီးသည် များအား အလည်အပတ် ပို့ဆောင်မည့် Virgin Galactic ကုမ္ပဏီ၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိတော့မည့် အမှတ် လက္ခဏာ ဖြစ်ကြောင်း Virgin ကုမ္ပဏီ တည်ထောင်သူ ဆာရစ်ချတ် ဘရန်ဆန်က ပြောကြားသည်။

Virgin Galactic ကုမ္ပဏီသည် SS2 ယာဉ်နှင့် အာကာသသို့ အလည်အပတ် ခရီးသွားရန် အတွက် ခရီးသည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ ဖြင့် ရောင်း ချ နေကြောင်းနှင့် ယခု အချိန်တွင် စရန်ငွေ ပေးထားသူ ဦးရေမှာ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/12711-2013-05-03-09-49-35