![ဂေါတမဘုရား ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်းချုပ်....
၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ
၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ
၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)
၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ
၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်
၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ
၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ
၈။ ကြည့်ခြင်း၅ပါး - (၁)အခါကာလ (၂)ကျွန်း (၃)အရပ် (၄)အမျိုး (၅)မယ်တော်၏အသက် (ဖွားမြင်ပြီး ၇-ရက်သာနေသူ)
၉။ နေပြည်တော် - ကပိလဝတ် (သက္ကလတိုင်း မဇ္စိုမဒေသ)
၁၀။ မိဘအမည် - သုဒ္ဓေါဓနမင်း၊ မာယာဒေဝီမိဖုရား
၁၁။ မိထွေတော် - ပဇာပတိဂေါတမီ
၁၂။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၁၃။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်၊ သောကြာနေ့
၁၄။ ဖွားမြင်ရာဌာန - လုမ္ဗိနီဥယျာဉ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား
၁၅။ ဖွားဖက်တော်၇-ပါး - (၁)ညီတော်အာနန္ဒာ (၂) ဗောဓိပင် (၃)ကာဠုဒါယီအမတ် (၄)ယသောဓရာမိဖုရား (၅)ဆန္ဒအမတ် (၆)ရွှေအိုးကြီး၎-လုံး (၇)ကဏ္ဍကမြင်း
၁၆။ လူအမည် - သိဒ္ဓတ္ထ
၁၇။ ကြင်ယာတော် - ဘဒ္ဒကဉ္စန၊ ယသောဓရာ
၁၈။ သားတော် - ရာဟုလာ
၁၉။ ယောက်ဖတော် - ဒေဝဒတ်
၂၀။ နန်စံနှစ် - ၁၃-နှစ် စိုးစံသည်။ (၁၆-နှစ်မှ ၂၉-နှစ်အထိ)
၂၁။ နိမိတ်ကြီး၎ပါး - သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊
၂၂။ တောထွက်သောနေ့ - မဟာသက္ကရာဇ်၉၇-ခု
၂၃။ ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေလတော
၂၄။ ဒုက္ကရစရိယာကျင့်သောကာလ - ၆-နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခုနှစ်အထိ)
၂၅။ ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ်၁၀၃-ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၂၆။ ဘုရားဖြစ်ချိန်သက်တော် - ၃၅-နှစ်
၂၇။ ဘုရားဖြစ်ရာသက်တမ်း - ၁၀၀-တမ်း
၂၈။ အလုပ်အကျွေး - ပဉ္စဝဂ္ဂီငါးဦး(ကျင့်စဉ်ကာလ) ၊အာနန္ဒာ(ပရိနိဗ္ဗာန်စံအထိ)
၂၉။ တရားဦးဟောရာဒေသ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၃၀။ ပထမဦးဆုံးသာဝက - ပဉ္စဝဂ္ဂီငါးဦး
၃၁။ လက်ယာရံသာဝက - အရှင်သာရိပုတ္တရာ
၃၂။ လက်ဝဲရံသာဝက - အရှင်မဟာမောဂ္ဂလာန်
၃၃။ နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရဗိုဇ် (ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ)
၃၄။ အဆုံးအမသာသနာသုံးရပ် - ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ
၃၅။ ကျင့်စဉ်သိက္ခာသုံးရပ် - သီလ၊ သမာဓိ၊ ပညာ
၃၆။ ချမှတ်သောလမ်းစဉ် - မဇ္စိုမပဋိပဒါ၊ မဂ္ဂင်လမ်းစဉ်
၃၇။ ပရိနိဗ္ဗာန်စံဝင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၈။ တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်ကျော် ၁၂-ရက်၊ တနင်္ဂနွေနေ့ ။
ဖတ်ပြီးပါက share ပေးကြပါ @[336980756379454:274:Buddhism Beams(myanmar)] ကဆရာလုပ်လှချေလာ ဒါများ လူတိုင်သိတယ် မပြောပါနဲ့ တချို့တွေက သိပေမဲ့ မေ့နေကြတယ် တချို့က ဒါတောင် အပြည့်အစုံ မသိကြပါဘူး အထူးတဖြစ် လူငယ်လေးတွေပေါ့....
Like --->@[336980756379454:274:Buddhism Beams(myanmar)]
http://buddhismbeams.blogspot.com/](http://sphotos-f.ak.fbcdn.net/hphotos-ak-prn1/s480x480/29366_381197751957754_684410904_n.jpg)
၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ
၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ
၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)
၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ
၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်
၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ
၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ
၈။ ကြည့်ခြင်း၅ပါး - (၁)အခါကာလ (၂)ကျွန်း (၃)အရပ် (၄)အမျိုး (၅)မယ်တော်၏အသက် (ဖွားမြင်ပြီး ၇-ရက်သာနေသူ)
၉။ နေပြည်တော် - ကပိလဝတ် (သက္ကလတိုင်း မဇ္စိုမဒေသ)
၁၀။ မိဘအမည် - သုဒ္ဓေါဓနမင်း၊ မာယာဒေဝီမိဖုရား
၁၁။ မိထွေတော် - ပဇာပတိဂေါတမီ
၁၂။ သန္ဓေယူသောနေ့ - မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၁၃။ ဖွားမြင်သောနေ့ - မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်၊ သောကြာနေ့
၁၄။ ဖွားမြင်ရာဌာန - လုမ္ဗိနီဥယျာဉ် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား
၁၅။ ဖွားဖက်တော်၇-ပါး - (၁)ညီတော်အာနန္ဒာ (၂) ဗောဓိပင် (၃)ကာဠုဒါယီအမတ်
(၄)ယသောဓရာမိဖုရား (၅)ဆန္ဒအမတ် (၆)ရွှေအိုးကြီး၎-လုံး (၇)ကဏ္ဍကမြင်း
၁၆။ လူအမည် - သိဒ္ဓတ္ထ
၁၇။ ကြင်ယာတော် - ဘဒ္ဒကဉ္စန၊ ယသောဓရာ
၁၈။ သားတော် - ရာဟုလာ
၁၉။ ယောက်ဖတော် - ဒေဝဒတ်
၂၀။ နန်စံနှစ် - ၁၃-နှစ် စိုးစံသည်။ (၁၆-နှစ်မှ ၂၉-နှစ်အထိ)
၂၁။ နိမိတ်ကြီး၎ပါး - သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊
၂၂။ တောထွက်သောနေ့ - မဟာသက္ကရာဇ်၉၇-ခု
၂၃။ ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေလတော
၂၄။ ဒုက္ကရစရိယာကျင့်သောကာလ - ၆-နှစ် (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခုနှစ်အထိ)
၂၅။ ဘုရားဖြစ်သောနေ့ - မဟာသက္ကရာဇ်၁၀၃-ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၂၆။ ဘုရားဖြစ်ချိန်သက်တော် - ၃၅-နှစ်
၂၇။ ဘုရားဖြစ်ရာသက်တမ်း - ၁၀၀-တမ်း
၂၈။ အလုပ်အကျွေး - ပဉ္စဝဂ္ဂီငါးဦး(ကျင့်စဉ်ကာလ) ၊အာနန္ဒာ(ပရိနိဗ္ဗာန်စံအထိ)
၂၉။ တရားဦးဟောရာဒေသ - ဗာရာဏသီပြည်၊ မိဂဒါဝုန်တော
၃၀။ ပထမဦးဆုံးသာဝက - ပဉ္စဝဂ္ဂီငါးဦး
၃၁။ လက်ယာရံသာဝက - အရှင်သာရိပုတ္တရာ
၃၂။ လက်ဝဲရံသာဝက - အရှင်မဟာမောဂ္ဂလာန်
၃၃။ နောက်ဆုံးကျွတ်သောသာဝက - သုဘဒ္ဒပရဗိုဇ် (ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ)
၃၄။ အဆုံးအမသာသနာသုံးရပ် - ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ
၃၅။ ကျင့်စဉ်သိက္ခာသုံးရပ် - သီလ၊ သမာဓိ၊ ပညာ
၃၆။ ချမှတ်သောလမ်းစဉ် - မဇ္စိုမပဋိပဒါ၊ မဂ္ဂင်လမ်းစဉ်
၃၇။ ပရိနိဗ္ဗာန်စံဝင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၈။ တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်ကျော် ၁၂-ရက်၊ တနင်္ဂနွေနေ့ ။
ဖတ်ပြီးပါက share ပေးကြပါ Buddhism Beams(myanmar)
ကဆရာလုပ်လှချေလာ ဒါများ လူတိုင်သိတယ် မပြောပါနဲ့ တချို့တွေက သိပေမဲ့
မေ့နေကြတယ် တချို့က ဒါတောင် အပြည့်အစုံ မသိကြပါဘူး အထူးတဖြစ်
လူငယ်လေးတွေပေါ့....
Like --->Buddhism Beams(myanmar)
http://buddhismbeams.blogspot.com/

ကလေးတွေက စားလို့ အရသာမရှိဆုံး ဟင်းသီးဟင်းရွက်ပဲလို့ ပြောလေ့ရှိတဲ့ အသီးက ခဝဲသီးပါ။
ခဝဲသီးရဲ့ အရသာကအလွန်မကောင်းဘူး ဆိုပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အများကြီး ပေးနိုင်ပါတယ်။
(၁) အာဟာရဓာတ် အစုံအလင်ပေးပါတယ်
ခဝဲသီးမှာ
အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)ဓာတ်၊ သိုင်ယာမင်ဓာတ်၊
သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာပါဝင်မှုများပြီး အဆီနဲ့ ကယ်လိုရီ ပါဝင်မှု
နည်းပါတယ်။
(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
ပြည့်ဝဆီနဲ့
ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်များများ ပါဝင်တာကြောင့်
ကိုယ်အလေးချိန် အမြန်လျော့ကျလိုသူတွေအတွက်သင့်တော်တဲ့အစားအစာပါ။ခဝဲသီးမှာ
ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ပြည့်စေတဲ့အစာဖြစ်ကာ ကယ်လိုရီများတဲ့
တခြားအစာတွေကို လျှော့စားဖြစ်စေပါတယ်။
(၃) အသားဝါဖြစ်နှုန်းကို သက်သာစေပါတယ်။
ခဝဲသီးအရည်ကို
အသားဝါ ဖြစ်နေသူတွေက သဘာဝအိမ်သုံးအစာ တစ်မျိုးအဖြစ် သုံးကြပါတယ်။
ခဝဲသီးကို အရည်ညှစ်ပြီးသန့်စင်တဲ့ ပိတ်စတစ်စနဲ့ စစ်ယူပြီး
သောက်လေ့ရှိကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။
(၄) သွေးသန့်စေပါတယ်။
ခဝဲသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အစွမ်းရှိတာကြောင့် အရက်ကြောင့် အဆိပ်ဖြစ်မှုကနေ အသည်းကို
ကာကွယ်ပေးပါတယ်။
(၅) သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။
ခဝဲသီးမှာ
အင်ဆူလင်နဲ့ တူတဲ့ ပက်တိုက်တွေဖြစ်တဲ့ alkaloids နဲ့ charantinတို့
ပါဝင်တာကြောင့် အင်ဆူလင်အဆင့်ကိုပြောင်းလဲစေတာမျိုးမရှိဘဲ
သွေးတွင်းသကြားဓာတ်နဲ့ဆီးထဲကသကြားဓာတ်ကို လျော့ ကျစေပါတယ်။
(၆) အစာအိမ်အတွက် ကောင်းပါတယ်။
ခဝဲသီးမှာပါတဲ့ Cellulose တွေက ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး လိပ်ခေါင်း ကုသရေးမှာ ပါဝင်ကူညီပေးနေပါတယ်။
(၇) အသားအရေကို ကျန်းမာလှပစေပါတယ်။
ခဝဲသီးကိုအခြောက်ခံထားပြီး ရေမြှုပ်အဖြစ်အသုံးပြုကာ ရေချိုးတဲ့အခါ ကြေးချွတ်ပစ္စည်းအနေနဲ့ ပွတ်တိုက်ပေးပါ။
ခဝဲသီးခြောက် ရေမြှုပ်ဟာအရေပြားပေါ်ကဆဲလ်သေတွေကိုကွာကျစေတာကြောင့်အသားအရေကို ချောမွေ့
စေပြီး နူးညံ့တောက်ပြောင်စေပါတယ်။အရေပြားကိုကျန်းမာအောင်နဲ့ပိုမိုဝင်းပလာအောင်လှုံ့ဆော်ပေးနိုင်ပါ
တယ်။
ခဝဲသီးရဲ့သွေးသန့်စင်စေတဲ့ အာနိသင်ကြောင့် ဝက်ခြံနဲ့ အဖုအပိမ့်တွေကို ကင်းစေကာ ခန္ဓာကိုယ် အနံ့ဆိုးတွေ ကင်းစေပါတယ်။
ခဝဲသီးရေမြှုပ်ကို
စနစ်တကျ သန့်စင်မှု မလုပ်ရင် မှိုတွေ ပေါက်နိုင်ပါတယ်။ ဒါကြောင့်
ရေချိုးပြီးတိုင်း ခဝဲသီးရေမြှုပ်မှာကပ်ကျန်နေတဲ့ဆပ်ပြာနဲ့
ရေတွေကိုသန့်စင်သွားအောင်ခါချပြီး လေသလပ်ခံကာ
ခြောက်အောင် ထားရပါမယ်။
(၈) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
ခဝဲသီးဖျော်ရည် တစ်ဖန်ခွက်ကို တခြား ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီးနံနက်စောစောမှာ သောက်ပေးရင်
ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေပြီး တခြားရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။
ကြယ်စင်
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A508822&xgs=1&xg_source=msg_share_post
လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ
အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား
သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့်
အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့
ကိုဖြစ်ပေါ်စေနိုင်ပါတယ်။Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ
စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင်
အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင်
သွေးလည်ပတ်မှုအားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈၀ %
ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂၀ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို
ခန္ဓာကိုယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊
အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး
စုပ်ယူမှုနှုန်း ကွာခြားပါတယ်။ကိုယ်အလေးချိန်သင့်ရဲ့
ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ
နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ
နေနိုင်လေ ဖြစ်ပါလိမ့်မယ်။အမျိုးသားနဲ့ အမျိုးသမီးအမျိုးသားများမှာ
alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့်
မိန်းကလေးတွေလောက်မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊သန္ဓေတားဆေး
သောက်သုံးထားခြင်းများအပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော
ပမာဏကွဲပြားတတ်ပါသေးတယ်။အစားအသောက်အရက်မသောက်မှီ
ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။
အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။စိတ်ခံစားမှုအရက်ဟာ
သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က
စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ
အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်သောက်သည့် ပမာဏနည်းနည်းချင်းနှင့်
ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း
သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး
သင့်ကိုပိုမူးစေပါလိမ့်မယ်။အရက်အမျိုးအစားအရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။Alcohol
ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ၀မ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။
Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက်
ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည်
တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည်
ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။Alcoholသည်အဆင့် (၁)သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်ထိုအချိန်တွင်
အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်းမိမိ၏ စိတ်လှုပ်ရှားမှုကို
ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊မိမိဦးဏှောက်၌ မသိစိတ်များ
လွှမ်းမိုးနေခြင်းစကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏
ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်းသက်တောင့်သက်သာ ရှိနေခြင်းစိတ်ဖိစီးမှုများ လျော့နည်းလာခြင်းမိမိကိုယ်ကိုယုံကြည်စိတ်လွန်ကဲနေတတ်ခြင်းလူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်စေရနအားပေးခြင်း တို့ဖြစ်သည်။အဆင့်(၂)သွေး၁
မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း
ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်မိမိ၏ နေ့စဉ်လုပ်နေကျ
လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နိုင်တော့ခြင်း။အာလေးလျှာလေး
ဖြစ်လာခြင်း။သတိလက်လွတ်စကားများ ပြောတတ်လာခြင်း။
ကိုယ်နေဟန်ချက်ကိုမထိန်းနိုင်တော့ခြင်း။အာရုံစိုက်၍အသေးစိတ်လုပ်ရသောလုပ်ငန်းများကိုမလုပ်နိုင်တော့ခြင်း။မိမိကိုယ်ကိုမထိန်းသိမ်းနိုင်တော့ခြင်း။စိတ်လိုက်မာန်ပါလုပ်ကိုင်လာခြင်း၊ရုပ်ရင်းကြမ်းတမ်းလာခြင်းသူငယ်အိမ်ကျယ်လာခြင်း။
လျှာခြောက်လာခြင်း ။ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့်
အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။အဆင့် (၃)သွေး၁
မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။်
ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်>နှစ်ခြိုက်စွာ
အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။ဦးဏှောက်ရှိ
အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့်
လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။သား
ငယ်အိမ်ကျဉ်းလာခြင်း။ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း
။နူတ်တ်ခမ်းများ ပြာလာခြင်း။ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။ထို့အပြင်
မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍
မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။ တခါသောက်ဟု ဆိုရာတွင်
အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )1 drink= ၀ိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊သက်တောင့် သက်သာရှိခြင်း၊ကားမောင်း နိုင်သည့် အရည်အသွေးများလျော့ကျခြင်းတနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်းနှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်အာလေး လျှာလေးဖြစ်လာခြင်းအသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်းစိတ်ဓါတ် တက်ကြွလာခြင်းပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်းနှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊မှတ်ဥာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်းမိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်းအရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်းလေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်းမိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်းအရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်းကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိုးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်းခံစားချက်မဲ့သွားခြင်း သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။ဒါကြောင့်
ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့်
သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊
မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့
လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။source>>http://lapyaelynn.blogspot.com/2010/04/blog-post_7687.html
shared by>>>http://natureenergycare.blogspot.com/2012/11/blog-post_15.html#more
အစားအသောက်တွေကို အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်ရာမှာ
မူလအရင်းမြစ် အာဟာရတွေ ဆုံးရှုံးမသွားအောင် ချက်ပြုတ်နိုင်စေဖို့
ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆန်
ဆန်ကို ရေနဲ့ အကြာကြီး ပွတ်တိုက်ဆေးကြောခြင်း မလုပ်ပါနဲ့။ ရေနဲ့
အထပ်ထပ်အကြိမ်ရေများများ ဆေးကြောတာကြောင့် ဆန်မှာပါဝင်တဲ့ ဗီတာမင်
ဘီ-ဝမ်းဓာတ်
ဆေးပညာရှင် သုတေသီများ၏ လေ့လောတွေ့ ရှိချက်အသစ်များအရ ကလေးငယ်များကို ရိုက်နှက်ခြင်းများပြုလုပ်လျှင် ကျန်းမာရေးထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်သည်အထိ ဆိုးကျိုးရှိကြောင့် လေ့ လောတွေ့ ရှိရသည် ။
အော်ငေါက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ သည် ကလေးငယ်များအားရုပ်ပိုင်ဆိုင်ရာ များစွာထိခိုက်စေခြင်း မရှိသော်လည်
း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများစွာ ဖြစ်ပေါ်စေသည့် အတွက်အသက်အရွယ်ကြီးရင့်လာသည့်အခါတွင် ကင်ဆာ ၊ နှလုံး နှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်ပေါ်စေခြင်းဖြစ်သည် ။
စိတ်ဖိစီးမှုမြင့်မားပါက ဇိဝကမ္မဆိုင်ရာပြောင်းလဲကာ ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း ပလိုင်းမောက် တက္ကသိုလ်မှ စိတ်ပညာရှင်သုတေသီများက လေ့လာတွေ့ ရှိခဲ့သည် ။
ဆော်ဒီအာရေဗျရှိ လူ ၇၀၀ ဦးအား လေ့လာခဲ့ပြီးနောက်တွင် ဌင်းတွေ့ ရှိချက်ကို သုတေသီများက အတည်ပြုနိုင်ခဲ့ကြောင်း သိရသည် ။News