“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, September 14, 2013

ကလေးအတွေး(ဟာသ)

Photo: ကလေးအတွေး

ဂျွန်နီလေးက အရုပ်ဆိုင်ထဲ ဝင်ပြီး အရုပ်တွေကို လျှောက်ကြည့်နေပါ တယ်။ အရုပ်တွေ ထဲက လေယာဉ်ပျံအရုပ်လေးကို သဘောကျပြီး ဝယ်ဖို့ အရောင်းစာရေးကို ပိုက်ဆံပေး လိုက်ပါတယ်။

ဂျွန်နီလေးရဲ့ ပိုက်ဆံကို မြင်ပြီး အရောင်းစာရေးက

"ကလေး ... မင်းပိုက်ဆံက ကစားတဲ့ ပိုက်ဆံတုတွေကွ၊ မင်း ဒီအရုပ်ကို လိုချင်ရင် တကယ့် ပိုက်ဆံပေးမှရမယ်"လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဂျွန်နီလေးကဘာမှမပြောဘဲ ဆိုင်ထဲက ထွက်သွားပါတယ်။ ဒါကြောင့် စာရေးက "ဟေ့ ကောင်လေး မင်းပိုက်ဆံက အစစ်မဟုတ်ဘူးကွ"လို့ လှမ်းအော်တော့ ဂျွန်နီလေး ပြန်ဖြေတာက "ခင်ဗျားရဲ့ လေယာဉ်ပျံကလည်း အစစ်မဟုတ်ဘူးလေ"တဲ့။

တစ်ထောင့်တစ်ညပုံပြင်ကြိုက်သူများ

"ဒေါသဖြစ်လွယ်သည့်အခါ ၆ ပါး"

Photo: "ဒေါသဖြစ်လွယ်သည့်အခါ ၆ ပါး"
Wednesday, September 10, 2013

၁။ ခရီးသွားရာမှ ပြန်လာသော အခိုက်
၂။ ထမင်းစားခါစ အခိုက်
၃။ အိပ်ယာထစ အခိုက်
၎။ ဆာလောင် မွတ်သိပ်နေသော အခိုက်
၅။ ဝေဒနာခံနေရသော အခိုက်
၆။ စိတ်တွင် အငြိုးဖြစ်နေသော အခိုက် (၀ါ) စိတ်တိုနေခိုက်

(သုခမှတ်စု မှ)

Credit To : အနှိုင်းမဲ့စာတိုပေစများ

6 Situations Which Can Make You Angry So Easily

1. When you just arrived from Journey or Outside.
2. When you are eating.
3. When you just woke up.
4. When you are very hungry.
5. When you are in pain or suffering.
6. When you are upset about something.

D-eXistence မှ ဘာသာပြန်ပူဇော်သည်။

World Of Wisdom

ပြောချင်လွန်းလို့(ဟာသ)

Photo: ပြောချင်လွန်းလို့

မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကားအလွန်တတ်ချင်သဖြင့် အမြဲလေ့ လာလျက်ရှိသည်။
နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ့ လာကျက်မှတ်သည့် အပြင် အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း မြန်မာစကားအသံထွက်များကို ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။
တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီဒလျှက် မြို့ ထဲသို့ ထွက်လာစဉ် လမ်းလျှောက်လာသော မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။
ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို ထုတ်လျှက် စာရွက်များကိုအပြင်းအထန်လှန်နေသည်။
ကိုရွှေမြန်မာမှာမူ သူ့ ကိုရေးမှတ်သွားကာ ဖမ်းဆီးမည် ထင်ပြီး ကြောက်လန့် နေ၏ ။
သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍ အားရပါးရအော်လိုက်သံကို ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရလေသည်။
ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော့
``အောင်မလေးဗျ . . . ´´ ဟူသတည်း။

Online Dictionary Website များ

Cambridge Online Dictionary
---------------------------------

http://dictionary.cambridge.org/

Merrian Webster Online Dictionary
----------------------------------------
http://www.merriam-webster.com/

Oxford Dictionary
---------------------------------
http://oxforddictionaries.com/

The Free Dictionary
---------------------------------------
http://www.thefreedictionary.com

ဖုန်းထဲတွင် အမည့်ထည့်ခြင်းနှင့် Message ပို့ခြင်းတို့ သတိပြုဖွယ်

Photo: ဖုန်းထဲတွင် အမည့်ထည့်ခြင်းနှင့် Message ပို့ခြင်းတို့ သတိပြုဖွယ် 
Saturday, September 14, 2013

သတင်းတစ်ပုဒ်ဖတ်လိုက်ရလို့ပါ။ ဖုန်းပျောက်သွားတဲ့ အမျိုးသမီးတစ်ဦးက သူ့ဘဏ်အကေင့်ရော၊ သူ့ချစ်သူ ဘဏ်အကောင့်ရော အားလုံး ပါသွားပါ တယ်။ 

ဖြစ်ပုံက ဒီလိုပါ။ ဖုန်းယူသွားတဲ့ သူဟာ ဖုန်းထဲမှာ Contact ကိုမွေနှောက် ပါတယ်။ ပြီးတော့ Honey လို့အမည်ပေးထားတဲ့ Contact ကိုတွေ့ပြီး ဘဏ်အကောင့် ပင်နံပါတ်ပို့ပေးပါလို့တောင်းပါတယ်။ ဟိုကလည်း သူ့ချစ်သူ အထင်နဲ့ ပို့ပေးလိုက်ပါတယ်။ နောက်ပြီးတော့ ချစ်သူ အမျိုးသားရဲ့ အကောင့်ပါ အရေးကြီးလို့ပါ ဘာညာလို့ Message ထဲမှာ ထည့်ပြီးရေး တောင်းတော့ ဟိုကတကယ်ပို့ပေးပါတယ်။ ဒါနဲ့ပဲ သူတို့ နှစ်ဦး စလုံးရဲ့  ဘဏ်အကောင့်ထဲမှာ ငွေအားလုံးပါသွားပြီး ဖုန်းလည်းဆုံးရှုံး သွားပါတယ်။ 

ဒီတော့ ဆင်ခြင်စရာအနေနဲ့ -

ဖုန်းထဲမှာ ကိုယ်နဲ့ချစ်သူ ခင်သူပဲ ဖြစ်ဖြစ်၊ မိဘ၊ မိသားစုပဲ ဖြစ်ဖြစ် Contact ထဲမှာ Honey, Love, Sweety, Wife အစရှိသဖြင့် Nick name ထည့်ရေး တာကို သတိထားစေဖို့ ပြောဆိုထားပါတယ်။ 

တစ်ဖက်ကလည်း အရေးကြီးကိစ္စဆိုရင် ဖုန်းဆက်ပြီး ဟုတ်မ ဟုတ် ပြန်မေး၊ ပြန်အသိမှတ်ပြု Confirm လုပ်ဖို့ လိုပါတယ်။ ဒါက နှစ်ဖက်စလုံးအတွက်ပါ။ အရေးကြီး ကိစ္စတွေ၊ချိန်းတာတွေဆိုရင်လည်း ဖုန်းနဲ့ စကားပြောပြီး Confirm လုပ်ဖို့ လိုအပ်ပါသေးတယ်။ အဲ့လိုမဟုတ်ပဲ စာထဲကနေ ဘယ်နေ့၊ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ရအောင် ဆိုတဲ့စာတွေတွေ့တိုင်း သွားရင် ကိုယ့်အတွက် အန္တရာယ်ရှိပါတယ်။ မိုဘိုင်းဖုန်း လူသုံးများလာတဲ့ ခေတ်ကြီးထဲမှာ ဖုန်းရဲ့  ပစ္စည်းလုံခြုံရေးနဲ့အတူ ဖုန်းနဲ့ဆက်စပ်တဲ့ ပိုင်ရှင် Personal လုံခြုံရေး၊ ဖုန်းပိုင်ရှင်နဲ့ ဆက်စပ် ပတ်ဝန်းကျင် လုံခြုံရေးကလည်း သတိထားစရာ ဖြစ်လာတာမို့ အသေးပေး လိုက် ရပါတယ်။ 

Ref: dkykn
အောင်ခမ်း (International news for myanmar)
သတင်းတစ်ပုဒ်ဖတ်လိုက်ရလို့ပါ။ ဖုန်းပျောက်သွားတဲ့ အမျိုးသမီးတစ်ဦးက သူ့ဘဏ်အကေင့်ရော၊ သူ့ချစ်သူ ဘဏ်အကောင့်ရော အားလုံး ပါသွားပါ တယ်။

ဖြစ်ပုံက ဒီလိုပါ။ ဖုန်းယူသွားတဲ့ သူဟာ ဖုန်းထဲမှာ Contact ကိုမွေနှောက် ပါတယ်။ ပြီးတော့ Honey လို့အမည်ပေးထားတဲ့ Contact ကိုတွေ့ပြီး ဘဏ်အကောင့် ပင်နံပါတ်ပို့ပေးပါလို့တောင်းပါတယ်။ ဟိုကလည်း သူ့ချစ်သူ အထင်နဲ့ ပို့ပေးလိုက်ပါတယ်။ နောက်ပြီးတော့ ချစ်သူ အမျိုးသားရဲ့ အကောင့်ပါ အရေးကြီးလို့ပါ ဘာညာလို့ Message ထဲမှာ ထည့်ပြီးရေး တောင်းတော့ ဟိုကတကယ်ပို့ပေးပါတယ်။ ဒါနဲ့ပဲ သူတို့ နှစ်ဦး စလုံးရဲ့  ဘဏ်အကောင့်ထဲမှာ ငွေအားလုံးပါသွားပြီး ဖုန်းလည်းဆုံးရှုံး သွားပါတယ်။

ဒီတော့ ဆင်ခြင်စရာအနေနဲ့ -

ဖုန်းထဲမှာ ကိုယ်နဲ့ချစ်သူ ခင်သူပဲ ဖြစ်ဖြစ်၊ မိဘ၊ မိသားစုပဲ ဖြစ်ဖြစ် Contact ထဲမှာ Honey, Love, Sweety, Wife အစရှိသဖြင့် Nick name ထည့်ရေး တာကို သတိထားစေဖို့ ပြောဆိုထားပါတယ်။

တစ်ဖက်ကလည်း အရေးကြီးကိစ္စဆိုရင် ဖုန်းဆက်ပြီး ဟုတ်မ ဟုတ် ပြန်မေး၊ ပြန်အသိမှတ်ပြု Confirm လုပ်ဖို့ လိုပါတယ်။ ဒါက နှစ်ဖက်စလုံးအတွက်ပါ။ အရေးကြီး ကိစ္စတွေ၊ချိန်းတာတွေဆိုရင်လည်း ဖုန်းနဲ့

နှမြောတတ်သူ(ဟာသ)

Photo: နှမြောတတ်သူ

     တနေ့မှာ စကော့တလန်သားတယောက်က သူ့နေတဲ့ တိုက်ရဲ့ အမိုးပေါ်ကို ဆေးတတ်သုတ်နေပါတယ်။ သူ့အိမ်က(၄)ထပ်တိုက်ပါ

သူတို့က မိသားစုတွေစုနေကြတာပါ။ သူဆေးတက်သုတ်နေချိန်မှာ သူ့မိန်းမက တတိယထပ်မှာ ထမင်းချက်နေပါတယ်။ အဲ့လိုဆေးသုတ်

နေရင်းနဲ့ ထိုလူဟာ ခြေချော်ပြီးအောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျတဲ့ အချိန်မှာ တတိယထပ်ကို ဖြတ်တော့ သူကသူ့မိန်းမ အတွက် စကားတခွန်းအော်လိုက်ပါတယ်။ အဲ့ဒီစကားကတော့ " ထမင်းတယောက်စာလျှော့ချက်ဟေ့" လို့ပဲဖြစ်ပါတယ်။ အဲ့လောက် နှမြောတဲ့ စကော့သားတွေပါ။
တနေ့မှာ စကော့တလန်သားတယောက်က သူ့နေတဲ့ တိုက်ရဲ့ အမိုးပေါ်ကို ဆေးတတ်သုတ်နေပါတယ်။ သူ့အိမ်က(၄)ထပ်တိုက်ပါ ...