“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 6, 2012

စေတနာ

အပွင့်ပွင့်တဲ့ ပန်းပင်
ကိုင်းချိုးခံရတယ်..
အသီးသီးတဲ့သစ်ပင်
ခဲပစ်ခံရတယ်..
အလုပ်လုပ်တဲ့လူ
အပြောအဆိုခံရတယ်
ဒါသဘာဝပဲ မဟုတ်လား..
အဲ့ဒီသဘာဝကို သိရက်သားနဲ့
အလုပ်လုပ်လို့ အပြောအဆို အဝေဖန်ခံရတာကို
မင်းက ရေးကြီးခွင်ကျယ်လုပ်ပြီး
ညည်းညူမနေစမ်းပါနဲ့ကွာ..
မင်းကိုထပ်ပြီး အမြင်ကတ်နေပါဦးမယ်..
ငါကစေတနာနဲ့ ပြောတာနော်.
စိတ်ဆိုးမနေနဲ့ဦး.....