“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 5, 2013

ဆရာဝန့်လက်ရေး ၂(ဟာသ)

ယနေ့အကြိုက်ဆုံး ဟာသ
=================
"ဆရာဝန့်လက်ရေး ၂"

လူတစ်ယောက် နေမကောင်းလို့ ဆရာဝန်လာပြတယ်
ဆရာဝန်က စစ်ဆေးကြည့်ရှုပြီးတော့ ဆေးစာတစ်စောင် ရေးပေးလိုက်တယ်
အဲဒါနဲ့ လူနာလည်း ဆေးဆိုင်တစ်ခုမှာ အဲဒီဆေးစာပြပြီး ဆေးဝယ်တာပေါ့

ခက်တာက ဆေးဆိုင်က အရောင်းစာရေးက ဆေးစာကို ဖတ်မရဘူးဖြစ်နေတယ်
ဒါနဲ့ ဆရာဝန်ကို ပြန်မေးခိုင်းလိုက်တယ်
အဲဒီနေ့က မိုးချုပ်သွားတာနဲ့ နောက်ရက်မှ ဆရာဝန်ကို လာပြောရတယ်

"ဆရာ... ဆေးရောင်းတဲ့ဆိုင်က ဒီဆေးစာကို ဖတ်မရဘူး ပြောနေလို့"

ဆရာဝန်က သူ့ဆေးစာကို ပြန်ယူပြီး ဖတ်ကြည့်တယ်
ပြီးတော့ လူနာကို လှမ်းငေါက်တယ်... ...

"ခင်ဗျားဗျာ၊ ဖတ်မရရင်လည်း မနေ့က ချက်ခြင်းလာပြောသင့်တယ်"
"ဘာလို့ပါလဲ ဆရာ"

"ခုတော့ ကျုပ်လည်း ဘာရေးပေးလိုက်မှန်း မသိတော့ဘူး"

"ဂျာ..."

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ဆူးတစ်ခက်ရဲ့ မနက်ဖြန်ရက်များ

✿ အလှမ်းမမှီတဲ့ ပန်းတစ်ပွင့်မို့
နမ်းရှိုက်ခွင့် အိမ်မက်တွေထဲစီးမျောရင်း
ပြုံးခဲ့ ရယ်ခဲ့ ရူးသွပ်ခဲ့တယ် ❤

✿ ကြွေချိန်တန် ကြွေလွင့်မယ်မှန်းသိပေမယ့်
မနက်ဖြန်ဆိုတဲ့ နေ့တွေမရောက်ဖို့
တိတ်တိတ်လေး ကြိတ်ဆုတောင်းနေခဲ့တယ် ❤

✿ အတိတ်တွေကြောင့် ဆူးနေတဲ့ငါ့ရင်
ခုတော့ အိမ်မက်တွေတောင် မက်ခွင့်မရှိအောင်
သူ နှုတ်ဆက် လက်ပြလာတယ် ❤

✿ သူနဲ့တွေ့တိုင်း ရင်တစ်ခုလုံးပြည့်နေတတ်တဲ့ ပြောစရာစကားတွေ
ခုတော့ ထူးထူးဆန်းဆန်း
ပျောက်ဆုံးနှုတ်ဆိတ် အသက်မဲ့နေတယ် ❤