“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, November 28, 2012

သင်၏ အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ

လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။ အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။

အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း

အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။

Facebook အသုံးပြုလွန်းခြင်း

ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဥ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကို ပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင် အချိန်ပေးကာ နားပါ။

သက်သောင့်သက်သာရှိသော အိပ်ရာမရှိခြင်း

မွေ့ရာကောင်းကောင်းရှိရင် သင့်ကိုပိုပြီး အိပ်မောကျစေတာ မှန်ပါတယ်။ သင်က ပက်လက်လှန် အိပ်တတ်သူဆိုရင် ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပြီး ဘေးတစောင်း အိပ်တတ်သူဖြစ်ရင်တော့ ခပ်တင်းတင်းရှိတဲ့ ခေါင်းအုံးမျိုးကို ရွေးသင့်ပါတယ်။

နိုးစက်နာရီက တောက်ပသော အရောင်ထွန်းထားခြင်း

အိပ်နေတဲ့အချိန်မှာ နှိုးစက်နာရီရဲ့ တောက်ပတဲ့ အရောင်ဟာ လန့်နိုးစေနိုင်ပါတယ်။ အိပ်ခန်းက မှောင်နေလေလေ အိပ်မောကျဖို့ ပိုကောင်းလေလေပါ။ အခန်းထဲက တောက်ပတဲ့ နှိုးစက်အလင်းကို စာအုပ်တစ်အုပ်နဲ့ ကာကွယ်ထားပါ။

အိပ်ပျော်ရန် ဂဏန်းများ ရေတွက်နေခြင်း

အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲမှာ နေနေတာက ပိုပြီး အချိန်ကုန်စေပါတယ်။ အိပ်ပျော်ဖို့ရာအတွက် မိနစ် ၃၀ ထက်ပိုပြီး အချိန်ပေးနေရရင် အိပ်ရာထဲကထပြီး စာဖတ်တာ၊ သီချင်းနားဆင်တာ စတဲ့ တစ်ခုခုကို လုပ်ဆောင်လိုက်ပါ။ ကိန်းဂဏန်းတွေကို ရေတွက်နေတာမျိုးက ဦးနှောက်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်လန်းဆန်း စေနိုင်တာကြောင့် မလုပ်သင့်ပါ။

ညဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း

နေ့ခင်းအချိန် လေ့ကျင့်ခန်း လုပ်ပေးရင် တစ်နေ့လုံးလိုလို လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ အိပ်ရာမဝင်ခင် အချိန်သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ညဘက်မှာ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး စွမ်းအင်အဆင့် တိုးတက်ကာ အိပ်ပျော်မယ့် အဆင့်ကို အဟန့်အတား ဖြစ်စေပါတယ်။

Ref: Good Health 29 May, 2012 – 11:19

Video,Photo တွေကိုဆလိုက်ရှိုး လုပ်ဘို့ အကောင်းဆုံး၊အပေါ့ပါးဆုံး Effect တွေအစုံဆုံး Photodex ProShow Producer v5.0.3280

အွန်လိုင်းမိတ်ဆွေများအားလုံး မင်္ဂလာပါ..
ဒီနေ့တော့ Video Editing လုပ်တဲ့ Santhoes  ဆိုသူ သူငယ်ချင်းတစ်ယောက်က
ကိုနိုင် photo slideshow လုပ်တဲ့ program effect လှလှလေးနဲ့ လိုချင်တယ် ဘယ်ဟာကောင်းလဲဗျာ ” လို့မေးလာလို့ကျနော် ကိုယ်တိုင်လဲ အမြဲသုံး နေတဲ့  Partable လုပ်ထားပြီးသား Photodex ProShow Producer v5.0.3280  နောက်ဆုံး Version လေးကို  တခြားလိုချင်တဲ့သူတွေလည်း

လေ့လာသင့်သောနည်းပညာစာအုပ်အချို့ 

ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့စာအုပ်အချို့ ကို ပြန်လည်မျှဝေပေးတာပါ။ကျွန်တော့်လို အခြေခံပညာသင်များလေ့လာသင့်တဲ့စာအုပ်လေးတွေလို့  ညွှန်းပါရစေ။

windows ထဲတွင်ပုံမှန်အတိုင်း Format ချ၍မရသော USB  Drive များကို Dos ဖြင့် Format ချ၍ပြုပြင်နည်းစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင်  ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကွန်ပျူတာပြုပြင်ရန်စဉ်းစားနိုင်သည့်အချက်များစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကိုနေစေးရေးထားတဲ့ဂျီတော့အခြေခံအသုံးပြုနည်းများစာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

ကွန်ပျူတာမှာဖြစ်တတ်တဲ့ပြဿနာလေးတွေဖြေရှင်းနည်းအကြောင်းရေးထားတဲ့စာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် အပိုင်း(၁)ဒေါင်းရန် အပိုင်း(၂)ဒေါင်းရန်

ဖေ့ဘွတ်အကောက်ဘာကြောင့်ပျက်ရသလဲဆိုတဲ့အကြောင်းရှင်းပြထားတဲ့စာအုပ်လေးပါ။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

အောက်ကပို့ စ်တွေကတော့ ဘလော့ဆိုဒ်ထောင်ချင်တဲ့သူငယ်ချင်းတွေအတွက်ပါ။

ကိုနေမင်းမောင်ရဲ့ဘလော့ပြုလုပ်နည်းစာအုပ်ဒေါင်းရန်
ကိုအာကာဖြိုးရဲ့ဘလော့အလှဆင်နည်းစာအုပ်ဒေါင်းရန်
ကိုစေတနာရေးထားတဲ့ဘလော့အချက်အလက်စာအုပ်ဒေါင်းရန်

ဘလော့တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်  Prewiew Docs
ဘလော့လုပ်နည်းစာအုပ် (စေတန်ဂေါ့)  Prewiew Docs

အောက်ကစာအုပ်တွေကတော့ နည်းပညာဗဟုသုတပေါ့နော်

ဦးခိုင်မောင်ရေးထားတဲ့ Special Effects For Graphic Designer စာအုပ်ေ...
DOS COMMAND တွေအကြောင်းရေးထားတဲ့စာအုပ်ဒေါင်းရန်
Bots ကာကွယ်ခြင်းအစီအမံစာအုပ်ဒေါင်းရန်
 
Download ပြုလုပ်ရန်
လေ့လာချင်ရင်တော့..ယူသွားလိုက်ပါ......

Download ပြုလုပ်ရန်


အဆင်ပြေကြပါစေ......

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1513882&xgs=1&xg_source=msg_share_post

ကမ္ဘာအဆိပ်ပြင်းဆုံးသတ္တ၀ါ (၁၀) မျိုး

ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားပါတဲ.ဂျယ်လီငါး(မြန်မာအခေါ်ဂျက်လီငါး၊ရေတန်းငါး)ဖြစ်ပါတယ်။ဂျယ်လီငါးရဲ.အဆိပ်ဟာလူရဲ.နှလုံး၊အာရုံကြောစုစည်းမူ.စနစ်၊အရေပြားဆဲလ် စတာတွေကိုချက်ခြင်းစီးဝင်ပျံနှံနိုင်ပါတယ်။ဂျယ်လီငါးရဲ.အညံဆုံးကိုခန္တာအစိတ်အပိုင်းတခုသည်ပင် လူတယောက်အား  မခံမရပ်အောင်အလွယ်တကူ နာကျင်စေပါတယ် ထိုသို.ထိတွေခံလိုက်ရသော သူ၏ဒုက္ခသည်ကား စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ   သေဆုံးရတတ်သည်။ မြန်မာနိုင်ငံရှိကမ်းခြေများ မိုးတွင်းကာလ တွင် ရေတန်းငါးတခါတရံကျရောက်တတ်ပြီး ထိုငါးနှင်.ထိမိပါက မီးလောင်ဒဏ်ရာကဲ.သို. ဖြစ်ပေါ်တတ်သည်။အဆိပ်ပြင်းလှတဲ. ဂျယ်လီငါးကတော. အာရှနဲ.သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါတယ်။
2. King Cobra
 လူသိများလှတဲ မြွေဟောက်ဘုရင် ဟာ အဆိပ်ရှိမြွေသတ္တ၀ါတွေထဲမှာအရှည်ဆုံးဖြစ်ပါတယ်။၅.၆ မီတာ(၁၈ပေ၅လက်မခန်.)ထိကြီးထွားနိုင်ပါတယ်။သူ.ရဲ.အခြားနာမည်တခုကတော.Ophiophagus hannah  ဖြစ်ပါတယ်။Ophiophagus ကို လုံးစေ.ပတ်စေ.   ပြောရမယ်ဆိုရင်   မြွေစားသူ လို.ပြောရမှာဖြစ်ပြီး သူဟာ မြွေအချင်းချင်းလဲပြန်စားပါတယ်။တချက်ကိုက်ရုံနဲ. လူမပြောနှင်. အရွယ်ရောက်ပြီးသော အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်းသေစေနိုင်သည်အထိ အဆိပ်ပြင်းလှသည်။အာရှတိုက်   တောင်ပိုင်းနှင်.အရှေ.တောင်အာရှတောနက် များတွင်တွေရတတ်သည်။
3. Marbled Cone Snail
စကျင်ကျောက်ပုံစံနှင်ခရုဖြစ်ပါတယ်။ကြည်.လှသလောက်အဆိပ်ပြင်းလှတဲ.အကောင်တွေထဲမှာ သူလဲပါပါတယ်။သူ.အဆိပ်ရည်တစက်  နှင်.ပင်လူ၂၀ထက်မနည်းသေစေနိုင်ပါတယ်။ဆားငံရည်ပျော်ဝင်နေတဲ.ရေနွေးရှိရာဒေသတွေမှာ တွေရတတ်ပါတယ် သူဆူးထိမိခဲရင်အနှေးနှင်အမြန်ကြီးမားစွာဒုက္ခပေးတဲ.အကျိုးခံစားရမှာဖြစ်ပါတယ်။ ရောင်ရမ်ခြင်း၊မလူပ်ရှားနိုင်ဘဲတဆစ်ဆစ်ခံစားရပြီး
ဆိုးဝါးတဲ.ဖြစ်စဉ်အဖြစ် သွပ်ချာပါဒ လိုက်သလို တုံဆိုင်းသွားပြီး အသက်ရူရခက်လာပြီး စသည်.ရောဂါလက္ခဏာ  များပြတတ်ပါတယ်။
4. Blue-Ringed Octopus

အပြာရောင်လပ်စွပ်ကွင်းပုံစံလေးနဲ.ရေဘ၀ဲပါ။အရွယ်အစားကတော.ဂေါက်သီး တလုံးရဲ . အရွယ်ခန်.ရှိ.ပါတယ် ။ သူ.လဲလူတယောက်ကို လွယ်လွယ်သေစေနိုင်ပါတယ်။လူ၂၆ယောက်ခန်.ကို မိနစ်ပိုင်းအတွင်းသေစေနိုင်တဲ.အဆိပ် ပမာဏကို သယ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူ.လက်တံနဲ.ထိမိ.တာနဲ.အာရုံကြောများမှတဆင်အဆိပ်ပြန်.၀င်ပြီးကြွက်သားများ  ပျောညံအားနည်းလာပြီးလေးလံထုံထိုင်းလာကာ အသက်ရူရပ် သေဆုံးတတ်ပါသည်။ဂျပန်နှင်သြစတေးလျှရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ ၀င်ရောက်တဲ.ရေကန်များ မှာတွေ.နိုင်ပါတယ်။
5. Death Stalker Scorpion
 ဒီကင်းမြီးကောက်ကတော.ကိုက်ခံရပြီဆိုအာရုံကြောများမှအဆိပ်ပြန်.ပြီး လေငန်းစွဲသလို ဖြစ် မေးမြှော့သေဆုံးနိုင်ပါတယ်။ သူ.ကိုတော.အာဖရိကတောင်ပိုင်းနှင်.အရှေ.အလယ်ပိုင်းတွေမှာတွေရတတ်ပါတယ်။
6. Stonefish
ဒီကျောက်ငါးကတောအလှပြိုင်ပွဲမှာဝင်ပြိုင်ရင်ဆုမရနိုင်ဘူးလား။သူလဲကမ္ဘာ.အဆိပ်ပြင်းငါးတမျိုးပါပဲ ထိတ်လန်.ပြိးတစ်ရူးတွေသေဆုံးကာနာရီးအနည်းငယ်အတွင်းမှာ ဆေးကုသမူမပြုလုပ်ရင် သေဆုံနိုင်ပါတယ် ပိစိဖိတ်နှင်အိန္ဒိယသမုဒ္ဒရာအပူပိုင်းရေတိမ်သောနေရာနှင်.ပင်လယ်နီqueensland  သောင်ခုံကျောက်တန်းများ တွင်    တွေ.ရှိနိုင်သည်။
7. The Brazilian wandering spider

 ဘရာဇီးမှာလှည်.လည်သွားလာနေတဲ.ဒီငှက်ပျောသီးပင်.ကူဟာလူကိုအန္တရာယ်ပေးနိုင်ဆုံးဖြစ်ပြီး   နေ.ပိုင်းတွေမှာ အိမ်ရဲ.အတွင်းပိုင်း အင်္ကျီင်္ ၊ဖိနပ်၊ကားစသည်ဆို.မှာ ပုန်းခိုတတ်ပါတယ်။
8. Inland Taipan
အပူပိုင်းမြေဒေသမှ အဆိပ်ပြင်းလှတဲ. မြွေပါပဲ ၄၅ မိနစ်အတွင်းမှာ သေစေနိုင်ပါတယ်။
 9. Poison Dart Frog
အဆိပ်လက်နက်နဲ.ဖားလှလှလေးပါ။မိုးမျာတဲ.တောနက်ထဲမှာပြေးလွားနေတတ်ပြီးတစ်ခါတရံ တောင်အမေရိကအလယ် ပိုင်းမှာတွေရပါတယ်။၂လက်မခန့်အရှည်ရှိပါတယ်။လူနဲ.အခြားနို.တိုက်သတ္တ၀ါတွေကို  သေစေနိုင်ပါတယ်။
10. Puffer Fish
 pufferငါးအကိုက်ခံ ပြီဆိုရင် ရေစီကြမ်းတဲ.နှလုံးကိုအရိုက်ခံရသလိုပါပဲသူ.ရဲ.နုတ်ခမ်းထူထူနဲ.လျှာတွေက လဲအဆိပ်ရှိပါတယ်အကိုက်ခံရတဲ.လူဟာကြွက်သားတွေတုန်.ဆိုင်းသွားမယ်ရင်ဘက်ပိုင်းနှင်.၀မ်းဗိုက်ပိုင်းကြား ထိခိုက်ခံစားရပြီး၂၄နာရီအတွင်း သေနိုင်ပါတယ်၊၊

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1514217&xgs=1&xg_source=msg_share_post

သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ



၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။

၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။

၃။ ကိုယ်ခံအား ကောင်းစေခြင်း။

၎။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ်ကျန်းမာစေခြင်း။

၅။ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်စေခြင်း။

၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။

၇။ မှတ်ဥာဏ်များ ပိုမိုကောင်းမွန်ခြင်း။

၈။ လူမှုဆက်ဆံရေး တိုးတက်စေခြင်း။

၉။ ကိုယ်စိတ်ချမ်းသာခြင်း။

၁၀။ တက်ကြွလန်းဆန်းစေခြင်း။
--
Ref: medicfacts
http://www.innewsmyanmar.com/2012/11/blog-post_27.html

အမေရိကန်တို့ ကျည်ကာ ဝတ်ဆုံ စမ်းသပ်မှု

ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ- ပထမ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကျည်ကာ ဝတ်စုံ စမ်းသပ်ထုတ်လုပ်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှာ ကတော့ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလက ဝါရှင်တန် ဒီစီမှာ အမေရိကန်တို့ ကျည် မပေါက် ဝတ်စုံ လက်တွေ့ စမ်းသပ်နေမှု ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း အများအပြား ထုတ်လုပ် ရောင်းချနိုင်မှုကြောင့် စီးပွား တစ်ဟုန်ထိုး မြင့်တက်ခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

အမှန်တကယ် အရည်အသွေးကောင်းမွန်တဲ့ လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကျည်ကာ ဝတ်စုံများ ထုတ်လုပ်သည့် နိုင်ငံအဖြစ်လည်း အမေရိကန်က အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

http://www.innewsmyanmar.com/2012/11/blog-post_5653.html

ကလေးအဖေဘယ်သူလဲ


၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေးလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။

ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။

သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို မကြိုက်ပေမယ့် “ငါဒီအလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ်သက်တမ်း ၆ လ အတွင်း တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန်မရခဲ့ပါ။

ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ်ဆိုးပြီး တရားစွဲခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။

သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။ 

http://www.innewsmyanmar.com/2012/08/blog-post_4667.html

ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် အထက်လှန်အောက်လျှောဝေဒနာ

Photo: ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် အထက်လှန်အောက်လျှောဝေဒနာ
http://www.myawady.net.mm/mwdhealth/treatment/prevent/405-2012-11-26-02-48-11
ယခုကဲ့သို့သော ဆောင်းရာသီတွင် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ် သည့်  Rota  ဗိုင်းရပ်စ်ကြောင့် ကလေးငယ်များတွင် အထက်လှန် အောက်လျှော ဝေဒနာများကို ခံစားရလေ့ရှိကြောင်းသိရသည်။

အဆိုပါ ဗိုင်းရပ်စ်သည် ဆောင်းရာသီတွင်သာ ပေါက်ပွားလေ့ရှိပြီး အသက် ၂ နှစ်အောက် ကလေးငယ်များအား အဓိကတိုက်ခိုက်တတ်သောကြောင့် ၂ နှစ်အောက် ကလေးငယ်များသည် ယခုကဲ့သို့သော ရာသီဥတုတွင် အထက် လှန်အောက်လျှော ဝေဒနာကို ခံစားရလေ့ရှိကြသည်ဟု ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်ကပြောသည်။

 “ဒီဇင်ဘာနောက်ပိုင်းကစ ပြီးဖြစ်နေတာ ဇန်န၀ါရီထဲမှာ လည်းဖြစ်တာများတယ်။  အခုအ ချိန်အထိလည်းဖြစ်နေတုန်းပဲ”ဟု ဒေါက်တာ ယုဇနစောမြင့်က ပြောသည်။

 

ထိုသို့ အထက်လှန်အောက်လျှောဖြစ်ကာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းသို့ ပိုးတစ်မျိုးမျိုး ၀င်ရောက်သောကြောင့်ဖြစ်ပြီး ၂ နှစ်အောက်ကလေးငယ်များ တွင် Rotaဗိုင်းရပ်စ်ကြောင့် အဖြစ်များ၍  ၂ နှစ်အထက်ကလေးငယ် များတွင်တော့ E.coli  ပိုးနှင့် Salmonella   ဟုခေါ်သည့် ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် ဖြစ်ပွား လေ့ရှိကြကြောင်းသိရသည်။

 Salmonella  တွင် အူရောင် ငန်းဖျား  Typhoid  ဖြစ်သောပိုးနှင့် မဖြစ်စေသောပိုးဟူ၌နှစ်မျိုးရှိရာ Typhoid မဖြစ်စေသည့် ပိုးတစ်မျိုးမှ ကလေးငယ် များအား အထက် လှန်အောက် လျှောဖြစ်စေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့သော ဆောင်းရာသီတွင် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ် သည့် Rota ဗိုင်းရပ်စ်ကြောင့် ကလေးငယ်များတွင် အထက်လှန် အောက်လျှော ဝေဒနာများကို ခံစားရလေ့ရှိကြောင်းသိရသည်။

အဆိုပါ ဗိုင်းရပ်စ်သည် ဆောင်းရာသီတွင်သာ ပေါက်ပွားလေ့ရှိပြီး အသက် ၂ နှစ်အောက် ကလေးငယ်များအား အဓိကတိုက်ခိုက်တတ်သောကြောင့် ၂ နှစ်အောက် ကလေးငယ်များသည် ယခုကဲ့သို့သော ရာသီဥတုတွင် အထက် လှန်အောက်လျှော ဝေဒနာကို ခံစားရလေ့ရှိကြသည်ဟု ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်ကပြောသည်။

“ဒီဇင်ဘာနောက်ပိုင်းကစ ပြီးဖြစ်နေတာ ဇန်န၀ါရီထဲမှာ လည်းဖြစ်တာများတယ်။ အခုအ ချိန်အထိလည်းဖြစ်နေတုန်းပဲ”ဟု ဒေါက်တာ ယုဇနစောမြင့်က ပြောသည်။

ထိုသို့ အထက်လှန်အောက်လျှောဖြစ်ကာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းသို့ ပိုးတစ်မျိုးမျိုး ၀င်ရောက်သောကြောင့်ဖြစ်ပြီး ၂ နှစ်အောက်ကလေးငယ်များ တွင် Rotaဗိုင်းရပ်စ်ကြောင့် အဖြစ်များ၍ ၂ နှစ်အထက်ကလေးငယ် များတွင်တော့ E.coli ပိုးနှင့် Salmonella ဟုခေါ်သည့် ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် ဖြစ်ပွား လေ့ရှိကြကြောင်းသိရသည်။

Salmonella တွင် အူရောင် ငန်းဖျား Typhoid ဖြစ်သောပိုးနှင့် မဖြစ်စေသောပိုးဟူ၌နှစ်မျိုးရှိရာ Typhoid မဖြစ်စေသည့် ပိုးတစ်မျိုးမှ ကလေးငယ် များအား အထက် လှန်အောက် လျှောဖြစ်စေခြင်းဖြစ်ကြောင်း သိရသည်။
 

“““““ အလွမ်းနေ့စွဲ ””””

တစ်ဘ၀တာ မဆုံဆည်းနိုင်ပေမယ့်
ခဏတာဖြစ်ဖြစ် မင်းအပြုံးလှလှလေးတွေကို
မြင်တွေ့ခွင့်ရဖို့ မျှော်လင့်နေမိတယ် ...

မထိုက်တန်ဘူး မင်းအပြုံးနုနုတွေနဲ့ ဆိုရင်တော့
ခပ်သဲ့သဲ့ မင်းအသံလေးတွေဖြစ်ဖြစ်
ဒီလိုနေ့ညတွေ ငါမျှော်လင့်မိနေဦးမှာဘဲ ...

ငါဟာ
စိတ်ကူးယဉ်တတ်တဲ့
အိမ်မက် မက်တတ်တဲ့
ပြုံးတတ် ငိုတတ်တဲ့ လူထဲက လူဘဲမဟုတ်လား ...
(အောင်ကျော်မြင့်)
akmyint.kooo@gmail.com

ဒူးနာသက်သာအောင် နာနတ်သီးစားပါ

Photo: ဒူးနာသက်သာအောင် နာနတ်သီးစားပါ
http://www.myawady.net.mm/mwdhealth/knowledge/420-2012-11-28-04-25-18
နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင် ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။ ဒါ့အပြင် ဘရိုမီလိန်း လို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေ မှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။ လေ့လာမှုတွေအရ ဘရိုမီလိန်းဒြပ်ပေါင်းဟာ ဒူးခေါင်း အရိုးအဆစ်ရောင် နာနဲ့နာကျင်မှုဝေဒနာပျောက် ကင်းဖို့အတွက် ထိထိရောက်ရောက် အကျိုး ရှိတယ်လို့ သိရပြီး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင် ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။ ဒါ့အပြင် ဘရိုမီလိန်း လို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေ မှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။ လေ့လာမှုတွေအရ ဘရိုမီလိန်းဒြပ်ပေါင်းဟာ ဒူးခေါင်း အရိုးအဆစ်ရောင် နာနဲ့နာကျင်မှုဝေဒနာပျောက် ကင်းဖို့အတွက် ထိထိရောက်ရောက် အကျိုး ရှိတယ်လို့ သိရပြီး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။