“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, January 13, 2012

စိတ်မဆိုးကြေး

အပွင့်ပွင့်တဲ့
ပန်းပင်ကိုင်းချိုးခံရတယ်..
အသီးသီးတဲ့သစ်ပင်
ခဲပစ်ခံရတယ်..
အလုပ်လုပ်တဲ့လူ
အပြောအဆိုခံရတယ်..
ဒါသဘာဝပဲ မဟုတ်လား..
အဲ့ဒီသဘာဝကို သိရက်သားနဲ့
အလုပ်လုပ်လို့ အပြောအဆို အဝေဖန်ခံရတာကို
မင်းက ရေးကြီးခွင်ကျယ်လုပ်ပြီး
ညည်းညူမနေစမ်းပါနဲ့ကွာ..
မင်းကိုထပ်ပြီး အမြင်ကတ်နေပါဦးမယ်..
ငါကစေတနာနဲ့ ပြောတာနော်.စိတ်ဆိုးမနေနဲ့ဦး...

အားနာလို့

တစ်ခါက အလွန်အားနာတတ်သော မောင်တုတ်ဆိုသူတစ်ယောက်ရှိသည်..
တစ်နေ့တွင် မောင်တုတ်သည် ရွာတစ်ရွာသို့အလည်သွားရင်း၊ အသိအိမ်တစ်အိမ်၌ ခဏ၀င်နားသည်..
ထိုအိမ်တွင် အိမ်ရှင်မရှိဘဲ အိမ်ရှင်၏ သမီးပျိုလေးသာရှိနေသည်..
“ အဘတို့တော့ ဟိုဘက်အိမ်သွားကြတယ် ”
ခဏအကြာတွင် မိန်းမပျိုက ထမင်းပွဲပြင်ပြီး.
“ မောင်ကြီး ထမင်းစားရအောင် ”
မောင်တုတ်သည် ဆာသော်လည်း အားနာသဖြင့် -
““ ရပါတယ်..ကျွန်တော်မဆာသေးပါဘူး””
“ လာပါ..မောင်ကြီးအတွက်ပါခူးထားပါတယ်.အားမနာပါနဲ့ ”
““ ရပါတယ်ဗျာ ””
မိန်းမပျိုမှာ ခေါ်မရ၍ တစ်ယောက်တည်း စားလိုက်လေသည်..
သို့သော် မောင်တုတ်မှာ တအားဆာလာသဖြင့် အားမနာနိုင်တော့ဘဲ လက်ဆေးပြီး ထမင်းစားပွဲနားတွင် မတ်တပ်ရပ်လိုက်သည်..
ထိုအခါ မိန်းမပျိုက မောင်တုတ်အား..
“ မောင်ကြီး.. ပြန်တော့မှာလား ”
ဤတွင် မောင်တုတ်သည် ရှက်ရှက်ဖြင့် ပြန်သွားလေတော့သတည်း..
““ ဟုတ်ကဲ့.ပြန်လိုက်ပါဦးမယ်..ဟီးးးး ””

မနက်ဖြန်မှ

တစ်ခါက ဦးကြီးတစ်ယောက်ဟာ ဘုရားဖူးဖို့. မြို့ကိုတက်လာသတဲ့.
ဘုရားဖူးပြီးတဲ့အခါ ထမင်းဆာတာနဲ့ ထမင်းဆိုင်တစ်ဆိုင်ထဲ ၀င်သွားတယ်..
“ ကမ္ဘာရှား . ထမင်းဆိုင် ”
ပြီးတော့-
““ ဟေ့. မောင်ရင်. ထမင်းတစ်ပွဲဘယ်လောက်လဲ
“ တစ်ရာ ”
““ ဒါဆို..အ၀စား ဘယ်လောက်လဲ ””
“ နှစ်ရာ ”
““ အေး.အေး.. အ၀ စားပွဲပြင်လိုက် ””
ထမင်းပွဲရောက်လာတဲ့အခါ ဆာဆာနဲ့တအားကျုံးစားတော့သတဲ့..
စားကောင်းကောင်းနဲ့စားလိုက်တာ ဘေးမှာ ပန်းကန်တွေတစ်ထပ်ကြီးဖြစ်နေတော့တယ်..
ထမင်းဆိုင်က လူတွေ အံ့သြလန့်ဖျပ်ကုန်သတဲ့..
“ ဟိုက် !! စားလှချည်လား ”
နောက်ဆုံးတော့ မဖြစ်ချေဘူးဆိုပြီး.......
“ ဘကြီး..ထမင်းတွေ.ဟင်းတွေကုန်သွားပါပြီ ”
“ ဟောဒီမှာ ထမင်းအိုး ဟင်းအိုးတွေ ”
ဒီအခါ ဦးကြီးက.
““ အေး .. ဒါဆိုလည်း နောက်နေ့မှ လာပြီးဆက်စားမယ်ကွယ် ””