“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, February 10, 2013

တနေရာ တထိုင်တည်း ကြာကြာ ထိုင်နေရင် ကျန်းမာရေး ထိခိုက်နိုင်

တစ်ခါထိုင်ရင် သုံးလေး နာရီကျော် ကြာတဲ့သူ တွေကို လေ့လာ ခဲ့ရာ စောစော စီးစီး သေဆုံး နိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခု အရ သိရပါတယ်။
အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ရာခိုင်နှုန်းကျော် ပိုမို မြင့်မားကြောင်း၊ အမျိုးသား တွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမို မြင့်မားကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။ သြစတြေးလျ လေ့လာမှု အရ လူတွေက အထိုင်များ လေလေ၊ ဘ၀ သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရ ပါတယ်။

အထိုင်များသူတို့ အတွက် ဖြေရှင်းနည်း
အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ် ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါ။ ဖုန်းကိုရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာ ထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာ သွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။

http://www.myawady.net.mm/health/preventing/item/6613-2013-02-10-10-46-21#.UReiD_JbQdV

အိမ်ထောင်ရှင်လေးမျိုး -

Photo: အိမ်ထောင်ရှင်လေးမျိုး -

( ၁ ) အိမ်ရှင်လင်က ၊ သီလဖြူစင် ။
အိမ်သူမယား ၊ ဖေါက်ပြားကျင့်စဉ် ။
လင်ကနတ်သား၊မခြားပုံသွင် ။
ချစ်ဇနီး အပြီးသူသေပင် ။ ။
ဤအတွဲသည် လင်ကနတ်သား-မယားကသူသေအတွဲမည်၏ ။

(၂) အိမ်သူရှင်မ ၊ သီလဖြူစင် ။
အိမ်ရှင်သက်ထား ၊ တရားမခင် ။
သူသေလင်သား ၊ မခြားပုံသွင် ။
ချစ်ဇနီး နတ်သမီးတူလှပင် ။ ။
ဤအတွဲသည် မယားကနတ်သ္မီး-လင်ကသူသေအတွဲမည်၏ ။

(၃) လင်နှင့်မယား ၊ နှစ်ပါးညီတူ ။
ကျင့်ဝတ်ဖေါက်ပြား ၊ တရားမဖြူ ။
သူသေနှစ်ဦး ၊ ယှဉ်ပူးကာမြူ ။
ချမ်းသာလွဲ ငရဲကျ၍ပူ ။ ။
ဤအတွဲသည်သူသေမယားနှင့်သူသေလင်အတွဲမည်၏ ။

(၄) လင်နှင့်မယား ၊ နှစ်ပါးညီတူ ။
ကျင့်ဝတ်တရား ၊ လေးစားစင်ဖြူ ။
နတ်သမီးနတ်သား ၊ နှစ်ပါးချိုမြူ ။ ။
ခိုမှီကပ် လူနတ်မြတ်နိဗ္ဗူ ။ ။
ဤအတွဲသည်နတ်သားလင်နှင့်နတ်သ္မီးမယားအတွဲမည်၏ ။

(၅) အိမ်ထောင်လေးပါး ၊ ရှုစားဆင်ခြင် ။
မကောင်းပယ်လှပ် ၊ ကောင်းမြတ်ခင်မင် ။
စိတ်တူ ကိုယ်မျှ ၊ စစပြုပြင် ။
မြန်ခဏ စံရနိဗ္ဗူခွင် ။ ။
ဤဒေသနာတော်၌
အသက်ရှင်၍နေပင်နေငြားသော်လည်း
ဝါရိတ္တသီလ ၊ စာရိတ္တသီလတည်းဟူသော
ကိုယ်ကျင့်တရားများသေနေသောကြောင့်
သူသေဟုဘုရားရှင်ကဟောမိန်တော်မူပါသည် ။

( အင်္ဂုတ္တရနိကာယ်-စတုက္ကနိပါတ် )
ရွှေနီဆရာတော်

News from: Myawady News

အေးချမ်းမွန်

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး

Photo: အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး
==============================

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီဆိုက်ကြီးတာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း

ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုးသမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာက တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း

အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်းညာ နေဆဲဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

News from: Royal Hero Media

ကျွန်တော်တို့ ဗုဒ္ဓဘာသာရဲ့ သင်္ကေတဖြစ်တဲ့ ၉၆၉ အဓိပ္ပါယ်ကို မသိသေးတဲ့ သူတွေအတွက်ပါ...

Photo: ကျွန်တော်တို့ ဗုဒ္ဓဘာသာရဲ့ သင်္ကေတဖြစ်တဲ့ ၉၆၉ အဓိပ္ပါယ်ကို မသိသေးတဲ့ သူတွေအတွက်ပါ...

ကျွန်တော်လည်း ၀န်ခံရရင် သိပ်မသိပါဘူး ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက် ပေါ့ ။ အခုမှပဲ ကျယ်ကျယ်ပြန့်ပြန့် နားလည် ပါတော့တယ်။ ဖြေပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။

၉၆၉ ဆိုတာကတော့ ဘုရားဂုဏ်တော် ၉ ပါး တရားဂုဏ်တော် ၆ ပါး သံဃာ့ဂုဏ်တော် ၉ ပါးကို ဖွင့်ထားတာပါ....

ဘုရားဂုဏ်တော်ကိုးပါး
-----------------------

၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသော တရားအပေါင်းကို သိမြင်တော်မူသော ဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့် ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ကို ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သော ဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကို ရိုသေထိုက်သော ဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင် နှစ်လိုအပ်သော ဧည့်သည်တို့ အဖို့ စီရင်ထားသော မြတ်သောအလှူကို ခံတော်မူထိုက် သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ ပေးအပ်သော မြတ်သော အလှူကို ခံတော်မူထိုက်သော ဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကို အလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေ ကောင်းသဖွယ် ဖြစ်သောဂုဏ်။

Ref>>>မိုးကျရွှေကိုယ်

အမျိုးကောင်းသား

News From: Royal Hero Media

လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေသည်

Photo: လ္ဘက်စိမ်းအဆီအနှစ်က ဘေးထွက်ဆိုးကျိုးမရှိဘဲ အရေပြားကင်ဆာ ပျောက်ကင်းစေသည်

လ္ဘက်စိမ်းတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးသည် အရေပြားကင်ဆာ ၂ မျိုးကို ကုသရာတွင် အသုံးဝင်သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။ ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ၌ လ္ဘက်စိမ်း အဆီအနှစ်ကို အသုံးပြုကြည့်သောအခါ ကင်ဆာအကျိတ်များ ၃ ပုံ ၂ ပုံ လျော့ကျသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။ Strathclyde တက္ကသိုလ်နှင့် Glasgow တက္ကသိုလ်တို့မှ အဆိုပါ သုတေသန လုပ်ငန်းကို လုပ်ကိုင်ကြသူ သိပ္ပံ ပညာရှင်များက EGCg ဟုခေါ်သော လ္ဘက်စိမ်း အဆီအနှစ်သည် အခြားဆဲလ် သို့မဟုတ် တစ်သျှူးများအပေါ်တွင် ဘေးထွက်ဆိုးကျိုး သက်ရောက်မှု မရှိသည်ကို စူးစမ်းရှာဖွေ တွေ့ရှိခဲ့ကြသည်။

သိပ္ပံ ပညာရှင်များက EGCg နှင့် ကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ပိတ်ဆို့တတ်သော ပရိုတိန်းတစ်မျိုးတို့ကို ဖန်တီး၍ ကင်ဆာကျိတ်များတွင် အသုံးပြုကြည့်ကြသည်။ ထိုအခါ ယင်းသို့ သုတေသနပြု စမ်းသပ်မှုသည် အရေပြားကင်ဆာဆဲလ် ၂ မျိုးတွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ စမ်းသပ်မှု၌ အဆိုပါ အရေပြားကင်ဆာ ၂ မျိုးစလုံးတွင် ကင်ဆာကျိတ်များ၏ ၄၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်နိုင်သည်ကို တွေ့ရှိခဲ့ရပြီး ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းတွင် ကင်ဆာကျိတ် လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းမှာမူ ကင်ဆာကျိတ် ကြီးထွားလာခြင်း မရှိတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ရတနာပုံလ္ဘက်စိမ်းတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးသည် အရေပြားကင်ဆာ ၂ မျိုးကို ကုသရာတွင် အသုံးဝင်သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။ ဓာတ်ခွဲခန်းတွင် ကင်ဆာဆဲလ်များ၌ လ္ဘက်စိမ်း အဆီအနှစ်ကို အသုံးပြုကြည့်သောအခါ ကင်ဆာအကျိတ်များ ၃ ပုံ ၂ ပုံ လျော့ကျသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ရသည်။  Strathclyde တက္ကသိုလ်နှင့် Glasgow တက္ကသိုလ်တို့မှ အဆိုပါ သုတေသန လုပ်ငန်းကို လုပ်ကိုင်ကြသူ သိပ္ပံ ပညာရှင်များက EGCg ဟုခေါ်သော လ္ဘက်စိမ်း အဆီအနှစ်သည် အခြားဆဲလ် သို့မဟုတ် တစ်သျှူးများအပေါ်တွင် ဘေးထွက်ဆိုးကျိုး သက်ရောက်မှု မရှိသည်ကို စူးစမ်းရှာဖွေ တွေ့ရှိခဲ့ကြသည်။

သိပ္ပံ ပညာရှင်များက EGCg နှင့် ကင်ဆာဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ပိတ်ဆို့တတ်သော ပရိုတိန်းတစ်မျိုးတို့ကို ဖန်တီး၍ ကင်ဆာကျိတ်များတွင် အသုံးပြုကြည့်ကြသည်။ ထိုအခါ ယင်းသို့ သုတေသနပြု စမ်းသပ်မှုသည် အရေပြားကင်ဆာဆဲလ် ၂ မျိုးတွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ စမ်းသပ်မှု၌ အဆိုပါ အရေပြားကင်ဆာ ၂ မျိုးစလုံးတွင် ကင်ဆာကျိတ်များ၏ ၄၀ ရာခိုင်နှုန်းကို ဖယ်ရှားပစ်နိုင်သည်ကို တွေ့ရှိခဲ့ရပြီး ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းတွင် ကင်ဆာကျိတ် လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြပြီး ၁၀ ရာခိုင်နှုန်းမှာမူ ကင်ဆာကျိတ် ကြီးထွားလာခြင်း မရှိတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ရတနာပုံ
http://www.facebook.com/MyawadyNews

ကော်ဖီသောက်ခြင်းကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

Photo: ကော်ဖီသောက်ခြင်းကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

နေ့စဉ် ကော်ဖီခြောက်ခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်ကြောင်း သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေက နေ့စဉ် ကော်ဖီလေးခွက် သောက်ရင် ကင်ဆာဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။ ကော်ဖီခြောက်ခွက် ဒါမှမဟုတ် ဒါထက်ပိုသောက်ခဲ့ရင် ရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့သွားနိုင်တယ်လို့ Daily Mail မှာ ဖော်ပြထားပါတယ်။ အူမကြီးကင်ဆာဟာ သေဆုံးနိုင်ခြေများတဲ့ ရောဂါဖြစ်ပြီး ရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁၆၀၀၀ ခန့် သေဆုံးနေကြပါတယ်။

ရောဂါဖြစ်ခါစမှာ သတိပေး လက္ခဏာတွေကို လျစ်လျူရှုထားပြီး ရောဂါရင့်မှ ဆရာဝန်တွေဆီ သွားပြတတ်တာကြောင့်ပါ။ အဆီများတဲ့အစာနဲ့ အနီရောင် အသားစားတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေဟာ ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။ နောက်ဆုံး သုတေသန ပြုလုပ်ချက်အရ ကော်ဖီဟာ ရောဂါကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ကဖင်းကို များများသောက်မိရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်မားတာကြောင့် နေ့စဉ် ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ထက် မပိုသင့်ကြောင်း လေ့လာသူတွေက အကြံပေးထားကြပါတယ်။

By Good Health နေ့စဉ် ကော်ဖီခြောက်ခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်ကြောင်း သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေက နေ့စဉ် ကော်ဖီလေးခွက် သောက်ရင် ကင်ဆာဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရှိခဲ့ပါတယ်။ ကော်ဖီခြောက်ခွက် ဒါမှမဟုတ် ဒါထက်ပိုသောက်ခဲ့ရင် ရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့သွားနိုင်တယ်လို့ Daily Mail မှာ ဖော်ပြထားပါတယ်။ အူမကြီးကင်ဆာဟာ သေဆုံးနိုင်ခြေများတဲ့ ရောဂါဖြစ်ပြီး ရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁၆၀၀၀ ခန့် သေဆုံးနေကြပါတယ်။

ရောဂါဖြစ်ခါစမှာ သတိပေး လက္ခဏာတွေကို လျစ်လျူရှုထားပြီး ရောဂါရင့်မှ ဆရာဝန်တွေဆီ သွားပြတတ်တာကြောင့်ပါ။ အဆီများတဲ့အစာနဲ့ အနီရောင် အသားစားတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေဟာ ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။ နောက်ဆုံး သုတေသန ပြုလုပ်ချက်အရ ကော်ဖီဟာ ရောဂါကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ကဖင်းကို များများသောက်မိရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်မားတာကြောင့် နေ့စဉ် ကဖင်းဓာတ် ၂၀၀ မီလီဂရမ်ထက် မပိုသင့်ကြောင်း လေ့လာသူတွေက အကြံပေးထားကြပါတယ်။

By Good Health
မြ၀တီ

အဖျားကျဆေးများက ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်စေနိုင်

Photo: အဖျားကျဆေးများက ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်စေနိုင်

Ibuprofen နှင့် naproxen ကဲ့သို့ အဖျားကျဆေးများသည် ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေသည်ဟု သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန် အင်ဒီယာနာပိုးလစ်ပြည်နယ်ရှိ ရိုင်လေကလေးဆေးရုံသို့ ၁၉၉၉ ဇန်န ၀ါရီမှ ၂၀၁၀ ဇွန်လအထိ ကျောက် ကပ်ရောဂါခံစားရ၍လာရောက်ကုသ သူကလေးလူနာမှတ်တမ်းများအား သုတေသီများက လေ့လာခဲ့ကြသည်။
အဖျားကျဆေးများသည် ကျောက်ကပ်အတွင်းရှိ သွေးမှဆီးအဖြစ် စစ်ထုတ်ရာနေရာသို့ သွေးစီး ဆင်းမှုကျဆင်းစေပြီး အန်ခြင်းကြောင့်ဖြစ်စေ၊ ၀မ်းလျှောခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်တွင်းရေဓါတ် ဆုံးရှုံးနေသော ကလေးငယ်များတွင် ကျောက်ကပ် ပျက်စီးသည်အထိ ဆိုးကျိုးဖြစ်ပေါ်စေ တတ်သည်။
ကျောက်ကပ်ထိခိုက်ပျက်စီးသူ ကလေးငယ်အားလုံး၏ ၃ ရာခိုင်နှုန်း မှာ အဖျားကျဆေး၊ အကိုက်အခဲ ပျောက်ဆေး များကြောင့်ဖြစ်ကြောင်း သုတေသနတွင်ပါဝင်သူ ဒေါက်တာ ဂျေဆင်မစ်ဇူးရက်ကဆိုသည်။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးများသည်လည်း သတ်မှတ်ထားသည့် ပမာဏအတိုင်း ပေးထားကြောင်း သိရသည်။
အဖျားဝေဒနာသည် ရောဂါပိုး ကူးစက်ခံရသည့်အခါ သဘာဝအ တိုင်းတုံ့ပြန်သည့်ဖြစ်စဉ်ဖြစ်၍ အန္တရာယ်အလွန်အမင်းမရှိကြောင်း၊ အထက်ဖော်ပြပါ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးနှစ်မျိုးကို acetaminophen နှင့် အစားထိုးသုံးစွဲ နိုင်ကြောင်း၊ ဘေးအကင်းဆုံးအစား ထိုးကုထုံးမှာ အဖျားကျဆေးလုံးဝ မသုံးစွဲခြင်းပင်ဖြစ်ကြောင်း သုတေသီ များကဆိုသည်။

ဇော်ကို
Source: ANI
Health Updates Journal
Vol-2,No-6Ibuprofen နှင့် naproxen ကဲ့သို့ အဖျားကျဆေးများသည် ကလေးများ၏ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေသည်ဟု သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန် အင်ဒီယာနာပိုးလစ်ပြည်နယ်ရှိ ရိုင်လေကလေးဆေးရုံသို့ ၁၉၉၉ ဇန်န ၀ါရီမှ ၂၀၁၀ ဇွန်လအထိ ကျောက် ကပ်ရောဂါခံစားရ၍လာရောက်ကုသ သူကလေးလူနာမှတ်တမ်းများအား သုတေသီများက လေ့လာခဲ့ကြသည်။
အဖျားကျဆေးများသည် ကျောက်ကပ်အတွင်းရှိ သွေးမှဆီးအဖြစ် စစ်ထုတ်ရာနေရာသို့ သွေးစီး ဆင်းမှုကျဆင်းစေပြီး အန်ခြင်းကြောင့်ဖြစ်စေ၊ ၀မ်းလျှောခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်တွင်းရေဓါတ် ဆုံးရှုံးနေသော ကလေးငယ်များတွင် ကျောက်ကပ် ပျက်စီးသည်အထိ ဆိုးကျိုးဖြစ်ပေါ်စေ တတ်သည်။
ကျောက်ကပ်ထိခိုက်ပျက်စီးသူ ကလေးငယ်အားလုံး၏ ၃ ရာခိုင်နှုန်း မှာ အဖျားကျဆေး၊ အကိုက်အခဲ ပျောက်ဆေး များကြောင့်ဖြစ်ကြောင်း သုတေသနတွင်ပါဝင်သူ ဒေါက်တာ ဂျေဆင်မစ်ဇူးရက်ကဆိုသည်။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးများသည်လည်း သတ်မှတ်ထားသည့် ပမာဏအတိုင်း ပေးထားကြောင်း သိရသည်။
အဖျားဝေဒနာသည် ရောဂါပိုး ကူးစက်ခံရသည့်အခါ သဘာဝအ တိုင်းတုံ့ပြန်သည့်ဖြစ်စဉ်ဖြစ်၍ အန္တရာယ်အလွန်အမင်းမရှိကြောင်း၊ အထက်ဖော်ပြပါ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးနှစ်မျိုးကို acetaminophen နှင့် အစားထိုးသုံးစွဲ နိုင်ကြောင်း၊ ဘေးအကင်းဆုံးအစား ထိုးကုထုံးမှာ အဖျားကျဆေးလုံးဝ မသုံးစွဲခြင်းပင်ဖြစ်ကြောင်း သုတေသီ များကဆိုသည်။

ဇော်ကို
Source: ANI
Health Updates Journal
Vol-2,No-6

ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး

  • ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး
+++++++++++++++++++++

၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။

၂။ ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှူတ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။

၃။ ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။

၎။ မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။

၅။ ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။

၆။ ဘုရားဖူးတို့သည် ခက်ခဲစွာ တောတောင် လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။

၇။ ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။

၈။ ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။

၉။ နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက် ဖွေးဖွေးရှိလျက် ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။ ပေါင်း(၉)ပါး

လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများ

Photo: လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများ
၁။ မိန်းကလေးချောချောမြင်ရင် ( မကြည့်ဘူးလို့ မှင်ဖြင့်နေသည်
)ကျော်သွားမှ ကြည့်သည်။
၂။ ခေတ်ပေါ်အတက်ပညာအကုန်တက်ချင်သည် ( ဥပမာ မာဆတ်သွားခြင်း ၊ ကေတီဗွီသွားခြင်း )
၃။ အစိုးရကို မကောင်းကြောင်းရှယ်ပြောသည်။
၎။ ကိုယ်ကိုယ်ကို အသက်မကြီးအောင် နေတက်သည် ။။။။ ( အသက်ကြီးမှန်သိသွားရင်လူအိုကြီးဟု
ပြောမည်ဆိုသောကြောင့်)
၅။ မိန်မမယူဘူးလားမေးလျှင် စပ်ဖြီးဖြီးဖြင့် ( ယူရင် နေစရာမရှိလို့လို့)စကားလမ်းကြောင်းလွှဲပြောတတ်သည်။
၆။ ကောင်းမလေးတွေနဲ့ တွေ့ရင် အာသွက်လျှာသွက်ရှိတက်သည်
၇။ ဘာပဲရရယူမည်ဟု စိတ်ထဲတွင် တင်းထားသည် ။။။
၈။ ထမင်းဟင်းချက်တာ အလွန်ထူးချွန်သည်။ ( မိန်မှမမရတာ ကိုယ်ဟာကို
ချက်စားရတာပေါ့ )
၉။ တစ်ခါတစ်ခါ စိတ်ဆိုးတတ်သည်။
၁၀။ တစ်ခါတစ်ခါပြင်းလျှင် စကားပြောသူ လိုက်ရှာတက်သည် ….
၁၁။ ပိုက်ဆံရှိချင်ယောင်ဆောင်ကာ ( ရှိသမျှ ရောင်းစားတက်သည် )

၁၂။ ကလေးများနှင့် ပေါင်းဖက်တက်သည် ( လူကြီးချင်းမပေါင်းပါ )
၁၃။ ဘယ်သူခေါ်ခေါ် ဘီယာလိုက်သောက်တက်သည် …..
၁၄။ မိတ်ဆွေအလွန်အမင်းများပြားသည် …….
၁၅ အကိုအမများနှင့် မတည့်တတ်ပါ ( ကျန်သူနှင့် အကုန်တည့်သည် )

.................တစ်ခါတည်းကြေငြာပါ့မယ်နော်...ကျတော်လူပျို
ကြီးမဟုတ်သေးပါ...ကလေးလေးသာဖြစ်ပါသေးကြောင်း..အဟီးးအဟီးး..တိန်

ကိုလုံ
၁။ မိန်းကလေးချောချောမြင်ရင် ( မကြည့်ဘူးလို့ မှင်ဖြင့်နေသည် )ကျော်သွားမှ ကြည့်သည်။
၂။ ခေတ်ပေါ်အတက်ပညာအကုန်တက်ချင်သည် ( ဥပမာ မာဆတ်သွားခြင်း ၊ ကေတီဗွီသွားခြင်း )
၃။ အစိုးရကို မကောင်းကြောင်းရှယ်ပြောသည်။
၎။ ကိုယ်ကိုယ်ကို အသက်မကြီးအောင် နေတက်သည် ။။။။ ( အသက်ကြီးမှန်သိသွားရင်လူအိုကြီးဟု
ပြောမည်ဆိုသောကြောင့်)
၅။ မိန်မမယူဘူးလားမေးလျှင် စပ်ဖြီးဖြီးဖြင့်(ယူရင် နေစရာမရှိလို့လို့)စကားလမ်းကြောင်းလွှဲပြောတတ်သည်။
၆။ ကောင်းမလေးတွေနဲ့ တွေ့ရင် အာသွက်လျှာသွက်ရှိတက်သည်
၇။ ဘာပဲရရယူမည်ဟု စိတ်ထဲတွင် တင်းထားသည် ။။။
၈။ ထမင်းဟင်းချက်တာ အလွန်ထူးချွန်သည်။ ( မိန်မှမမရတာ ကိုယ်ဟာကိုချက်စားရတာပေါ့ )
၉။ တစ်ခါတစ်ခါ စိတ်ဆိုးတတ်သည်။
၁၀။ တစ်ခါတစ်ခါပြင်းလျှင် စကားပြောသူ လိုက်ရှာတက်သည် ….
၁၁။ ပိုက်ဆံရှိချင်ယောင်ဆောင်ကာ ( ရှိသမျှ ရောင်းစားတက်သည် )
၁၂။  ကလေးများနှင့် ပေါင်းဖက်တက်သည် ( လူကြီးချင်းမပေါင်းပါ )
၁၃။  ဘယ်သူခေါ်ခေါ် ဘီယာလိုက်သောက်တက်သည် …..
၁၄။  မိတ်ဆွေအလွန်အမင်းများပြားသည် …….
၁၅  အကိုအမများနှင့် မတည့်တတ်ပါ ( ကျန်သူနှင့် အကုန်တည့်သည် )

.................တစ်ခါတည်းကြေငြာပါ့မယ်နော်...ကျတော်လူပျို
ကြီးမဟုတ်သေးပါ...ကလေးလေးသာဖြစ်ပါသေးကြောင်း..အဟီးးအဟီးး..တိန်

ကိုလုံ

ဒုက္ခပေးတဲ့အကောင်

Photo: ဒုက္ခပေးတဲ့အကောင်

ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ

... သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ၀န်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´
မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။
နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက် “နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ) သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။
“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစလို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´...တဲ့....

ရီမောပါစေ..ကူးထားပါတယ်..