“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, September 6, 2013

ခံတွင်းနံ့ မနံအောင် ကြိုတင်ကာကွယ်ထားသင့်သည့် အချက်များ

Photo: ခံတွင်းနံ့ မနံအောင် ကြိုတင်ကာကွယ်ထားသင့်သည့် အချက်များ

၁။တစ်နေ့လျှင် သုံးကြိမ် (သို့) အစာစားပြီးတိုင်း သွားတိုက်ရန်၊
၂။ညအိပ်ခါနီးတိုင်း ပါးစပ်ကို ဆေးကြောသန့်စင်ရန်၊
၃။မနက်အိပ်ရာ ထပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ရန်၊
၎။အစားအသောက်၊မနက်စာကို ပုံမှန်စားသုံးရန်၊
၅။ခံတွင်းအနံ့ နံစေသောအစားအသောက်များကို တတ်နိုင်သမျှရှောင်ရှားရန်၊
၆။အချို၊အဆိမ့်(ချောကလက်၊ကော်ဖီ၊လက်ဖက်ရည်) လျှော့စားရန်၊
၇။ခံတွင်းကို အမြဲစိုစွတ်၍ သန့်ရှင်းအောင်ထားသင့်သည်။
၈။ပါးစပ်နံ့ပျောက်စေသော mouthwash များ၊ sprayများ သုံးလိုက အသုံးပြုနိုင်ပါသည်။
၉။ပါးစပ်နံ့ ပျောက်ရန်ကွမ်းယာ စားခြင်းကို ရှောင်ကြဉ်သင့်သည်။
ကွမ်းယာစားခြင်းမှ သွားနှင့် သွားဖုံးကို ပျက်စီးနိုင်သည့်ပြင်
ပါးစပ်ကင်ဆာပါ ဖြစ်ပွားနိုင်သဖြင့် ရှောင်ကြဉ်ရမည် ဖြစ်သည်။
၁၀။လိုအပ်လျှင် သွားဆရာဝန်(သို့) အထွေထွေ ရောဂါကုဆရာဝန်နှင့် ပြသ
တိုင်ပင်သင့်လေသည်။

ဒေါက်တာ အေးမင်းထူး
၁။တစ်နေ့လျှင် သုံးကြိမ် (သို့) အစာစားပြီးတိုင်း သွားတိုက်ရန်၊

၂။ညအိပ်ခါနီးတိုင်း ပါးစပ်ကို ဆေးကြောသန့်စင်ရန်၊

၃။မနက်အိပ်ရာ ထပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ရန်၊

၎။အစားအသောက်၊မနက်စာကို ပုံမှန်စားသုံးရန်၊

၅။ခံတွင်းအနံ့ နံစေသောအစားအသောက်များကို တတ်နိုင်သမျှရှောင်ရှားရန်၊

၆။အချို၊အဆိမ့်(ချောကလက်၊ကော်ဖီ၊လက်ဖက်ရည်) လျှော့စားရန်၊

၇။ခံတွင်းကို အမြဲစိုစွတ်၍ သန့်ရှင်းအောင်ထားသင့်သည်။

၈။ပါးစပ်နံ့ပျောက်စေသော mouthwash များ၊ sprayများ သုံးလိုက အသုံးပြုနိုင်ပါသည်။

မိမိစက်အတွက် Driver မရှိလို့ Windows အသစ်တင်ရမှာ အခက်တွေ့နေတဲ့ သူငယ်ချင်းများအတွက် Windows ပေါ်က Driver တွေကို Backup လုပ်နည်း

ကျွန်တော်တို့တွေ windows format ချလိုက်တဲ့အချိန် သို့မဟုတ် windows os အသစ်တင်လိုက်တဲ့အချိန်တွေမှာ Windows ထဲမှာ ပါဝင်တဲ့ Driver တွေရော Windows ပေါ်မှာ တင်ထားတဲ့ software တွေရော အားလုံးဟာ ပျက်စီးသွားကြပါတယ်။ ဒီလိုဖြစ်သွားမယ်ဆိုရင် OS အသစ်တင်တိုင်း Driver တွေ၊ Software တွေအားလုံးကို ပြန်ပြန်ပြီး Install ပြုလုပ်ကြရပါတယ်။
ဒီလိုမျိုးပြန်ပြီးသွင်းရတော့မယ်ဆိုရင် ကွန်ပျူတာအတွက် လိုအပ်တဲ့ Drive တွေကို ရောင်းချတဲ့ ကုမ္ပဏီရဲ့ Website တွေမှာ၊ အခြား Website တွေမှာ တက်ပြီး မှာရပါတယ်။ ရှာတွေ့ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ Driver ဟုတ်မဟုတ် မသိနိုင်သလို အချို့ Driver တွေဟာပိုပြီး ရှာဖွေရ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးအတွက် အကောင်းဆုံးနည်းလမ်းကတော့ Windows ပေါ်မှာ တင်ထားတဲ့ Driver တွေအားလုံးကို ပထမဦးဆုံး Hard Drive သို့မဟုတ် DVD အခွေထဲကို ကြိုတင်သိမ်းထားရပါတယ်။ ဒါဆိုရင် Windows အသစ်တစ်ခု ပြန်တန်ချိန်မျိုးမှာ မိမိကွန်ပျူတာအတွက် Driver တွေကို ပြန်ရှာစရာမလိုတော့ပဲ အလွယ်တကူတင်နိုင်မှာပဲဖြစ်ပါတယ်။ အထူးသဖြ**့ လက်တော့ပ်တွေမှာဆိုရင် Driverပြန်တင်ရတဲ့ အခက်အခဲပိုပြီး စုံပါတယ်။ လက်တော့ပ်ရဲ့ အမျိုးအစား၊ မော်ဒယ်အလိုက် Driver တွေလည်း ကွာခြားသွားပါတယ်။
ထို့အတွက် Windows Driver အတွက် Backup လုပ်နိုင်ဖို့အတွက် Driver Max ဆိုတဲ့ Software လေကို အရင်ရယူထားရပါမယ်။ Drivers Max ကိုတော့ ဒီမှာဒေါင်းယူနိုင်ပါတယ်။

အဆင့် (၁)

ပထမဦးဆုံးအနေနဲ့ အပေါ်မှာထားတဲ့ လင့်ကနေပြီး Driver Max ကို ဒေါင်းလုပ်ရယူပြီး ကွန်ပျူတာပေါ်မှာ Install ပြုလုပ်ရပါမယ်။ Drivers တင်နေချိန်မှာ တစ်ကြိမ်မှာ အောက်မှာ ဖော်ပြထားတဲ့ Message box တစ်ခု မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆင့် (၂)

အပေါ်က Massgae Box မြင်ရင် OK ကို ကလစ်နှိပ်ကာ ကွန်ပျူတာအတွင်းက Driver တွေကို Software အတွင်းကို Install လုပ်ပါလိမ့်မယ်။ ဒီအဆင့်ကိုရောက်ရင်တော့ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

အဆင့် (၃)

Driver တွေကို Install ပြုလုပ်ပြီး အချိန်မှာတော့ Driver တွေကို Backup လုပ်ဖို့အတွက် Backup Driver ဆိုသော လင့်တစ်ခု ပေါ်လာပါလိမ့်မယ်။ ကလစ်နှိပ်လိုက်ပါ။

အဆင့် (၄)

Backup Driver ကို ကလစ်နှိပ်ပြီး သွားရင် နောက်တစ်ဆင့် Next ကို နှိပ်ပြီး ဆက်သွားပါ။

အဆင့် (၅)

အဆင့် ၄ ကို ကျော်ပြီးချိန်မှာတော့ ယခုအဆင့်မှာ ကွန်ပျူတာ အတွင်းမှာရှိတဲ့ Application တွေကို List အနေနဲပ မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆင့် (၆)

Driver တွေအားလုံးကို မြင်တွေ့ရပြီဆိုရင် Driver တွေရဲ့ Detail တွေကိုလည်း Details Button ကို နှိပ်ကာကြည့်နိုင်ပါတယ်။

အဆင့် (၇)

ဒီအဆင့်ကတော့ Driver တွေ အားလုံးကို Backup မလုပ်ခင် Driver တွေအားလုံးပါမပါ။ Hidden ဖြစ်နေမနေဆိုတာတွေကို သေချာအောင်စစ်ဆေးရပါမယ်။ Driver တွေအားလုံးကို "Type" အနေနဲ့ စီပြီး ကြည့်နိုင်ပါတယ်။

အဆင့် (၈)

Driver တွေအားလုံးစုံပြီဆိုရင်တော့ Backup လုပ်ဖို့အတွက် Location ကို ညွှန်ပေးရပါမယ်။ DVD Drive အနေနဲ့ သိမ်းမလား၊ Hard Drive ပေါ်မှာပဲ သိမ်းမလား ရွေးချယ်ရပါမယ်။ သိမ်းတဲ့အခါမှာလဲ Windows OS တင်ထားတဲ့ Partation ပေါ်မှာ မသိမ်းပဲ၊ အခြားမတင်ထားတဲ့ သီးသန့်နေရာမှာ သိမ်းရပါမယ်။

အဆင့် (၉)

Backup လုပ်ဖို့နေရာတွေ ရွေးချယ်ပြီးသွားပြီဆိုရင် Next ကို နှိပ်ကာ Driver တွေကို စတင် Backup လုပ်နိုင်ပါပြီ။

အဆင့် (၁၀)

Driver တွေအားလုံးကို Backup လုပ်ပြီးသွားပြီဆိုရင်တော့ အဆင့် ၈ မှာ မိမိရွေးချယ်ထားတဲ့ Backup လုပ်ထားတဲ့နေရာမှာ Driver တွေအားလုံးကို ပြန်လည်ကြည့်ရှုနိုင်ပါပြီ။

အဆင့် (၁၁)

Driver တွေအားလုံးကို Backup လုပ်ပြီးသွားပြီဆိုရင် Windows OS ပေါ်မှာ ပြန်ပြီး Restore ပြုလုပ်ပုံကိုပါ။ ဖော်ပြပေးလိုက်ပါတယ်။ Driver Max ကို ဖွင့်ကာ Restore Driver From Backup ဆိုတာကို ရွေးချယ်ကာ ပြန်လည် Install ပြုလုပ်ရပါမယ်။ တစ်မိနစ် နှစ်မိနစ်အတွင်းမှာ Backup ပိုင်းကနေ ကွန်ပျူတာအတွင်းကို ပြန်လည် Install ပြုလုပ်ပါလိမ့်မယ်။ ထို့နောက် ကွန်ပျူတာကို Restart ချလိုက်ပါ။

http://mmflashsongs.ning.com/

SIM card ရဲ့ PIN or PUK lock အကြောင်းနဲ့ lock ကျရင်ဖြေရှင်းနည်း ...

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွှင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်ဗျ.....ဒီကဒ်အခွံမှာ PUK code တစ်ခါထဲပါပီသားပါ.....

Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....

အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...

အနော်လိုကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...

- unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK code ၈ လုံးကို ရိုက်ထည့်ပေးပီ ok နှိပ်ပါ....

- PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ.....

- နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....

ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...
အနော်ကတော့မတိုက်တွန်းပါဘူး....

sim card lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ antivirus ဆော့ဝဲလ်တွေမှာ sim card lock function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့  SIM lock ချထားရပါသလဲ ဆိုရင် SIM card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...

SIM lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ

....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...
PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...
ပြင်ချင် lock ချချင်သူများကတော့ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

**********************************
အနော်ေ၇းလိုက်တဲ့ပို့စ်ဟာ brothers တို့အတွက်အသုံးဝင်သွားတယ်ဆိုရင် အနော်ပင်ပန်းရကြိုးနပ်တာပေါ့ဗျာ...

အဆင်ပြေပါစေဗျ.....

မောင်ပေါက်< Knowledge Note >
www.maungpauk.org

ချစ်သူတွေ ကျော်ဖြတ်ရတဲ့ အဆင့် ( ၇ ) ဆင့်

Photo: ချစ်သူတွေ ကျော်ဖြတ်ရတဲ့
အဆင့် ( ၇ ) ဆင့်

အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *

ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *

ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *

ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *

ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့် ** ** **

ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊ သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******

ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။

ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။ ပြသနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။ ။

AK
By: Nyi Khant
အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *

ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *

ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *

ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *

ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့် ** ** **

ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊ သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******

ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီးချစ်သူနဲ့ အတူတူလက်တွဲကျော်ဖြတ်နိုင်အောင်ကြိုးစားပေါ့။

ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။ ပြသနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင် ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။ ။

AK
By: Nyi Khant
အခမဲ့ကြော်ငြာ

WiFi နှင့် NFC အသုံးပြုနိုင်မည့် Panasonic Lumix GF6 ကင်မရာ

Photo: WiFi နှင့် NFC အသုံးပြုနိုင်မည့် Panasonic Lumix GF6 ကင်မရာ

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ 

ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ်ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။ 

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။ 

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ 

ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ 

အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်းတွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်သည်။ 

Specifications

• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide
Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ်ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus

ကွမ်းရွက်နဲ့ချက်တဲ့ကဏန်းအစပ်

Photo: ကွမ်းရွက်နဲ့ချက်တဲ့ကဏန်းအစပ်
Friday, September 6, 2013

ဒီကဏန်းချက်နည်းက အိသက်မမကြီး အမျိုးသားဆီကရတာပါ။ 
ကိုကြီးက ဆရာဝန်အလုပ်နဲ့ လားရှိုးမှာတာဝန်ကျပါတယ်။ 
မကြီးလည်း သျှောင်နောက်ကို ဆံထုံးပါသွားရော။ 
ဒီမှာတင်ပဲ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်လိုမှတားမရအောင် 
စိတ်ကြီးတဲ့ အိသက်တို့မိသားစုရဲ့ အစားအသောက် 
အပြန်အလှန် ပို့ပွဲကြီးစပါတော့တယ်။ အမေကသူ့သမီးကြီးကြိုက်သမျှ 
ရန်ကုန်စာအကုန် ကားဂိတ်ကပို့ (နေ့ချင်းရောက်) မကြီးက 
လားရှိုးက ကောင်းနိုးရာရာအကုန်ပို့ပေါ့လေ။ 

မကြီးပို့တဲ့အထဲက အဲဒီက ဆိုင်တစ်ဆိုင်ကကဏန်းဟင်းက 
တစ်စက်ကျန်တဲ့အထိ အရသာရှိတာ၊ အိမ်ကလူစုံ ကလေးမကျန် 
အကုန်ကြိုက်ပါတယ်။ ကိုကြီးကလည်း ဟင်းချက်အရမ်းကောင်းပါတယ်။ 
ဘာကြောင့် ဒီကဏန်း ဒီလောက်ကောင်းရပါသလဲလို့ ဟင်းချက်
ကောင်းတဲ့ကိုကြီးကို မေးရပါတယ်။
(London ပြန်ရောက်ရင် ကိုယ့်ဘာသာချက်ရမှာလေ)
ကွမ်းရွက်ကြောင့်ပါတဲ့။ ချက်နည်းလေး ပေးမယ်နော်။ 

ပါဝင်ပစ္စည်းများ 
......................
• ကဏန်း - ခြောက်ကောင် ( နှစ်ပိုင်းခြမ်းထားပြီး) 
( ရန်ကုန်မှာလိုတော့ လယ်ကဏန်းမရှိတော့ သဲကဏန်းက 
အသားနည်းတယ်)
• ကြက်သွန်နီ - နှစ်လုံး
• ချင်း - စားပွဲဇွန်း သုံးဇွန်း
• မဆလာ ( ကုလားလေးမဆလာဆို ပိုကောင်းပါတယ်)
• မန်ကျည်းသီးရေဖျော် - နည်းနည်း (အကြမ်းပန်းကန်လုံးစာ)
• သကြား - ၂ ဇွန်း
• ဆား၊ ကြက်သားမှုန့် - ၃ ဇွန်း
• ငံပြာရည် - ၂ ဇွန်း
• ချင်း
• နံနံပင် - နည်းနည်း
• ကွမ်းရွက် - တစ်ရွက်

ချက်ပြုတ်နည်း
.....................
၁။ ကဏန်းလေးများ ပါးဟပ်သန့်စင်ကာ ရေစင်စင်ဆေးထားပါ။ 
ဆား၊ ကြက်သားမှုန့် ၁ ဇွန်း၊ ချင်း အနည်းငယ်တို့ဖြင့် ဇလုံတစ်ခုတွင်
ခလောက်ထားပါ။ 

၂။ ကြက်သွန်များကို ငရုတ်သီးခွဲခြမ်း၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့
ဆီသတ်ပါ။ ကဏန်းကိုရေစင်စင်ဆေးပြီး ချင်း၊ ဆား၊ ကြက်သားမှုန့် ၂ ဇွန်းတို့နဲ့ 
ခလောက်ထားပါ၊ ကြက်သွန်ဖြူ၊ နီကို ထောင်းထားပါ။ ကြက်သွန်များကို 
ငရုတ်သီးခွဲခြမ်း ၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့ ဆီသတ်ပါ။ ကြက်သွန်
ရွှေရောင်သမ်းပြီဆိုရင် ကဏန်းထည့်လုံးပါ။ ကဏန်းနီလာရင် ရေ ၁ ပိုင့်၊ 
မန်ကျည်းရေ နည်းနည်း၊ ပဲငံပြာရည်အကြည် တစ်ဇွန်းထည့်၊ ကွမ်းရွက်
ညှပ်ထည့်ပြီး ပွက်ပါစေ။ ဆီပြန် ရေကျန်ကျက်ပြီဆိုရင် မဆလာလေးအုပ်၊
နံနံပင်လေးအုပ်ပြီး အသည်းစွဲကဏန်းဟင်းတစ်ခွက်ရပါပြီ။

Htet Family's Creation
www.htetfamily.com

FOOD Magazine
ဒီကဏန်းချက်နည်းက အိသက်မမကြီး အမျိုးသားဆီကရတာပါ။
ကိုကြီးက ဆရာဝန်အလုပ်နဲ့ လားရှိုးမှာတာဝန်ကျပါတယ်။
မကြီးလည်း သျှောင်နောက်ကို ဆံထုံးပါသွားရော။
ဒီမှာတင်ပဲ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်လိုမှတားမရအောင်
စိတ်ကြီးတဲ့ အိသက်တို့မိသားစုရဲ့ အစားအသောက်
အပြန်အလှန် ပို့ပွဲကြီးစပါတော့တယ်။ အမေကသူ့သမီးကြီးကြိုက်သမျှ
ရန်ကုန်စာအကုန် ကားဂိတ်ကပို့ (နေ့ချင်းရောက်) မကြီးက

ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်

Photo: ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်

တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန်(သောတာပတ္တိမဂ်မပါဝင်)
(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး
ကင်းစင်သည့် နိဗ္မာန်တရားမြတ်

Wing Mg

ရွှေဖြူနဲ့ ပလက်တီနမ်တူပါသလား

Photo: ရွှေဖြူနဲ့ ပလက်တီနမ်တူပါသလား
M Plaza Shopping Journal (Vol 1, No.10) 

ရွှေဖြူနဲ့ ပလက်တီနမ်နှစ်မျိုးက မတူပါဘူး။ နှစ်ခုလုံးမှာတော့ သိသာထင်ရှားတဲ့ ကိုယ်ပိုင် ဂုဏ်သတ်္တိလေးတွေ ကိုယ်စီရှိကြပါတယ်။ 
ဒီလိုကွာခြားချက်လေးတွေကို သိချင်သူ များအတွက် ဖော်ပြပေးချင်တဲ့ အကြောင်းအရာ တွေကတော့...

ရွှေဖြူ

ရွှေဖြူဟာSilver နဲ့Palladium  တို့လို အဖြူရောင်သတ်္တု အချို့ နဲ့ ရွှေတို့ရောစပ်ထားခြင်း ဖြစ်ပါတယ်။ ရွှေဖြူဟာ ၁၈ ကာရတ်၊ ၁၄ ကာ ရတ်၊ ၉ ကာရတ် (သို့မဟုတ်) ဘယ်လောက် ကာရတ်မဆိုဖြစ်နိုင်ပါတယ်။ ဥပမာ- ၁၈ ကာ ရတ် ရွှေဝါကို ရွှေ ၇၅%(၇၅၀/၁၀၀၀)နဲ့ Copper နဲ့ Zinc တို့လို သတ်္တုလိုမျိုး ၂၅%(၂၅၀/ ၁၀၀၀) ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ၁၈ ကာရတ်ရွှေဖြူကို ရွှေ ၇၅%နဲ့ Silver  နဲ့ Palladium တို့လို သတ်္တု ၂၅% ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ရွှေပမာဏတူညီ ပေမဲ့ သတ်္တုစပ်တဲ့နေရာမှာ ပြောင်းလဲသွားခြင်း ပဲဖြစ်ပါတယ်။

ထုံးတမ်းအစဉ်အလာအရ ရွှေဖြူတွေမှာ နီကယ်ကို ထည့်သုံးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လည်း ဒီနေ့ခေတ် ရွှေဖြူပြုလုပ်ရာ မှာတော့ အများစုက နီကယ်ကိုထည့် မသုံးကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နီကယ်က တချို့သော လူများနဲ့ ဓာတ်မတည့်လို့ ဖြစ်ပါတယ်။ 
ရွှေဖြူလက်စွပ် အသစ်စက်စက်လေးတွေ ကို Rhodium လို့ခေါ်တဲ့ အဖြူရောင်သတ်္တုတစ် မျိုးနဲ့ ထပ်ပြီးဖုံးအုပ်ပါတယ်။ Rhodium  ဆို တာ ပလက်တီနမ်နဲ့ အရမ်းတူတဲ့ သတ်္တုတစ် မျိုးပါ။ ဒါ့အပြင် ပလက်တီနမ်မှာ ပါတဲ့ ဂုဏ် သတ်္တိတွေ တော်တော်များများ Rhodium မှာလဲ ပါဝင်ပါတယ်။ 

ရွှေဖြူကို ပိုပြီးအရောင်ဖြူစေဖို့အတွက် Rhodium  ကိုသုံးပါတယ်။ ရွှေဖြူရဲ့ သဘာဝ အရောင်က မီးခိုးရောင်ဖျော့ဖျော့လေးပါ။ Rhodium က အရောင်အရမ်းဖြူသလို အရမ်း လည်းမာကြော ပါတယ်။ ရွှေဖြူ လက်စွပ်လေး ကို အတောက်ပဆုံးဖြစ်နေစေဖို့ ခန့်မှန်းခြေ ၁၂ လကနေ ၁၈ လကြားမှာ တစ်ခါပြန်ပြီး Rhodiumအုပ်ပေးရမှာဖြစ်ပါတယ်။ ပြည်တွင်းလက် ၀တ်ရတနာရောင်းတဲ့ လူအချို့ကတော့ လက် ၀တ်ရတနာတွေကို တန်ဖိုးကြီးကြီးနဲ့ Rhodium  ပြန်အုပ်ပေးတတ်ကြပါတယ်။

ပလက်တီနမ်

ပလက်တီနမ်က ရွှေဖြူတစ်ခုပါပဲ။ ရွှေနဲ့ မတူတဲ့အချက်ကတော့ လက်ဝတ်ရတနာတွေ မှာ ပလက်တီနမ်ကို သူ့ရဲ့အသန့်စင်ဆုံးပုံစံ (၉၅%ခန့်သန့်စင်သော)မျိုးနဲ့ ထည့်သွင်းအသုံး ပြုပါတယ်။ ပလက်တီနမ်ဟာ အရောင်အသွေး အားဖြင့် ဖြူဖွေးပြီး ကြာရှည်အ၀တ်ခံပါတယ်။ ဒါ့ကြောင့် ရွှေဖြူလိုမျိုး Rhoduim  ထပ်အုပ် စရာမလိုပါဘူး။

ပြီးတော့ အရမ်းလည်း သိပ်သည်းပါတယ်။ ဒါ့ကြောင့် ပလက်တီနမ် လက်စွပ်တစ်ကွင်းဟာ ၁၈ ကာရတ်ရွှေလက်စွပ်တစ်ကွင်းထက် ပိုပြီး လေးလံသလို ခံစားရပါလိမ့်မယ်။ ဒါတင်မက သေးပါဘူး။ ပလက်တီ နမ်လက်စွပ်တစ်ကွင်းဟာ ၁၈ ကာရတ် ရွှေဖြူလက်စွပ်တစ်ကွင်း ထက် နှစ်ဆလောက် ပိုပြီးဈေးကြီးနိုင်ပါတယ်။  

ရွှေဖြူနဲ့ ပလက်တီနမ်အရောင် ကွာခြားမှု ရှိပါသလား။

ဒီမေးခွန်းလေးရဲ့ အဖြေကတော့ ရွှေဖြူ လက်ဝတ်ရတနာဟာ သူ့ရဲ့သဘာဝအရောင် လား (သို့မဟုတ်) Rhodium အုပ်ထားတာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

တကယ်လို့ ရွှေဖြူကို Rhodium  အုပ် ထားရင် (မှတ်ချက်။  ။ ရွှေဖြူတော်တော်များ များကို Rhodium အုပ်ပါတယ်) အရောင်ဟာ သိသိသာသာ ကွဲပြားနေမှာ မဟုတ်ပါဘူး။ 

ရွှေဖြူနဲ့ ပလက်တီနမ်တို့ရဲ့ သဘာဝအ ရောင်တွေ ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရောင် ဖျော့နေတဲ့အပိုင်းက ပလက်တီနမ်ဖြစ်ပြီး အရောင် ပိုတောက်တဲ့အပိုင်းကတော့ ရွှေဖြူရဲ့ သဘာဝ အရောင်ပဲဖြစ်ပါတယ်။ 

ရွှေထိုက်တန်(အင်တာနက်)

*****************
Thanks a lot,
M Plaza
ရွှေဖြူနဲ့ ပလက်တီနမ်နှစ်မျိုးက မတူပါဘူး။ နှစ်ခုလုံးမှာတော့ သိသာထင်ရှားတဲ့ ကိုယ်ပိုင် ဂုဏ်သတ်္တိလေးတွေ ကိုယ်စီရှိကြပါတယ်။
ဒီလိုကွာခြားချက်လေးတွေကို သိချင်သူ များအတွက် ဖော်ပြပေးချင်တဲ့ အကြောင်းအရာ တွေကတော့...

ရွှေဖြူ

ရွှေဖြူဟာSilver နဲ့Palladium တို့လို အဖြူရောင်သတ်္တု အချို့ နဲ့ ရွှေတို့ရောစပ်ထားခြင်း ဖြစ်ပါတယ်။ ရွှေဖြူဟာ ၁၈ ကာရတ်၊ ၁၄ ကာ ရတ်၊ ၉ ကာရတ် (သို့မဟုတ်) ဘယ်လောက် ကာရတ်မဆိုဖြစ်နိုင်ပါတယ်။ ဥပမာ- ၁၈ ကာ ရတ် ရွှေဝါကို ရွှေ ၇၅%(၇၅၀/၁၀၀၀)နဲ့ Copper နဲ့ Zinc တို့လို သတ်္တုလိုမျိုး ၂၅%(၂၅၀/ ၁၀၀၀) ရောနှောပြီး ပြုလုပ်နိုင်ပါတယ်။ ၁၈ ကာရတ်ရွှေဖြူကို ရွှေ

အတူတကွ သေနေသော စုံတွဲအရိုးစု တွေ့ရှိ

အတူတကွ သေနေသော စုံတွဲအရိုးစု တွေ့ရှိ
 Friday, September 6, 2013

အီတလီ နိုင်ငံက ရှေးဟောင်း သုတေသီတွေဟာ စုံတွဲ သေဆုံးနေသော အရိုးစုကို တွေ့ရှိခဲ့ကြပါတယ်။ ၎င်းအရိုးစုတွေဟာ နှစ်ပေါင်း ၁၅၀၀ ခန့် လောက် ရှိပြီလို့ ဆိုပါတယ်။

ထိုသူတို့၏ လက်ချောင်းတွေမှာ ငွေလက်စွပ် တစ်ကွင်းစီကို တွေ့ရှိခဲ့ပါ တယ်။ ၎င်းလက်စွပ်များကို ကြည့်ခြင်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ခန့်လောက်လို့ သတ်မှတ်တာပါ။ သုတေသီတွေရဲ့ အဆိုအရတော့ ထိုစုံတွဲဟာ မြေမြှပ်သတ်ခြင်းကို ခံရတယ်လို့ ဆိုပါတယ်။

အမျိုးသားဟာ အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဖက်ပြီး သေဆုံးနေတဲ့ ပုံစံကို တွေ့ခဲ့ပါတယ်။ ဒီလိုမျိုး အချင်းအရာများကို ကြည့်ခြင်းအားဖြင့် ထိုစုံတွဲဟာ တစ်ယောက်နှင့် တစ်ယောက် အလွန်ချစ်ကြမယ့်ပုံ ပေါ်ပါ တယ်။ ရှေးခေတ်ဘုရင်များ၏ ကွက်မျက်ခြင်းကို ခံရတာ ဖြစ်လောက်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ 

Ref - General Knowledge
ကျော်လင်းနိုင် (ရိုးရာလေး)

Myanmar Online News