“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, May 4, 2013

ခေတ္တအကျဉ်းသား(ဟာသ)

Photo: ခေတ္တအကျဉ်းသား

ထောင်သားများနဲ့ပြည့်ကျပ်နေသော ထောင်ခန်း တစ်ခုအတွင်းသို့ လူသစ်တစ်ယောက်ကို ရဲသားများမှ ခေါ်လာ၏။

၎င်းလူသစ်မှ မိတ်ဆက်စကားပြောလေ၏။

" ခုလို ငါးပိသိပ် ငါးချဉ်သိပ် ပြည့်ကျပ်နေတဲ့အထဲ ကို ကျနော်တယောက်တိုးလာတယ်ဆိုပီး မငြိုငြင်ကြပါနဲ့ခင်ဗျာ။ခင်ဗျားတို့ဆီမှာ ကျနော် က နှစ်ပတ်ပဲနေမှာပါ "

ထိုအခါ အကျဉ်းသမားတဦးမှမေး၏။

" နှစ်ပတ်ထဲဟုတ်လား။ဒါနဲ့ ဘာအမှူလဲဗျ "

လူသစ်ကလည်းသူ၏အမှူကိုပြော၏။

" ယေက္ခမနဲ့ မိန်းမ ကို မီးရှို့သတ်တဲ့ အမှူပါ "

အံသြသံနဲ့ အကျဉ်းသားထပ်ပြောတာက....

" ဒီလောက် လုပ်ပီး နှစ်ပတ်ပဲကျသလား။အံ့သြစရာပဲ "

ထိုအခါ လူသစ်အကျဉ်းသားပြန်ဖြေလိုက်တာက......

" မဟုတ်ဖူးလေ။နောက် နှစ်ပတ်ကြာရင် ကျနော့်ကို ကြိုးဆွဲချသတ်မှာ..." ....တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

အူတတ်အောင်ရယ်ရသောဟာသများနှင့်အခြား(facebook)

အ၀ယ်မှားသူ

Photo: အ၀ယ်မှားသူ

တောသားကြီးတစ်ယောက်သည် ကြက်ဖငယ်တကောင်ကိုဝယ်လာကာကြက်ခြံတွင်းသို့ထည့်လိုက်သည်။

မူလရှိနှင့်ပီးသား ကြက်ဖအို က ၄င်း အား ဤသို့  စိန်ခေါ်၏။

" ဒီကြက်ခြံကို မင်းနဲ့ ငါ ၃ ပတ်အပြေးပြိုင်ပြေးမယ် အရင်ရောက်တဲ့သူ က ခြံထဲက ကြက်မတွေ အကုန် ယူကြေး.." ....လို့ဆို၏။

ကြက်ဖပျိုအသစ်ကလည်း....

" စိန်လိုက်  " ဟုပြောလေ၏။

သို့ဖြင့် ကြက်ဖအို နှင့်ကြက်ဖပျိုတို့ပြိုင်ပြေးကြ၏။ကြက်ဖပျိုကား လျင်မြန်စွာဖြင့် တစ်ပတ်ပြည့်သွား၏။

ထို့နောက် တစ်ပတ်အသာဖြင့် ကြက်ဖအိုနောက်မှလိုက်ကာ  ကြက်ဖပျိုမှ ပြေးနေ၏။

ကြက်ဖအိုကား တစ်ပတ်ပင်မပြည့်သေးပေ။

ဤ သည်ကိုမြင်သော ကြက်ခြံပိုင်ရှင်က လေးခွကိုယူကာ ကြက်ပျိုကို ပစ်ချလိုက်၏။

နုတ်မှလည်း မကျေမချမ်းပြောလိုက်သည်မှာ.....

" ကြက်ဖ၀ယ်တာ ၆ ကောင်ရှိပီ ၊အားလုံး လိင် တူကိုမှ ကြိုက်တဲ့ အကောင်တွေချည်းပဲ...." ...တဲ့

တိန်...ဂိ..ဂိ

ရီမောပျော်ရွှင်ပါစေ

ကိုလုံ

အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

Photo: အသက်သေဆုံးနိုင်သောကြောင့် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးရန်လို

ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံး
သည်အထိဖြစ်ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်း
ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက
တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ဆေးရုံတွေကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့
လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့
ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ်သင့်တယ်”ဟု
နှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်က
အကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက်
သွေးတိုးရောဂါခံစားနေရသူများသည် ရောဂါလက္ခဏာမပြသည့် အတွက်
ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀
နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင်က
ဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊
နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့်
အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိ
ရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီး
သွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်
သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်
သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင်ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်
မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။
သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့်
အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊
လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာ
စစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့
တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာ
ဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါက
ကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟု
အထွေထွေ ရောဂါ ကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ
(၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ
သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure
Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့်
အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို
ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

လွင်ထူးကို(မြစ်မခ)
Myawady News
ရောဂါလက္ခဏာမပြသည့် သွေးတိုးရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံး သည်အထိဖြစ် ပွားနိုင်သောကြောင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များထံက သိရှိရသည်။

“လူတော်တော်များများက သွေးတိုးရှိမှန်းကို မသိကြဘူး၊ လူတွေက တစ်ခုခုဖြစ်ခါမှ ဆေးခန်း၊ဆေးရုံတွေကို ရောက်လာကြတယ်၊ အဲဒီအချိန်ကျတော့လူတွေရဲ့အခြေအနေတွေက အရမ်းဆိုးနေပြီ၊ မဖြစ်သင့်တာတွေ ဖြစ်လာတယ်။ အဲဒီတော့ပြည်သူတွေအနေနဲ့ ပုံမှန်သွေးပေါင်ချိန်တိုင်းတာမှုကို ပြုလုပ်သင့်တယ်”ဟုနှလုံး သွေးကြောရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ နွေးနွေးအောင်ကအကြံပြုပြောဆိုသည်။

ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်းထဲမှာ အသက် ၂၅နှစ်အထက် သွေးတိုးရောဂါခံစားနေရသူ များသည် ရောဂါလက္ခဏာမပြသည့် အတွက်ရောဂါဖြစ်ပွားနေမှုကို မသိရှိနိုင်ကြောင်း၊ သွေးပေါင်ချိန် ၁၄၀/၉၀
နှင့်အထက်ရှိလျှင် သွေးတိုးသည်ဟု သတ်မှတ်ကြောင်း ဒေါက်တာ နွေးနွေးအောင်ကဆက်လက်ပြောဆိုသည်။

သွေးတိုးရောဂါမှတဆင့် နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော လေဖြတ်ခြင်း၊နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များ၏ ပြောပြချက် အရသိရှိရသည်။

ကျန်းမာရေးအနေဖြင့် သွေးပေါင်ချိန်ပုံမှန် စစ်ဆေးသင့်ပြီးသွေးပေါင်ချိန်ကိရိယာအသုံးပြုရာတွင် ဆေးခန်း အများစုတွင်သုံးစွဲလျက်ရှိသော Aneroid Type ( ဒိုင်ခွက်နှင့်သွေးပေါင်ချိန်ကိရိယာ)သည် သွေးပေါင်ချိန် ဖော်ပြမှု ရံဖန်ရံခါတွင်မှားယွင်းတက်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း သိရှိရသည်။သွေးပေါင်ချိန်စစ်ဆေးရာတွင် ဆိတ်ငြိမ်သည့် နေရာတွင် ၅မိနစ်ခန့်အနားယူခြင်း၊ တင်းကျင်သော အ၀တ် အစားများအား ဖြေလျော့ထားသင့်ကြောင်း၊လက်မောင်းနှင့် နှလုံးတို့ကို တစ်ပြေးညီအနေအထားအတိုင်း ထားရှိကာစစ်ဆေးသင့်ကြောင်း သိရှိရသည်။

"သွေးတိုးရောဂါဆို ဆီးဆေးတိုက်/သောက်တာမျိုးတွေရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ဇီဝဖွဲ့စည်းပုံ ဆေးတုန့်ပြန်မှုတွေမတူကြတော့ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်စမ်းသပ်ကုသသင့်တယ်။ သွေးတိုး ရောဂါကကြောက်ဖို့လည်းကောင်းတယ်။ အခြားရောဂါကြီးတွေကိုလည်း ဖြစ်ပွားနိုင်တယ်"ဟုအထွေထွေ ရောဂါကုဆရာဝန်ကြီး ဒေါက်တာခင်မောင်လွင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးနေ့ကို ဧပြီ (၇)ရက်ကို သတ်မှတ်ထားပြီး ၂၀၁၃ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ သော ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ
သွေးမတိုးအောင် သတိဆောင် ကိုယ်လက်လှုပ်ရှား မျှအောင်စား (Blood Pressure
Take Control) ဟူ၍ဖြစ်ပြီး ဆောင်ပုဒ် အတိုင်း ကိုယ်လက်လှုပ်ရှားမှု နှင့်
အစားအသောက် မျှတအောင် စားခြင်းဖြင့် သွေးတိုးရောဂါကို
ထိန်းသိမ်းနိုင်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

လွင်ထူးကို(မြစ်မခ)
Myawady News

"အချစ်ဟာမီးပဲ"

Photo: "အချစ်ဟာမီးပဲ"
••••••••••••••••••••••
 ♦ တစ်စုံတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခု
အပေါ်မှာ စွဲစွဲလမ်းလမ်းချစ်နေပြီ 
စွဲစွဲလမ်းလမ်း ငြိကပ်တပ်မက်နေပြီဆိုရင်
မရခင်မှာလည်း မျှော်လင့်တမ်းတခြင်းတွေနဲ့ ပူလောင်ရပါတယ်။

 ♦ ရနေဆဲအချိန်တွေမှာလည်း သာယာယစ်မူးခြင်းတွေနဲ့ 
ပူလောင်ရပါတယ်။

 ♦ ရပြီးလို့ ပျောက်ကွယ်ပျက်စီးသွားတဲ့အခါမှာလည်း
ဆွေးမြေ့ကြေကွဲခြင်းတွေနဲ့ပူလောင်ရပါတယ်။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

မိန်းမသားများအောင်မြင်ခြင်းအကြောင်းတရား

Photo: မိန်းမသားများအောင်မြင်ခြင်းအကြောင်းတရား

လောကကြီးမှာ လူဖြစ်ရတာခြင်းအတူတူ ဒီထဲကမှ မိန်းမသားဖြစ်ရတာခြင်း အတူတူ အောင်မြင်မှုမတူ ဘာကြောင့်များ အခြေနေတွေ ကွာခြားနေရတာ ပါလဲ။ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ အောက်ပါ အချက်အ လက်တွေကို ပိုင်ဆိုင်နေတယ်ဆိုတာ သတိထားမိစေဖို့ တင်ပြလိုက်ပါတယ်။

(၁) ထူးကဲတဲ့ ဝီရိယရှိကြတယ်
အောင်မြင်ထင်ရှားမိန်းမသားတိုင်းမှာ သူများထက်ထူးတဲ့ ဝီရိယကို ပိုင်ဆိုင် ထားကြတယ်ဆိုတာ မမေ့သင့်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ဖြစ်သွားမှာ ဆိုတဲ့ စကားကို လုံးဝအယုံအကြည်မရှိတဲ့ မိန်းမသားများပေါ့။ သူတို့ဟာ သူတို့ လုပ်ဆောင်စရာရှိသမျှကို ကြိုတင်ပြင်ဆင်တတ်ပြီး သူများထက်အရင် ဦးစွာပြီးစီးစေခြင်းဖြင့် အောင်မြင်မှုကို ရယူတတ်ပါတယ်။

(၂) ကတိတစ်လုံး စကားတစ်ခွန်းကို တန်ဖိုးထားတတ်ကြတယ်
သူတို့ဟာ ပြောပြီးသားစကားတစ်ခွန်း ပြန်ပြင်ဖို့အတွက်ကိုအင်မတန်ဝန်လေး တတ်ကြပါတယ်။ ပေးပြီးသားကတိအတွက် ဖျက်ရမယ်ဆိုရင်တော့ အ သက်သာ အသေခံချင်တော့တယ်ဆိုတဲ့ အစားမျိုးပေါ့။ အောင်မြင်ထင်ရှား မိန်းမသားများဟာ ဒီလို စကားတည်ခြင်း ကတိမြဲခြင်းတို့နဲ့ပဲ သူ့ပတ်ဝန်း ကျင်က ပြိုင်ဘက်တွေကို ကျော်လွှာအနိုင်ရသွားတတ်မြဲပါ။

(၃) ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်
ပုထုဇဉ်ဆိုတာကတော့ ဖောက်ပြန်တတ်တဲ့ သဘာဝရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်ထင်ရှား မိန်းမသားတွေကတော့ ဖောက်ပြန်ချင်တဲ့စိတ်ကို သူတို့ရဲ့ ဟီရိသြတ္တပ တရားက ပြန်လည်ထိန်းချုပ်ပြီး ကြည့်လိုက်တာနဲ့ တည်ကြည်ခြင်း အပေါင်းစုလို့ သူတို့ရဲ့မြဲမြံတဲ့ ကိုယ်ကျင့်တရားကြောင့် လူကြည်ညိုစရာ အလိုလိုဖြစ်နေတတ်တာ သူတို့ရဲ့ သဘာဝပါ။

(၄) ကိုယ်ချင်းစာစိတ်ရှိကြတယ်
ကိုယ်ချင်းစာစိတ်မရှိရင် အောင်မြင်ပေမယ့် မထင်ရှားဘူး၊ ထင်ရှားမှုရှိလည်း မအောင်မြင်ဘူး။ အောင်မြင်ထင်ရှားနေပြီဆိုရင်တော့ သေချာပါတယ် သူ ဟာ ကိုယ်ချင်းစာတရားရှိသူ ဖြစ်ပါတယ်။ ကိုယ်တွေ ကိုယ်တွေ ချင်းသာ စာနာတတ်သူကတော့ လူမုန်းများတတ်ပြီးကိုယ်တွေက အများကို စာနာ တတ်မှသာ လူချစ်လူခင်များတဲ့ အောင်မြင်ထင်ရှားသူအစစ်ပါ။

(၅) သူများရဲ့အရည်အချင်းကို တန်ဖိုးထားတယ်
တကယ့်အောင်မြင်ထင်ရှားသူတွေဟာ ကိုယ့်အရည်အချင်းတွေ တိုးမြင့်နေဖို့ ပဲ ကြိုစား၊ ကိုယ့်အရည်အချင်းကိုဘဲ ကိုယ်အသိအမှတ်ပြုတဲ့တစ်ကိုယ်တော် သမားမဟုတ်ပါဘူး။ သူတို့ဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရည်အချင်း ရှိသူ မှန်သမျှကို ချီးမြှင့်အားပေးလိုတဲ့ စိတ်ထားပိုင်ရှင်တွေပါ။

(၆) ဒေါသကို ထိန်းချုပ်နိုင်ကြတယ်
အင်မတန်သိသာတဲ့အချက်ပါ၊ သူတို့ဟာ ဖြစ်ပျက်ကြုံဆုံလာရတဲ့ အကြောင်း အရာမှန်သမျှအပေါ်မှာ သွေးအေးစွာ ဖြေရှင်းနိုင်သူတွေပါ၊ ဒေါသထွက်ခဲ့ရင်တောင် လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်တဲ့ အသိတရားတွေ ပိုင်ဆိုင်တတ် ကြပါတယ်။ ဒေါသထွက်လွန်းလို့ ရင်တွင်းဆူပွက်နေခဲ့ရင်တောင် သူ့ဒေါသ ကိုသူပဲ အသိခံပြီး ဒေါသကြောင့် အမှားတရားတွေကို ဖန်တီးမယ့်သူမျိုး မဟုတ်ပါဘူး။
ကမ္ဘာပေါ်ရှိ အမျိုးသား၊ အမျိုးသမီးများအားလုံး ထက်မြက်အောင်မြင်သော သူများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်...............။

You'realways Onmymind