“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, October 10, 2013

ယောက္ခမ နိုင်နည်း

Photo: ယောက္ခမနိုင်နည်း
===========

တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့…။
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့…။ လင်ယောက်ျားကိုချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး…။

များမကြာမီမှာပဲ မိန်းကလေးဟာ သူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်းသွားလို့ဖြစ်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေပါတယ်…။ ချွေးမလုပ်သူက ယောက္ခမရဲ့  လုပ်ရပ်တွေကို မကြိုက်သလို…ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့…။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်…။

ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါတယ်…။ ဒါကြောင့် သူ့အဖေရဲ့ သူငယ်ချင်းတစ်ယောက်ဆီသွားပြီးအကူအညီတောင်းပါတယ်…။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ…။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့  အခြေအနေအကြောင်းစုံကို ရှင်းပြပါတယ်…။ ပြီးတော့ဒီလိုပြောတယ်…

“ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား…စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ …ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿနာတွေအကုန်အေးရော…”

ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်…

“ အေးဟ…ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ်… ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့တော့လိုမယ်… တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး…ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်…”

“ စိတ်ချုပါဦးလေးရာ…ဦးလေးပြောတဲ့အတိုင်းကျမအတိအကျလိုက်နာပါမယ်…”

ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေးတစ်ထုတ်ပါလာတယ်…။

“ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ…လူတွေရိပ်မိကုန်မယ်…ဒီတော့ ငါအဆိပ်တစ်မျိုးဖော်ထားတာရှိတယ်…ဒီအဆိပ်က တဖြည်းဖြည်းချင်းအာနိသင်ပြတဲ့အဆိပ်မျိုး …ဘယ်သူမှလည်းမရိပ်မိတော့ဘူးပေါ့ဟာ…နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေနည်းနည်းချင်းခပ်ပေး…သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင်ဘက်ကတော်တော်ဂရုစိုက်ဖို့လိုမယ်…သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံ…သူနဲ့ပြိုင်ရန်မဖြစ်နဲ့…အတတ်နိုင်ဆုံးသည်းခံပေး…ကိုယ့်ရဲ့ အရှင်သခင်တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး…ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူမှမရိပ်မိတော့ဘူး…”


မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင်အထည်ဖော်ပါတော့တယ်…။

ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်…။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်းလည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့…။ သူရဲ့ အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်…။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေးအခြေအနေတွေက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့..။

ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ …စိတ်အေးချမ်းလာပါတယ်…။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ…ယောက္ခမကြီးဟာ ကြင်နာတတ်သူ ဆက်ဆံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်…။

ယောက္ခမကြီးရဲ့ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်…။ သူ့သမီးအရင်းလေးတစ်ယောက်လို ချစ်ခင်လာသတဲ့…။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမလေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့…။ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့…။ မိန်းကလေးရဲ့ ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့တယ်…။

တစ်နေ့မှာတော့… ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည်စက်လက်နဲ့ ပြောပါတယ်…

“ ဦးလေးရယ်…ကယ်ပါဦး…ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား…ကျမယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ်…ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ်နေပြီ .. ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး…”

ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်…

“ ငါ့တူမ…နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို…”

“အဲ့ဒါက အဲ့ဒီတုန်းကလေ…ခုမှကျမ သူကောင်းမှန်းသိရတာ…ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ်…တောင်းပန်ပါတယ်…”

လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့…ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ ခေါင်းကို အသာပုတ်ပြီး…


“ ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ်…ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး…ဦးလေးပေးလိုက်တာ…အားဆေးတွေပါ…သူ့အတွက်ပိုလို့တောင် ကျန်းမာရေးအထောက်အကူပြုသေးတယ်…တကယ်အဆိပ်သင့်နေတာက တူမကြီးရဲ့  စိတ်နေသဘောထားတွေပါ…ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီးသူ့အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ…”



Credit To Nyein Chan Win
တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ရှိပါသတဲ့…။
သူဟာ အိမ်ထောင်ကျတဲ့အခါ ယောင်နောက်ဆံထုံးပါ လင်ယောက်ျားရှိရာလိုက်နေရတာပေါ့…။ လင်ယောက်ျားကိုချစ်လို့သာလိုက်နေရတာ ယောက္ခမနဲ့တော့ အဆင်ပြေပါဘူး…။
များမကြာမီမှာပဲ မိန်းကလေးဟာ သူ့ယောက္ခမကြီးနဲ့ ရေရှည်စခန်း သွားလို့ဖြစ်မှာ မဟုတ်ဘူးဆိုတာ သဘော ပေါက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်းက အလွန်ကွာခြားနေ ပါတယ်…။ ချွေးမလုပ်သူက ယောက္ခမရဲ့  လုပ်ရပ်တွေကို မကြိုက်သလို…ယောက္ခမကလည်း ချွေးမကို တစ်စက်မှ ကြည့်မရဖြစ်နေပါတော့တာပေါ့…။
သူတို့နှစ်ယောက်က အမြဲတကျက်ကျက်ဖြစ်နေတော့ မိန်းကလေးရဲ့  ခင်ပွန်းဖြစ်တဲ့ ကောင်လေးကလည်း အတော်စိတ်ဆင်းရဲနေရပါတယ်…။
ချွေးမဖြစ်သူဟာ ယောက္ခမရဲ့  ဖိနှိပ်မှုဒဏ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်…။ ဒါကြောင့် သူ့အဖေရဲ့ သူငယ်ချင်း တစ်ယောက်ဆီ သွားပြီး အကူအညီ တောင်းပါတယ်…။ အဲဒီသူကတော့ ဈေးထဲမှာ ပရဆေးရောင်းတဲ့သူပါ…။ မိန်းကလေးဟာ သူ့နဲ့ သူ့ယောက္ခမရဲ့  အခြေအနေအကြောင်းစုံကို ရှင်းပြပါတယ်…။ ပြီးတော့ဒီလိုပြောတယ်…
“ဒါ့ကြောင့် ဦးလေးမှာ အဆိပ်ဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးများမရှိဘူးလား…စားတဲ့သူ မရိပ်မိစေတဲ့ဟာမျိုးပေါ့ …ဒါဆိုတစ်ခါတည်း ဒီမိန်းမကြီးသေပြီး ပြဿနာတွေအကုန်အေးရော…”
ဆိုတော့ ဟိုလူကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ပြန်ပြောတယ်…
“ အေးဟ…ငါ့မှာ အဆိပ်တစ်မျိုးတော့ရှိတယ်… ဒါပေမယ့် နင် ငါပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ တော့လိုမယ်… တခြားဘယ်သူမှ ရိပ်မိလို့လည်းမဖြစ်ဘူး…ငါပြောတဲ့အတိုင်းနင်မလိုက်နာရင် နင်ရောငါပါ ပြဿနာအကြီးကြီးတက်ကုန်လိမ့်မယ်…”
“ စိတ်ချုပါဦးလေးရာ…ဦးလေးပြောတဲ့အတိုင်းကျမအတိအကျလိုက်နာပါမယ်…”
ဒီတော့ ဦးလေးကြီးက ဆိုင်နောက်ထဲဝင်သွားပြီး အတော်ကြာတော့ လက်ထဲမှာအထုတ်လေး တစ်ထုတ်ပါ လာတယ်…။
“ငါတို့ ချက်ချင်းသေစေတဲ့ အဆိပ်ပြင်းကိုသုံးလို့မရဘူးဟ…လူတွေရိပ်မိကုန်မယ်…ဒီတော့ ငါအဆိပ်တစ်မျိုး ဖော်ထားတာရှိတယ်…ဒီအဆိပ်က တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့အဆိပ်မျိုး …ဘယ်သူမှလည်း မရိပ်မိ တော့ ဘူးပေါ့ဟာ…နေ့စဉ်သူ့ကို ဖွယ်ဖွယ်ရာရာဟင်းတွေချက်ပြီး ဒီဆေးလေးတွေနည်းနည်းချင်းခပ်ပေး…သူကိုယ်တိုင်ရော တစ်ခြားသူတွေရောမရိပ်မိအောင် နင်ဘက်ကတော်တော်ဂရုစိုက်ဖို့လိုမယ်…သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ…သူနဲ့ပြိုင်ရန်မဖြစ်နဲ့…အတတ်နိုင်ဆုံးသည်းခံပေး…ကိုယ့်ရဲ့ အရှင်သခင် တစ်ယောက်လိုသဘောထားပြီး သူပြောသမျှနာခံပေး…ဒါဆို သူသေသွားခဲ့ရင် နင့်ကြောင့်ဆိုတာ ဘယ်သူ မှ မရိပ်မိတော့ဘူး…”
မိန်းကလေးဟာ ပျော်ရွှင်သွားပြီး အိမ်ပြန်ကာ ယောက္ခမကြီးကို သတ်ဖို့စီမံကိန်းအား စတင်အကောင် အထည်ဖော်ပါတော့တယ်…။
ရက်လတွေအတော်ကြာအောင် ချွေးမလေးဟာ သူ့ယောက္ခမအတွက် ဖွယ်ဖွယ်ရာရာတွေကိုယ်တိုင်ချက် ဆေးလေးတွေခပ်ခပ်ပြီး ကိုယ်တိုင်ခူးခပ်ကျွေးပါတယ်…။ ပရဆေးရောင်းတဲ့ ဦးလေးကြီး မှာတဲ့အတိုင်း လည်း ဘယ်သူမှ မရိပ်မိအောင် သူ့စိတ်ကိုသူထိန်းပြီး ယောက္ခမပြောသမျှကို သည်းခံနေပါသတဲ့…။ သူရဲ့ အမေအရင်းတစ်ယောက်လို ဆက်ဆံပါတယ်…။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့ အိမ်တွင်းရေး အခြေအနေတွေက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲသွားပါသတဲ့..။
ချွေးမလေးဟာ သူစိတ်ကိုသူ ထိန်းတာကြာလာတော့ အရင်လို ဒေါသစိတ်တွေနဲ့ ထူပူမနေတော့ဘဲ …စိတ်အေးချမ်းလာပါတယ်…။ သူ့ယောက္ခမကြီးနဲ့ ရန်မဖြစ်ဘဲ ခြောက်လလောက်နေလာခဲ့တော့မှ…ယောက္ခ မကြီးဟာ ကြင်နာတတ်သူ ဆက်ဆံရေးကောင်းတဲ့သူမှန်း သိလာပါတော့တယ်…။
ယောက္ခမကြီးရဲ့ စိတ်သဘောထားဟာလည်း ချွေးမလေးအပေါ် ပြောင်းလဲလာပါတယ်…။ သူ့သမီးအရင်း လေးတစ်ယောက်လို ချစ်ခင်လာသတဲ့…။ သူမိတ်ဆွေတွေ တခြားဆွေမျိုးတွေနဲ့ တွေ့ရင်လည်း သူ့ချွေးမ လေးဟာ သူတွေ့ဖူးသမျှချွေးမတွေထဲမှာ အတော်ဆုံးပဲဆိုတာ ချီးမွမ်းခန်းဖွင့်လို့မဆုံးပါဘူးတဲ့…။ ဒီအချိန်မှာ တော့ သူတို့နှစ်ယောက်ဟာ တကယ့်သားအမိအရင်းတွေလို ချစ်ခင်သွားကြပါတော့သတဲ့…။ မိန်းကလေးရဲ့ ယောက်ျားဖြစ်သူဟာလည်း ခုလိုအမေနဲ့ မိန်းမ အဆင်ပြေသွားတာတွေ့တော့ အလွန်ဝမ်းသာနေပါတော့ တယ်…။
တစ်နေ့မှာတော့… ချွေးမလေးဟာ ဈေးထဲကိုအပြေးသွားပြီး ပရဆေးရောင်းတဲ့ ဦးလေးကြီးကို မျက်ရည် စက်လက်နဲ့ ပြောပါတယ်…
“ ဦးလေးရယ်…ကယ်ပါဦး…ဦးလေးတစ်ခါပေးလိုက်တဲ့ အဆိပ်တွေ အတွက်ဖြေဆေးမရှိဘူးလား…ကျမ ယောက္ခမကြီးက သူတော်ကောင်းမကြီးဆိုတာ ခုမှသိတယ်…ကျမသူ့ကို အမေအရင်းလိုပဲ သံယောဇဉ်ဖြစ် နေပြီ .. ကျမတိုက်တဲ့ အဆိပ်ကြောင့်သူ့ကို မသေစေချင်ဘူး…”
ဒီတော့ ဦးလေးကြီးက သက်ပြင်းတစ်ချက်ချရင်း ပြန်မေးပါတယ်…
“ ငါ့တူမ…နင်ပဲ အဲဒီတုန်းကပြောတော့ ဒီမိန်းမကြီးမရှိမှ စိတ်ချမ်းသာမှာဆို…”
“အဲ့ဒါက အဲ့ဒီတုန်းကလေ…ခုမှကျမ သူကောင်းမှန်းသိရတာ…ကယ်နိုင်ရင်ကယ်ပါဦး ဦးလေးရယ်…တောင်း ပန်ပါတယ်…”
လို့ပြောကာမျက်ရည်တွေကျဆင်းလာပါတော့သတဲ့…ဒီတော့မှ ဦးလေးကြီးက မိန်းကလေးရဲ့ ခေါင်းကို အသာပုတ်ပြီး…
“ ဒီအတွက်ဘာမှ မစိုးရိမ်ပါနဲ့ကွယ်…ဦးလေး နင့်ကို ဘာအဆိပ်မှမပေးလိုက်ပါဘူး…ဦးလေးပေးလိုက်တာ…အားဆေးတွေပါ…သူ့အတွက်ပိုလို့တောင် ကျန်းမာရေးအထောက်အကူပြုသေးတယ်…တကယ်အဆိပ်သင့် နေတာက တူမကြီးရဲ့  စိတ်နေသဘောထားတွေပါ…ဒါပေမယ့် အဲ့ဒီအဆိပ်တွေဟာလည်း တူမကြီးသူ့ အပေါ်ထားတဲ့စေတနာ မေတ္တာတွေက ဆေးကြောသန့်စင်နိုင်ခဲ့ပါပြီ…”
Credit To Nyein Chan Win
http://www.todaymyanmar.net/2013/10/blog-post_3035.html

လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်


လမ်းမပေါ်ရပ်ထားသော ကစားစရာကားကိုရဲတပ်ဖွဲ့ဝင်တစ် ဦးက ချလန်ဖြတ်
Thursday, October 10, 2013

အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွားရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့် ချလန်ကို မြင် ခဲ့ရပြီးနောက် အလွန် အံ့အားသင့်ခဲ့ရကြောင်း၊ ယခု ချလန်ဖြတ်ပိုင်းမှာ မိမိအကြိုက်ဆုံး ချလန်တစ်ရွက်ဖြစ်ပြီး သမီးလေးအနေဖြင့်လည်း ယခုကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို နောက်နောင် ဘယ်တော့မှ ပြု လုပ်တော့မည်မဟုတ်ကြောင်း ဆိုခဲ့သည်။Fork ရဲဌာနကလည်း ယခုကဲ့သို့ ချလန် ဖြတ်ခဲ့ခြင်းမှာ Autumn တို့ အိမ်နီးချင်းများအနေဖြင့် ၎င်းတို့ ပစ္စည်းများကို ကားလမ်းမပေါ် စည်းကမ်းမဲ့ ထားရစ်ခြင်းမရှိစေရေးအတွက် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Automobile Journal
အမေရိကန်ပြည်ထောင်စု၊ အူတာပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးသည် Fork မြို့ အတွင်း ရဲကားဖြင့်လိုက်လံစစ်ဆေးနေစဉ် ကားလမ်းမပေါ်ရပ်ထားသည့် ကလေးကစားစရာ ကားငယ်ကို ချလန်ဖြတ်ထားခဲ့ရာ ငိုရခက်၊ ရယ်ရခက် ဆိုသလို ဖြစ်ခဲ့ရကြောင်း ‘ABC သတင်းဌာန’က အောက်တိုဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။ Fork မြို့တွင် နေထိုင်သော အသက် ခုနစ်နှစ်အရွယ် မူလတန်းကျောင်းသူလေး Autumn သည် ပန်းရောင် Barbie Jeep ကားလေးဖြင့် ဆော့က စားနေစဉ် ကျောင်းသွားရမည်ဖြစ်သောကြောင့် ကားကို အိမ်ထဲမထည့်တော့ဘဲ လမ်းမပေါ်တွင် ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စည်းကမ်းမဲ့ ကားများအား အရေးယူရန် ရဲကားဖြင့် စစ်ဆေးရေးဆင်းနေသည့် ရဲအရာရှိက လမ်းမပေါ် စည်းကမ်းမဲ့ရပ်ထားသော Autumn ၏ ကားလေးကို ချလန်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုချလန်မှာ ဒဏ်ငွေ ပေးဆောင်ရန် မဟုတ်ဘဲ နောက်နောင် ယခုကဲ့သို့ မလုပ်ရန် သတိပေးထားသည့် စာသားဖြစ်သည်။ ချလန် အဖြတ်ခံရခြင်းနှင့် ပတ်သက်၍ Autumn ၏ ဖခင် ဖြစ်သူက မိမိအနေဖြင့်