“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, August 31, 2012

မယားကျင့်ဝတ် (၅)ပါးနှင့်...မယားဝတ္တရား(၅)

မိန်းမတို့ပြုကျင့်ရမည့် မယားကျင့်ဝတ်(၅)ပါးဆိုတာကတော့....
--(၁) အမှု့ကြီးငယ်ကို ကောင်းစွာ စီရင်ပြုကျင့်ရခြင်း ။
--(၂) နှစ်ဖက်သော ဆွေမျိုးများကို ပေးကမ်း ချီးမြှောက်ရခြင်း ။
--(၃)မိမိလင်မှတစ်ပါး အခြားသောယောက်ကျားတို့နှင့် လွန်ကျူးပြီး မပြုကျင့်ရခြင်း ။
--(၄) ယောက်ကျားကရှာဖွေ စုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်မှုကို ပြုကျင့်ရခြင်း ။
--(၅) အလုံးစုံသော အိမ်မှုကစ္စတို့လိမ္မာပြီး ပျင်းရိမှု မရှိခြင်းတို့ဖြစ်ပါသည် ။
ဒီ(၅)မျိုးသော ကျင့်ဝတ်တို့သည်လင်ရှိမယားများ တသွေမတိမ်း လိုက်နာပြုကျင့်ရမည်ကျင့်ဝတ်များ ဖြစ်ပါသည် ။
         မယားတို့ဝတ္တရာ (၅)ပါး ဆိုတာကတော့...
--(၁) လင့်အပေါ် နှစ်ခြိုက်ဖွယ် ပြုလေ့ရှိပြီး ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း ။
--(၂) ခင်ပွန်းသည် ရိုသေလေးစားအပ်သော အမိ အဖ ရဟန်း သာမဏေများကို အရိုအသေပြုခြင်း ။
--(၃) အိမ်တွင်းမှုတှိုတွင် ကျွန်းကျင်ပြီး မပျင်းမရိ စီမံပြုလုပ်နိုင်ခြင်း ။
--(၄) အစေခံ ကျေးကျွန်တို့ အပေါ်တွင် အခြေနေ အရပ်ရပ်ကို သိရှိကာ ရထိုက်သော အဖို့စုကို ဝေဖန်ပိုင်းခြား ပေးနိုင်ခြင်း ။
--(၅) လင်ယောက်ကျား ဆောင်ယူလာသော ပစ္စည်းဥစ္စာကို မပျက်စီးရအောင် စောင့်ရှောက်နိုင်ခြင်းတို့ဖြစ်ပါသည် ။
    မြန်မာမိန်းကလေးများ မိန်းမကောင်းလေးများ ဖြစ်ဖို့ အထက်ပါအင်ဂါများများနှင့် ပြည့်စုံဖို့လည်း လိုအပ်ပေသည် ။
မိန်းမနှင့် ယောက်ကျား ရင်ဘောင်တန်း ပခုံးချင်းယျဉ်တဲ့ခေတ် ရောက်နေပြီးလို့ ဆိုချင်ဆိုပါစေ..လင်ကလည်း လင့်ကျင့်ဝတ်.မယားကလည်း မယားကျင့်ဝတ်တွေရှိပါတယ်  ဒီကျင့်ဝတ်ဆိုတဲ့ ကိုယ့်တာဝန် ကိုကျေကြရင် လူမှုရေး စီးပွားရေ အိမ်ထောင်ရေးစတဲ့အရေးပေါင်းများစွာဟာ တိုးတက် ဖြောင့်ဖြူးမှာ မလွဲဧကန်ပါပဲ မိတ်ဆွေတို့..။

http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A226554&xgs=1&xg_source=msg_share_post

No comments:

Post a Comment