ဆား(ဆိုဒီယမ်)ကိုနည်းနည်းပဲစားတာကြောင့်သွေးဖိအား ကိုပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ဒါ့အပြင်အောက်ပါ အစားအသောက်တွေကို
စားသောက်တာကြောင့်သွေးတိုးကိုကျစေတဲ့အပြင်နှလုံးနဲ့သွေးကြော
တွေကိုလည်းကျန်းမာစေနိုင်ပါတယ်။
အာလူးမီးဖုတ်
မီးဖုတ်ထားတဲ့အာလူးမှာမဂ္ဂနီစီယမ်နဲ့ပိုတက်စီယမ်ဆို တဲ့အာဟာရဓာတ်နှစ်မျိုးပါဝင် တာကြောင့်သွေးတိုးကျစေတဲ့အစာအနေနဲ့ထင်ရှားပါတယ်။ပိုတက်စီယမ်များတဲ့အစာကခန္တာကိုယ် ထဲကအပိုဆိုဒီယမ်ဓာတ်တွေကို ကင်းစင်စေသလိုမဂ္ဂနီစီယမ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေတယ်လို့လေ့လာမှုအရသိရပါတယ်။
အဆီထုတ်ထားတဲ့နွားနို့
နွားနို့အေးတစ်ဖန်ခွက်မှာကယ်လ်စီယမ်နဲ့ဗီတာမင်ဒီအာဟာရှဓာတ်နှစ်မျိုးပါဝင်ပြီးသွေးတိုးကို3-10%လျော့ကျစေပါတယ်။ဒါ့အပြင်နှလုံးရောဂြါ
တစ်ည…
ကိုကျေးညိုတစ်ယောက် ညဉ့်အတော်နက်မှ အရက်မူးပြီးအိမ်ပြန်လာတယ်။
သော့ဖွင့်ပြီး အိမ်ထဲအဝင်၊ မနက် ၃ နာရီ ရှိနေပြီဆိုတော့
နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီထဲက ဥသြငှက်ရုပ်လေးက “ဥသြ… ဥသြ… ဥသြ” လို့
သုံးကြိမ်တွန်တယ်
တောက်… ဒ
ီနာရီသံနဲ့တော့ ဒုက္ခပါပဲ…
မနက် ၃ နာရီမှ ပြန်လာတာကို မိန်းမသိရင် ပြသနာရှာတော့မယ်
ဒါနဲ့ ကိုကျေးညိုပါးစပ်က နောက်ထပ် ဥသြတွန်သံ ၈ ချက်ကို ကမန်းကတမ်း လိုက်တွန်လိုက်ရတယ်
၃+၈ = ၁၁ ပေါ့လေ
ဘာရမလဲ ကျေးညို အမူးပါး ပါ
သူ့လုပ်ရပ်ကို သူသဘောကျသွားပြီး ကိုကျေးညိုလည်း အိပ်ရာဝင်သွားတယ်။
နောက်နေ့မနက်ရောက်တော့… …
“ရှင် ညက ဘယ်အချိန်ပြန်လာသလဲ” လို့ သူ့မိန်းမက မေးတယ်
“၁၁ နာရီလေ မိန်းမရဲ့” လို့ ပြန်ဖြေလိုက်တယ်။ ခပ်တည်တည်ပဲ။
ဒီတော့ သူ့မိန်းမက ဆက်ပြောတယ်… …
“ကျမတို့ရဲ့ တိုင်ကပ်နာရီကြီးထဲက ဥသြလေးတော့ တခုခုဖြစ်နေပြီထင်တယ် ကိုကျေးညို”
“ဘာလို့လဲကွ”
“ညက ၁၁ နာရီထိုးတော့… ပထမ ဥသြဥသြလို့ သုံးခါတွန်တယ်၊ ပြီးတော့
တောက်တစ်ချက်ခေါက်တယ်၊ တခါ ဥသြ လေးခါတွန်တယ် အီးတချက်ပေါက်တယ်၊ တခါ
ဥသြနှစ်ခါထပ်တွန်ပြီး ချောင်းတစ်ချက်ဆိုးတယ်၊ နောက်ဆုံး
ဥသြနှစ်ခါလည်းတွန်ပြီးရော ဟိဟိလို့ ရီတယ် ရှင့်”
“ဟင်ငင်..ငင်”
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko