“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, July 15, 2012

အကြီးစားအိပ်မက် မက်ခဲ့သော လူတစ်ယောက်အကြောင်း

ဒီနေ့ ကမ္ဘောဇဘဏ်ကို ငွေသွားထုတ်ပါတယ်။ ခရီးထွက်မှာမို့ လိုအပ်တဲ့ငွေ သွားထုတ်တာပါ။ အဲဒီဘဏ်မှာ ကျွန်တော် လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အရင်ကတည်းက ခင်မင်ရင်းနှီးတဲ့သူပါ။ ကျွန်တော်က သူ့အကြောင်းကို စာရေးချင်တယ်။ အင်တာဗျူးလုပ်ချင်တယ်လို့ ပြောလိုက်တော့-
“ကိုကျော်…ကျွန်တော့်အကြောင်းကို သိနေတာပဲ…သိထားတဲ့အတိုင်းပဲရေးလိုက်လေ၊ ဒါပေမယ့် ကျွန်တော့်နံမည်ကိုတော့ ထည့်မရေးစေချင်ဘူး”
“ကိုစန်း…အခုဘာလာလုပ်တာလဲ”
“ငွေလွှဲတွေလာထုတ်တာပါ”

ရာသီဖွားများဧ။် အချစ်ခံစားမှုများ

 မိဿအချစ်ဒဿန (ARIES)

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
“နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ် ချက်များ၊မီးတောက်၊မီးလျှံမျာြး ကားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ”ဟု ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။