“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, July 27, 2012

တင်ပါး အဆီများ၏ အကျိုးကျေးဇူး

တင်ပါးဆုံဟားဗတ် သုတေသီ များ တွေ့ရှိ ခဲ့တဲ့ အချက် တစ်ခု ကတော့ အမျိုး သမီးများ ၏ အောက်ပိုင်း တင်ပါး တွင် စုပုံနေသော အဆီများ (Fatbottoms) သည် ကောင်းမွန်သော ကျန်းမာရေးကို ပြသသည့် သင်္ကေတ ဖြစ်ကြောင်း သိပ္ပံနည်းကျ တွေ့ရှိခဲ့ ကြသည်။ Jennifer Lopez, Beyonce တို့ကဲ့သို့သော မင်းသမီး များ၏ အောက်ပိုင်းပုံသဏ္ဌာန်ရှိသော အမျိုးသမီးများသည် အချို့သော ဟော်မုန်းများ ထုတ်လွှတ်ပေးခြင်းဖြင့် ရောဂါများမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ကြောင်း သိရသည်။ တင်ပါး အဆီများက အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါမဖြစ်ပွားအောင်ကာကွယ် ပေးကြောင်းတွေ့ခဲ့ရသည်။ ကြွက်မ များ၏ တင်ပါးမှအဆီများ ကိုထုတ်ပြီး အခြားသော ကြွက်များ၏ ခန္ဓာကိုယ် ထဲထိုးသွင်းလိုက်သည့်အခါ ဆေးထိုး ခံရသော ကြွက်များသည် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိ ပေးသည့် အင်ဆူလင်ဟော်မုန်း ပို၍ ကောင်းမွန် စွာ အသုံးချလာနိုင်ကြောင်း သိရ သည်။ ကိုယ်အလေးချိန်လည်း ကျ သွားစေသည်။ သိပ္ပံပညာရှင်များ သည် အဆီအမျိုးအစားများ၏ ကျန်းမာရေးအပေါ်အကျိုးသက် ရောက်မှုကို သိရှိလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တင်ပါးတွင် အဆီစုသော အမျိုးသမီးများ၏ ပုံစံမှာ Pearshaped သစ်တော်သီးပုံစံဖြစ်သည်။ အဆီအမျိုးအစား အားလုံးသည် ကျန်းမာရေးအတွက် ဆိုးကျိုးပေးခြင်း မရှိကြောင်း သိရသည်။ 

Ref: Daily Health News.
မောင်
By Health Digest

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar


မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။
 “1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။