“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, February 24, 2012

Google မှာ စိတ်ကြိုက်ပုံလေးတွေ ထည့်ကြည့်မယ်နော်

လွယ်လွယ်လေးပါ ။တိပီးတားသူတွေ တိုးတိုးနေနော် ။မတိတေးတဲ့ သူတွေကို ဆရာလုပ်မလို့ ..ေိေိ
အရင်းဆုံး သူငယ်ချင်းတို့ အသုံးပြုနေတဲ့ Browser လေးကိုဖွင့် ပီး Google စာမျက်နှာကို သွားနော် ။
ပီးရင်အောက်က ပြထားတဲ့ ပုံလေးထဲက အနီဝိုင်းထားတဲ့  Change background image ကို ကလစ်နော် ။
၁ ။

.
၂ ။ဒီလို စာမျက်နှာလေးပေါ်လာမှာပါ ။သက်ရင်းတို့  Email အကောင့်တခုနဲ့ ဝင်လိုက်နော် ။
..
၃ ။
ခုလို စာမျက်နှာလေးပေါ်လာရင် သူငယ်ချင်းတို့ ကြိုက်တဲ့ ပူံလေးရွေးလိုက်နော် ။ပုံတွေအများကြီးပါ။
ပီးရင် ပုံထဲကတိုင်း Select လုပ်လိုက်ပါ ။ဒါဆို ပြောင်းသွားပါမယ် ။

.
၎ ။
ပေးထားတဲ့ ပုံတွေမကြိုက်ဘူး မိမိ စိတ်ကြိုက်ပုံတွေ ထည့်မယ်ဆို အောက်ကပုံလေးတိုင်း လုပ်နော်။
ဘယ်ဘက်က From your computer ကို အရင်ကလစ် ။ပီးရင် ညာဘက်က Browse လေးကိုနှိပ်လိုက်။
ဒါဆို သူငယ်ချင်းတို့ စက်ထဲကနေ ပုံရွေးဖို့ Box လေးကျလာမယ် ။ထည့်ချင်တဲ့ ပုံေ၇ွးနော် ။ပုံရွေးပီးရင်
အောက်က Upload ပေးလိုက်ပါ ။ပီးပါပီ ။ ဒီနေရာမှာ တခုပြောချင်တာက သက်ရင်းတို့ ရွေးတဲ့ ပုံက
800 နဲ့ 600 pixel အနည်းဆုံးရှိရပါမယ် ။အဲလောက်မှ မရှိရင် Upload လုပ်မှာမဟုတ်ပါဘူး ။ပုံထဲကတိုင်း
စာအနီတန်းလေးပေါ်နေပါ့မယ် ။ ကဲ... စိတ်ပါရင် ကလိ ကြည့်လိုက်နော် ။
  အောက်ကတော့ ကျနော်ပြောင်းထားတဲ့ ပုံလေးပေါ့နော်.....။ပြောင်းထားတဲ့ ပုံမကြိုက်လို့  နောက်ထပ်ပြောင်းချင်လဲ ရတယ်နော် ။ခုနက လုပ်သလိုလေး ပြန်ပြောင်းရုံပဲ.။


Blogger site ၀ါသနာပါသူများအတွက် blog siteဖန်တီးနည်း... လုပ်နည်း အပြည့်အစုံ


မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း
Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့်
အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။


Step 1) Sign in to blogger

Step 2) Display name (or) Author name

Step 3) Name your blog

Step 4) Choose your template

Step 5) Publish your first pest

Windows XP Password ဖောက်နည်း

ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ

မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်.....


အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။

Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt

Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)
.........
........

ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။

Please Select the operating System to Start:
Microsoft Window Xp ProFessional

မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက
၁။Start menu မှ Control Panel ကိုဝင်ပါ။
၂။User Account ကလစ်၂ချက်နှိပ်ပါ။
၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။
၎။Change the Password ကိုရှာပါ။
၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။
၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။
ရ။Change Password တွင်ကလစ်နှိပ်ပါ။
၈။စက်ကို Restart ချပေးပါ။

စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။

Facebook မှာ နာမည်ကို ဂဏန်းလေးတွေပြောင်းပြီးတော့ ကွန့်မန့်ပေးတာ

ဒီတခါတော့  ကျွန်တော့် ဖေ့ဘွတ်မှာ သုံးတဲ့ နည်းလေးတစ်ခုပြောပြချင်ပါတယ်။ ဘာလဲဆိုတော့ နာမည်ကို ဂဏန်းလေးတွေပြောင်းပြီးတော့ ကွန့်မန့်ပေးတာပါ။ @[100000816771582:0] ဒီလိုမျိုးလေးပေါ့။ အဲဒီကောင်လေးကို Facebook ကွန့်မန့်ပေးတဲ့နေရာမှာ ရိုက်လိုက်ရင် နာမည်အဖြစ် ပြောင်းသွားပါတယ်။ အရင်ဆုံးမိမိ သိလိုသော Facebook အကောင့်တစ်ခုကို ရွေးပါ။ ပြီးရင် သူရဲ့ Profile က ပုံကို Right click ထောက်ပါ။ copy link address ကို  ကလစ်ပေးပါ။ ပြီး အဲဒီကောင်လေးကို Notepad ထဲမှာ paste လုပ်ပါ။ 100000 အဲဒီဂဏန်းနဲ့ စတဲ့ ကိန်းဂဏန်းစု ကိုရှာပါ။ ပြီးရင် အဲဒီ ဂဏန်းစုလေးကို copy ပေးပါ။ ပြီးရင် @[xxxxxxxxxxxxx:0]   (xxxxxx) လေးတွေနေရာမှာ ခုနက Notepad ထဲက ဂဏန်းစုလေးကို paste လုပ်ပါ။ ဒီလိုပုံစံလေး ကွန့်မန့်ပေးလိုက်ရင်နာမည်လေး ပြောင်းသွားပါလိမ့်မယ်။ ဒီနေရာမှာတစ်ခုသိထားရမှာ က အခုကိုယ်ကသိပြီးသားဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်ကိုပြောချင်တဲ့အတွက် သူ့ wall မှာ သွားရေးမယ်ဆိုရင် @  နဲ့ [ ကြားထဲမှာ တစ်ခုခုခံပြီးရေးပါ။ ဒီလိုလေးပေါ့။(@+[xxxxxxxxxxxxx:0] )။သိချင်ရင် အပေါင်းဖြုတ်ပြီး ကွန်မန့်ပေးပါလို့ပြောလိုက်ရင် သူသိသွားလိမ့်မယ်။ ကဲမရှင်းမှာစိုးလို့ အောက်မှာပုံနဲ့ ရှင်းပြထားတယ်။
အဆင့်(၁)
အဆင့်(၂)

ဖတ်ကြည့်ပါ...စိတ်အားငယ်နေသူ/စိတ်ဓာတ်ကျနေသူတို့အတွက်ဆေးစွမ်းတစ်လက်

လူတွေအားလုံးဟာကံတရားကြောင့်ဘ၀အမျိုးမျိုးကိုကွဲပြားတဲ့ပုံစံတွေနဲ့ဖြတ်ကျော်ရင်ဆိုင်ရပါတယ်
ဒီလိုအခြေအနေကိုရောက်တဲ့အခါစိတ်ဓာတ်ကျတက်ကြပါတယ်
ဒါကြောင့်.......
ဒီလိုကြုံတွေလာခဲ့ရင်သူငယ်ချင်းတို့အတွက်အားဆေးတစ်ခွက်အဖြစ်နဲ့
ဒီစာလေးတွေကစိတ်ဓာတ်ကိုမြှင့်တင်ပေးကျလိမ့်မယ်
          ကိုးဘွဲ့ ရဆရာတော်
၁။ဓါးတိုနေရင်ရှေ့တစ်လှမ်းတိုးခုတ်
၂။သူများတစ်လှမ်းလှမ်းရင်ကိုယ်က ၄၊ ၅၊ ၁၀၊ လှမ်းလှမ်း
၃။ကိုယ်ကြိုက်တာကို..လုပ်ကိုယ်ဖြစ်ရင်ကိုယ်ခံ
၎။သူများခိုင်းမှလုပ်တာကျွန် သခင်ဖြစ်ခြင်ရင်ကိုယ့်ကိုယ်ကိုခိုင်း
          ဆရားကြီးပီမိုးနှင်း
၁။လူတစ်ယောက်ရဲ့စိတ်ဟာကိုယ်ကိုတိုင်ပဲနှိမ်လျှင်နိမ့်မယ် မြှင့်ရင့်မြင့်မယ်
၂။စိတ်အားငယ်ခြင်းကလူတစ်ယောက်၏တစ်ကိုယ်လုံးကိုအားယုတ်စေပြီးဥာဏ်ပညာမျက်စိကိုမှေးမှိန်တက်စေသည်။
၃။အောင်မြင်ခြင်းတံခါးကိုလိုက်ခေါက်ရမယ်..ဒါမှသာခေါက်သောသူတို့အတွက်တံခါးပွင့်မယ်။
၎။အချိန်မရှိဘူးလို့ပြောသူတွေဟာအချိန်ကိုအကျိုးရှိစွာအသုံးမချတက်တဲ့သူတွေပဲဖြစ်တယ်။
         လယ်တွင်းသားစောချစ်
၁။လူတစ်ယောက်ဟာကိုယ့်စိတ်ကိုသူများနှိမ့်၍မနိမ့်ကိုတိုင်နှိမ့်မှသာနိမ့်၏။
၂။ကိုယ်လုပ်ရမဲ့အလုပ်ကိုကျေပွန်အောင်မလုပ်ဆောင်၍ခက်ခဲစွာကျရှံးနေရခြင်းဖြစ်တယ်။
၃။ရည်မှန်းချက်ထားပြီးရင်အောင်မြင်အောင်လုပ်ရမယ်မဖြစ်မနေကြိုးစာရမယ်
   လွယ်လွယ်နဲ့တော့ရမည်မဟုတ်အခက်အခဲများစွာကြုံတွေ့ ရမယ်

အဟာရစာစုများ

>    - *မရေရာတဲ့ ခန့်မှန်းမှုတွေနဲ့ ဘ၀ကို အလောင်းအစား မလုပ်ပါနဲ့ ...
သူငယ်ချင်း ... ။*
>    - *သရက်ပင်ကိုတော့ တစ်ယောက်တည်းစိုက်ပါ ... သရက်သီးကိုတော့ ဝေမျှကျွေးပါ
 သူငယ်ချင်း ... ။*
>    - *ပညာရဲ့တန်ဖိုးကို ထမင်းငတ်မှသာ သိတတ်ကြတော့တယ် ... ။*
>    - *လသာမှ ဗိုင်းငင်မယ်လို့ တွေးမနေနဲ့ ... လူ့ဘ၀ဆိုတာ တခဏ .. လသာသာ မသာသာ
ဗိုင်းငင်ရမှာပဲ ... ။*
>    - *ရိုးသားမှု၊ နိုးကြားမှု၊ ကြိုးစားမှုဆိုတဲ့ ဂုဏ်သိက္ခာ .. ဘာနဲ့မှ
 မလဲနိုင်ဘူး ... သေသည့်တိုင် တန်ဖိုးထားပါ ... ။*
>    - *လူပီသချင်ရင် ရိုးသားဖို့နဲ့ စိတ်ကောင်းရှိဖို့လိုတယ်ဆိုတာကိုတော့  သိထားစေချင်တယ် ... သူငယ်ချင်း ... ။*
>    - *သည်းခံခြင်းဆိုတာ သတ္တိတစ်မျိုးဖြစ်သလို တန်ခိုးရှိခြင်းတစ်မျိုးလည်းဖြစ်တယ် ... ။*
>    - *ဒီလိုဖြစ်ရတာဟာ ဒီလိုနေခဲ့လို့ပါ .. သူ့လိုဖြစ်ချင်ရင်  သူ့လိုကြိုးစားပေါ့ ... ။*
>    - *အသေချာဆုံး ရင်းနှီးမြုပ်နှံမှုဟာ ကိုယ့်ကိုကိုယ် အားကိုးခြင်းပါပဲ ... ။*
>    - *ဒုက္ခဆိုတာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ရဲ့ အသီးဖြစ်တယ် ... ။*

အချိုမှုန့် စားသုံးခြင်း၏ ဆိုးကျိုးများ

အချိုမှုန်.စား၇င်မကောင်းတဲ.အကြောင်းတော.အားလုံးသိကြမယ်ထင်ပါတယ်
ဒီpostလေးမှာေ၇းထားတာပြည့်ပြည့်စုံစုံလေးမို.တင်ပေးလိုက်တာပါ။
အချိုမှုန်.အစားအသားမှုန်.လေးနဲ.ဟင်းချက်ပါတယ်ဆိုအသားမှုန်.ကလည်းမကောင်းဘူးတဲ.၇ှင်......
မြန်မာလူမျိုးတွေဟာ ၁၉၇၃ ခုနှစ်လောက်ကထိ အချိုမှုန့် လုံးဝ မသုံးခဲ့ဘူး။ အချိုမှုန့်အစား ပုဇွန်ခြောက်တို့၊ ငပိတို့၊ ကြက်သွန်နီတို့ကိုသာ  သုံးခဲ့ကြပါတယ်။ အဲဒီလို အသုံးပြုခဲ့တုန်းက ကင်ဆာ၊ ဆီးချို၊ သွေးချို၊ အရိုးပွ၊ သွေးတိုးတို့လို ရောဂါမျိုးဖြစ်တဲ့သူ အရမ်းနည်းပါတယ်။  နောက်ပြီး မှတ်ဉာဏ်နဲ့ပတ်သက်ပြီးလည်း ကွာသွားတယ်။ အရင်က လူကြီးတွေက မှတ်ဉာဏ် ကောင်းကြတယ်။ အခုခေတ် လူငယ်တွေ တော်တော်များများက သတိမေ့တတ်ကြတယ်။ ဒီလိုတွေ ဖြစ်နေတာရဲ့အဓိက တရားခံက တနေ့ စဉ်စားသုံးနေတဲ့ အစားအစာတွေမှာပါတဲ့ Chemical ပစ္စည်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီ Chemical တွေကို လူတွေရဲ့ အစားအစာ တွေထဲမှာ ထည့်လိုက်ရင် အစားအသောက်တွေရဲ့ အရသာဟာ ပိုပြီး အရသာကောင်းလာတာ တွေ့ရတယ်။ နောက်တော့ အဲဒီ အရသာကို စွဲလာတယ်။ အဲဒါမပါရင် အရသာမရှိသလို ဖြစ်လာတယ်။ အဲဒီ ရသာမြင့် Chemical တွေထဲက အချိုမှုန့်နှင့် ပတ်သက်ပြီးInternet ထဲက ကျန်းမာရေး ဝဘ်ဆိုဒ်မှာ အခုလို ဖော်ပြထားပါတယ်။

အချိုမှုန့်ဆိုတာ ဘာလဲ။

ရေရှည်မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ  Mono Sodium Glutamate (MSG) လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ JhAmino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေအဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါလား။ ပုံမှန် သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ မဟုတ်ပါ။ နည်းနည်းစားစား၊ များများစားစား ရေရှည်စားခဲ့ရင်တော့ အန္တရာယ် ရှိနိုင်တာပါပဲလို့ ပညာရှင်များက ပြောကြပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP) စနစ်ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ နိုင်ငံတကာက စူပါမားကတ်ကြီးတွေမှာ အချိုမှုန့်ကို ရှာဖွေလို့ မရပါဘူး။ ဝယ်ချင်လို့ ရှာဖွေခဲ့ရင်လည်း မောရုံပဲ အဖတ်တင်မှာပါ။ အချိုမှုန့်ကို ရေရှည် ပုံမှန်စားသုံးသွားရင် ဘာဆိုးကျိုတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချို မဖြစ်အောင်ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူ ပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာ ပါလိမ့်မယ်။

(၃) ဦးနှောက် ဆဲလ်တွေကို မြန်မြန်ပျက်စီး ယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေစပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိနိုင်ပါတယ်။

(၄) ဂျာမဏီမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြော်ငြာချက်တွေ၊ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulinresistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ Medulla oblongata, thalamus, of hypothalamus ဆိုတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ မှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားပါတယ်။ (ဒါက အချိုမှုန့် ကပေးတဲ့ အမျိုးသား ကျန်းမရေး၊ လူမှုရေး ဝန်ထုပ်ဝန်ပုံ (National Health/ SociaBurden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုးအကျိုးရစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။

(၆) မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်တယ်။ Chinese Restaurant Syndrome  ခေတ်ရုတ် စားတော်ဆက် ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်း မျက်နှာ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်အရမ်းကိုက်ခြင်း၊ ခေါင်းမူးခြင်း မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ်ပါးစပ်ဖွင့်ရတာလေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ခအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်း ကလီစာတစ်ခုခု ရောင်ယမ်းတဲ့ ရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူး ရှောင်ကြဉ်သင့်ပါတယ်။

(၈) လူအများစုက အငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲ မှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်းလို့ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန် ဆားက Sodium Chloride၊ အချိုမှုန့်က  Mono Sodium Glutamate ဖြစ်လို့ နှစ်ခုလုံးက ဆိုဒီယမ် (Sodium) ဆား ဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စာသုံးရင် သွေးတွင်း ဆိုဒီယမ်မြင်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူး ရှောင်ကြဉ်သင့်ပါတယ်။ အချိုမှုန့် အကြောင်းကတော့ ဒီလောက်ဆို သိလောက်ပါပြီ။ နောက်တစ်ခု ရှိနေပါသေးတယ်။ လူတွေကို နားလှည့် ပါးလှည့်လုပ်ပြီး ရောင်းနေတဲ့ အသားမှုန့်တွေ၊ သူတို့လည်း အထဲမှာ Mono Sodium Glutamate (MSG) ဆိုတဲ့ ဆားဓာတ်က ပါတာပါပဲ။ ဒါကြောင့် အသားမှုန့်တွေကို လျှက်ကြည့်ရင် ငန်တဲ့ အရသာရနေတာ။ နောက်ပြီး အသားမှုန့်တွေရဲ့ ဈေးနှုန်းကလည်း တစ်ထုပ်ကို ၁၀၀ကျပ် (ဆိုင်ပြန်ရောင်းတဲ့ဈေးပါ) တဲ့။ နိုင်ငံခြားကလည်း လာသေးတယ်။ Packing ကလည်း ကောင်းမှကောင်းတဲ့ အထဲမှာ အသားကို ၁၀၀ ဖိုးရအောင် အသားစစ်စစ်ဆိုရင်၊ ဖြစ်နိုင်ပါ့မလား ၁၀၀ ကျပ်နဲ့ရောင်းဖို့။ ဒီအချိုမှုန့်တို့၊ အသားမှုန့်တို့ဆိုတာ ကမ္ဘာမှာ ကျွန်တော်တို့မြန် မာနိုင်ငံလို တတိယ နိုင်ငံငယ်လေး တွေမှာပဲ အသုံးများပြီး နိုင်ငံကြီးတွေမှာ လုံးဝ မသုံးကြပါဘူး။ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေကလည်း အဲဒီပစ္စည်းတွေကို လုံးဝမသုံးကြပါဘူး။ အဲဒီတော့ ကျန်းမာရေးကနေတဆင့် နိုင်ငံကြီးတွေရဲ့ စီးပွားရေးဝင်ငွေ ပိုကောင်းလာတာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံငယ်လေးတွေ အတွက် နိုင်ငံနဲ့ လူမျိုးရဲ့ စီးပွားရေးကို ထိခိုက်ပြီး လူမျိုးတစ်ခုလုံးရဲ့ ကျန်းမာရေး၊ ဉာဏ်ရည် နိမ့်ပါးခြင်းတို့ဟာလည်း နိုင်ငံတစ်ခုရဲ့ တိုးတက်မှုကိုလည်း အများကြီး ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ ကိုယ့်အတွက်၊ ကိုယ့်မိသားစု အတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံအတွက် စီးပွားရေးနဲ့ ကျန်းမာရေးကို စဉ်းစားပြီး အချိုမှုန့်နဲ့ အသားမှုန့် အစားထိုး ပစ္စည်းများအား ရှောင်ကြဉ်ပြီး စားသုံးကြပါလို့ တိုက်တွန်းလိုပါတယ်။ သဘာဝ အသားငါများ၊ သစ်သီးသစ်ဥများနဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကနေ ရရှိတဲ့ သဘာဝ အချိုဓာတ်တွေနဲ့ ရောင့်ရဲ နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်

Monday, February 20, 2012

Antivirus Software မတင်ထားသော စက်တွင် USB အတွက် Virus သတ်နည်း

မိမိစက်တွင် USB (Memory Card, Datatraveller, …) ကိုတပ်လိုက်သည်နှင့် Auto run တက်မလာစေရန် Shift Key ကိုဖိထားပေးပါ။ Plus and Play ဖြစ်သွားလျှင် Command Box (Window + r) ကိုနှိပ်ပြီးခေါ်ပါ။ Command Box တွင် cmd ဟုရိုက်ထည့်ပြီး OK နှိပ်ပါ။ ပြီးနောက် မိမိdrive ရှိရာ အမည် [ဥပမာ (E:) or (F:) ] ကိုရိုက်ပြီးဝင်ပါ။ မိမိတပ်ထားသော USB drive သို့ရောက်လျှင် ပုန်းနေသော အရာများကိုဖော်ထုတ်ရန် dir/ah ကိုရိုက်ပြီးဝင်ပါ။ ပြီးလျှင် ပုန်းနေသော file (or) Virus file ကို သတ်ရန် [del filename (or) del file name.exe]ကိုရိုက်ထည့်ပါ။ ပြီးလျှင် Y ကို ကိုရိုက်ပါ။ အဲ New Folder Virus ကိုကျတော့ dir*.exe ကိုရိုက်ပြီးဝင်ပါ။ ပြီးလျှင် [del filename (or) del file name.exe] ကိုရိုက်ပြီး အပေါ်ကအတိုင်းသတ်ပါ။ ကိုယ်သိမ်းထားတဲ့ folder ကိုတော့မှားမဖျက်မိစေနဲ့နော်။

Saturday, February 18, 2012

ကွန်နက်ရှင်ကျရင် ဒီလိုလေး ချက်ကြမယ်


 ကွန်နက်ရှင် ကျကျနေတဲ့ သူငယ်ချင်းတွေအတွက်ပါ.....
https://o.imo.im/       ဒီလင့် လေးမှာသွားပြီးချက်နိုင်ပါတယ်ခင်ဗျ
       
username  နဲ့   password ရိုက်ထည့် ရုံပါပဲ.........

Tuesday, February 14, 2012

Wireless Router ကို ချိတ်ဆက်ခြင်းနှင့် Configure ပြုလုပ်ခြင်း

ကျွန်တော်တို့တစ်တွေက Wireless Network ကို သုံးပြီဆိုမှတော့ Wireless Router နဲ့ပက်သက်လို့လည်း
သိထားရမှာပဲပေါ့။ ဟုတ်တယ်မို့လား။ အခုပြောပြမှာကဗျာ.... Wireless Router ရဲ့ Configuration တွေကို
Update လုပ်ဖို့ အတွက် အဲဒီ Wireless Router ကို Computer နဲ့ဘယ်လိုချိတ်ဆက် အသုံးပြုမလဲဆိုတဲ့
အကြောင်းအရာလေးပါ။ကျွန်တော်တို့တွေ Wireless Router ရဲ့ Configuration တွေ Update လုပ်ဖို့ အတွက် Router ကိုဆက်သွယ်ဖို့တော့ လိုကိုလိုအပ်ပါတယ်။
ပထမဦးဆုံး Wireless Router ၇ဲ့ Screen ကို Access
လုပ်ဖို့အတွက် Router ရဲ့ IP Address ကို သိမှရပါမယ်။ နောက်ပြီး Wireless Router ရဲ့ IP Address ကိုသိမှ
ရပါမယ်။ နောက်ပြီး Wireless Router ထဲကိုဝင်ဖို့ အတွက် admin Log in Name နဲ့ Password ကိုသိရပါမယ်။
ကျွန်တော်တို့က Wi-Fi Connection တွေရဲ့ Problem တွေနဲ့ သူတို့ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို
သိထားသင့် ပါတယ်။

1.    Router ရဲ့လက်ရှိ Local IP Address ကိုသက်မှတ်ခြင်း Home Broudband router တွေမှာဆိုရင်တော့
သူတို့ရဲ့ default IP Address တွေကတော့ များသောအားဖြင့် 192.168.0.1, 192.168.1.1 , 192.168.2.1
တို့ဖြစ်ကြပါတယ်။ ဆိုလိုတာက

.......Network Router တွေမှာဆိုရင် Internal home LAN အတွက် IP Address တစ်ခု၊ external Internet
WAN အတွက် IP Address တစ်ခုရှိပါတယ်။ Internal LAN - IP Address တွေက ပုံမှန်အားဖြင့်တော့ Default
ထည့်ထားပါတယ်။
ဥပမာ......Linksys Router တွေဆိုရင် သူ့ရဲ့ Internal IP Address ကို 192.168.1.1  D-link နဲ့ Netgear
Router တွေမှာဆိုရင် သူတို့ Router တွေရဲ့ Internal IP Address က 192.168.0.1 နဲ့ အချို့ US Robotics
Router တွေမှာ192.168.123.254 ၊ အချို့ SMC Router တွေမှာ 192.168.2.1 အစရှိသဖြင့်
အသုံးပြုကြပါတယ်။ ဒါပေမယ့် ဘယ် Router Brand ပဲဖြစ်ဖြစ်ပါ သူတို့ရဲ့ default Internal IP Address
တွေကတော့ သူတို့ရဲ့ Documentation မှာပါရှိပါတယ်။
Administrator တွေက ၎င်း default Internet IP Address ကို Router Setupလုပ်ရင်းပြောင်းသွားတတ်ပါတယ်။
ဒါပေမယ့် ၎င်း default Internal IP Address က Fixed အနေနဲ့ တည်ရှိတဲ့ အတွက် Router administrative
Console ထဲမှာတွေ့နိုင်ပါတယ်။
External IP Address ကတော့ Router ကို Internet ချိတ်ဆက်တဲ့ အခါမှာ ထည့်ရတာပါ။ ဒီ Address
ကိုလည်း Router  ရဲ့ Administrative Console ထဲမှာကြည့်နိုင်ပါတယ်။ ကဲ......IP Address သိပြီဆိုရင်တော့
Router ထဲကိုဝင်လို့ရပြီပေါ့။
2.    မိမိ Computer က Router နဲ့ Ethernet Cable နဲ့သော်လည်းကောင်း Wireless သော်လည်းကောင်း

ချိတ်ဆက်ထားတဲ့အခါ မိမိရဲ့ Computer မှာ Valid IP Address ရှိနေရပါမယ်။ ဆိုလိုတာက Router ရဲ့ IP
Address နဲ့ Computer ရဲ့ IP Address ကလိုက်လျောညီထွေ၇ှိ၇မယ်လို့ပြောတာပါ။

3.    Router ရဲ့ Local Internal IP Address ကိုအသုံးပြုပြီး Browser နဲ့ဖွင့်လိုက်ပါ။ Browser ရဲ့ Address Bar မှာ

" http:// 192.168.1.1 / "

ုဆိုပြီး ရိုက်ထည့်ပါ။ အဲဒီအခါမှာ  Router ထဲကိုဝင်ဖို့အတွက် User Name နဲ့ Password တောင်းတဲ့ Box
ကျလာပါလိမ့်မယ်။ Router ရဲ့ admin Screen ကို အသုံးပြုဖို့ User name ရဲ့ Password ကိုရိုက်ထည့်ပါ။ User
Name နဲ့ Password က Router ရဲ့ Manual စာအုပ်(or) docomentation မှာပါပါတယ်။ 4.    အကယ်လို့ Brower ကနေ Error Message ကျလာရင်တော့ မိမိ Computer နဲ့ Router နဲ့က Connect
မဖြစ်သေးလို့ပါ။ Connection မိအောင် နောက်ထပ် Troubleshooting တွေထပ်လုပ်ရပါလိမ့်အုံးမယ်၊ မိမိရဲ့
Router ကို Reboot (Restart) ချလိုက်ပါ။ Network Firewall ကို ယာယီ disable လုပ်လိုက်ပါ။ Router
ကိုစက်ရုံက Default အတိုင်း Setting တွေပြန်ထားပါ။ ၎င်းနောက် အဆင့်(၃) မှာ အတိုင်း Browser
ကနေပြန်ခေါ်ကြည့်ပါ။

Router Configuration(Linksys WRJ54G)

1. Resetting
Router ကို Power Cord နဲ့ချိတ်ဆက်လိုက်ပါ။ Ethernet Connection တွေအားလုံးကို ဖြုတ်လုက်ပါ။Ethernet
Connection တွေအားလုံးကို ဖြုတ်လိုက်ပါ။ Router ရဲ့ Reset Button ကို အနည်းဆုံး 15
မိနစ်လောက်နှိပ်ထားပါ။
2. Cable Setup

မိမိ Computer နဲ့ Router ရဲ့ LAN Port တစ်ခုနဲ့ ချိတ်ဆက်ပါ။
3. Accessing Router
အစောကပြောခဲ့တဲ့ အတိုင်း Browser ရဲ့ Address Bar မှာ Rouer ရဲ့ Internal IP Address ကိုရိုက်ထည့်ပါ။
User Name ကို Blank ထားပါ။ Password ကို admin လို့ရိုက်ထည့်ပါ။Default Screen
5. Setting Password
ကိုယ့်ရဲ့ Router ကို အခြားသူတွေ ၀င်ရောက် Configure လုပ်ခြင်းမှ ကာကွယ်ရန် အတွက်ကတော့ Router
ရဲ့ Password ကိုပြောင်းပစ်ရပါမယ်။ Router ရဲ့ Password ကို Change ဖို့ အတွက် Administrator ကိုနှိပ်ပါ။
Router Password ဆိုတဲ့နေရာမှာ မိမိပြောင်းလိုတဲ့ Password ကိုရိုက်ထည့်ပါ။ ပြီးမှ Save Setting ကို Click ပါ။
6. Configure Wireless SSID
Wireless SSID ကို Configure လုပ်ဖို့အတွက် Wireless ကိုနှိပ်လိုက်ပါ။ ၎င်းနောက် Basic Wireless Setting
ကို Click လိုက်ပါ။ Wireless Network Name (SSID) နေရာမှာ မိမိကြိုတ်နှစ်သတ်တဲ့ အမည်ထည့်ပါ။
နောက်ပိုင်းမှာတော့ အခုမိမိ ထည့်လိုက်တဲ့ SSID Name ကိုပဲ သုံးရတော့မှာပါ။ ၎င်းနောက် Save Setting
ကိုနှိပ်ပါ။
7. Configure Wireless WEP (or) WPA Security Key
မိမိက ကိုယ့်ရဲ့ Wireless Network ကို Secure ဖြစ်အောင် လုပ်ရမယ်။ Internet Connection က
disconnection ဖြစ်နေရင် WEP အစားWPA ကိုအသုံးပြုရမယ်။

For WPA - Wireless tab ကိုနှိပ်လိုက်ပါ။

-   Wireless Security ကိုနှိပ်ပါ။
-   Security Mode မှာ WPA Pre-shared Key ဆိုတာရွေးပါ။
-   WPA Algorithms မှာ TKIP ကိုေ၇ွးပါ။
-   ၎င်းနောက် WPA Sharedkey ကိုရိုက်ထည့်ပါ။ Character 8 လုံးနဲ့ 32 လုံးကြားဖြစ်ရပါမယ်။ မိမိမှတ်မိလွယ်မဲ့ စကားလုံးမျိုး

ကိုထည့်ပါ။
-   Save Setting ကိုနှိပ်ပါ။

For WEP
-   Wireless ကို Click ပါ။
-   Wireless Security ကိုနှိပ်ပါ။
-   Security Mode မှာ WEP ကိုရွေးပါ။
-   Default Transmit Key ကို "1" လို့ထားပါ။
-   WEP Encryption မှာ 128 bits  26 hex digits ကိုရွေးပါ။
-   Passphrase Field မှာနှစ်သက်ရာ Passphrase ကိုထည့်ပါ။
-   Generate ကိုနှိပ်ပါ။
-   Generate ကိုနှိပ်လို့ Key တွေထွက်လာတဲ့ အခါ Key 1 က Code တွေကိုသေချာချရေးထားပါ။ ဒါက ကိုယ်ရဲ့ WEP

Key ဖြစ်ပါတယ်။ နောက်ပိုင်းကျလိုလာပါလိမ့်မယ်။
-   Save Setting ကိုနှိပ်ပါ။

8.Final Cable Setup                                                                                             

မိမိရဲ့ Computer နဲ့ Router ရဲ့ LAN Port တစ်ခုခုနဲ့ ချိန်ဆက်ပါ။ ၎င်းနောက်နံရံက Port  နဲ့ Router ရဲ့ WAN
Port ကိုဆက်သွယ်လိုက်ပါ။
၎င်းနောက် Control Panel ကိုသွားပါ။
Classic View ကိုပြောင်းလိုက်ပါ။
Network Connection ကိုနှိစ်ချက်နှိပ်ပါ.။
Wireless Network Connection ကို Right Click နှိပ်ပြီး Properties လို့ပြောပါ။
Wireless Network Tab ကိုသွားပါ။
Use Windows to Configure my wireless network Setting ဆိုတဲ့ဘေးက Check box ကို ON ပေးပါ။
၎င်းနောက် Add Button ကိုနှိပ်ပါ။
Network Name SSID ကိုရိုက်ထည့်ပါ။ အစောက ပေးထားခဲ့တဲ့ အမည် The Key is Provided for me
Automatically ဆိုတဲ့ Check Box ကိုဖြုတ်ပါ။
Network Key နေရာမှာ အစောက Key 1 ရဲ့ Code တွေကိုထည့်ပေးပါ။ Confirm မှာေ၇ာ နှစ်ခါထည့်ပေးပါ။
ok ပြိးတဲ့ အခါမှ တော့  ဒီလုပ်ငန်း စဉ်ပြီးဆုံးပါပြီ ။

get from  ( www.onlineictreader.com )

window xp password ဖောက်နည်း

ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ
မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်.....


အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။

Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt

Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)
.........
........

ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။

Please Select the operating System to Start:
Microsoft Window Xp ProFessional

မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက
၁။Start menu မှ Control Panel ကိုဝင်ပါ။
၂။User Account ကလစ်၂ချက်နှိပ်ပါ။
၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။
၎။Change the Password ကိုရှာပါ။
၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။
၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။
ရ။Change Password တွင်ကလစ်နှိပ်ပါ။
၈။စက်ကို Restart ချပေးပါ။

စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။
အားလုံးအစဉ်ပြေကြပါစေနော်

Custom Messages၊ စကား​စု​လေး​များ

မဟားဒယား busy…..ပိုးစိုးပက်စက် busy….. သေလုမျောပါး busy….. အသည်းအသန် busy…..

သေအံ့မူးမူး busy….. တကယ့် တကယ် busy….. အမှန်အကန် busy….. လုံးဝလုံးဝ busy…..

ပစ်စလက်ခတ် busy….. အုံး⁠အုံးကြပ်ကြပ်busy….. သေမလိုလို busy….. နေတယ်လို့ request

လုပ်ထားမယ်နော်…..




တောင်နှစ်လုံးကြား “ချောက်” ခြားတာ ပြဿနာမရှိဘူး…..

ကမ်းနှစ်ဖက်ကြား “မြစ်” ခြားတာလဲ ပြဿနာမရှိသေးဘူး…..

မင်းနဲ့ငါ့ခြား နယ်မြေတွေခြားနေတာလဲ ပြဿနာမရှိသေးဘူး…..

ဒါပေမဲ့ ငါနဲ့ connection ကြားမှာ Access Denied ခြားမှာတော့ ငါကြောက်တယ်ဟာ….. ဟီး….



ရူပါမလန်းလို့….. မတူတာမှန်းတယ်လို့မထင်ပါနဲ့…..

ကြူတာမစွမ်းလို့ မင်းအတွက်ဆို….. စူပါမင်းလေးလို စွမ်းဆောင်ပေးမှာပါ…..



ဆူပူမှုဖြင့် ယောက်ျားမရနိုင်….. မင်းမဲ့စရိုက်ဖြင့် မိန်းမမရနိုင်…..

အာဘွားပေးတက်ခြင်းဖြင့်သာ အမွှာပူးမွေးနိုင်သည်။

Sunday, February 12, 2012

ဒါလေးကတော့ mail စာမျက်နှာရဲ့ ဘေးမှာကိုယ်မလိုချင်တာတွေကိုဖျောက်ကြမယ်နော်.......

ကဲခုပြောမှာကတော့ ဒီလိုလေးပေါ့နော် ဒီအကြောင်းကိုသိတဲ့လူတွေကလဲသိပါတယ် မသိတဲ့လူကတော့ မသိလိုပေါ့နော် ရှင်းနေတာဘဲ အဲ့တော့မသိတဲ့လူတွေအတွက်ပေါ့ သိတဲ့လူတွေမပါဘူးလားဆိုတော့ပါပါတယ် သိချင်ရင်တော့ဖတ်ပေါ့နော် မသိချင်ရင်မဖတ်နဲ့ ဒါဘဲရှိတာဘဲ...
ခုပြောမှာကတော့ မိတ်ဆွေတို့သုံးနေတဲ့ Gmail inbox ka mail တွေကို များများထားကြည်ချင်ရင်ပေါ့.......
ဘယ်လိုများတာလဲဆိုတော့
သိချင်တယ်ဆိုရင်တော့ Gmail account ကိုအရင်ဖွင့်လိုက်ပါနော်.........
Loading standard view | Load basic HTML (for slow connections)
ဆိုတဲ့ဟာနဲ့မဖွင့်ပါနဲ့နော် အဲတာ ကမြန်တာဘဲရှိတယ်သုံးလိုတော့မကောင်းဘူးဂျ...
ကဲကဲစနော်ပြီနော် Gmail ဖွင့်ပြီးပြီဆိုရင်တော့ ဟိုကိုသွားပေါ့ ဟိုကိုဆိုတာက ဒီကိုမဟုတ်ဘူးနော် Gmail settings ကိုသွားခိုင်းတာပါ..... Mail settings ကိုသွားပြီးရင်တော့
Labels ဆိုတာလေးထဲကိုဝင်လိုက်ပါ ၀င်ပြီးရင် သူအောက်မှာပေးထားတာလေးတွေရှိပါတယ်
အဲ့မှာကိုယ်မလိုချင်တာတွေကို့  hide လုပ်ပါလုပ်လိုက်ရင်အပြာရောင်အရောင်ဖြစ်သွားမယ်နော်
အပြာနဲ့ပြထားတာကကိုယ်လုပ်ထားတာပေါ့ အဲမှာကိုယ်လိုချင်တာလုပ်ပြီးရင်တော့ ပြီးသွားပါပြီ Save လုပ်စရာမလိုပါဘူး
အဲ့တာမှမကျေနပ်သေးဘူး နောက်ထပ် Labels အသစ်ထပ်လုပ်ချင်ရင်လဲရပါသေးတယ် အလယ်လောက်မှာ
Create new
labels ဆိုတာကိုနှိပ်ပြီးရင် အကွပ်လေးတစ်ခုကျလာပါလိမ့်မယ်အဲ့မှာ labels နာမည်ထည်ပါ
ပြီးရင်ဘယ်မှာထားမလဲရွှေးပါ ရွှေးပြီးရင်တော့ Save လုပ်လိုက်တော့ပေါ့နော်...........လုပ်ပြီးရင်တော့ပြီးပါပြီ.........၊         ။

ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာတော်တော်လေးကြာနေပြီ ခုတော့သိချင်တဲ့သူငယ်ချင်တွေ ကမေးလာတော့သင်ပေးလိုက်တာပါ...........နားမလည်ရင် မလုပ်တက်တာတော့ လုပ်လိုမရတာတို့ရှိရင်တော့
Gmail-rainstory12@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်...........
http://barlaykwar.multiply.com/ မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်..........၊   ။

Saturday, February 11, 2012

Mail box ထဲက Mail တွေ များများထားချင်ရင်

ာကတော့ မိတ်ဆွေတို့သုံးနေတဲ့ Gmail inbox ka mail တွေကို များများထားကြည်ချင်ရင်ပေါ့.......
ဘယ်လိုများတာလဲဆိုတော့ သိချင်တယ်ဆိုရင်တော့ Gmail account ကိုအရင်ဖွင့်လိုက်ပါနော်.........
Loading standard view | Load basic HTML (for slow connections)
ဆိုတဲ့ဟာနဲ့မဖွင့်ပါနဲ့နော် အဲတာ ကမြန်တာဘဲရှိတယ်သုံးလိုတော့မကောင်းဘူးဂျ...
ကဲကဲစနော်ပြီနော် Gmail ဖွင့်ပြီးပြီဆိုရင်တော့ ဟိုကိုသွားပေါ့ ဟိုကိုဆိုတာက ဒီကိုမဟုတ်ဘူးနော် Gmail settings ကိုသွားခိုင်းတာပါ..... Mail settings ကိုသွားပြီးရင်တော့
General ဆိုတာကိုဝင်ပါ ပြီးတော့ သူအောက်မှာ Maximum page size: ဆိုတာရှိတယ် အဲမှာကိုယ်လိုချင်သလောက်တော့မရဘူးဂျ သူက 10 ၊ 15 ၊ 20 ၊ 25 ၊ 50  ၊ 100 ပေးထားတာ အဲ့တာက conversations per page လိုပြောထားတာ mail box ကိုပြောတာ mail box စာမျက်နှာမှာ ဘယ်လောက်ထားချင်ရင်ထားမလဲလိုပေါ့ အဲ့သူအောက်က contacts per page လိုရေးထားတာက contact ကလူတွေကိုပြောတာပါ သူကတော့ ၊ 50  ၊ 100 ၊ 250 ဆိုပြီးတော့သုံးခုဘဲပေးထားတာကိုယ်ကြိုက်ရာသုံးလိုရတာပေါ့ 
ပြီးရင်တော့ Save သာလုပ်လိုက်ပါနော်......၊     ၊၊

Wednesday, February 8, 2012

တစ်နှစ်ပတ်လုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်သော နည်းလမ်း ၁၀ ခု

Good Health Originally posted
၁။ ပတ်ဝန်းကျင်ကို လေ့လာပါ
သင့်မှာ အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကို ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက် သင်ရဲ့ အနီးဆုံး ပတ်ဝန်းကျင်ကို လေ့လာပြီး လိုအပ်ချက်ကို ရှာဖွေဖို့ လိုပါတယ်။ သင့်ပတ်ဝန်းကျင်၊ သင့်ဆွေမျိုးတွေနဲ့ သင့်အလုပ်ဝန်းကျင်ကို နားလည်အောင် လေ့လာပြီး ဘာလုပ်သင့်တယ်ဆိုတာ ချရေးပါ။ အဲဒီထဲက အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ရွေးချယ်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်ပါ။
၂။ အပြုသဘောဆောင်သော အတွေးများကို တွေးပါ
တစ်စုံတစ်ယောက်ကြောင့် ဒါမှမဟုတ် တစ်ခုခုသော အခြေအနေတွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှု မရှိသလို ခံစားနေရပါသလား။ သင်ရဲ့ အကောင်းမြင်စိတ်၊ လုပ်ဆောင်မှုတွေနဲ့ ဆွဲဆောင်ပါ။
၃။ ကိုယ်ပိုင်အရည်အချင်းကို မမေ့ပါနှင့် တစ်ချိန်က သင်အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။ အဆိုးဆုံး အခြေအနေတစ်ခု ရောက်နေခဲ့ရင်တောင် ကျော်လွှားနိုင်ပါတယ်။ အသက်ကို ဝဝရှူပြီး သင့်ပုံစံက နောက်ထပ် ခြေလှမ်းအသစ် တစ်ခလှမ်းဖို့ အဆင်သင့် ဖြစ်နေပါစေ။
၎။ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ
လေ့ကျင့်ခန်း အနည်းငယ် လုပ်တာက စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်က ထွက်ရှိတဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ သင့်တော်တဲ့ လေ့ကျင့်ခန်းက ပုံမှန် လုပ်ပေးတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှု ကင်းဝေးစေပြီး လန်းဆန်းစေပါတယ်။ ဒါ့အပြင် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုပါ ဖြစ်ပေါ်စေပါတယ်။

Kaspersky Antivirus ကို keys မလိုပဲအသုံးပြုနိုင်မဲ့ နည်းလမ်း

Kaspersky Antivirus ကို keys မလိုပဲအသုံးပြုနိုင်မဲ့ နည်းလမ်းလေးကို ပြောပြပါရစေ
Run<regedit<HKEY_LOCAL_MACHINE<SOFTWARE<KasperskyLab
<protected<AVP7<Data အထိရောက်အောင်သွားလိုက်ပါ
( kasper 6 သုံးထားတဲ့ သူတွေကတော့ AVP6 ၊ 8 သုံးထားတဲ့သူတွေကတော့
AVP8 ပါ)
Data ကို Right click ထောက်ပြီး Permissions ကိုရွေးပါ Advanced
ကိုဆက်လက်ရွေးချယ်ပါ
Advanced Security Settings for Data ဆိုတဲ့ new window တက်လာပါလိမ့်မယ်
အောက်နားလေးက “Inherit from parent the permission entries that apply to
child objects.Include these with
entries expilicitly defined here ”

ဆိုတဲ့စာကြောင်းလေးကို uncheck ပေးလိုက်ပါ
Security ဆိုတဲ့ dialoge box ပေါ်လာရင် Remove ကို click ပါ
ပြီးရင်တော့ Apply<Yes<Ok<Ok ပေးပြီး ပြန် Run လိုက်ပါ
Program က activated မဖြစ်ဘူး update လုပ်တော့လဲ

firewall (or) antivirus က
အလုပ်မလုပ်ဘူးလို့ ပြောပါလိမ့်မယ် ဒါပေမဲ့ ကိစ္စ မရှိပါဘူး

kaspersky ကို ဖွင့်ကြည့်လိုက်ပါ
keys ထည့်ထားတဲ့ သလိုပဲ 100% အလုပ်လုပ်နေတာကို တွေ့ရမှာပါ

black key ဖြစ်တဲ့ ဒုက္ခမှ ကင်းဝေးကြပါစေဗျာ

G-Talk ကို ကြယ်လေးနဲ့ သုံးရအောင်......... Always Idle လုပ်ရအောင်.....



ကျွန်တော် အပေါ်ကပုံမှာ ပြထားသလိုပါပဲ။ ကြယ်လေးနဲ့ သုံးတာပါ။ တစ်ဖက်ကလူက စာရိုက်နေရင်လည်း အပေါ်ကပုံအတိုင်းပါပဲ။
လုပ်ချင်ရင်တော့ အရင်ဆုံး Desktop ပေါ်က G-Talk ပေါ်ကို Right Click နှိပ်လိုက်ပါ။ ပြီးရင် Properties ထဲဝင်လိုက်ပါ။ အောက်ပုံ.....
ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်။ Open File Location ကို နှိပ်လိုက်ပါ။

ဒါဆို G-Talk Foloder လေး ပေါ်လာပါမယ်။ အဲထဲကို ခုနက Download ချထားတဲ့ Foloder ထဲက File တွေ အားလုံးကို ကူးထည့်ပေးလိုက်ပါ။  ပြီးရင် Apply / Ok ပေါ့။ အောက်ပုံ......

ပိးရင် Taskbar ပေါ်က Notification Area ထဲက G-Talk Icon ပေါ် Right Click ထောက်ပြီး Always Idle လေး ရွေးပေးလိုက်ပါ။ ဒါဆို ကိုယ့် G-Talk လေးက ဖွင့်လိုက်တိုင်း အမြဲတမ်း ၀ါနေပါမယ်။ 

 

Download Here
အားလုံးအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ......

Gtalk ကရုပ်ပြောင်းလေးတွေ (My Theme) နောက်ခံပုံလေးတွေပါ


G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် ပျော်ရွှင်ကြည်နူးစရာ ပုံလေးတွေ ပေးပို.ထည့်သွင်းပေးပို. ပေးနိုင်မဲ့ အောက်ပါ နည်းလမ်းလေးကို အနည်းငယ်မျှ အပင်ပန်းခံပြီး မိမိအသုံးပြုနေသော စက်မှာ ပြုလုပ် ပေးလိုက်ပါ။
(၁၅) မိနစ် စာ အလုပ်လေးပါ။
အောက်မှာ ညွှန်ပြထားတဲ့ အတိုင်းသာ လုပ်သွားပါ။
Virus မပါ ကြောင်း
နှင့် ကိုယ်တိုင် လုပ်ထားပြီးကြောင်း ကြိုတင် ပြောပြ လိုပါတယ်။
နဲနဲ လေး  အပင်ပန်းခံတာ နဲ. များများကြီး ကြည်နူး ပျော်ရွှင် ရပါလိမ့်မယ်။
MyTheme.exe ကိုဒေါင်းပြီး run လိုက်ပါ ။ပြီးရင် gtalk>setting>Appearence>Chat Theme>My Theme ကိုရွှေးပြီး ok ပေးလိုက်ရင် ပြီးသွားပါပြီ။ပြီးရင် ကိုယ့်gtalk ကို singout ပြန်လုပ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ :haha , :atb , :ilu , :imu , :tc ဆိုပြီးရိုက်လိုက်ရင် အခုလို    ရုပ်ပြောင်းလေးတွေရပါပြီ။Comment တွေကို Start>All Program>Dash>My Theme>Help မှာ ကြည့်နိုင်ပါတယ်။နောက်ခံပုံလေးတွေချိန်းတာကတော့
Start >All program >Dash > MyTheme >Sample Images မှာ ကိုယ်ကြိုက်တဲ့ပုံကို ကူးထည့်လိုက်ပါ ။
ပြီးရင် Start >All program >Dash > MyTheme >Change Background မှာ ကိုယ်ကူးထားတဲ့ပုံလေးကို ရွေးပြီး အိုကေပေးလိုက်ရင် အိုကေသွားပါပြီ .....။
အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ ... ။

How to use smileys ?
( Smiley လေးတွေဘယ်လိုသုံးကြမလဲ ? )

ဖိုင်လေးနဲ့ လိုချင်ရင်တော့ ဒီဘေးလေးကနေ ယူလိုက်ပါနော်။G-Talk themes.txt
* G-Talk  နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်
 "Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:
စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော
Smiley လေးများ ထည့်သွင်း ဆက်သွယ်နိုင်ပါမည်။
အကြောင်းအရာ         ရိုက်ရန်              မြန်မာလို
All the Best            :atb            (သိပ်ကောင်းတယ်)
Angel                    :angel         (နတ်သမီးလေး)
Angry                    :angry         (စိတ်ဆိုးတယ်)
Applause                :clap           (အားပေးပါတယ်)
Bath                      :bath           (ရေချိုးနေတယ်)
Blushing                 :blush          (မျက်နှာနီအောင်ရှက်တယ်)
 Call me                 :callme        (ဆက်သွယ်ပါ)
Cool                       :cool           (အေးအေးဆေးဆေးပါ)
Crying                    :waa           (ငိုနေတယ်)
Day Dreaming          :dream         (နေ.လည်ခင်းအိပ်မက်)
Dislike                    :naa            (မကြိုက်ပါ)
Do Not Disturb         :dnd            (မနှောက်ယှက်ပါနှင့်)
Game                     :game          (ကစားမယ်)
Ghoting                   :ghoting       (စဉ်းစားနေတယ်)
Good Morning           :gm             (ကောင်းသောနံနက်ခင်းပါ)
Good night               :gn             (ကောင်းသောညပါ)
Heart                      :heart          (အချစ်)
Hi                           :hi              (နှုတ်ဆက်တယ်)
Hai                         :hai             (နှုတ်ဆက်တယ်)
Hug                        :hug            (ပွေ.ဖက်မယ်)
I am Mad                 :mad           (ငါရူးတော့မယ်)
I love you                :ilu              (မင်းကိုချစ်တယ်)
I miss you                :imu            (မင်းကိုသတိယနေတယ်)
Idea                        :idea           (အကြံရပြီ)
Kissing                     :kiss            (နမ်းမယ်)
Laughing                  :ha              (ရီရတယ်)
Laughing                  :haha           (ဟားတိုက်ရီရတယ်)
Love struck               :love            (ချစ်ကြောင်းပြောမယ်)
Mess                        :mess          (စားမယ်)
Movie                       :movie         (တီးထည့်လိုက်ရမလား)
News                        :news          (သတင်း)
No                            :no              (မ_ဘူး)
Not talking                 :calm           (မပြောဘူး)
Now                          :now           (ယခု)
On Phone                  :call             (Ph နှင့်ပြောမယ်)
Pray                          :pray           (ဆုတောင်းနေတယ်)
Raised Eyebrow         :cha             (မျက်ခုံးတွန်.ပြီး နောက်ပြောင်)
Secret/Silent              :shh            (တိတ်တိတ်နေ)
Shut Up                     :shutup        (ပါးစပ်ပိတ်ထားပါ)
Sleep                        :sleep          (အိပ်နေတယ်)
Sleepy                       :zz              (အိပ်ချင်ပြီ)
Smug                        :mm            (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း)
Sorry                         :sry             (၀မ်းနည်းပါတယ်)
Stop shouting             :stop           (နားပိတ်ထားတယ်)
Surprised                   :oh             (အံသြတယ်)
Take care                   :tc              (ဂရုစိုက်ပါ)
Thanks                       :thanx         (ကျေးဇူးတင်ပါတယ်)
Wait                           :wait          (ခဏစောင့်ပေးပါ)
Waving                       :bye           (နှုတ်ဆက်ပါတယ်)
Worried                      :wor           (စိတ်ပူနေတယ်)
Yahooooo                    :yahoo       ( ရှာကြည့်ပါ)
Yes                             :yes           (ကောင်းပါပြီ)



ပျော်စရာလေးပါသူငယ်ချင်းတို.လုပ်ကြည်.ပါ။ဟိုဘက်မှာအရုပ်ကလေးတွေပေါ်ပါတယ်။

Monday, February 6, 2012

စေတနာ

အပွင့်ပွင့်တဲ့ ပန်းပင်
ကိုင်းချိုးခံရတယ်..
အသီးသီးတဲ့သစ်ပင်
ခဲပစ်ခံရတယ်..
အလုပ်လုပ်တဲ့လူ
အပြောအဆိုခံရတယ်
ဒါသဘာဝပဲ မဟုတ်လား..
အဲ့ဒီသဘာဝကို သိရက်သားနဲ့
အလုပ်လုပ်လို့ အပြောအဆို အဝေဖန်ခံရတာကို
မင်းက ရေးကြီးခွင်ကျယ်လုပ်ပြီး
ညည်းညူမနေစမ်းပါနဲ့ကွာ..
မင်းကိုထပ်ပြီး အမြင်ကတ်နေပါဦးမယ်..
ငါကစေတနာနဲ့ ပြောတာနော်.
စိတ်ဆိုးမနေနဲ့ဦး.....

Thursday, February 2, 2012

အံ့ရောကွာ

တစ်ခါက ရွာတစ်ရွာတွင် အလွန်အသော မောင်န ဆိုသူရှိသည်....
တစ်နေ့တွင် မြို့မှ မောင်အာဂဆိုသူ မောင်နတို့ရွာသို့ ရောက်လာသည်...
မောင်နနှင့် မောင်အာဂတို့သည် စားသောက်ဆိုင်လေးတစ်ဆိုင်၌ ဆုံမိကြပြီး မောင်အာဂက လူအများရှေ့၌..
“မျက်လုံးကို ပါးစပ်နဲ့ကိုက်ပြမယ်”
မောင်နက.......
““ဟာ...မဖြစ်နိုင်တာဗျာ...ကဲ.ခင်ဗျားစကားအတိုင်းလုပ်ပြနိုင်ရင် ငွေငါးရာပေးမယ်..””
ထိုအခါ မောင်အာဂက သူ့ဘယ်ဘက်ကျောက်မျက်လုံးကိုထုတ်၍ ကိုက်ပြလိုက်သည်..
““ဟင်.!!””
မောင်န ငွေငါးရာပေးလိုက်ရသည်..
““ အံ့ရောကွာ ””
မောင်အာဂက ထပ်၍
“ ကျန်တဲ့ညာဘက်မျက်လုံးကို ပါးစပ်နဲ့ကိုက်ပြဦးမယ်..”
ထိုအခါ မောင်နက..
““ မဖြစ်နိုင်တာကွာ..မျက်လုံးနှစ်လုံးစလုံး ကျောက်မျက်လုံးဆိုရင် မင်းဘယ်လိုလမ်းသွားမလဲ..””
“ ငှဲငှဲငှဲ ”
““ ဒီလောက်တောင် အပြောကြီးတာ ၁၀၀၀ ကြေးလောင်းမယ်၊ လုပ်နိုင်ရင်လုပ်ပြစမ်း ””
ဤတွင် မောင်အာဂက ပါးစပ်အတွင်းမှ အံကပ်ကိုထုတ်၍ ညာဘက်မျက်လုံးကို ကိုက်ပြလိုက်ပြန်သည်...
ထို့ကြောင့် မောင်နလည်း ဤသို့ဆိုကာ ငွေ ၁၀၀၀ ကို ပေးလိုက်ရပြန်သတည်း..
““ အံ့ရောကွာ....””

မှတ်ချက်။  ။စီးပွားရေးအကျိုးဆောင်မဟုတ်ပါ..“ဟာသ”သာဖြစ်သည်..ပုံ/ သကြီးသားဘဆီ(ခေတ္တ..ဝေသာလီ)