“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, November 26, 2012

မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်


imagebam.com
ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကို
အစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဓာတုဗေဒအခေါ်ကတော့ Borateဖြစ်ပါတယ်။

ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ်ပါဝင်တယ်လို့ သိရပါတယ်။

ယင်းကျောက် Painite ရဲ့ထူးခြားချက်ကတော့ သူ့သဘာဝကို က ခြောက်မြောင့်သဏ္ဍန် အဖြစ် တည်ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းကာလအတော်ကြာသည့်တိုင် Painite ဟာ တစ်ကမ္ဘာလုံးမှာမှ သုံးခုသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၅ နှစ်မတိုင်မီကာလမှာတော့ ၂၅ခု ထက်နည်းတဲ့အရေအတွက်ထိရှိလာပါတယ်။ ယင်းနောက်ပိုင်း တူးဖော်မှုမှာ Painite တွေ့ရှိမှု ရှိမရှိကတော့ စစ်တမ်းကောက်မထားပါဘူး။

သို့ပေမယ့် ယင်းကျောက်အမျိုးအစားဟာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာ ပဲ တွေ့ရှိသေးတဲ့ ကျောက်အမျိုးအစား ဖြစ်ပြီး ထိပ်တန်းရှားပါးဈေးကြီး ကျာက်ဖြစ်တယ်လို့ ကမ္ဘာက အသိမှတ်ပြုထားပါတယ်။

၁ကာရက်ကို အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင်တန်ဖိုးရှိ တဲ့ ကျောက်ဖြစ်တယ်လို့ သိရပါတယ်။ Painite အနည်းငယ်ကို သူဌေးသူကြွယ်အချို့က ပိုင်ဆိုင်ပါတယ်။ Painite အချို့ကိုတော့ ဗြိတိန် သဘာဝသမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံနဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသနဓာတ်ခွဲခန်း တို့မှာ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။
 
crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1523149&xgs=1&xg_source=msg_share_post

အသေးစိတ်လေ့လာရန်-http://en.wikipedia.org/wiki/Painite

ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်


ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။

နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။

ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
---
Via:medicfacts

http://innewsmyanmar.blogspot.com/2012/10/blog-post_6816.html

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။
ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခနဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်
တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း
ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင်
ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။
ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြား
ခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံး
ဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့
လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။


(၂) ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။
ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး
အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ
တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။
ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလို
ဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်
ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။


(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။
ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူး
ခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာ
အာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို
မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်
စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့
လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။


(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။
မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာ
သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ
သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်.
ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုး
ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့
ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူ
မှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါ
ဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်း
ချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။



(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။
ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်
မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်
မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်
သွားပါလိမ့်မယ်။



(၆) သည်းခံပါ။
အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊
ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါ
တွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့
စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။



(၇) လုပ်နိုင်တာထက် ပိုမလုပ်ပါနဲ့။
ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့
ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်
ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်း
ချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိ
ကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွား
မှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။



(၈) ပုံမှန်တရားထိုင်ပါ။
တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလို
လုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီ
ဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာ
လည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရား
ထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်
မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ
ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။



(၉) စိတ်မတွေဝေပါနဲ့။
တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ
စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာ
ကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား
စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊
ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်
နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေ
ခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။



(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။
စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေ
မှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက်
လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ်
ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါ
တယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်း
စာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း
ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။

www.funzug.com မှဘာသာပြန်သည်။
ဆောင်းပါးရှင် - သဒ္ဓါလှိုင်း
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1870369&xgs=1&xg_source=msg_share_post

ကမ္ဘာ့ အသက်အကြီးဆုံး ကိုယ်ချင်းဆက် အမြွာ

ကမ္ဘာ့အသက်အကြီးဆုံး ကိုယ်ချင်းဆက်အမြွာ အဖြစ် အမေရိကန်နိုင်ငံမှ  Roonnie နဲ့ Donnie Galyon တို့ကို ၂၀၀၉ခုနှစ်က ဂင်းနစ်စံချိန်တင်ခဲ့ပြီး ယနေ့တိုင် မှတ်တမ်း ဝင်နေဆဲ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ မွေးဖွားပြီး ယနေ့ဆိုရင် အသက် ၆၁ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မိခင် ဖြစ်သူ Maureen Galyon က သားနှစ်ယောက်မွေးမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာပါဘူး။ ရင်ချင်းဆက် အမြွာဖြစ်နေပြီး အဝေးက ရုတ်တရက်ကြည့်လိုက် ရင် ခေါင်းနှစ်လုံးနဲ့ သတ္တဝါပမာ ကြောက်စရာ ကောင်းပါတယ်။

ကျောင်းနေခွင့် မရခဲ့ပါဘူး။ ကျောင်းတက်ရင် အခြားကလေးငယ် များ ကြောက်လှန့်လို့ ဖြစ်ပါတယ်။ မိသားစုကလည်း ဆင်းရဲ ပါတယ်။ ဒါကြောင့် ယင်း Roonie နဲ့ Donnie နှစ်ဦးကို လမ်းမပေါ်တွေ မှာ Reality Show လို ပြသပြီး ဝင်ငွေရှာခဲ့ပါတယ်။ တောင်အမေရိက တိုက် တစ်ခုလုံးပတ်ပြီး ယခုလို ထူးထူးခြားခြား အမြွာနှစ်ဦးက ကမ္ဘာက သိသွားအောင် လုပ်ပါတယ်။ နောက်တော့ မိသားစု ဝင်ငွေ ကောင်းလာပြီး ယခုတော့ Ohio ပြည်နယ် မိသားစုနဲ့ အတူနေထိုင်နေပြီ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း သူ့တို့ရဲ့ အလုပ်အကိုင်က ရုပ်သံလိုင်းတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ Reality show personality များ ဖြစ်ပါတယ်။

သူတို့ရဲ့ အခက်အခဲ၊ နေထိုင်မှု ပြဿနာ အစရှိသဖြင့်တို့ကို ရုပ်သံလိုင်းတွေက ရိုက်ကူးဖော်ပြေပေးကြပြီး တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်းဆက် တို့ရဲ့  သနားစရာ ဘဝကို သိမြင်စေခဲ့ပါတယ်။ သာမန် လူတွေနဲ့ တန်းတူ နေထိုင်နိုင်ပေမယ့် လက်ခံပေးနိုင်မှု ရှိလာဖို့ကျတော့ ကြိုးစားယူခဲ့ကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Roonnie တို့ ကိုယ်ချင်းဆက် ညီအစ်ကိုရာ တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်း၊ ရင်ချင်းဆက်ပြီး သာမန်လူလို မနေထိုင်နိုင်တဲ့ အမြွာများအားလုံး ရဲ့   လေးစားစရာ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1131322&xgs=1&xg_source=msg_share_post

ဖိလစ်ပိုင်တွင် သွေးနှင့် တည်ဆောက်သော တံတား

ပုံမှာ မြင်တွေ့နေရတဲ့ တံတားကတော့ San Juanico အမည်ရ တံတား ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့  အရှည်ဆုံးနဲ့ အလှဆုံး တံတားလို့ အသတ်မှတ် ခံထားရပါတယ်။ သို့ပေမယ့် ယင်း တံတားရဲ့  နောက်ခံ သမိုင်း ကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ်က စဆောက်ပြီး ၁၉၇၃ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ Samar အမည်ရကျွန်းနဲ့ Leyte ကျွန်း နှစ်ခု အကြား ဆက်သွယ်တဲ့ တံတား ဖြစ်ပြီး ၁.၃၄ မိုင်ရှည်လျား ပါတယ်။ အမြင့်ကတော့ ၁၃၅ ပေ ရှိပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၁.၉ သန်း ရှိပြီး ဂျပန်နဲ့ ဖက်ဆက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ကျွန်းနှစ်ကျွန်းကြားကို ဆက်သွယ်ဖို့ ရေအတိမ်ဆုံး လမ်းကို ရွေးချယ်ပေ မယ့် ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ရာသီဥတုဒဏ် ဆိုးရွား မှုကြောင့်ရော၊ ပင်လယ်ရေလှိုင်းကြီးမှုတွေကြောင့် တံတား တည်ဆောက်ခြင်း နှောင့်နှေးခဲ့ရ ပါတယ်။ ဒါကြောင့် ရိုးရာဓလေ့ အစွဲအလမ်း ကြီးခဲ့တဲ့ တံတားတည်ဆောက်ရေး အင်ဂျင်နေယာ ချုပ် ကြောင့် အောက်လမ်းဆရာများနဲ့ တိုင်ပင်ရာ တံတားကို ဆောက် ရန် သွေးလိုအပ်နေကြောင်း ဆိုပါတယ်။

Samar နဲ့ Leyte ကျွန်းများပေါ်က လေလွင့် ကလေးငယ်များကို လိုက်ခံ ဖမ်းဆီးပြီး ကွန်ကရစ်လောင်းတဲ့အထဲမှာ အစိမ်းလိုက် ထည့်ခဲ့ကြပါတယ်။ အချို့ နေရာမှာတော့ ဦးခေါင်းဖြတ် ထွက်လာတဲ့ သွေးကို စုပြီး ဖောင်ဒေး ရှင်း တွေမှာ ထည့်သုံးပါတယ်။ တစ်ခါတစ်ရံ လူသေ အလောင်းများ ရေထဲ မှာ မျောပါနေတာကိုလည်း အနီးဝန်းကျင် တံငှာသည် တို့ တွေ့ခဲ့ကြပါတယ်။

အမှန်တော့ ယင်းကဲ့သို့ ပြုလုပ်ခြင်းဟာ တရားမဝင်ပေမယ့် ဒီအတွက် တားဆီးတဲ့သူ မရှိခဲ့ပါဘူး။ ကလေးငယ်များ သတ်ဖြတ်ခြင်းကိုလည်း တိတ်တဆိတ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အင်မတန် လှပနေတဲ့ San Juanico တံတားကို သွေးနှင့် ဆောက်သော တံတား၊ ဝိဥာဉ်တို့ စောင့်ရှောက်သော တံတား အဖြစ် အမည်တွင် စေခဲ့ပါတယ်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1131728&xgs=1&xg_source=msg_share_post

ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ



*** ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ ***

၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။

၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ်ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း ဖြစ်တယ်။

၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။

၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာပျက်ရင်သာ ငိုပါ။

၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့
ဘယ်တော့မှ မရောက်ဘူး မှတ်။

၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့ ပြပါ။

၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ..... ဘ၀င်တော့ မမြင့်လေနဲ့။

၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ...... ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။

၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။

၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။

၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။

၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။

၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက် ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့ မလဲမိပါစေနဲ့။

၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။

၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။

၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာဆိုတဲ့ ၃ တန်း။

၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်း သွားလို့မရနိုင်ဘူး။

၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။

၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင် အခုသေရဲ မသေရဲ ပြန်တွေးကြည့်။

၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ ပို ကြိုးစား။

၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊၁ ကနေ ဆင်း လာတာလား? သတိထား။

၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။

၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။

၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။

၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲ ရွက်လွင့်ပါ။တကယ်အောင်မြင် ချင်ရင် အခုပဲ စလုပ်ပါ။

၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။

၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီး မလုပ်မိဖို့ဘဲ အရေးကြီးတယ်။

၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။

၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။

၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။
 

ရုပ်ရှင်ထဲကလို အိမ်ကို ပူပေါင်းချိတ်ပျံသူ



Pixar ရဲ့  Up အမည်ရ ရုပ်ရှင်ထဲကလို အိမ်တစ်လုံးကို မိုးပျံပူးပေါင်းနဲ့ ချိတ်လို့ အမေရိကန် လူစွန့်စား Jonathan Trappe ကပြုလုပ်ခဲ့ ပါတယ်။ ပြုလုပ်တာကတော့ မက္ကဆီကိုနိုင်ငံ Leon မြို့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြုလုပ်မှု အောင်မြင်ပြီး မြေပြင်အထက် ပေ ၂သောင်းအထိ တက်ခဲ့ ပါတယ်။ နာရီအတော်ကြာပြီးမှ မြေပြင်ပေါ် ပြန်လည် သက်ဆင်း ပါတယ်။ ဒါကြောင့် သူ့ရဲ့ နောက်ထပ် ဆုံးဖြတ်ချက်
ကတော့ မိုးပျံအိမ်နဲ့ ကမ္ဘာ ပတ်ဖို့ ဖြစ်ပါတယ်။ လက်ရှိကတော့ မက္ကဆီကို ကနေ ပြင်သစ်ကို ပျံသန်းဖို့ အတွက် ပြင်ဆင်နေပါတယ်။ ပင်လယ်ဖြတ်ပြီး ပျံသန်းရမှာ ဖြစ်ပါတယ်။

လက်ရှိစမ်းသပ်မှုများ အောင်မြင်ပြီး Up ရုပ်ရှင်ထဲကလို တကယ် စွန့်စားတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ပေါင်း အမေရိကန်ဒေါ်လာ ၃ သိန်း ရှိပါတယ်။ Documentary ရုပ်ရှင်သဘော မျိုးလည်း ရိုက်ကူးပြီး တီဗီချယ်နယ်တွေမှာပါ တိုက်ရိုက် ထုတ်လွင့်မှာ မို့ ဖြစ်ပါတယ်။

ဟီလီယန် ပူးပေါင်း ၃၆၅ လုံးနဲ့ သူ့အိမ်သေးသေးလေးကို ချိတ်ဆွဲပြီး ပျံသန်း ခဲ့ပါတယ်။ Jonathan ရဲ့  စွန့်စားမှုကို လာရောက်အားပေးသူ သောင်းနဲ့ချီပြီး မက္ကဆီကိုမှာ ပျံသန်းမှု ဓာတ်ပုံများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
---
http://www.innewsmyanmar.com/2012/11/blog-post_7878.html

ဗုဒ္ဓ၏လက္ခဏာတော်

ဗုဒ္ဓ၏လက္ခဏာတော်

ဗုဒ္ဓ၏ သုံးဆယ့်နှစ်ပါးသောလက္ခဏာတို.မှာ -

၁။ အညီအညွတ်ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။

၂။ ခြေဖ၀ါးပြင်ပေါ်၌ အကန့်တစ်ထောင်ရှိသော စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း။

၃။ ရှည်သော ဖနှောင့်ရှိခြင်း။

၎။ ရှည်သွယ်သော လက်ချောင်းခြေချောင်းရှိခြင်း။

၅။ နု့ညံနုနယ်သော လက်ဖ၀ါး ခြေဖ၀ါးရှိခြင်း။

၆။ ကွန်ရက်ပမာ ညီညာသော လက်ချောင်းခြေချောင်းရှိခြင်း။

၇။ ဖမျက်မြင့်သော ခြေရှိခြင်း။

၈။ သလုံးမြင်းခေါင်းရှိခြင်း။

၉။ မကိုင်းညွတ်ဘဲ ရပ်လျက် လက်ဖြင့်ဒူးဆစ်တို့ကို ထိနိုင်ခြင်း။

၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိခြင်း။

၁၁။ ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။

၁၂။ အသားအရေသည် ချောမွေ့နေသောကြောင့် ဖုန်မုန့်စသည်တို့ မငြိ ကပ်ခြင်း။

၁၃။ တစ်ပင်ချင်းပေါက်သော မွေးညင်းရှိခြင်း။

၁၄။ အထက်သို့ကော့တက်သော မွေးညင်းရှိခြင်း။

၁၅။ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။

၁၆။ အသားအရေဖြိုးမောက်ခြင်း။

၁၇။ ခြင်္သေ့နဲ့တူသော ရှေ့ပိုင်းကိုယ်ရှိခြင်း။

၁၈။ လက်ပြင်နှစ်ဖက်အကြား၌ ပြည့်ဖြိုးသော ကျောပြင်ရှိခြင်း။

၁၉။ ပညောင်ပင်ကဲ့သို့ ၀န်းသော ကိုယ်ရှိခြင်း။

၂၀။ ညီညာစွာလုံးဝန်းသော လည်ပင်းတိုင်ရှိခြင်း။

၂၁။ အရသာကိုဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိခြင်း။

၂၂။ ခြင်္သေ့၏ မေးနှင့်တူသော မေးရှိခြင်း။

၂၃။ သွားချောင်းရေ လေးဆယ်ရှိခြင်း။

၂၄။ ညီညွတ်သော သွားရှိခြင်း။

၂၅။ မကျဲသော သွားရှိခြင်း။

၂၆။ အလွန်ဖြူစင်သော အစွယ်လေးချောင်းရှိခြင်း။

၂၇။ ကြီးမားရှည်လျား နု့ညံ့သော လျှာရှိခြင်း။

၂၈။ ကရ၀ိက်ငှက်သံနဲ့တူသော အသံရှိခြင်း။

၂၉။ အလွန်ညိုသော မျက်လုံးရှိခြင်း။

၃၀။ နွားငယ်မျက်တောင်နဲ့တူသော မျက်တောင်ရှိခြင်း။

၃၁။ မျက်မှောင်နှစ်ခု အကြား၌ နု့ညံ့သော ၀ါဂွမ်းနဲ့တူသော ဥဏ္ဏလုံမွေးရှင် ပေါက်လျက်ရှိခြင်း။

၃၂။ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။

ဤ(၃၂)ပါးသော လက္ခဏာနဲ့ပြည့်စုံသောပုဂ္ဂိုလ်သည် လူ့ဘောင်၌နေသော် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရပြီး ရတနာခုနှစ်ပါးနဲ့ပြည့်စုံသောစကြ၀တေးမင်းဖြစ်ပေသည်။ အကယ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ၀င်ရောက်သည်ရှိသော်ကိလေသာအားလုံးကို ပယ်သတ်နိုင်ပြီး ကိုယ်တိုင်မှန်ကန်စွာ သစ္စာလေးပါးကိုသိသောမြတ်ဗုဒ္ဓ ဧကန်ဖြစ်ကြပါသည်။


_______________________________________________
Reference and Credit to -You'realways Onmymind


Posted By Admin-Team(NOM)
Email:newsofburma.myanmar@gmail.com
ဗုဒ္ဓ၏ သုံးဆယ့်နှစ်ပါးသောလက္ခဏာတို.မှာ -

၁။ အညီအညွတ်ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။

၂။ ခြေဖ၀ါးပြင်ပေါ်၌ အကန့်တစ်ထောင်ရှိသော စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း။

၃။ ရှည်သော ဖနှောင့်ရှိခြင်း။

၎။ ရှည်သွယ်သော လက်ချောင်းခြေချောင်းရှိခြင်း။

၅။ နု့ညံနုနယ်သော လက်ဖ၀ါး ခြေဖ၀ါးရှိခြင်း။

၆။ ကွန်ရက်ပမာ ညီညာသော လက်ချောင်းခြေချောင်းရှိခြင်း။

၇။ ဖမျက်မြင့်သော ခြေရှိခြင်း။

၈။ သလုံးမြင်းခေါင်းရှိခြင်း။

၉။ မကိုင်းညွတ်ဘဲ ရပ်လျက် လက်ဖြင့်ဒူးဆစ်တို့ကို ထိနိုင်ခြင်း။

၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိခြင်း။

၁၁။ ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။

၁၂။ အသားအရေသည် ချောမွေ့နေသောကြောင့် ဖုန်မုန့်စသည်တို့ မငြိ ကပ်ခြင်း။

၁၃။ တစ်ပင်ချင်းပေါက်သော မွေးညင်းရှိခြင်း။

၁၄။ အထက်သို့ကော့တက်သော မွေးညင်းရှိခြင်း။

၁၅။ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။

၁၆။ အသားအရေဖြိုးမောက်ခြင်း။

၁၇။ ခြင်္သေ့နဲ့တူသော ရှေ့ပိုင်းကိုယ်ရှိခြင်း။

၁၈။ လက်ပြင်နှစ်ဖက်အကြား၌ ပြည့်ဖြိုးသော ကျောပြင်ရှိခြင်း။

၁၉။ ပညောင်ပင်ကဲ့သို့ ၀န်းသော ကိုယ်ရှိခြင်း။

၂၀။ ညီညာစွာလုံးဝန်းသော လည်ပင်းတိုင်ရှိခြင်း။

၂၁။ အရသာကိုဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိခြင်း။

၂၂။ ခြင်္သေ့၏ မေးနှင့်တူသော မေးရှိခြင်း။

၂၃။ သွားချောင်းရေ လေးဆယ်ရှိခြင်း။

၂၄။ ညီညွတ်သော သွားရှိခြင်း။

၂၅။ မကျဲသော သွားရှိခြင်း။

၂၆။ အလွန်ဖြူစင်သော အစွယ်လေးချောင်းရှိခြင်း။

၂၇။ ကြီးမားရှည်လျား နု့ညံ့သော လျှာရှိခြင်း။

၂၈။ ကရ၀ိက်ငှက်သံနဲ့တူသော အသံရှိခြင်း။

၂၉။ အလွန်ညိုသော မျက်လုံးရှိခြင်း။

၃၀။ နွားငယ်မျက်တောင်နဲ့တူသော မျက်တောင်ရှိခြင်း။

၃၁။ မျက်မှောင်နှစ်ခု အကြား၌ နု့ညံ့သော ၀ါဂွမ်းနဲ့တူသော ဥဏ္ဏလုံမွေးရှင် ပေါက်လျက်ရှိခြင်း။

၃၂။ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။

ဤ(၃၂)ပါးသော လက္ခဏာနဲ့ပြည့်စုံသောပုဂ္ဂိုလ်သည် လူ့ဘောင်၌နေသော် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရပြီး ရတနာခုနှစ်ပါးနဲ့ပြည့်စုံသောစကြ၀တေးမင်းဖြစ်ပေသည်။ အကယ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ၀င်ရောက်သည်ရှိသော်ကိလေသာအားလုံးကို ပယ်သတ်နိုင်ပြီး ကိုယ်တိုင်မှန်ကန်စွာ သစ္စာလေးပါးကိုသိသောမြတ်ဗုဒ္ဓ ဧကန်ဖြစ်ကြပါသည်။

_______________________________________________
Reference and Credit to -You'realways Onmymind

Posted By Admin-Team(NOM)
Email:newsofburma.myanmar@gmail.com