“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, November 19, 2014

✿ အဆုံးမဲ့ အမုန်း ✿

✿ အထီးကျန်ဆန်လွန်းတဲ့ ဒီဘ၀ကို
""""" မုန်းတယ် """""
----------------------------
✿ စာနာ နားလည်မယ့်သူမရှိတဲ့ ဒီဘ၀ကို
""""" မုန်းတယ် """""
----------------------------
✿ လွန်ဆန်မရတဲ့ တာဝန်ဝတ္တရားတွေနဲ့ ဒီဘ၀ကို
""""" မုန်းတယ် """""
----------------------------
✿ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဒီဘ၀ကိုလည်း
""""" မုန်းတယ် """""
----------------------------
✿ သစ္စာမရှိ မေတ္တာမဲ့တဲ့ သူတွေကိုမှ သံယောဇဉ်ဖြစ်တတ်တဲ့ ငါ့ကိုယ်ငါလည်း
""""" မုန်းတယ် """""
----------------------------
✿ """"" မုန်းတယ် """"" """"" မုန်းတယ် """""
အားလုံးကိုရော ငါဆိုတဲ့ ငါကိုရော အဆုံးစ မရှိအောင်ကို """"" မုန်းတယ် """""

လူမုန်း
(akmyint.kooo@gmail.com)

❤ အထီးကျန်မှုရဲ့ ပုဒ်စာ ❤

✿ ချစ်ခဲ့မိသမျှ သူတွေက
ငါ့ကို မုန်းသွားတတ်ကြမြဲ ~~~ ----------------------------
 ✿ ခင်မင်မိသမျှ သူတွေက
ငါ့ကို ပြစ်ပယ်သွားတတ်ကြမြဲ ~~~
----------------------------
✿ တွေးမရအောင် ချာချာလည်လို့
ငါ့မှာ ဘာအပြစ်တွေများ ရှိနေလေရော့လဲဟင် ???
----------------------------
✿ ငယ်ငယ်က ငေးမောမှုတွေနဲ့
အချိန်ဖြုန်းတတ်တဲ့ငါ

Friday, June 20, 2014

❤ မချစ်ပါနဲ့လား ❤

✿ အချစ်ဆိုတဲ့ အရာက
အကြောင်းပြချက် မရှိဘဲ
ငါ့ရင်ထဲကို ၀င်ရောက်လာခဲ့တယ် ...

✔  ဒါပေမယ့်
အကြောင်းပြချက်တွေ များလွန်းတဲ့
ဘ၀ဆိုတဲ့ အရာကတော့
ချစ်တတ်တဲ့ ဒီရင် တစ်ခုလုံးကို နာကျင်စေခဲ့တယ် ...

★ လေနှင်ရာ လွင့်ရဦးမယ့် ဘ၀မို့

Saturday, April 12, 2014

အချစ်ဦးမို့ပါ

နှလုံးသားလေးက အသစ် ရင်ခုန်သံဖြစ်တည်စမို့
ရင်ထဲက အချစ်ကို မချွေတာ
တစ်ဘ၀စာ ပုံအပ်မိခဲ့...........

အတွေ့အကြုံအသစ်မို့ မင်းပေးတဲ့ အချစ်ကို
အစစ်လို့ ထင်မိတာ ကိုယ်အပြစ်လားကွယ်...........

ငါဆိုတာလည်းလေ တစစီ ပြိုကွဲနိုင်မှန်းသိလျှက်
တိမ်လွှာတို့ရဲ့ သတ္တိနဲ့ မုန်တိုင်းကိုဝင်တိုးမိသလို
အကြောက်တရားတွေကင်း နှလုံးသားကို ချနင်းလို့
နောင်တ တရားတွေလည်း
စွန်းထင်း ခဲ့ဖူးတယ်...........

အချစ်ဆိုတဲ့ကစားပွဲ ၀ှက်ဖဲတစ်ချက် ထားတတ်မြဲတဲ့

Saturday, February 1, 2014

✿ အတ္တများတဲ့ ဘ၀ ✿

ဘဝ
ရုန်းလိုက် ကန်လိုက် ချစ်လိုက် မုန်းလိုက်
ငိုလိုက် ရီလိုက် တမ်းတလိုက် ပျော်ရွှင်လိုက်
အဲ့ဒါဘ၀တဲ့ ..

အဆုံးစမဲ့ ကောင်းကင်တွေရှိပေမယ့်
ငါ့အတွက် လွတ်လွတ်လပ်လပ်ပျံသန်းခွင့်မရှိခဲ့ဘူး ..
အဆုံးစမဲ့ အမြတ်တနိုးချစ်တတ်ပေမယ့်
ငါ့အတွက် အချစ်ကသစ္စာမရှိခဲ့ဘူး ...

အငိုနဲ့စလို့ အငိုနဲ့ ဆုံးကျစမြဲဘ၀မှာ
ငါ ပြုံးပြုံးလေးထွက်သွားလိုက်ချင်တယ်
ဘာလို့လဲဆိုတော့
ငါ့ဘ၀တစ်ခုလုံး ငိုနေခဲ့ရလို့ပါ ..

အရာရာ အထီးကျန်မှုတွေနဲ့
အရှုံးသမားတစ်ယောက်ဖြစ်ပေမယ့်
ဒီဘ၀ ငါဒူးမထောက်ချင်ဘူး
အခုကျောခိုင်းသွားရမယ်ဆိုရင်တောင်
အတ္တဘလဗွနဲ့ လောကကြီးကို ကျောခိုင်းခွင့်ရလို့ ငါပြုံးပြနှုတ်ဆက်သွားမှာပါ ...

အောင်ကျော်မြင့် (akmyint.kooo@gmail.com)

Thursday, September 5, 2013

ဆူးတစ်ခက်ရဲ့ မနက်ဖြန်ရက်များ

✿ အလှမ်းမမှီတဲ့ ပန်းတစ်ပွင့်မို့
နမ်းရှိုက်ခွင့် အိမ်မက်တွေထဲစီးမျောရင်း
ပြုံးခဲ့ ရယ်ခဲ့ ရူးသွပ်ခဲ့တယ် ❤

✿ ကြွေချိန်တန် ကြွေလွင့်မယ်မှန်းသိပေမယ့်
မနက်ဖြန်ဆိုတဲ့ နေ့တွေမရောက်ဖို့
တိတ်တိတ်လေး ကြိတ်ဆုတောင်းနေခဲ့တယ် ❤

✿ အတိတ်တွေကြောင့် ဆူးနေတဲ့ငါ့ရင်
ခုတော့ အိမ်မက်တွေတောင် မက်ခွင့်မရှိအောင်
သူ နှုတ်ဆက် လက်ပြလာတယ် ❤

✿ သူနဲ့တွေ့တိုင်း ရင်တစ်ခုလုံးပြည့်နေတတ်တဲ့ ပြောစရာစကားတွေ
ခုတော့ ထူးထူးဆန်းဆန်း
ပျောက်ဆုံးနှုတ်ဆိတ် အသက်မဲ့နေတယ် ❤

Monday, August 5, 2013

""""" နှုတ်ဆက်ခြင်း """"

တစ်ယောက်ထဲ ကျင်လည်ခဲ့ရတဲ့ ဒီဘဝ
အခုလည်း တစ်ယောက်ထဲပါဘဲ
နောင်လည်း တစ်ယောက်ထဲပါဘဲ
အထီးကျန်ဆန်တယ်လို့တော့ ငါမဆိုချင်တော့ပါဘူး
ဟန်ဆောင်ကောင်းတတ်တဲ့ ဒီလောကကြီးထဲ ငါနေသားကျနေပါပြီ ...

လောကကြီးကလည်း ငါ့ကို လိမ်ခဲ့တယ်
ငါနှလုံးသားကလည်း ငါ့ကို လိမ်ခဲ့တယ်
မချစ်ဘဲ ချစ်ပါတယ်လို့ ခဏခဏပြောနေရတဲ့
ငါ့နှုတ်ခမ်းနဲ့ ငါ့ဘ၀ကိုလည်း မုန်းလှပြီ ...

အရိုးသားဆုံးဖြစ်ချင်ခဲ့တဲ့ငါ
အဆိုးရွားဆုံး ရင်ခုန်သံတွေကို ထပ်မလိမ်ညာချင်တော့ဘူး
ဒါပေမယ့် ငါမလိမ်ရင် ငိုတော့မယ်သူတစ်ယောက်အတွက်
နောင်တဆိုတဲ့ သုံးစားမရ အခါလွန်နာကျင့်မှုတွေနဲ့အတူ ငါလိမ်ပြောနေရဦးမှာပါ ...

တော်ပါတော့ ....
ချစ်ပါတယ်ဆိုတဲ့ စကားတွေ
ခင်မင် ရင်းနီးပါတယ်ဆိုတဲ့ စကားတွေ
အိပ်မရညတွေနဲ့အတူ ငါနားခါးလွန်းလှပါပြီ ...

မနေ့က လှည့်ကွက်တွေကို ယုံမှားမိတော့
ဒီနေ့ငါ နာကျင်နေရပြီ
မနက်ဖြန် ငါထပ်ပီး ဒီထက်ပိုအလိမ်မခံချင်တော့တာမို့
နှုတ်ဆက်ပါတယ် ... good bye
 Photo: """"" နှုတ်ဆက်ခြင်း """"

အောင်ကျော်မြင့် akmyint.kooo@gmail.com

Wednesday, July 24, 2013

"အမေအိုရဲ့ ဒိုင်ယာရီ"

Photo: "အမေအိုရဲ့ ဒိုင်ယာရီ"
============

အရွယ်ငယ်တုန်း

ငါဟာအလှဆုံးတဲ့…………

ငါ၏ယောက်ျား…………

ပြောသွားဖူးသည်။

သားသမီးရ

မိသားစုဘဝ………

ပျော်ရွှင်ကြတုန်း………

သားမောင်ဘုန်းက………

တစ်လောကလုံး…………

အမေ အလှဆုံး…………

သူသုံးနှုန်းကာ…………

ပြေရှာပြန်သည်…………။

အိမ်တွင်းမှုလုပ်

သိမ်းထုပ်သေချာ………

ဖေးကူပါတဲ့………

သမီးလေးဟာ………

တစ်ကမ္ဘာလုံး………

မေမေ့အပြုံး ………

အလှဆုံးလို့ ………

သူလည်းပြုံးကာ……

ပြောခဲ့ရှာသည်………။

အလှဆုံးလို့ 

ပြောလို့ သွားသော……

ငါ၏ ယောက်ျား…………

ငါ့အနားမှာ မရှိရှာတော့ပြီ………(…)

တမလွန်ဆီရောက်နှင့်လေသည်………။

တစ်လောကလုံး

အမေ အလှဆုံး……

သုံးလို့ နှုန်းတဲ့………

သားမောင်ဘုန်းလည်း

ခွဲလို့ ခွာကာ…………

ဝေးရာအရပ်မှာ………

ရောက်နေရှာသည်………။

မျှော်မိပါသည် သားမောင်ဘုန်းဆီ………။

တစ်ကမ္ဘာလုံး

အမေ့ရဲ့အပြုံး……

အလှဆုံးလို့ ………

သူလည်းပြုံးကာ……

ပြောခဲ့ရှာလို့ ………

အိမ်တွင်းမှုမှာ………

ဖေးကူပါတဲ့…………

သမီးလေးလည်း ……

အသိုက်အမြုံခွဲလို့ ……

တစ်နေရာစီမှာ……

နေကြရရှာပြီ………

မကြာမကြာမျှော်မိပါသည်…

သမီးလေး လာလမ်းဆီ………။

တစ်ယောက်တည်းငါ့မှာ

ယောင်ချာချာနဲ့ ………

ပျော်ရွှင်မှုကင်း………

"ဘောင်ကျဉ်းကျဉ်းလေးမှာ"

"အမယ်အိုတစ်ယောက်သာမို့ "

ငုတ်တုတ်ထိုင်ထာ………

ဆေးလိပ်ဖွာရင်း…………

သက်ပြင်းလေးတွေချ……

ပြန်လာကြပါ့မလားလို့ ငေးရင်း………

မျှော်လင့်ခြင်းတွေနဲ့ ………

စောင့်မျှော်နေရုံကလွဲလို့ ………

"အမေ" ဘာတတ်နိုင်အုံးမှာလည်း…………။

 သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com

_________________________________

လူအိုဘဝ ဆိုတာ

အားလုံး ရောက်ရမှာပါ……

အထီးကျန်စွာ…………

စောင့်မျှော်နေရှာတဲ့

အမေအိုရဲ့ ခံစားချက်ကို

နားလည်ကာဖြင့်……

အမေ့မျက်နှာ………

အဖေ့မျက်နှာ………

ပြန်မြင်ရောင်ကာ…

အားလပ်ချိန်မှာ……

သွားတွေ့ လိုက်ပါ……

အမေ မျှော်နေမှာ……

အဖေ မျှော်နေမှာ……

အသေအချာပါ…………။ (မိဘရှိနေသေးသောမိတ်ဆွေများသို့ )

သိုက်ကြီး …………

မိဘရှိလျှက်ခွဲနေရသော မိတ်ဆွေများနှင့်  အထီးကျန်လှတဲ့ အမေအို

အဖေအို တို့ ရဲ့ဘဝကို စာနာနားလည်နိုင်ဖို့ ဖန်တီးထားချင်းပါ။ 

မရောက်တာကြာနေပြီဖြစ်သော မိဘအိမ်သို့   သတိရစေဖို့ 

ဖန်တီးထားရုံသက်သက်ပါ။

အမှားပါရင် သည်းခံကြပါရန်တောင်းပန်ပါသည်။ 

                                 မင်းဇော်သိုက်……………
အရွယ်ငယ်တုန်း

ငါဟာအလှဆုံးတဲ့…………

ငါ၏ယောက်ျား…………

ပြောသွားဖူးသည်။

သားသမီးရ

မိသားစုဘဝ………

ပျော်ရွှင်ကြတုန်း………

သားမောင်ဘုန်းက………

တစ်လောကလုံး…………

အမေ အလှဆုံး…………

သူသုံးနှုန်းကာ…………

ပြေရှာပြန်သည်…………။

အိမ်တွင်းမှုလုပ်

သိမ်းထုပ်သေချာ………

ဖေးကူပါတဲ့………

သမီးလေးဟာ………

တစ်ကမ္ဘာလုံး………

မေမေ့အပြုံး ………

အလှဆုံးလို့ ………

သူလည်းပြုံးကာ……

ပြောခဲ့ရှာသည်………။

အလှဆုံးလို့ 

ပြောလို့ သွားသော……

ငါ၏ ယောက်ျား…………

ငါ့အနားမှာ မရှိရှာတော့ပြီ………(…)

တမလွန်ဆီရောက်နှင့်လေသည်………။

တစ်လောကလုံး

အမေ အလှဆုံး……

သုံးလို့ နှုန်းတဲ့………

သားမောင်ဘုန်းလည်း

ခွဲလို့ ခွာကာ…………

ဝေးရာအရပ်မှာ………

ရောက်နေရှာသည်………။

မျှော်မိပါသည် သားမောင်ဘုန်းဆီ………။

တစ်ကမ္ဘာလုံး

အမေ့ရဲ့အပြုံး……

အလှဆုံးလို့ ………

သူလည်းပြုံးကာ……

ပြောခဲ့ရှာလို့ ………

အိမ်တွင်းမှုမှာ………

ဖေးကူပါတဲ့…………

သမီးလေးလည်း ……

အသိုက်အမြုံခွဲလို့ ……

တစ်နေရာစီမှာ……

နေကြရရှာပြီ………

မကြာမကြာမျှော်မိပါသည်…

သမီးလေး လာလမ်းဆီ………။

တစ်ယောက်တည်းငါ့မှာ

ယောင်ချာချာနဲ့ ………

ပျော်ရွှင်မှုကင်း………

"ဘောင်ကျဉ်းကျဉ်းလေးမှာ"

"အမယ်အိုတစ်ယောက်သာမို့ "

ငုတ်တုတ်ထိုင်ထာ………

ဆေးလိပ်ဖွာရင်း…………

သက်ပြင်းလေးတွေချ……

ပြန်လာကြပါ့မလားလို့ ငေးရင်း………

မျှော်လင့်ခြင်းတွေနဲ့ ………

စောင့်မျှော်နေရုံကလွဲလို့ ………

"အမေ" ဘာတတ်နိုင်အုံးမှာလည်း…………။

သိုက်ကြီး (ကျောက်ပန်းတောင်း)

Monday, July 22, 2013

""" လွင့်မျောခွင့် """

မပြုံးနိုင်တဲ့ ဒီလိုနေ့ရက်တွေထဲ
မုန်းလိုက်ချင်တယ် ဒီဘဝ
ရွက်ကြွေတစ်ခုသာ ဖြစ်လိုက်ပါတော့လား
လေ့နှင်ရာ လွင့်ပလိုက်ချင်တယ် ...

အတိတ်မှာ ရူးခဲ့လို့
အဆိပ်တွေလည်း ဆူးနေပီ
စဉ်းစားမိတာက
ငါဘာလို့ မရူးသေးတာလဲဆိုတာပါဘဲ ...

ရှေ့တိုးခွင့် မရှိဘူး နောက်ဆုတ်ခွင့် မရှိဘူး
အားပေးသူ မရှိဘူး နှစ်သိမ့်မယ်သူ့ မရှိဘူး
ရင်ထဲက အမှန်တရားတွေအတွက်
အားလုံးက မှားတယ်ပြောမှာ စိုးထိတ်ရင်း
ငါ့ညတွေ အိပ်ပျက်ပေါင်းများလှပါပီ ...

ငါမျက်ရည် မကျပေမယ့်
ငါ့နှလုံးသားကတော့ ငိုရလွန်းလို့ မောလှပြီ
သြ ... ဘ၀ရယ် ဘယ်အချိန်ထိ ခါးဦးမှာလဲ
ငါ ခံနိုင်ရည် မရှိတော့လို့ပါ ....

Friday, June 28, 2013

မိတ်ဆွေ

မိတ်ဆွေ....
သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။
ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို ချမနင်းချေမိပါစေလင့်။

သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့ သွားလောက်အောင် မဖြစ်ပါစေလင့်။

သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။
ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့ အောင်မြင်မှုမျိုးမဖြစ်ပါစေလင့်။

သင့်မှာ အငြင်းခုန်ခွင့်အပြည့်ရှိတယ်။
ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးအဆင့်ရောက်အောင် မကျူးလွန်မိပါစေလင့်။

သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။
ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်ပါစေလင့်။

ဘဝကျောင်းဖတ်စာ

Tuesday, June 18, 2013

**** အသက်မဲ့သွားတဲ့ မနက်ဖြန်ညများ ****

ရူးမိုက်ခဲ့ အတိတ်တစ်ခုကြောင့်
ဆူးစိုက်ဝင်နေတဲ့ ရင်ထဲက မြှားတစ်စင်း
ဘယ်အချိန်ထိ နာကျင်နေဦးမှာလဲ ...

ယိုင်နဲ့နဲ့ ငါ့ဘ၀ထဲ
အားကိုးတကြီး မျှော်လင့်မိခဲ့သူလည်း
အခုတော့ .. ခါးသီးမှုတွေနဲ့အတူ အသက်မဲ့သွားခဲ့ပြန်ပြီလေ ...

အသုံးချခံဖို့ ငါ့ဘ၀ကိုပေးလိုက်ပြီးမှ
အသုံးမကျတဲ့ ငါ့ကိုယ်ငါလို့ အပြစ်တင်မိချိန်
သုံးမရရဲ့ မနက်ဖြန်တွေထဲ ငါအသက်ဆက်မရှင်ချင်တော့ဘူး ...

ဘယ်သူ့ကိုမှလည်း ..
မခေါ်ချင်တော့ဘူး .. မပြောချင်တော့ဘူး ..
ဟန်မဆောင်ချင်တော့ဘူး .. မပြုံးပြချင်တော့ဘူး ..

ဘယ်သူမှ မသိ ဘယ်သူမှ မရှိတဲ့နေရာမှာ
တိတ်တဆိတ်နဲ့ ထာဝရ အိပ်စက်လိုက်ချင်တယ် ...
လှုပ်နှိုးမဲ့သူ မလာပါစေနဲ့ ...

အော် ... တကယ်တော့ ငါဟာ
အသက်မဲ့တဲ့ အိပ်မရညတွေနဲ့အတူ
မနက်ဖြန်တွေတိုင်း ရူးသွပ်နေရဦးမယ့် သူပါလား ...

အောင်ကျော်မြင့်(akmyint.kooo@gmail.com)

Friday, June 14, 2013

**** ချစ်ခွင့် ****

စွဲစွဲလမ်းလမ်း ချစ်မိတာ သူ့ကို
ဒါပေမယ့် ရူးရူးမူးမူး တမ်းတနေရုံကလွဲပြီး
ငါ ဘာများ တတ်နိုင်ဦးမှာလဲ .....

အဆိုးရွားဆုံး လက်ရှိဘ၀ထဲ
အရိုးသားဆုံး ၀န်ခံချင်တာက
မင်းကို အရမ်းချစ်တယ် ဆိုတာပါဘဲ .....

အသုံးချခံ ကံတရားရဲ့ လှည့်ကွက်ထဲ
အသုံးမကျတဲ့ ငါ့ကိုယ်ငါ အပြစ်တင်ရင်း
အဆုံးဆမဲ့ ချစ်ခဲ့မိတာက ငါရူးဖို့သက်သက်အတွက်ဆိုတာ နားလည်ပါတယ် .....

ဒါပေမယ့် ~~~~~
အိပ်မရညတွေထဲ
ငါ့နှလုံးသားက မင်းနာမည်တွေ ပဲ့တင်ခတ်လာချိန်မှာတော့
စွန်းထင်းသွားတဲ့ ငါ့ဘ၀ကို ပြန်စဉ်းစားရင်း
ပင့်သက်ရှိုက် မရဲတရဲဆုတောင်းမိတယ် ...
~~~ ချစ်ခွင့်ရှိပါစေလို့ ~~~
 Photo: **** ချစ်ခွင့် ****

Monday, June 10, 2013

သို့ / သူငယ်ချင်း ~~~

အတိတ်ရဲ့ အရိပ်တွေ လိုက်လာတော့
နင့်ဘ၀ အဆိတ်တတ်ရပီပေါ့ ..
မငိုလိုက်ပါနဲ့ သူငယ်ချင်းရယ်
နင့်ရှိုက်သံတွေက ငါ့ရင်နဲ့ မဆံ့အောင်ဖြစ်ရပေမယ့်
မနာလိုသူတွေကြားရင် လက်ခမောင်းခက်နေပါဦးမယ် ~~~~~

ပျော်ရွှင်ခြင်း ၀မ်းနဲခြင်းတွေဆိုတာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက
မမြင်နိုင်တဲ့ မနက်ဖြန်တွေထဲ
အိပ်မက်တစ်ခုလို ခပ်ရေးရေးလေးဖြစ်သွားစမြဲပါ သူငယ်ချင်း ~~~~~

ညဆိုတာ အမြဲတမ်းမရှိပါဘူး
နင့်ဘ၀ ထွန်းသစ်စ အာရုံဦးမနက်ခင်းတွေ
ကောင်းကင်ပြာပြာ ငေးမောမ၀နေ့လည်ခင်းတွေနဲ့
အမြဲတမ်းတ လွမ်းရမယ့် ညချမ်းလေးတွေကို ပိုင်ဆိုင်ခွင့်ရှိဦးမှာ သူငယ်ချင်းရယ် ~~~~~
ထာဝရ အိမ်မက်လှလှ မက်ပါစေနော် ....

အောင်ကျော်မြင့်(akmyint.kooo@gmail.com)
Like · ·

Friday, May 17, 2013

““““ စစ်မှန်တဲ့အချစ် ???? ””””

Photo: ““““ စစ်မှန်တဲ့အချစ် ???? ””””

အချစ်ဆိုတာ ဘာလဲ ငါ အသေအချာ မသိချိန်မှာ
သနားညှာတာမှုနဲ့ အနစ်နာခံ စွန့်လွှတ်မယ်ဆိုတဲ့ စိတ်တွေက
အချစ်ဆိုတဲ့ အယောင်ဆောင်ပီး ငါ့ရင်ထဲကို တိုးဝင်လာခဲ့တယ်..

ငါ နောင်တ မရပါဘူး .. 
ဒါပေမယ့် သူ့ဆိုးနွဲ့မှုတွေကို ငါ ဟန်ဆောင်းပြုံးပြ နှစ်သိမ့်နေရတယ် ..
သူ့ဒေါသ သူ့မာနတွေ မြင်ရပြန်တော့လဲ စွန်းထင်းသွားမယ့် သူ့ဘ၀လေးကို ငဲ့ညှာရင်း
ငါ ဟန်ဆောင် အလျှော့ပေးရပြန်တယ် ..

ညီမလေးတစ်ယောက်လိုဘဲ ချစ်ခဲ့တာပါလို့ သိလာချိန်မှာ
ငါဟာ ဟန်ဆောင်ရလွန်းလို့ မောလှပါပီ ...
လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို ငါအ်ာဟစ် ငိုကြွေးလို့ ရရင်ကောင်းမှာဘဲ .. 

တဇွတ်ထိုးဆန်တဲ့ အပယ်ခံ ရောဂါသည် ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ကိုလဲ သနားတယ် .. 
အချိန်တိုင်း ဟန်ဆောင်ရတဲ့ ဒီဘ၀ကိုလဲ မုန်းလှပီ .. 
ဖြစ်နိုင်ရင် တစ်က ပြန်စခွင့်ရှိမယ့် နောက်ဘ၀တစ်ခုကို ငါထွက်သွားချင်မိတယ် ..

အော် .. ဘ၀ရယ် ... ဘယ်တော့များမှ ငါ့ကို မျက်နှာသာပေးမှာလဲ ...
အလိုချင် အတောင့်တဆုံး မိသားစု ဘ၀ဆိုတာကရော ဘယ်မှာလဲ ...
ငါ ငယ်ငယ်က ကိုးကွယ်ခဲ့တဲ့ အချစ်ဆိုတာကရော ဘယ်တော့များမှလဲ ...

ပထမဆုံး အော်ဟစ်လိုက်ချင်တယ် ...
နောက်တော့ ငါရူးသွပ်သွားချင်တယ် ...
အဆုံးသတ်အဖြစ်နဲ့  အပူပင်မဲ့ ဒီဘ၀က ငါထွက်သွားချင်တယ် ...

(အောင်ကျော်မြင့် - akmyint.kooo@gmail.com)

Wednesday, April 3, 2013

“““ မိုက်မဲမှု ”””

လွမ်းလိုက်တာနော်...
သူသာ မြင်တတ်ခဲ့မယ်ဆိုရင်
ချစ်တတ်တဲ့ ငါ့နှလုံးသားနဲ့
စည်းတစ်ဖက်ရဲ့ နာကျင်ကြေကွဲမှုတွေကို
ယဲ့ယဲ့လေးပြုံးပီး အားပေးမှာဘဲလို့
တွေးမိတယ်....

မချစ်ချင်တော့ဘူး ..
ဒါပေမယ့် ရင်ခုန်သံတွေကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မလွမ်းချင်တော့ဘူး ..
ဒါပေမယ့် သတိရနေတတ်တဲ့ စိတ်ကို မလွန်ဆန်နိုင်တာ ခက်တယ် ..
မငိုချင်တော့ဘူး ..
ဒါပေမယ့် တားဆီးမရတဲ့ ငါ့မျက်ရည်တွေကို မထိန်းချုပ်နိုင်တာ ခက်တယ် ချစ်ရသူရယ် ...

အခုတော့ ~~~
ငါ့ဘ၀ရဲ့ တိတ်ဆိတ်တဲ့ညနက်ထဲ
အချစ်ငှက် တစ်ကောင်ရဲ့
တစ်ခဏ္ဏတာ သီကြူးသံလေးကို
တစ်ဘ၀တာ နာကျင်ရမယ်ဆိုတာ သိရက်နဲ့
မိုက်မိုက်မဲမဲ တက်မက်နေခဲ့မိလေပီ....

(အောင်ကျော်မြင့် akmyint.kooo@gmail.com)

Friday, March 1, 2013

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ

Photo: နိုဘယ်ဆုရှင်မာသာထရီဆာ၏
မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ
==========================

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမ့ေဲ ဂဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်စေ

လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတ့ဘဲ ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတေ့ရွှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တ့အဲ တိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများန့ဘဲ ၀ကိုတည်ဆောက်နိုင်ကြပါစေ။

http://www.facebook.com/MyawadyNews

Thursday, February 28, 2013

ဆင်းရဲ ခြင်း

Photo: ဆင်းရဲ ခြင်း

ဆင်းရဲ ခြင်းကြောင့် သိမ်ငယ်တတ်ပါတယ်
ဒါပေမဲ့  လူတော မတိုးရဲတဲ့ အထိတော့  မဖြစ်ပါစေနဲ့ 

စိတ်အားငယ် ပျော့ ညံ့ တာမျိုး မဖြစ်ပါစေနဲ့ 
ဆင်းရဲ ခြင်းကြောင့်  အထင်အမြင်သေးခံရတတ်တယ်
ဒါပေမဲ့  ကိုယ့် ကိုကိုယ် အထင်မသေးပါနဲ့ 

ဆင်းရဲ ခြင်းကြောင့်  ပေါင်းသင်းသူ နည်းတတ်တယ်
ဒါပေမဲ့  အကောင်းဆုံး မိတ်ဆွေ စာအုပ်တွေ ရှိတာ မမေ့ ပါနဲ့ 

ဆင်းရဲ ခြင်းကြောင့်  လိုအပ်ချက်တွေ များတတ်တယ်
ဒါပေမဲ့  လိုအပ်ချက်တစ်ခုကြောင့်  ဒူးမထောက်ရပါစေနဲ့ 

လူဆင်းရဲချင်း ဆင်းရဲပါစေ
စိတ်မဆင်းရဲပါစေနဲ့ 

ရိုးသားဖြူစင်တဲ့  ဆင်းရဲခြင်းမျိုးနဲ့ 
ကိုယ့် ဘ၀ကို သတ္တိရှိရှိ ရုန်းကန် ရဲပါစေ

ဆရာ ကောင်းသန့် 

Sunday, February 24, 2013

အမေ့အေးရိပ်

Photo: "အမေ" လို့ ရင်ထဲက နှစ်နှစ်ကာကာ ခေါ်ခွင့်
ပာာ အမြဲတမ်းမရနိုင်တာ သိပေမယ့် အဲ့ဒီ
အခွင့်အရေးကို ဆုံရှုံးရမယ့် ဖြစ်စဉ်ကို တွေး
တောင် မတွေးရဲဘူးအမေ။

အရွယ်တွေလွန်လို့ ခုဆိုရင် ခါးကိုင်းလို့ နားထိုင်းနေပေမယ့် ဖြစ်နိုင်ရင် အမေ့ကို ပြန်
လည် နုပျိုစေချင်တယ်။

သားသမီးတွေကို ဘယ်တော့မှ မျက်နှာမညိုစေတဲ့အမေ။ အမေကွယ်ပျောက်
သွားခဲ့ရင် "အမေ"လို့ တရှိုက်မက်မက် ခေါ်ဆို
ခွင့်ပာာလည်း အမှန်စင်စစ် လက်လွှတ် ဆုံးရှုံး
ရမှာ သေချာပါတယ်အမေ။

အမေရှိတုန်းအချိန်လေးကိုတော့ အမေ့ရင်ခွင်
မှာပဲ ခိုလှုံပါရစေအမေ။

အေးချမ်းမွန်မှ  ပြည်ငြိမ်း တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

"အမေ" လို့ ရင်ထဲက နှစ်နှစ်ကာကာ ခေါ်ခွင့်
ပာာ အမြဲတမ်းမရနိုင်တာ သိပေမယ့် အဲ့ဒီ
အခွင့်အရေးကို ဆုံရှုံးရမယ့် ဖြစ်စဉ်ကို တွေး
တောင် မတွေးရဲဘူးအမေ။

အရွယ်တွေလွန်လို့ ခုဆိုရင် ခါးကိုင်းလို့ နားထိုင်းနေပေမယ့် ဖြစ်နိုင်ရင် အမေ့ကို ပြန်
လည် နုပျိုစေချင်တယ်။

သားသမီးတွေကို ဘယ်တော့မှ မျက်နှာမညိုစေတဲ့အမေ။ အမေကွယ်ပျောက်
သွားခဲ့ရင် "အမေ"လို့ တရှိုက်မက်မက် ခေါ်ဆို
ခွင့်ပာာလည်း အမှန်စင်စစ် လက်လွှတ် ဆုံးရှုံး
ရမှာ သေချာပါတယ်အမေ။

အမေရှိတုန်းအချိန်လေးကိုတော့ အမေ့ရင်ခွင်
မှာပဲ ခိုလှုံပါရစေအမေ။

အေးချမ်းမွန်

Friday, February 22, 2013

အလိုချင်ဆုံး ချစ်သူ

ကျနော် ပိုက်ဆံ ၁၀၀ပိုင်ဆိုင်တဲ့  အခါ
ပြုံးပြုံးလေးနေတဲ့  ချစ်သူထက်

ကျနော် တပြားမှ မရှိတဲ့  အခါ
မဲ့ မဲ့ လေး မနေတဲ့  ချစ်သူကို ပိုအလိုရှိပါတယ်.....

ကျနော် မချမ်းသာဘူးနော်လို့ ပြောတဲ့  အခါ
သိပါတယ်ဆိုတဲ့  ပြောတဲ့ စကားလုံးတွေထက်

ကျနော် ဆင်းရဲတဲ့  အခါလည်း
အနားမှာရှိနေမှာပါ ဆိုတဲ့  ချစ်သူကို ပို အလိုရှိပါတယ်.....

ကျနော်တို့  ဝေးဝေးနေတဲ့  အခါ
လွမ်းတယ်လို့  အချိန်တိုင်းပြောနေတဲ့  ချစ်သူထက်

ကျနော်တို့  ပြန်ဆုံစည်းကျတဲ့  အခါ
ကျနော်တစ်ယောက်တည်းကိုပဲစောင့်နေရှာတဲ့  ချစ်သူကို ပို အလိုရှိပါတယ်..........

ကျနော်တို့ လွမ်းလို့ ဖုန်းတွေဆက်ကျတဲ့  အခါ
ခုမှဘာလို့ ဆက်တာလဲ ဆိုတဲ့  မေးခွန်းတွေမေးတဲ့ ချစ်သူထက်

ကျနော်တို့  ဆက်သွယ်မူ့လေးတွေရတဲ့ အခါ
မအားတဲ့ ကြားထဲ က ဖုန်းဆက်ပေးလို့ ကျေးဇူးပါနော်ဆိုတဲ့ 
စကားလုံးလေးတွေပြောတဲ့ ချစ်သူကို ပို အလို ရှိပါတယ်.............

ကိုယ်စိတ်နဲ့ တောင်အရာရာတိုင်းထပ်တူမကျနိုင်တဲ့  ဘ၀ကြီးမှာ
ကိုယ်ကို အရမ်းနားလည်ပေးနိုင်တဲ့  ချစ်သူတစ်ယောက်ရခဲ့ ရင်....
လွယ်လွယ် စွန့် ပစ်ဖို့  မတွေးတေားမိပါစေနဲ့ ....
တခါပဲ ရခွင့်ရှိတဲ့  အခွင့်အရေးက
ဒုတိယတကြိမ်လောက်တောင် ကောင်းတော့ မယ်မထင်ဘူး...
အနည်းဆုံးရင်ခုန်မူ့တွေကင်းမဲ့ နေတာမျိုးပေါ့.....

(ပုံရိပ်စစ်)

Tuesday, February 19, 2013

"""" နှုတ်ဆက်ခြင်း """

မဖြစ်နိုင်တဲ့ ဘ၀နှစ်ခုအတွက်
စိတ်ကူးနဲ့ ညီမျှခြင်းချလို့
ငါ့အိမ်မက်တွေထဲ ပြုံးနေမိခဲ့ဖူးတယ် ..
အခုတော့ -
နာကျင်ကြေကွဲမှုတွေသာ ကျန်ရစ်ပေါ့ ~~~~~

မဆုံးနိုင်တဲ့ သံယောဇဉ်မြစ်ထဲ စီးမျောရင်း
အမှတ်တမဲ့ ငါလန့်နိုးချိန်မှာတော့
ငါ့ အာခေါင်တွေက ခြောက်ကပ်နေတယ် ..
ငါ့ မျက်လုံးတွေက မျက်ရည်တွေကျနေတယ် ..
ငါ့ နှလုံးသားက တဆက်ဆက် နာကျင်နေတယ် ~~~~~

အော် .. ချစ်ရသူရယ်
ဒီဘ၀ မဖြစ်နိုင်လို့ ဒီမျှနဲ့ နှုတ်ဆက်လိုက်ပါတယ် ..
နှလုံးသားတံခါးကိုပိတ်လို့
ကံတရားရဲ့ ဆုံးဖြတ်ချက်အတိုင်း ငါခရီးဆက်ရတော့မယ်လေ ~~~~~

အိပ်မရညတွေထဲ အတိတ်ည အိမ်မက်ဆိုးတွေလည်း
ထပ်မမက်ချင်တော့ဘူး ..
လွမ်းရတဲ့ ငါ့ဘ၀ နေ့ရက်တွေကို ဖြေသိမ့်ဖို့တစ်ခုထဲအတွက်
မင်းဘ၀ကို မစွန်းထင်းစေချင်တော့ဘူး ...
မင်း အဆိပ်သင့်မှာ စိုးရိမ်မိတယ် ~~~~~

နှုတ်ဆက်တယ်နော် မင်းဘ၀ ထာဝရ နေ့ ညတိုင်း လှပနိုင်ပါစေ ~~~~~

(အောင်ကျော်မြင့်- akmyint.kooo@gmail.com)