“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, February 25, 2013

အင်တာနက် အသုံးပြုရန် အမြန်ဆုံး စွမ်းဆောင် ပေးနိုင်သော Huawei Ascend P2

ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ လူကြိုက် အများဆုံး ဟန်းဆက် ကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမှ HuaweiAscend P2 မိုဘိုင်းလ်ဖုန်း သစ်တစ်မျိုးအား ဖေဖော်ဝါရီ ၂၄ရက်က မိတ်ဆက် ပေးခဲ့သည်။ ယင်းဟန်းဆက် သစ်သည် ကမ္ဘာတွင် စွမ်းဆောင်ရည် အမြန်ဆုံး ပေးနိုင်သည့် ဖုန်းဖြစ်ကြောင်း Huawei ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်။

ဟန်းဆက်၏ အထူမှာ ခဲတံတစ် ချောင်းထက်ပင် ပါးလွှာ၍ ၈ဒသမ၄ မီလီမီတာသာ ရှိကြောင်း၊ ထို့ပြင် download လုပ်နိုင်စွမ်း 150 Mbps ရှိသည့် အတွက်၂နာရီ ကြာသည့် ရုပ်ရှင် ဇာတ်ကားကို ၅မိနစ် တောင်မကြာဘဲ download လုပ်နိုင် သည့် အစွမ်းရှိသည်။ ၎င်း ဟန်းဆက်၏ အရွယ်အစားမှာ ၄ဒသမ၇ လက်မ ရှိပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှုရှိ သော high definition screen တပ်ဆင်ထားသည်။ Ascend P2 ဖုန်းတွင်1.5 GHz quad-core processor ပါရှိပြီး ကမ္ဘာပေါ်ရှိ လက်ရှိ အချိန်တွင် အဆင့် အမြင့်ဆုံး ဖြစ်သည့် စတုတ္ထ မျိုးဆက် မြန်နှုန်းမြင့် မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုနိုင် ပါသည်။

Huawei ပစ္စည်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ညီလာခံတွင် စွမ်းဆောင်ရည် ကောင်းမွန်မှုကို ထုတ်ဖော်ပြသခဲ့သည်။

Ascend P2 ဟန်းဆက်အား ဇွန်လတွင် ပြင်သစ်၌ ဖြန့်ချိသွားမည် ဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒုတိယ လေးလပတ်တွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားမည် ဟုသိရသည်။ ၎င်းဟန်းဆက်သည် HD ဇာတ်ကားများကို မိနစ်ပိုင်း အတွင်း download လုပ်နိုင်ပြီး အွန်လိုင်းမှ ဗီဒီယိုများ၊ web page များ၊ တေးသီချင်းများ နှင့် e-Book များကို မူစက္ကန့်ပိုင်း အတွင်း download လုပ်နိုင်စွမ်း ရှိသည်။

Huawei ဟန်းဆက်သစ်သည် လက်ရှိ ကမ္ဘာတွင် လူကြိုက်များ နေသော Apple အမျိုးအစား iPhone 5နှင့် Samsung ကုမ္ပဏီထုတ် Galaxy SIII တို့တွင် အသုံးပြုနေသည့် download လုပ်နိုင်စွမ်း 100Mbps ထက်ပင် ကျော် လွန်နေပါသည်။ Huawei ဟန်းဆက်သစ်တွင် 13 megapixel ကင်မရာ ပါရှိသည့် အတွက် ရုပ်ထွက် ကောင်းမွန်သည်ကို တွေ့ရသည်။
ဟန်းဆက် လောကတွင် Sam-sung , Apple ကုမ္ပဏီများ ပြီးသည့်နောက် တတိယ လူကြိုက် အများဆုံး ဟန်းဆက် ကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမှ HuaweiAscend P2 မိုဘိုင်းလ်ဖုန်း သစ်တစ်မျိုးအား ဖေဖော်ဝါရီ ၂၄ရက်က မိတ်ဆက် ပေးခဲ့သည်။ ယင်းဟန်းဆက် သစ်သည် ကမ္ဘာတွင် စွမ်းဆောင်ရည် အမြန်ဆုံး ပေးနိုင်သည့် ဖုန်းဖြစ်ကြောင်း Huawei ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်

ဟန်းဆက်၏ အထူမှာ ခဲတံတစ် ချောင်းထက်ပင် ပါးလွှာ၍ ၈ဒသမ၄ မီလီမီတာသာ ရှိကြောင်း၊ ထို့ပြင် download လုပ်နိုင်စွမ်း 150 Mbps ရှိသည့် အတွက်၂နာရီ ကြာသည့် ရုပ်ရှင် ဇာတ်ကားကို ၅မိနစ် တောင်မကြာဘဲ download လုပ်နိုင် သည့် အစွမ်းရှိသည်။ ၎င်း ဟန်းဆက်၏ အရွယ်အစားမှာ ၄ဒသမ၇ လက်မ ရှိပြီး ရုပ်ထွက် ကြည်လင် ပြတ်သားမှုရှိ သော high definition screen တပ်ဆင်ထားသည်။ Ascend P2 ဖုန်းတွင်1.5 GHz quad-core processor ပါရှိပြီး ကမ္ဘာပေါ်ရှိ လက်ရှိ အချိန်တွင် အဆင့် အမြင့်ဆုံး ဖြစ်သည့် စတုတ္ထ မျိုးဆက် မြန်နှုန်းမြင့် မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုနိုင် ပါသည်။

Huawei ပစ္စည်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က ကျင်းပခဲ့သော ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ညီလာခံတွင် စွမ်းဆောင်ရည် ကောင်းမွန်မှုကို ထုတ်ဖော်ပြသခဲ့သည်။

Ascend P2 ဟန်းဆက်အား ဇွန်လတွင် ပြင်သစ်၌ ဖြန့်ချိသွားမည် ဖြစ်ပြီး ၂ဝ၁၃ခုနှစ် ဒုတိယ လေးလပတ်တွင် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားမည် ဟုသိရသည်။ ၎င်းဟန်းဆက်သည် HD ဇာတ်ကားများကို မိနစ်ပိုင်း အတွင်း download လုပ်နိုင်ပြီး အွန်လိုင်းမှ ဗီဒီယိုများ၊ web page များ၊ တေးသီချင်းများ နှင့် e-Book များကို မူစက္ကန့်ပိုင်း အတွင်း download လုပ်နိုင်စွမ်း ရှိသည်။

Huawei ဟန်းဆက်သစ်သည် လက်ရှိ ကမ္ဘာတွင် လူကြိုက်များ နေသော Apple အမျိုးအစား iPhone 5နှင့် Samsung ကုမ္ပဏီထုတ် Galaxy SIII တို့တွင် အသုံးပြုနေသည့် download လုပ်နိုင်စွမ်း 100Mbps ထက်ပင် ကျော် လွန်နေပါသည်။ Huawei ဟန်းဆက်သစ်တွင် 13 megapixel ကင်မရာ ပါရှိသည့် အတွက် ရုပ်ထွက် ကောင်းမွန်သည်ကို တွေ့ရသည်။

ကိုယ်ဝန်ဆောင်စဉ် အရေပြား ယားယံနေသလား

Photo: ကိုယ်ဝန်ဆောင်စဉ် အရေပြား ယားယံနေသလား

ကိုယ်ဝန်ဆောင်ချိန် အရေပြားယားယံမှု ဖြစ်ရသော အကြောင်းရင်းများ

-ကြီးထွားလာတဲ့ သန္ဓေသားကြောင့် ဝမ်းဗိုက်အရေပြားဟာ တဖြည်းဖြည်း ဆွဲဆန့်လာပါတယ်။ အလားတူ မိခင်နို့ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ ရင်သားတစ်ဝိုက် အရေပြားကလည်း ကြီးလာပါတယ်။ ဒီအချက်တွေက အရေပြား ယားယံစေတဲ့ အဓိက အချက်တွေပါ။

-ကိုယ်ဝန်ဆောင်ချိန်အတွင်း ခန္ဓာကိုယ်မှာ အပြောင်းအလဲမျိုးစုံ ဖြစ်လာပါတယ်။ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှုကလည်း အပြောင်းအလဲ ဖြစ်လာတဲ့အတွက် လက်ဖဝါး၊ ခြေဖဝါးတွေ ယားယံလာတတ်ပါတယ်။ ဒီယားယံမှုက ယာယီပဲဖြစ်ပြီး ကလေးမွေးပြီးချိန်မှာ သက်သာသွားလေ့ ရှိပါတယ်။

-တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း ချွေးအလွန်ထွက်ပါတယ်။ အဲဒီအခါ ဝမ်းဗိုက်မှာ အနီပြင်တွေ ဖြစ်လာလေ့ရှိပြီး ယားယံတတ်ပါတယ်။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

-ကိုယ်ဝန် တတိယ သုံးလပတ်အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၅၀ အနက် တစ်ဦးမှာ ဝမ်းဗိုက်၊ ပေါင်၊ တင်ပါးနဲ့ လက်မောင်းတွေမှာ ယားယံတဲ့ အနီကွက်ကြီးတွေ ပေါ်လာတတ်ပါတယ်။ ဒါက ဘာအန္တရာယ်မှ မရှိပေမယ့် အလွန် ယားယံတတ်ပါတယ်။ သားဦး ကိုယ်ဝန်ဆောင်သူ ဒါမှမဟုတ် အမြွှာ ကိုယ်ဝန်ဆောင်သူတွေမှာ အဖြစ်များပါတယ်။ 

-ကိုယ်ဝန်ဆောင်ချိန် ဝမ်းဗိုက်တစ်ဝိုက်မှာ ရေယုန်လို အရည်ကြည်ဖုတွေ ဖြစ်ပေါ်ကာ ယားယံတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့တတ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာပဲ ယာယီ ဖြစ်တတ်တာပါ။

-ကိုယ်ဝန်ဆောင်ချိန်မှာ အသည်းရောဂါ တချို့ကြောင့်လည်း လက်နဲ့ခြေတွေ ယားယံရတတ်ပါတယ်။ တကယ်လို့ ယားယံတာက အသားဝါတာ၊ ပျို့ချင် အန်ချင်ဖြစ်တာနဲ့ ပျို့အန်တာတို့နဲ့ တွဲဖြစ်ရင် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ယားယံမှု သက်သာစေရန် အိမ်တွင်းကုထုံးများ

-ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားယားယံမှု သက်သာစေဖို့ ကြက်သီးနွေးရေကို ကြာကြာ မချိုးသင့်ပါဘူး။ ကြက်သီးနွေးရေနဲ့ ကြာကြာ ချိုးတာက အရေပြား ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။ ဒါကြောင့် ယားယံနေတဲ့ အရေပြားကို ကုသဖို့ရာအတွက် ဂျုံမှုန့်အကြမ်း ထည့်ထားတဲ့ ကြက်သီးနွေးရေ ချိုးပေးပါ။

-ရေချိုးတဲ့အခါ တိုက်တဲ့ ဆပ်ပြာသုံးရာမှာ အယ်လ်ကိုဟောပါတဲ့ ဆပ်ပြာကို မသုံးပါနဲ့။ နူးညံ့ပြီး အမွှေးနံ့ မပါတဲ့ အစိုဓာတ်ထိန်း ဆပ်ပြာကို ရွေးသုံးပေးပါ။ အနံ့မွှေးလွန်းတဲ့ ဆပ်ပြာတိုက်ရင် ယားယံမှုကို ပိုဆိုးစေပါတယ်။

-ကိုယ်ဝန်ဆောင်ချိန်အတွင်း ပေါ့ပါးတဲ့ ချည်သားဝတ်စုံကို ဝတ်ပေးပါ။ တင်းကျပ်တဲ့ အဝတ်အစားတွေကို အရေပြားကို ပွတ်တိုက်မှု ဖြစ်စေပြီး ယားယံမှုကို ပိုဆိုးစေတာကြောင့် ရှောင်သင့်ပါတယ်။

-အရေပြား ခြောက်သွေ့မှုကြောင့် ယားယံမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကို အမြဲတမ်း စိုပြည်နေအောင် အစိုဓာတ် ထိန်းပေးသင့်ပါတယ်။ အထူးသဖြင့် ရှားစောင်းလက်ပပ် ဒါမှမဟုတ် ယားတဲ့နေရာကို Cocoa Butter ပါဝင်တဲ့ ခရမ် လိမ်းပေးပါ။

-အရေပြား ယားယံမှု သက်သာစေဖို့ အရေပြားကို ခပ်ကြမ်းကြမ်း မပွတ်ပါနဲ့။ ယားတဲ့အခါ အယားသက်သာအောင် ကလမင်းလိုးရှင်း (Calamine Lotion) လိမ်းပေးပါ။

 http://www.facebook.com/MyawadyNews?ref=stream

၂၀၁၀ ခုနှစ် အောက်တိုဘလက ဂျာမနီနိုင်ငံက၊ ကားပြပွဲတစ်ခုမှာ ဝင်ရောက်ပြသသွားတဲ့ ကား

 ၂၀၁၀ ခုနှစ် အောက်တိုဘလက ဂျာမနီနိုင်ငံက၊ ကားပြပွဲတစ်ခုမှာ ဝင်ရောက်ပြသသွားတဲ့ ကား ဖြစ်ပါတယ်။ 

ဇိမ်ခံအိမ်ကား ဖြစ်ပြီး futuria luxury motorhome လို့အမည်ပေးထားပါတယ်။ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည့်ခန်း ပါဝင်ပြီး အမိုးမှာ လူတစ်ယောက် ဝင်စရာ ရေကူးကန်ငယ် တစ်ခု ပါရှိပါသေးတယ်။ ပြိုင်ကား ထည့်ထားဖို့အတွက် လည်း ကားဂိုဒေါင်ပါရှိပါတယ်။ ကားခေါင်မိုးကို ဝရံတာ တစ်ခုဖြစ်အောင် ပတ်ပတ်လည်းမှာ လက်ရန်းတပ်ဆင် ထားပေးပါတယ်။ 

ခရီးဝေးသွားဖို့အတွက် အမှိုက်စွန့်စရာ သိုလှောင်ခန်းတစ်ုခု လည်းကားနောက်ဘက်မှာ အခန်းဖွဲ့ပေးထား ပါတယ်။ အိမ်တစ်လံးမှာလိုအပ်တဲ့ အခန်း၊ ပစ္စည်းတော်တော်များများ ပါဝင်ပြီး၊ ရေပေးစနစ်၊ မီးပေးဝေစနစ် တို့ကို သင်္ဘောတွေထဲ ကလို တပ်ဆင်ပေးပါတယ်။ ကားမောင်းနှင်ရန် အင်ဂျင်နဲ့ ကားနောက်ခန်းက ဇီမ်ခံအိမ်အတွက် ဂျနရေတာ သက်သက်ဆီ ခွဲထားပါတယ်။ သာမန် ကုန်တင် ထရတ်ကား တစ်စီးကို ဇိမ်ခံကားအဖြစ် ပြောင်းလဲ လိုက်ခြင်း ဖြစ်ပေမယ့် အဲယားကွန်းစနစ်၊ ရေပေးဝေမှုစနစ်၊ မီးပေးစနစ်တို့အတွက် အင်ဂျင်ပိုလာပါတယ်။ ၁၁ မီတာ ရှည်တဲ့ ညမြင်ကွင်းကြည့်ရှုရန် ဝရံတာကိုလည်း ယခု လို မြင်တွေ့ရပါတယ်။ 

မိသားစု တစ်စုစာ အပန်းဖြေခရီးသွားရန် အသုံးတည့်တဲ့ ဇိမ်ခံအိမ်ကား ဖြစ်ပါတယ်။ ၃၀၀၀ စီစီ စလင်ဒါလေး လုံး ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေအား ၁၇၀ထုတ်လုပ်နိုင်ပါတယ်။ Futuria Motor Home ရဲ့  ဈေးနှုန်းကတော့ ယူရိုငွေ ၁သိန်း ၆ သောင်းဝန်းကျင်ရှိ တယ်လို့ သိရပါတယ်။

ColayOnline:Automobile
ဇိမ်ခံအိမ်ကား ဖြစ်ပြီး futuria luxury motorhome လို့အမည်ပေးထားပါတယ်။ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည့်ခန်း ပါဝင်ပြီး အမိုးမှာ လူတစ်ယောက် ဝင်စရာ ရေကူးကန်ငယ် တစ်ခု ပါရှိပါသေးတယ်။ ပြိုင်ကား ထည့်ထားဖို့အတွက် လည်း ကားဂိုဒေါင်ပါရှိပါတယ်။ ကားခေါင်မိုးကို ဝရံတာ တစ်ခုဖြစ်အောင် ပတ်ပတ်လည်းမှာ လက်ရန်းတပ်ဆင် ထားပေးပါတယ်။

ခရီးဝေးသွားဖို့အတွက် အမှိုက်စွန့်စရာ သိုလှောင်ခန်းတစ်ုခု လည်းကားနောက်ဘက်မှာ အခန်းဖွဲ့ပေးထား ပါတယ်။ အိမ်တစ်လုံးမှာလိုအပ်တဲ့ အခန်း၊ ပစ္စည်းတော်တော်များများ ပါဝင်ပြီး၊ ရေပေးစနစ်၊ မီးပေးဝေစနစ် တို့ကို သင်္ဘောတွေထဲ ကလို တပ်ဆင်ပေးပါတယ်။ ကားမောင်းနှင်ရန် အင်ဂျင်နဲ့ ကားနောက်ခန်းက ဇီမ်ခံအိမ်အတွက် ဂျနရေတာ သက်သက်ဆီ ခွဲထားပါတယ်။ သာမန် ကုန်တင် ထရတ်ကား တစ်စီးကို ဇိမ်ခံကားအဖြစ် ပြောင်းလဲ လိုက်ခြင်း ဖြစ်ပေမယ့် အဲယားကွန်းစနစ်၊ ရေပေးဝေမှုစနစ်၊ မီးပေးစနစ်တို့အတွက် အင်ဂျင်ပိုလာပါတယ်။ ၁၁ မီတာ ရှည်တဲ့ ညမြင်ကွင်းကြည့်ရှုရန် ဝရံတာကိုလည်း ယခု လို မြင်တွေ့ရပါတယ်။

မိသားစု တစ်စုစာ အပန်းဖြေခရီးသွားရန် အသုံးတည့်တဲ့ ဇိမ်ခံအိမ်ကား ဖြစ်ပါတယ်။ ၃၀၀၀ စီစီ စလင်ဒါလေး လုံး ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေအား ၁၇၀ထုတ်လုပ်နိုင်ပါတယ်။ Futuria Motor Home ရဲ့  ဈေးနှုန်းကတော့ ယူရိုငွေ ၁သိန်း ၆ သောင်းဝန်းကျင်ရှိ တယ်လို့ သိရပါတယ်။

ColayOnline:Automobile
 
မြန်မာ့ယဉ်ကျေးမှု့ တွေ့ ပျောက်တော့မည်လား ?

ယဉ်ကျေးမှု့ ဘဲ ပျောက်တော့မည်လို့ တော့ မထင်နဲ့ နော် စာပေနှင့် လူမျိုးပါ ပျောက်ပါနော် ခေါင်းစဉ်ပါ အတိုင်းပျောက်ဖို့ နီးလာသလို့  လူမျိုးအတွက်လည်း တပါတည်း လိုက်ပါနေပါပြီ ပိုဆိုးလာတာက ရွှေမန္တလေးပါဘဲ ( ကိုယ်တိုင်ရောက်ရှိနားထောင်ခဲ့သည် စက်မှု့ အနီးနားက စာပေဟောပြောပွဲမှာ စာရေးဆရာ ကိုသာချို ( ဂျက်-ကွမ်းခြံကုန်း )က မန္တလေးမြီု့ နဲ့  ဝေးသည့် ဒီလို နေရာမှာ ဘာဖြစ်လို့ စာပေဟောပြောပွဲ လုပ်ရတာလည်း ဘာဖြစ်လို့ မြို့ ထဲမှာ မလုပ်တာလည်းလို့ မေးခွန်းမေးပါတယ် ။။။။။ ပြန်ပြီး အဖြေကို ပြောကြပါတယ် ….ဆ၇ာသာချိုရယ် အခုလို မြန်မာစကားနားလည်တာဆိုလို့  ဒီလိုမြို့ သစ်ဘဲ ရှိပါတော့တယ် ဆရာတဲ့ ) …..

အခုလို့ မေးခွန်းနဲ့ အဖြေကိုသိလိုက်ရတော့ အလွန်ပင် စိတ်မကောင်းစရာပါဘဲ အခုလို ဖြစ်ရတာဘာကြောင့်လည်း ပြောပြန်ရင်လည်း ပရောဖက်ဆာ

စာကောင်းပေမွန်ဖြင့်သာ ဘဝကို အလှဆင်ကြပါ

စာဖတ်လျှင် ကောင်းသည်။ အကျိုးရှိသည်။ သို့သော် ဖတ်ရှုသော စာတိုင်း ကောင်းမွန်သည်၊ အကျိုးရှိသည် မဟုတ်ပေ။ စာဖတ်သူ အတွက် အမှန်တကယ် လိုအပ်သော အသိ အလိမ္မာများ ပေးစွမ်းနိုင်သည့် စာများကို ရွေးချယ် ဖတ်ရှုရန် လိုပေသည်။ မည်သည့် အလုပ်မျိုး တွင်မဆို နည်းစနစ် မှန်ကန်ရန် အရေးကြီးသည်။ နည်းစနစ် မှန်ကန်ပါမှလည်း ရယူလိုသည့် အကျိုးကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ စာဖတ်၍ အသိအလိမ္မာ၊ ဥာဏ်ပညာများ ရှာဖွေစုဆောင်း လိုသော လူငယ်များသည် စာဖတ် နည်းလမ်း မှန်ကန်ရန်၊ စာများ ရွေးချယ်ဖတ်ရှု တတ်ရန် ရှေးဦးစွာ အားထုတ်ကြိုးပမ်း သင့်ပေသည်။

စာဖတ်တတ်ဖို့၊ စာဖတ်နည်း မှန်ဖို့ ဆိုသည်မှာ လောကကို ကောင်းကျိုး ပေးမည့်စာ၊ တိုင်းပြည်နှင့် လူမျိုးကို