“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 19, 2012

ဆရာ့ဖြစ်ပုံ

တစ်ခါက မြို့တစ်မြို့တွင် နာမည်ကြီး ဆေးဆရာတစ်ယောက်ရှိသည်..
တစ်နေ့တွင် မြို့နှင့်မနီးမဝေးရွာတစ်ရွာမှ လူနာတစ်ယောက်အသည်းအသန်ဖြစ်သဖြင့် ထိုဆရာကိုလာပင့်သည်..
“ ဆရာကယ်မှဖြစ်မှာပါဆရာ.”
ထိုရွာသို့သွားရာလမ်းရှိ သင်္ချိုင်းကို ဖြတ်သွားရသည်တွင် ဆရာသည် မျက်နှာကို ဆေးအိတ်ဖြင့်ကွယ်၍ သွားလေသည်..
ထိုအခါ ဆရာလာပင့်သူ လူနာရှင်က..
“ ဘာလို့ ဆေးအိတ်နဲ့ ကွယ်ထားတာလဲဆရာ..”
ဤတွင် ဆရာဖြစ်သူပြောလိုက်ပုံမှာ...
““ သီသင်္ချိင်းမှာ ကျုပ်ကုလို့သေသွားတဲ့သူတွေ အတော်များသဗျ.သူတို့ရှေ့က ဖြတ်သွားရတာ မျက်နှာပူလို့ဗျို့..””
“ ဟိုက် !!! ”