“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Friday, March 29, 2013
“““မမြင်နိုင်တော့ပါ(ဟာသ)”””
Photo: မမြင်နိုင်တော့ပါ....
တခါက စိတ်ရောဂါကု ဆရာဝန် တဦးဟာ.....လူနာ တယောက်အားမေးမြန်းနေ၏။
ဆရာဝန်။     ။ ခင်ဗျားရဲ့ လက်ဝဲဘက် နားရွက်ကို ဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲ...။
လူနာ။     ။ကျနော် ဘာသံမှ မကြားနိုင်တော့ဖူးပေါ့ဗျာ.......။
ဆရာဝန်။   ။ဒါဆိုရင်......လက်ယာ ဘက်က နားရွက်ကို ထပ်ဖြတ်လိုက်ရင်ကောဗျာ။
လူနာ။     ။ကျနော် ဘာမှ မြင်နိုင်တော့မှာ မဟုတ်ဖူး။
ဆရာဝန် လည်း တအံ့တသြ နှင့်မေးလိုက်သည်။
ဆရာဝန်။    ။အင်.....ဘာဖြစ်လို့လဲဗျ..။
လူနာပြန်ဖြေလိုက်တာက.....
လူနာ။     ။ နားရွက်နှစ်ဖက်မှ မရှိတော့တာ...ကျနော် မျက်မှန် တပ်လို့ ရတော့မှာမှ မဟုတ်တော့တာဗျာ။........တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ....Lon Ely....
(အူတတ်အောင်ရယ်ရသောဟာသများ)
“““တေစမ်း(ဟာသ)”””
Photo: တေစမ်း....
တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက် testis ရှိရာကပ်ပယ်အပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။
ဆရာဝန် မှစစ်ဆေးပြီးနောက်.......
" မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ "
ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။
တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။
ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။
နောက်တစ်လခန့်....ကြာသော်..... penis ပါထပ်စိမ်းလာသောအခါဆရာဝနထံသို့....ထပ်သွားပြသည်။ဆရာဝန်က......
" အသက်အန္တရယ်မစိုးရိမ်ရအောင်ဖြတ်လိုက်ပါ "  ဆိုသဖြင့်.....
ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။
ဖြတ်ထုတ်ပီး....နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင်  လုံးစိမ်းလာပြန်လေ၏။
ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။
ထိုအခါ ဆရာဝန်က  ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်....ဖြေးဖြေးချင်း ပြောလိုက်တာက....
" အတွင်းခံလဲလိုက်တော့ငါ့ညီ.....ငါ့ညီအတွင်းခံအရောင်ကျွတ်နေပြီ ..."  ဟူ၏။.......
တိန်
ရီမောပျော်ရွှင်ပါစေ..( တင်ပြပုံ ရုံရင်းရိုင်းဆိုင်းခဲ့ပါရင် တောင်းပန်ပါတယ် )
ကိုလုံ ( Lon Ely )
အမေရိကန်နိုင်ငံမှာ ဖြစ်ပြီး အသက် ၃ နှစ်သား ဝန်းကျင် ရှိပါတယ်။
Photo: မျက်နှာ နှစ်ခုနှင့် ကြောင်
မျက်နှာ နှစ်ခုနဲ့ ကြောင် (Two Faced Cat) အပြင်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပြီး အသက် ၃ နှစ်သား ဝန်းကျင် ရှိပါတယ်။ 
ဘယ်ဘက် မျက်နှာက အနက်ရောင်ဖြစ်ပြီး ညာဘက်အနက်ရောင် ကတော့ ရွှေရောင် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အရောင် ကွဲပြားမှုဟာ မသိသာပေမယ့် မျက်နှာကျတော့ တော်တော်လေး သိသာနေပါတယ်။ တစ်ဖက်က အနက်ရောင် တောက်တောက် ဖြစ်နေပြီး မျက်လုံးက အစိမ်းရောင်ဖြစ်ပါတယ်။ ရွှေရောင် မျက်နှာဘက်အခြမ်း ကျတတော့ အပြာရောင် မျက်လုံးနဲ့ ဖြစ်ပါတယ်။
၂၀၁၂ သြဂုတ်လ ကုန်ပိုင်းက ပိုင်ရှင်ထုတ်ဖော်ပြသခဲ့ပြီး အင်တာနက်မှာ လူသိများခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဇီဝေဗေဒပညာရှင်၊ ပရောဖက်ဆာများ ကိုယ်တိုင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယင်း ကြောင်ဟာ ဇိဝလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) နှစ်မျိုးတောင် ပိုင်ဆိုင် ထား ကြောင်း သိရပါတယ်။ သာမန်ကြောင် တစ်ကောင်က ပေါက်ဖွားပေ မယ့် DNA နှစ်ခု ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဒီလိုထူးခြားချက်များရှိလို့ သူ့ကို Venus လို့အမည်ပေးထားပြီး ထူးခြားသော အသွင်အပြင်ကို ပိုင်ဆိုင်သူ - Chimera လို့ အမွမ်းတင် ခေါ်ဆို ကြကြောင်း သိရပါတယ်။ 
--
Ref: NGC
ရိုးရာလေး
“““ဆေးခြောက်(ဟာသ)”””
Photo: ဆေးခြောက်.....
တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"
"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။
"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"...တဲ့။.....ဟိဟိ...
ရီမောပျော်ရွှင်ပါစေ..ကိုလုံ...
ခြေတစ်ပေါင်ကျိုး ရပ်ပြီး သွားတိုက်ပေး
Photo: ခြေတစ်ပေါင်ကျိုး ရပ်ပြီး သွားတိုက်ပေး
သွားတိုက်တဲ့ အခါ ခြေထောက် တစ်ချောင်းတည်း ထောက်ကာ ခြေတစ်ပေါင်ကျိုး ရပ်ပြီး တိုက်ပေးခြင်းက ခါးကို ကာကွယ် ပေးနိုင်တဲ့ ဝမ်းဗိုက်အတွင်းရှိ ကြွက်သား တွေကို အကျိုး ရှိစေပါတယ်။
လူအများစုက အတွင်းပိုင်း ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်လေ့ မရှိတာကြောင့် သွားတိုက်တုန်း ဒီလို လုပ်ပေးခြင်းက အချိန် တိုပေမယ့် ထိရောက်မှု ရှိပါတယ်။
ညာဘက်နဲ့ သွားတိုက်တဲ့ အခါ ဘယ်ခြေပေါ်ရပ်ပြီး တစ်မိနစ်လောက် တိုက်ပေးကာ နောက်တစ်ခေါက် ဘက်ပြောင်းပြီး တိုက်ပေး လိုက်ပါ။
အခုလို့ ဖတ်လို့ သိသွားပြီးနော် နောက်နေ့ ကစပြီး ဖော်ပြပါ နည်းအတိုင်း တိုက်ပေးပါ ။
 မြ၀တီ
ကမ္ဘာအပေါ့ပါးဆုံး အရာဝတ္ထု graphene aerogel
Photo: ကမ္ဘာအပေါ့ပါးဆုံး အရာဝတ္ထု graphene aerogel
၁၉၃၁ ခုနှစ်လောက်ထဲက aerogel လို့ခေါ်တဲ့ ကမ္ဘာအပေါ့ပါးဆုံး အရာဝတ္ထု ဖြစ်လာမယ့် frozen smoke (မီးခိုးခဲ) တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ မနှစ်ကအထိတော့ Aerographite ကို 0.2 milligram မျှအလေးချိန်သာရှိအောင် ဖန်တီးနိုင်ခဲ့ပါတယ်။
အခုချိန်မှာတော့ တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်က သိပ္ပံပညာရှင်များဟာ 0.2 milligram ဆိုတဲ့ စံချိန်ကိုချိုးလိုက်ပြီး 1.16 milligram par cubic centimeter (၁ကုဗစင်တီမီတာမှာ ၁.၁၆ မီလီဂရမ်) ရှိတဲ့ ရေမြုပ်တမျှပေါ့ပါးတဲ့ Freeze-dried carbon (မီးခိုးခဲ) တစ်ခုကို ဖန်တီးနိုင်ခဲ့ပါပြီ။ သူဟာ Hydrogen ထက်နှစ်စမျှသာ ပိုမိုသိပ်သည်းပြီး လေထက် ခြောက်စလောက် ပိုမိုပေါ့ပါးပါတယ်။
သုတဘဏ်
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>သုတဘဏ်<< Thank
အချိုရည်များကနှစ်စဉ်လူ ၁၈၀၀၀၀ကျော်ကိုသေဆုံးစေ
Photo: Health Updates Journal
Vol.2, No.13
 သကြားဓာတ်ထည့်သွင်းထား သောအချိုရည်များ၊ဆိုဒါများ၊အား ကစားသမားများသောက်သော အချိုရည်များနှင့်ဂက်စ်ပါသော အချိုရည်များသည် နှစ်စဉ်လူပေါင်း၁၈၀၀၀၀ကျော်သေဆုံးမှုနှင့် ဆက်စပ်နေ ကြောင်းသုတေသနတစ်ရပ်တွင်ဖော် ပြထားသည်။ ယခုလေ့လာမှုကို အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးက ဦးဆောင်ခဲ့ပြီးအချိုဓာတ်ပါဝင်သော အားဖြည့်အရည်များကကျန်းမာရေး အပေါ်သက်ရောက်မှု ကို လေ့လာနိုင်ခဲ့ ခြင်းဖြစ်သည်။
 အဆိုပါအချိုရည်မျိုးစုံသည် ကိုယ်အလေးချိန်တက်ခြင်း၊ဆီးချိုသွေး ချိုရောဂါ၊နှလုံးရောဂါနှင့်ကင်ဆာ ရောဂါအချို့နှင့်ဆက်စပ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။သုတေ သနတွင်အချိုရည်များသည်တစ် ကမ္ဘာလုံးမှဆီးချိုသွေးချိုကြောင့်သေဆုံး ရမှုပေါင်း၁၃၃၀၀၀၊နှလုံးရောဂါ ကြောင့်သေဆုံးရမှုပေါင်း၄၄၀၀၀နှင့် ကင်ဆာကြောင့်သေဆုံးရမှု၆၀၀၀ နှင့်ဆက်နွယ်နေကြောင်းသိရှိခဲ့ကြ သည်။ 
 အဆိုပါသေဆုံးမှုများ၏၇၈% သည် အချိုရည်များကိုအလွန်အကျွံ သောက်သုံးမှုနှင့်ဆက်စပ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထက်စာလျှင် ဖွံဖြိုးဆဲနိုင်ငံများတွင်ပိုအဖြစ်များနေသည်။ အချိုရည်သောက်သုံးမှုနှုန်း အများဆုံးတိုင်းပြည်မှာမက္ကဆီကို နိုင်ငံဖြစ်ပြီးအချိုရည်ကြောင့် သေဆုံးရမှုနှုန်း အမြင့်ဆုံးနိုင်ငံလည်းဖြစ် သည်။လူတစ်သန်းတွင်၃၁၈ဦးသည် အချိုရည်နှင့်ဆက်စပ်ရောဂါများ ကြောင့်သေဆုံးနေရသည်ဟုသိရ သည်။ ယင်းတိုင်းပြည်နှင့်ပြောင်းပြန်မှာ ဂျပန်နိုင်ငံဖြစ်ပြီးသေဆုံးမှုနှုန်း မှာလည်းအနည်းဆုံးဖြစ်သည်။လူ တစ်သန်းတွင်၁၀ဦးသာသေ ဆုံးသည်ဟု ဖော်ပြထားသည်။
သက်ကို
Ref:ANI
Health Updates Journal
“““မျှော်ရှာသူ(ဟာသ)””””
Photo: မျှော်ရှာသူ......
အရက်ဆိုင်တဆိုင်တွင်း သို့ လူတစ်ယောက်သည် အ၇က်သောက်ရန် ၀င်လေ၏။
ထိုအခါ သူငယ်ချင်းဖြစ်သူအား အရက်ခွက်ကို ရှေ့မှာ ချ ၍ ငိုင်တိုင်တိုင်နဲ့ ထိုင်နေသည်ကို အံအားသင့်စွာတွေ့ရလေ၏။
သို့ဖြင့် နုတ်ဆက်မေးရင်း.....
" ဟေ့ ကောင်ကြီး ငိုင်လှချည်လားဟ။ ဘာဖြစ်လို့လဲ ကွ။......." ဟုဆိုလိုက်၏။
သူငယ်ချင်း။      ။ဇူလိုင်လက ငါ့အမေသေတယ်ကွာ။ ငါ့အတွက် ငွေ သိန်း၂၀ ပေးရစ်ခဲ့တယ်ကွ။ နောက်တော့ သြဂုတ်လမှာ အဖေ ဆုံးပြန်ရော။
                     သူလဲ ငါ့အတွက် ငွေ  သိန်း ၂၀ ချန်ထားခဲ့တယ်။
ထိုအခါ ..."..ဟာ......ဒါဆိုရင်။မင်းမိဘ နှစ်ဦး လုံး ရှေ့ဆင့် နောက် ဆင့် ဆုံးကြတာ ပေါ့။ကြားရတာ စိတ်မကောင်းစရာပဲကွာ   " ဟု.....
နုတ်ဆက်မေးမြန်းသူက ပြောလေသည်။
ထိုအခါ....သူငယ်ချင်းမှ....
သူငယ်ချင်း။     ။ဒါကဘာဟုတ်သေးလည်း ။ကျန်ခဲ့တဲ့ လ ကလည်း ငါ့ အဒေါ်တစ်ယောက် သေသွားတယ်လေ။သူကလည်း ငါ့ကို ၁၀သိန်းပေးခဲ့ပါတယ်။
မေးမြန်းသူမှလည်း  "  ဟာာ...၀မ်းနည်းပါတယ်ကွာ  " ဟု ဆိုလေ၏။
ထိုအခါ သူငယ်ချင်းဖြစ်သူ က အရက်ခွက်အားဆတ်ကနဲ ကောက်မော့ပီး...ဆက်ပြောလိုက်တာက.....
" ဒါပေါ့ကွာ.........အဲဒီအချိန်ကတည်း က ခုထိ ဘယ်သူမှ မသေသေး ဖူးလေ..."......တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ.....
Lon Ely.......
အူတတ်အောင်ရီရသောဟာသများ (facebook)
လက်ရှိအသုံးပြုနေသော ဆေးဝါးများကိုခံနိုင်ရည် ရှိလာသည့်ဝက်တုပ်ကွေး ဗိုင်းရပ်
Photo: Health Updates Journal
Vol.2, No.13
လက်ရှိအသုံးပြုနေသော ဆေးဝါးများကိုခံနိုင်ရည် ရှိလာသည့်ဝက်တုပ်ကွေး ဗိုင်းရပ်
 လေ့လာမှုကိုဦးဆောင်သည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏လက် အောက်ခံတုပ်ကွေး အထူးသုတေသန ဓာတ်ခွဲခန်းမှ သုတေသီများဖြစ်သည်။ ဓာတ်ခွဲခန်းတာဝန်ခံ Dr. Aeron Hurtက ဗိုင်းရပ်ကူးစက်မှုသုံး ဆေးဝါးများကို တီထွင်ရန်လိုနေပြီဖြစ်ကြောင်း၊ Tamiflu ကိုယဉ်ပါးလာမှုမှာ မြင့်တက်လာနေကြောင်း၊ ကုသနေရင်းနှင့် ပင်ဆေးယဉ်ပါးမှုများကိုတွေ့ ရှိလာရကြောင်း၊ အခြားဗိုင်းရပ်များ သည်ဆေးဝါးများကိုယဉ်ပါးနိုင်မှုရှိ သော်လည်းဝက်တုပ်ကွေးဗိုင်းရပ်က ယဉ်ပါးမှုနှုန်းအမြင့်ဆုံးဖြစ်ကြောင်း၊ ကုသမှုခံယူသူ များ၏၂၀%တွင်ဆေး ယဉ်ပါးမှုရှိနေကြောင်းကို ရှင်းပြထား သည်။
သော်ဇင်
ref:ANI
စိတ်ဖိစီးစရာများ တွေးတောခြင်းအန္တရာယ်
Photo: စိတ်ဖိစီးစရာများ တွေးတောခြင်းအန္တရာယ်
စိတ်ဖိစီးစရာများပြန်ပြောင်းစဉ်းစားခြင်းသည် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုဖြစ်စဉ်များ ဖြစ်ပွားစေ ကြောင်း အမေရိကန် အိုဟိုင်းယိုးတက္ကသိုလ် သုတေသီများကဆိုသည်။ စိတ်ဖိစီးမှု C-Reactive Protein (CRP) ဟုခေါ်သော ပရိုတင်းတစ်မျိုး ထုတ်လုပ်မှု လွန်ကဲလာပြီး ရောင်ရမ်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပွားစေသည်။
C-Reactive Protein (CRP) မြင့်တက်နေသူများသည် နှလုံးရောဂါများခံစားရနိုင်ချေရှိသည်။ လန်ဒန်တက္ကသိုလ်သုတေသီများ၏ လေ့လာမှုအရ C-Reactive Protein ပမာဏသည် မိဘဘိုးဘွား မျိုးရိုးကိုလိုက်၍ ပြောင်းလဲမှုရှိနိုင်သည်ဟု Circulation ဂျာနယ်တွင်ဖော်ပြထားသည်။
ဇော်ကို