“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, November 24, 2012

မထင်မှတ်ထားသော ကျန်းမာရေးကို အန္တရာယ်ပေးနေသည့် အရာများ

(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ် (Sodium Lauryl Sulfate)

ဘာဖြစ်စေသလဲ - ပါးစပ်အနာ
SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။

ပါးစပ်အနာမဖြစ်အောင်
- SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

(၂) သကြားမပါသော ပီကေ

ဘာဖြစ်စေသလဲ - ဝမ်းပျက်ဝမ်းလျှောခြင်း
သကြားမပါတဲ့ပီကေဟာ Sorbitol နဲ့ Mannitol တို့နဲ့ ချိုအောင် လုပ်ထားတဲ့အတွက် ဒီပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို ခန္ဓာကိုယ်ကနေ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒီနှစ်မျိုးစလုံးပါတဲ့ ပီကေကို အလွန်အကျွံစားတာက ရေကို အူထဲများများ ဆွဲယူနိုင် တာကြောင့် ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။

ဝမ်းမလျှောအောင်
- သကြားမပါတဲ့ ပီကေစားတာက သကြားပါတဲ့ ပီကေစားတာထက် ခံတွင်းကျန်းမာရေးအတွက်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံစားရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတာကြောင့် လျှော့စားသင့်ပါတယ်။

(၃) ကော်ဖီအလွန်အကျွံသောက်ခြင်း

ဘာဖြစ်စေသလဲ - ဗိုက်အောင့်ခြင်း
ကဖင်းဓာတ်ဟာ အက်စစ်အထွက်များစေပြီး အစာအိမ်ကို မအီမသာဖြစ်စေကာ ဗိုက်အောင့်စေနိုင်ပါတယ်။

ဗိုက်မအောင့်အောင်
- ကဖင်းဓာတ်မပါတဲ့ ကော်ဖီကို ပြောင်းသောက်ပါ။

(၄) ဒိန်ခဲနှင့် ဟော့ဒေါ့မုန့်

ဘာဖြစ်စေသလဲ - ခေါင်းကိုက်ခြင်း
ဒိန်ခဲမှာ တိုင်ယာမင်း (Tyramine) ဆိုတဲ့အမိုင်နိုအက်စစ်ပါဝင်နေပါတယ်။ ဟော့ဒေါ့မှာတော့ နိုက်ထရိုက် (Nitrites) ပါဝင်နေပါတယ်။ ဒီအစာနှစ်မျိုးစလုံးဟာ သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေကာ ခေါင်းကိုက်စေပါတယ်။

ခေါင်းမကိုက်အောင်
- တိုင်ယာမင်းပေါများစွာပါဝင်ပြီး ကျပ်တင်ထားတဲ့ အသား၊ အချဉ်ဖောက်ထားတဲ့ သနပ်၊ အမှည့်လွန်နေတဲ့ သစ်သီး၊ ဝိုင်နဲ့ ဘီယာတွေကို ရှောင်ပါ။ ဒါ့အပြင် ဟော့ဒေါ့မုန့်ကိုလည်း အလွန်အကျွံမစားပါနဲ့။

(၅) ကျပ်လွန်းသော ဖိနပ်စီးခြင်း

ဘာဖြစ်စေသလဲ - ခြေဖမိုးနဲ့ ခြေဖဝါးနာကျင်ခြင်း
ကြွက်သားတွေဟာ ကျုံ့ဆန့်လိုက်၊ ဖြေလျော့လိုက်လုပ်တဲ့ အစိတ်အပိုင်းပါ။ ခြေထောက်နဲ့ မတော်တဲ့ ဖိနပ်ကျပ်ကျပ်ကို အချိန်ကြာကြာ စီးထားတဲ့အခါ ခြေဖမိုးနဲ့ခြေဖဝါးနာကျင် ရတတ်ပါတယ်။

ခြေထောက်ပြဿနာကင်းဝေးအောင်
- ဖိနပ်ကြောင့် ခြေထောက်တွေ နာကျင် နေတယ်လို့ ခံစားရရင် တင်းနစ်ဘောလုံးတစ်လုံးပေါ်မှာ ခြေနင်းပြီးလှိမ့်ပေးရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ကြွက်သားတွေလည်း ပြေလျော့စေပါတယ်။ နေ့စဉ်လုပ်ပေးနိုင်ပါတယ်။

(၆) ရေပူချိုးခြင်း

ဘာဖြစ်စေသလဲ - အသားအရေခြောက်သွေ့ခြင်း
ရေပူချိုးတာနဲ့ ဆပ်ပြာတိုက်တာတွေဟာ အစိုဓာတ်ကို ထိန်းပေးထားတဲ့ အရေပြား ဆဲလ်တွေကို ကွာကျစေပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကိုပါ ဆေးကြော လိုက်သလို ဖြစ်သွားတာကြောင့် အရေပြားတွေ ခြောက်သွေ့သွားတာပါ။

အသားအရေမခြောက်သွေ့အောင်
- ရေပူနဲ့ချိုးတဲ့အခါ ခပ်မြန်မြန်ချိုးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆပ်ပြာအမျိုးအစားကိုသုံးပါ။ ရေချိုးပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင်သုတ်ပြီးခါစမှာပဲ အစိုဓာတ်ထိန်းလိမ်းဆေး (Moisturizing Ointment) ကိုလိမ်းပေးပါ။

(၇) ညစာစားပြီး ပူရှိန်းစားခြင်း

ဘာဖြစ်စေသလဲ - ရင်ပူခြင်း
ညစာကို အများကြီးစားပြီးချိန်မှာ ပူရှိန်းသကြားလုံး၊ ပီကေ စတာတွေကို စားလိုက်တာဟာ အစာအိမ်နဲ့ အစေရေမျိုပြွန်ကြားက ကြွက်သားစုကို ပွင့်စေကာ အက်စစ်ဆန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရင်ပူရတာပါ။

ရင်ပူခြင်းကင်းဝေးအောင်
- ညစာစားတဲ့အခါ အများကြီးမစားပါနဲ့။ ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။ ရင်ပူစေတဲ့ ဆီကြော်စာ၊ ချောကလက်၊ အဆီများအသား၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ သောက်စရာနဲ့ အက်စစ်ဓာတ်လွန်ကဲတဲ့ ခရမ်းချဉ်သီး၊ ချဉ်တဲ့သစ်သီး စတာတွေကို လျှော့စားပါ။
Ref : Good Health

သင့်အတွက် ကောင်းစွာ အိပ်စက်နိုင်မည့်နည်းလမ်းများ

 အိပ်ပျော်ဖို့အတွက်ဆောင် ရန်ရှောင်ရန်လေးတွေပါပဲ။    ဆူညံမှုများနဲ့ တောက်ပတဲ့ အလင်းများကို အနည်းဆုံးလျှော့ချပါ။ မိမိရဲ့အိပ်ချိန်လေးအတွင်းမှာ အလင်းစူးစူးများ မဖွင့်ပါနဲ့။ ရသမျှအိပ်ချိန်လေးမှာ ညအိပ်မီးကိုသာ သုံးပါ။

    မအိပ်မီနှစ်နာရီအတွင်း အစာအစားခြင်း ကိုရှောင်ပါ။ ဗိုက်ဆာပါက နို့တစ်ဖန်ခွက်နှင့် ဘီစကွတ် အနည်းငယ်ကို စားနိုင်ပါတယ်။ နို့တစ်ဖန်ခွက်က သင့်ကိုအိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။ အိပ်ခါနီးအချိန်မှာ အသားဓာတ် (ဥပမာ-အသား၊ ငါး) စားသုံးခြင်းကိုရှောင်ပါ။ ဒီအချက်လေးကြောင့် အစားကြီးတဲ့ သူတွေတော့ စိတ်ညစ်မှာပဲနော်။ ဒါပေမယ့် ဒီအချက်လေးကို အမြဲလိုက်နာရင် ကောင်းကောင်း အိပ်ပျော်နိုင်ပြီး အိပ်ရာဝင်ခါနီး အစားစားလို့ အစာမကြေတာတွေ ၀ိတ်တက်တာတွေ အတွက်လည်း ပူစရာမလိုတော့ဘူးပေါ့။

    မနက်ခင်းနှင့် နေ့ဘက်တွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း ကိုလုပ်ခြင်းဖြင့် စိတ်ဖီစီးမှုကိုလျှော့ချ နိုင်ပါတယ်။ သို့သော် မအိပ်မီ ၃နာရီအတွင်း အပြင်းအထန် ကိုယ်လက် လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေ ပါလိမ့်မယ်။ ဒီ့ပြင် ကျန်းမာပြီး သွယ်လျလာစေမှာ ဖြစ်လို့ မှန်မှန် လုပ်သင့်တယ်နော်။

    ညစဉ် ပုံမှန်အိပ်ချိန်မှာ အိပ်ရာဝင်ပါ။ မွန်းလွဲပိုင်းမှာ တရေးတမော အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ လိုအပ်ပါက သင်နိုးလာပြီး ၈နာရီ ကြာမှသာလျှင် ၁၀-၁၅ မိနစ် ခဏတာသာအိပ်ပါ။

    စိတ်တည်ငြိမ်မှု ရစေရန် မအိပ်မီ ၁နာရီအတွင်း အလုပ်လုပ်ခြင်း၊ စိတ်လှုပ်ရှားဖွယ် စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း၊ ဂိမ်းကစားခြင်း  စသည်တို့ကိုရှောင်ကြဉ်ပါ။

    သင်၏အိပ်ချိန်မှာ သင့်ကိုစိတ်ပူပန်စေတဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာများကို မတွေးပါနဲ့။  အိပ်ချိန်မှာ မိမိရဲ့ခံစားချက် များကို ဆွေးနွေးခြင်းမပြုပါနဲ့။

    သင့်အိပ်ရာဝန်းကျင်မှာ အိမ်မွေးတိရစ္ဆာန်များ မရှိပါစေနဲ့။ သင့်အတွက် ဓာတ်မတည့်မှု (သို့) ၄င်းတို့၏ လှုပ်ရှားမှုများက သင့်ကို နိုးစေနိုင်သောကြောင့်ဖြစ်ပါတယ်။

    နီကိုတင်းဓာတ်က သင့်၏ အိပ်စက်မှုကိုနှောင့်ယှက်နိုင်သောကြောင့် အိပ်ချိန်မှာဆေးလိပ်သောက် ခြင်းကိုရှောင်ပါ။ ကဖင်းဓာတ်က သင်၏အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေလို့ ကော်ဖီ၊ ကိုလာ၊ လက်ဘက်ရည် ၊ချောကလက် စသည်တို့ကို မအိပ်မီ ၆ နာရီအတွင်း စားသုံးခြင်းကို ရှောင်ပါ။

    အရက်သောက်သုံးခြင်းက သင့်ကိုမြန်မြန် အိပ်ပျော်စေရန် ကူညီပေးပါတယ်။ ဒါပေမယ့် သင်အိပ်နေစဉ် ခန္ဓာကိုယ်မှ အရက်ကို ချေဖျက် စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေရလို့ အရက်ဖြတ်စဉ် ခံစားရတဲ့ လက္ခဏာများဖြစ်တဲ့ လန့်နိုးခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

    သင့်အိပ်ရာနေရာဟာ ကောင်းစွာတိတ်ဆိတ်မှောင်မိုက်ပြီး သက်တောင့်သက်သာရှိပါစေ။
    အိပ်ရာဝင်တဲ့အခါ ပက်လက်လေးအိပ်၊ ဗိုက်ပေါ်လက်တင်၊ စိတ်လျှော့ပြီး ၀င်လေထွက်လေကိုပဲ သေချာအာရုံစိုက်ပါ။

    အိပ်မပျော်တဲ့ရက်များ ရှည်ကြာလာရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်လို့ သင့်ကို ကောင်းစွာအိပ်ပျော်နိုင်စေရန် ကူညီပေးမည့်ဆေးဝါး (သို့) သင့်တော်သော နည်းလမ်းများကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသမှုခံယူဖို့လိုပါတယ်။

လူတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး အိပ်မက်လှလှ မက်ကြပါစေ.......................
http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A2861987&xgs=1&xg_source=msg_share_post

တက္ကသိုလ်မှပညာ အင်တာနက်ဖြင့်ရှာ

နာမည်ကျော်တက္ကသိုလ်ကြီးတွေမှာ ဘာတွေသင်နေတယ်၊ ဘယ်လိုတွေသင်နေတယ် ဆိုတာတွေကို အင်တာနက်က
တစ်ဆင့် လေ့လာသင်ယူနိုင်ပါပြီ။ အဲဒီတက္ကသိုလ်ကြီးတွေက သူတို့သင်ကြားမှုတွေကို အင်တာနက်ကနေ အခမဲ့ဖြန့်
ဝေပေးနေတဲ့ အစီအစဉ်ကို OCW (OpenCourseWare) လို့ ခေါ်တယ်။

တက္ကသိုလ်တွေ အွန်လိုင်းပေါ်ရောက်လာတာ ၁၉၉၉ ခုနှစ်လောက်ကတည်းက လို့ပြောရမယ်။ ဂျာမနီက Tubingen
တက္ကသိုလ်က ဗီဒီယိုသင်ခန်းစာတွေကို အွန်လိုင်းကနေ အဲဒီအချိန်ကတည်းက လွှင့်ထုတ်နေပြီ။

၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ MIT တက္ကသိုလ်ကနေ OCW ဆိုပြီးစတင် လွှင့်တင်ထားတယ်။ အလားတူ Yale,
Machigan တက္ကသိုလ်နဲ့ California Berkely တက္ကသိုလ်တွေမှာလည်း OCW စနစ်ကို ကျင့်သုံးနိုင်ဖို့ MIT က အကူ
အညီတွေ အများကြီးပေးခဲ့တယ်။

MIT အနေနဲ့ OCW နောက်မှာ ရပ်တည်နေရတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရှာမှီးလိုသူတွေ အွန်လိုင်း ကတစ်ဆင့်
ပညာဗဟုသုတရရှိစေရန်ဆိုပြီး ရည်ရွယ်ခဲ့တယ်။  အွန်လိုင်းမှာ မိမိသိချင်တာ၊ တတ်ချင်တာကို ရှာဖွေလေ့လာနိုင်ခြင်း
ဖြင့် မိမိလက်ရှိ သင်ကြားနေတဲ့ ပညာရေးကို အထောက်အကူ ပြုစေရန်ဆိုတာ MIT ရဲ့ OCW အပေါ်ထား တဲ့
စေတနာလို့ပဲဆိုရမယ်။ နောက်ပိုင်း MIT ရဲ့ ပုံစံအတိုင်း တက္ကသိုလ်အတော်များများက အတုယူပြီး လိုက်လုပ်လာပါ
တယ်။ အဲဒီလို အွန်လိုင်းကတစ်ဆင့် ပညာရှာနိုင်ဖို့ OCW လုပ်ငန်းတွေကို William and Flora Hewlett Foundation
ကနေ အထောက်အကူ ပေးနေတယ်။

ပညာရေးမှာ နည်းပညာက အများကြီး အထောက်အကူတွေပေးလာတယ်။ ပညာသင်ကြားရေးမှာ သတင်း အချက်
ရရှိရေးဟာ အရေးကြီးပါတယ်။ မျက်မှောက်ခေတ်မှာ အင်တာနက်ဆိုတာ သတင်းအချက်အလက် အများဆုံးရရှိနိုင်တဲ့၊
အမြန်ဆုံးရရှိနိုင်တဲ့နေရာတစ်နေရာဖြစ်တယ်။ ဟားဗတ်နဲ့ MIT တက္ကသိုလ်ကြီးတွေမှာ တံခါးတွေဖွင့်ထားတာကြောင့်
ဝင်သွားဖို့ သိပ်မခက်တော့ပါဘူး။

ပညာရေးဆိုတာ စာသင်ခန်းထဲမှာ ပိတ်လှောင်ထားပြီး “ကျက်မှတ်သင်အံ” ဆိုတဲ့ အဆင့်ကနေ အင်တာနက် မှာ
“တွေ့မြင်ခံစား လက်တွေ့လေ့လာ” ဆိုတဲ့အဆင့်ကိုရောက်လာတယ်။ အသိဉာဏ်တံခါးကို ဖွင့်သူတွေက ဖွင့်လိုက်
တယ်။ သတ္တိရှိရှိ ဝင်ရဲဖို့လိုတယ်။ တစ်ခုတော့ရှိတယ် အဲဒီ တံခါးဆီကို အရောက်သွားရမယ်။ စေ့ထား တဲ့တံခါးကို
တွန်းဖွင့်ရဲရမယ်။ အွန်လိုင်းပေါ်မှာ အကောင်းဆုံး OCW တံခါးပေါက် ၁၅ နေရာကို ဖော်ပြလိုက်ပါတယ်။

1.    MIT
(http://ocw.mit.edu/index.htm)
MIT ဆိုတာ Massachusetts Institute of Technology ရဲ့ အတိုကောက်ပါ။ ကမ္ဘာ့ အကောင်းဆုံး OCW စာရင်းမှာ
ပါတယ်။ ခေတ်ဦးကိုမီခဲ့တာကြောင့် စုဆောင်းထားသမျှ အတော်လေးစုံတယ်။ ခုမှ စတင်လေ့ လာချင်သူတွေအတွက်
အကောင်းဆုံးနေရာ တစ်ခုအနေနဲ့ ညွှန်းချင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

2.    iTunes U
(http://www.apple.com/education/itunes-u/)
Audio နဲ့ video ဖိုင်တွေ အများကြီးတင်ထားပေးတယ်။ သင်ကြားပို့ချချက်ပေါင်း ၃၅၀၀၀၀ လောက်ရှိတယ်။
ကမ္ဘာအနှံ့ ကျောင်းသင်ခန်းစာတွေဖြစ်ပါတယ်။ Standford နဲ့ Harvard တက္ကသိုလ်က ပို့ချမှုတွေပါ ရနိုင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

3.    UC Berkeley    
(http://webcast.berkeley.edu/)
အွန်လိုင်းအသံလွှင့်ပို့ချချက် (webcasts) တွေကို အများကြီးတင်ထားပေးတယ်။ ရိုးရိုး ပုံမှန် သင်ရိုးတွေအပြင်၊
အထူးပို့ချချက်တွေလည်း ထည့်သွင်းထားတယ်။

~۝۝~~۝۝~~۝۝~~۝۝~

4. The Open University
(http://open.ac.uk/)
ဗြိတိန်အခြေစိုက် အွန်လိုင်းတက္ကသိုလ်တစ်ခုပါ။ ရွေးချယ်စရာတွေများတယ်။ စိတ်ပညာကနေ ရူပဗေဒ ဘာသာရပ်
အထိ စိတ်ဝင်စားဖွယ် ပို့ချချက်တွေရှိတယ်။

~۝۝~~۝۝~~۝۝~~۝۝~

5. YouTube EDU
(http://www.youtube.com/education?b=400)
တရားဝင် ပို့ချချက်တွေကိုပဲတင်ထားတယ်။ မဟုတ်တရုတ် ဗီဒီယိုတွေ၊ အသံလွှင့်ချက်တွေလုံးဝ မတင်ထားဘူး။
ပို့ချချက်တွေမှာ UCLA, Standford, Purdue, Auburn စတဲ့ နာမည်ကျော် တက္ကသိုလ် ကြီးတွေပါတယ်။

~۝۝~~۝۝~~۝۝~~۝۝~

6. Khan Academy
(http://www.khanacademy.org/)
နောက်ပိုင်းပေါ်ထွက်လာတဲ့ ခေတ်မီအတိုးတက်ဆုံး site တစ်ခုဖြစ်ပါတယ်။ ဘာသာရပ်ပေါင်းစုံ၊ အတွေးအမြင်
ပေါင်းစုံနဲ့ ပတ်သက်တဲ့ ဗီဒီယိုဆွေးနွေးချက် သင်ခန်းစာတွေ အများကြီးတင်ထားတယ်။ လေ့ကျင့်ခန်း တွေကိုလည်း
ကိုယ်တိုင်လိုက်လုပ်နိုင်အောင် စီစဉ်ပေးထားတယ်။ ဒီ site ရဲ့ နောက်ကွယ်မှာ အထောက် အပံ့အများဆုံး ပေးနေသူ
ကတော့ ဘေဂိတ်စ် ဖြစ်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

7.    Connexions
(http://cnx.org/)
Rice တက္ကသိုလ်ရဲ့ ပို့ချချက်တွေကို စုဆောင်းတင်ပြပေးထားတယ်။ ဘာသာရပ်မျိုးစုံကို လေ့လာနိုင်တယ်။
ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်၊ ကိုယ်လေ့လာသုတေသနပြုထားတာတွေကိုလည်း သူတို့ဆီကတစ်ဆင့်
share ပြန်လုပ်နိုင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

8. Columbia Interactive
(http://ci.columbia.edu/ci/)
ဒီ site ထဲကို ဝင်လိုက်ရင် တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်တာတွေ၊ သင်ပေးနေတဲ့ ပို့ချချက်တွေ၊ ဘာသာရပ်
ပေါင်းစုံဆွေးနွေးချက်တွေ၊ သင်ထောက်ကူပစ္စည်းတွေကို စုံလင်အောင်တွေ့ရပါလိမ့်မယ်။ လေ့လာချင်သူတွေအတွက်
အများကြီးအထောက်အကူ ပေးနိုင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

9. John Hopkins University Bloomberg School of Public Health
(http://ocw.jhsph.edu/)
ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီ site ကအများကြီး
အထောက် အကူပေးနိုင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

10. MyCourses
(http://mycourses.med.harvard.edu/public/)
Harvard တက္ကသိုလ်ကနေ အခြား လူချမ်းသာ သားသမီးတွေတက်တဲ့ ကျောင်းတွေအတွက် အထူး စီစဉ်ပေးထား
တဲ့ သင်ကြားပို့ချချက်တွေဖြစ်ပါတယ်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးထားတာ ကြောင့် များများ
စားစားတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်ကောင်းတဲ့ ပို့ချချက်တွေပါ။

~۝۝~~۝۝~~۝۝~~۝۝~

11.    Academic Earth
(http://academicearth.org)
အွန်လိုင်းသင်ခန်းစာ အတော်များများကို စုဆောင်းတင်ပြထားတယ်။ ကမ္ဘာအနှံ့ ထူးခြားတဲ့ ဟောပြော ပို့ချချက်တွေကို
လေ့လာနိုင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

12.    BBC-Languages
(http://www.bbc.co.uk/languages/)
တကယ့်ကို ထူးထူးခြားခြား စီစဉ်ပေးထားပါတယ်။ အခမဲ့ အသံဖိုင်၊ ဗီဒီယိုဖိုင် ပို့ချချက်တွေကိုရရှိနိုင်ပါတယ်။
ဘာသာစကားမျိုးစုံနဲ့ ရရှိနိုင်အောင်လည်း စီစဉ်ပေးထားတယ်။ ပြင်သစ်၊ စပိန်၊ ဂျာမန်၊ အီတလီ၊ တရုတ် ဘာသာ
တွေနဲ့ လေ့လာနိုင်အောင် စီစဉ်ပေးထားတယ်။

~۝۝~~۝۝~~۝۝~~۝۝~

13.    Einztein
(http://einztein.com/)
ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်ပေမယ့် သင်ယူမှု ဆိုင်ရာအထူးစီစဉ်ထားတဲ့ site တစ်ခုဖြစ်တယ်။ ကမ္ဘာအနှံ့ သင်ကြား
ပို့ချချက်တွေကို ရရှိနိုင်တယ်။ အခမဲ့အွန်လိုင်းအတော်များများနဲ့လည်း ချိတ်ဆက်ပေးထားတယ်။

~۝۝~~۝۝~~۝۝~~۝۝~

14.    OCW Consortium
(http://www.ocwconsortium.org/)
အွန်လိုင်းပို့ချချက်အတော်များများကို တင်ထားပေးတယ်။ အကောင်းဆုံးကျောင်းတွေက၊ အတော်ဆုံး ဆရာတွေရဲ့
သင်ကြားမှုတွေကို လေ့လာနိုင်တယ်။

~۝۝~~۝۝~~۝۝~~۝۝~

15.    Open Culture
(http://www.openculture.com)
ပညာရပ်ဆိုင်ရာ ရင်းမြစ်တွေကို အခမဲ့ရနိုင်အောင် စီစဉ်ပေးထားတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ၊
ရေဒီယို အသံလွှင့်ချက်တွေကို အများကြီးရနိုင်တယ်။

ဆောင်းပါးရှင် - တင်ညွှန့် 
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1868014&xgs=1&xg_source=msg_share_post

ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။  တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်

ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်

တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်

ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်

ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်

ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်

နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။     

ဇွန်
Ref:  Good Health 

ဖုန်းရေထဲ ကျသွားရင်ဘာတွေလုပ်မလဲ ???

Photo: ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းလ်ဖုန်း လေးသန်းချပေးမည်

ယခုနှစ် ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ကာလအတွင်း မိုဘိုင်းလ်ဖုန်းအရေ အတွက် လေးသန်း ချထားပေးသွားရန် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

အဆိုပါ အလုံးရေ ပြည့်မီရေးအတွက် ကျေးလက်ဒေသများသို့ အရစ်ကျစနစ် ဖြင့် ရောင်းချ ပေးလျက်ရှိပြီးကနဦးပေးသွင်းငွေကို လေးသောင်းကျပ် သတ်မှတ်ထားကာ နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းလိုင်းအတွက် ကျန်ရှိငွေတစ်သိန်း ခြောက်သောင်းကျပ်ကို တစ်လလျှင် တစ်သောင်းနှုန်းဖြင့် အရစ်ကျရောင်း ချပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ယခင်က နိုင်ငံ့ဝန်ထမ်းများကို
သာ   အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သော်
လည်း ကျေးလက်ဒေသများသို့ မိုဘိုင်းလ် ဖုန်းတိုးချဲ့ရေး စီမံကိန်းအရ အများပြည်သူများကိုမိုဘိုင်းလ်ဖုန်းလိုင်းများအရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း  ဖြစ်သည်။

 အဆိုပါ အရစ်ကျစနစ်ကို အောက်တိုဘာ ၁ ရက်မှစတင်၍ ဒီဇင် ဘာ ၃ဝ ရက်အထိ ရောင်းချပေးမည် ဖြစ်သည်။   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ရေးနှစ်တစ်နှစ်တာ  ကာလအတွင်း   မိုဘိုင်းလ်ဖုန်း လိုင်းအရေအတွက် ၁ဝ သန်းခန့် ထပ်မံချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲနှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။  အနီးစပ်ဆုံး   ဥပမာ  ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။   ဆန်အိုးထဲနှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း   နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင်ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာအလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို
ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး  ပုံမှန်အလုပ်လုပ်တယ် ဆိုရင်တောင်  ဆိုင်ကို တစ်ခေါက်တော့  သွားပြသင့်ပါတယ်။အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touchအလုပ်မလုပ်တော့တာ မျိုးတို့ ဖြစ်တတ်လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့ ရေစိုဖုန်းများ မြန်မြန် အသက်ပြန်ရှင်နိုင်ပါတယ်။သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံးနည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

facebook မှ

ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထား မော်လ်တာ နိုင်ငံတွင် ပြုလုပ်

Photo: ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထား မော်လ်တာ နိုင်ငံတွင် ပြုလုပ်

ဥရောပ တိုက်ရှိ မော်လ်တာ နိုင်ငံတွင် ချောကလက် တစ်မျိုးတည်းဖြင့် ရထား တည်ဆောက်ခဲ့ရာ ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထားအဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

၎င်းအား ဘရပ်ဆယ်လ်မြို့ တောင်ပိုင်း ဘူတာရုံ၌ ခင်းကျင်း ပြသခဲ့ပြီး ၎င်းမှာ ၁၁၂ ပေ(၃၄ ဒသမ ၅ မီတာ) ရှည်၍ ၂၇၅၅ ပေါင် (၁၂၅ဝ ကီလို) ကျော် အလေးချိန် ရှိကြောင်း သိရသည်။

အပြောင်မြောက်ဆုံး လက်ရာဖြစ်သော အဆိုပါ ချောကလက် ရထားအား နာရီပေါင်း ၇ဝဝ ကျော်ကြာ ပြုလုပ် ခဲ့သည်ဟု ရထား ပြုလုပ် ဖန်တီးသူ ပညာရှင် အန်ဒရူး ဖာရူဂျီယာက ပြောကြား ခဲ့သည်။

ဖာရူဂျီယာသည် ယခင်ကလည်း ၁၂ ပေ အရှည်ရှိ မီးရထား တစ်စင်း ပြုလုပ် ခဲ့ဖူးကြောင်း သိရသည်။ ယခု ပြုလုပ်ထားသည့် ချောကလက် ရထားတွဲ များတွင် အပိုင်းနှစ်ပိုင်း ပါရှိ၍ ပထမ ခုနစ်တွဲအား ဘယ်လ်ဂျီယံ တွင် လက်ရှိ ပြေးဆွဲနေသော ရထားတွဲ ပုံစံပြုလုပ် ထားပြီး ကျန်အတွဲ များကို ဘားတစ်ခုနှင့် စားသောက်ဆိုင် တစ်ခု ပါရှိသော တွဲတစ်တွဲ အပါအဝင် ရှေးဟောင်း ရထား တွဲများ ပုံစံ ပြုလုပ်ထားသည်။

အင်ဒရူးသည် သစ်သားသေတ္တာ ၂၅ လုံးထဲတွင် ချောကလက် ရထားတွဲ ထည့်၍ ကုန်တင်ကားဖြင့် မော်လ်တာ နိုင်ငံမှ ဘယ်လ်ဂျီယံ နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။  

http://myawady.net.mm/all-news/international-news/2012-11-24-03-58-52

အမျိုးသမီးများ မှားယွင်းတတ်သော အလေ့အကျင့်များ

၁။ တော်ရုံတန်ရုံဆို ဆရာဝန်ပြစရာ မလိုပါဘူး
အသေးအမွှားခေါင်းကိုက်တာ၊ ဖျားနာတာ လောက်ဟာ သင့်အတွက် ပြဿနာ မဟုတ်ပေမယ့် အချိန်တိုင်း လိုလိုသာ ဖြစ်နေမယ်ဆိုရင်တော့ သင့်နောင်ရေး အတွက် မကောင်းနိုင်ပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ကို အမြဲတိုင်းတာပါ။ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရော ကို အမြဲတိုင်းတာစစ်ဆေးပါ။ ဖြည့်စွက် အစားအစာနဲ့ လေ့ကျင့်ခန်းကို သင့်နေထိုင်မှုထဲမှာ ထည့်ပေါင်းပါ။ ရင်သားစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ။

၂။ တို့ကတော့ ဒေါက်မြင့်ဖိနပ် စီးနေကျပါပဲ
အချိန်ကြာကြာ ဒေါက်မြင့်သုံးလက်မကနေ ငါးလက်မအထိ မြင့်တာတွေစီးတာကြောင့် တင်ပါးဆုံရိုးနဲ့ နောက်ကျောနာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကြာရှည်လမ်းလျှောက် ရမယ်ဆိုရင် ဖိနပ်အပါးနဲ့ နှစ်လက်မဒေါက် ဟာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။
 
၃။ ကော်ဖီချစ်သူပါ
လူတစ်ယောက်အတွက် တစ်နေ့တာမှာ ကဖင်းပါတဲ့ဖျော်ရည် ၂၀၀ ကနေ ၃၀၀ မီလီဂရမ်ဆိုရင် လုံလောက်ပါတယ်။ သုံးခွက်လောက်ဆိုရင် ပြည့်စုံတဲ့ပမာဏ ဖြစ်နေပါပြီ။ ဒီ့ထက်ပိုမယ်ဆိုရင်တော့ ခေါင်းကိုက်တာမျိုးနဲ့ မအီမသာ ဖြစ်တာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။
 
၎။ တစ်ညခြောက်နာရီပဲ အိပ်တယ်
ပျမ်းမျှအိပ်ချိန်ကို အမြဲစစ်ဆေးကြည့်ပါ။ သင်ဟာ မနက်ခြောက်နာရီထဖို့ ည ၁၂ နာရီမှသာ အိပ်ရာဝင်မယ်ဆိုရင် အိပ်မပျော်ခင်အချိန်ဟာ တစ်ခါတလေ အိပ်ရာထဲမှာ တစ်နာရီလောက် ကြာနေတတ်ပါတယ်။ ဒီလို အတိအကျ ချိန်ဆလို့ မရပါဘူး။ လေ့လာမှုတွေအရကတော့ လူတစ်ယောက်အတွက် ခဏခဏ ပြန်လည်နိုးထခြင်းမရှိဘဲ တစ်နေ့ကို ရှစ်နာရီလောက် အိပ်ဖို့တော့ လိုအပ်ပါတယ်။

၅။ ခံတွင်းသန့်ရှင်းဖို့ မကြာခဏ သွားတိုက်တယ်
သွားပွတ်တံနဲ့ သွားတိုက်ပေးတာဟာ ခံတွင်းက ပိုးမွှားတွေနဲ့ အနံ့ဆိုးတွေကို ကင်းစင်စေတာ အမှန်ပါပဲ။ သွားနဲ့ ခံတွင်းသန့်ရှင်းရေး ပြုလုပ်တာကြောင့် နှလုံးရောဂါတွေကိုပါ ကာကွယ်နိုင်တယ် ဆိုတာ လေ့လာမှုတွေအရ သိရပါတယ်။ ဒါပေမဲ့ ခဏခဏတိုက်ဖို့တော့ မလိုပါဘူး။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်မီ တစ်ကြိမ်ဆို လုံလောက်ပါတယ်။ အစားအစာတွေ စားပြီးတိုင်း ပလုတ်ကျင်းပေးနိုင်ပါတယ်။
 
၆။ တစ်နေ့လုံး ဂီတတွေနဲ့ အချိန်ကုန် စေတယ်
လုပ်ငန်းခွင်ထဲမှာ သီချင်းဖွင့်ထားတာက ပြဿနာမဟုတ်ပေမယ့် နားကြပ်နဲ့ တစ်နေ့ကုန်သာ နားထောင်နေမယ် ဆိုရင်တော့ သင့်အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ နားကြပ်တပ်ဆင် နားထောင်မယ်ဆိုရင် တစ်နေ့ကို အများဆုံး နှစ်နာရီသာ ဆက်တိုက်နားထောင်သင့်ပြီး အသံကို အဆင့်သုံးလောက်သာထားရင် စိတ်ချရပါတယ်။
Ref: Good Health
source >>>http://natureenergycare.blogspot.com/2012/11/blog-post_6217.html

မန်ကျည်း(Tamarind)အကြောင်းသိမှတ်စရာအဖြာဖြာ

ပုံသဏ္ဌာန် :
ပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ အဖူးနှင့် အဆုံးသတ်သော ပန်းခိုင်မျိုးဖြစ်သည်။ အသီးသည် ရှည်မျောမျော နည်းငယ်ကွေးသည်။ မအက်ကွဲသီး ဖြစ်သည်၊ အစေ့သည် လေးထောင့်ပုံသဏ္ဌာန်ဖြစ်၍ နီညိုရောင်ရှိသည်။

အပင်---
-အမြဲစိမ်း သစ်မာပင် ကြီးမျိုး ဖြစ်သည်။ အခေါက်များ မည်းညိုရောင် ရှိပြီး ထူပြီး ကြမ်းသည်။ အကိုင်းများစွာ ဖြာသည်။

အရွက်--
 ငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ရွက်လွှဲ ထွက်သည်။ ရွက်မြွာများ သေးငယ်၍ နူးညံ့ပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရှည်မျောမျော ပုံရှိသည်။

အပွင့်---
  သေးငယ်သည်။ အ၀ါရောင် ပေါ်တွင် အနီစင်း များရှိသည်။ တစ်ခိုင်တွင် အပွင့် ၁၀-၁၅ ပွင့် ပါရှိသည်။ တန်ဆောင်မုန်း နတ်တော်လ တွင် ပွင့်၏ ။
 
အသီး----
 သီးတောင့် ရှည်မျိုး ဖြစ်သည်။ စိမ်းညိုရောင် ရှိသည်။ အသားထူသည် ။ တစ်ခန်း တွင် အစေ့ တစ်စေ့ ပါသည်။ အစေ့သည် တောက်ပ သော ညိုမည်းရောင် ရှိ၍ မာသည်။ ပြာသို ၊ တပို့တွဲ ၊ တပေါင်း တွင် အသီးရင့် သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ :
ပဉ္စငါးပါး ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အစေ့။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ :
အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ အာနိသင်---
မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ၀မ်းမီး ကို တောက်စေ ၏ ၊ အနည်းငယ် ၀မ်းသက်စေ ၍ သလိပ်နှင့် လေကို နိုင်၏။

အသုံးပြုပုံ-

ပဉ္စငါးပါး
၁ ။ မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

အခေါက်
၁ ။ အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ၀ါ ရောဂါ နှင့် ၀မ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။
၂ ။ အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။
၃ ။ အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ၀မ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏ ။
၎ ။ အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။
၅ ။ အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တ၀ါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။

အရွက်
၁ ။ အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။
၂ ။အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။
၃ ။ အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။
၎ ။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။
၅ ။ မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

အသီး
၁ ။ မန်ကျည်းသီး အနှစ်အား ၀မ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။
၂ ။ မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလ၀မ်း ရောဂါ ပျောက်၏ ။
၃ ။မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။

အစေ့
၁။မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။
၂ ။ မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ၀မ်းသွားခြင်း ၊ ၀မ်းကိုက် ခြင်း ပျောက်၏ ။
၃ ။အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။
၎ ။မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ၀မ်းရောဂါ ပျောက်၏။
Ref>>မွေးနေ့ဆုမွန်

ကင်ဆာရောဂါကို နေ့စဉ်ဝယ်နေကြသူများ

Photo: ကင်ဆာရောဂါကို နေ့စဉ်ဝယ်နေကြသူများ

မိမိ အာဟာရဖြစ်စေမည့် အစာကို ငွေဖြင့်မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာမဝင်အောင် သေစေသော ကြောက်စရာကင်ဆာရောဂါဆိုးကို နေ့စဉ်ငွေပေး၍ စားသုံးမှီဝဲနေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာ ရဖြစ်စေသော အစာအာဟာရအဖြစ်
အယောင်ဆောင်၍ နေ့စဉ် လွှမ်းမိုးနေ သည်။ နေ့စဉ်ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန်အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရအစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေ
ါ်လာသူဖြစ်ကြောင်း စားသုံးမှီဝဲသူပင်မသိ။ ဘာသိဘာသာနေပြီး စားသုံးမှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူရနိုင်သည်။ ဝယ်နိုင်သည်။

ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်
မြေကြီးစိုးနေကြသည်။ အလွယ်တကူစားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံးမှီဝဲလိုက်ကြသည်။
ထိုအရာကားအခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်းနေရာတိုင်း၊ အချိန်တိုင်းတွေ့ကြရသည်။ မှီဝဲစားသုံးကြရသည်။ မြို့နေ၊ တောနေလူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာစားသုံးမှု အဖြစ် နေရာယူနေကြသည်။လူမှုရေးလောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ်လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူဝတ်ပြု နေကြသည်ကတော့ မှန်ပါသည်။

သို့သော်...အစဉ်အလာမလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။အစဉ်အလာ မလုပ်ဘဲ၊ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ
ရှောင်ကြဉ်ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့စရိုက်ဆိုး ကလည်း ကွယ်ပျောက်သွားကြရမည်သာဖြစ်သည်။ ရှေးလူကြီးမင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုးတို့ဘွားများက လက်ခံကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်''ဟူ၍ ပေါ့ပေါ့လေးပြောပြီး ပေါ့ပေါ့လေးလုပ်ခဲ့ကြသော ကြောင့်''ဓလေ့''အသွင်ဟန်ဆောင်၍ လူကခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေ မင်းကို လက်တွဲခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေးအသိ၊ ကျန်းမာရေး ဗဟုသုတကိုလည်းသိအောင်မလုပ်၊ ရှာမှီးခြင်းလည်းမရှိ၊

ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသောနိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှုကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည်ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်းမဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစားနေကြ သည်။ ပါးစပ်ကိုအအားမထား၊ အနားမနေ။

ကွမ်းထုပ် တစ်ထုပ်ပြီးတစ်ထုပ် တစ်နေကုန်စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထားလိုက်ကြသည်။
ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ် နေ့၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။

နေရာအနှံ့ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေးနယ်ပယ်၌ ပြဿနာမရှိ။ တွေ့သည့် နေရာတွင် ထွေးချလိုက်ကြ သည်။ ''ကွမ်းတံတွေးမထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီသွားကြပြီ။ ကွမ်းတံတွေးများက မြို့၏အင်္ဂါရပ်ကို အကျည်းတန်အရုပ်ဆိုးစေ သည်။ ပတ်ဝန်းကျင်အလှကို ဖျက်ဆီးလိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူလာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယဆေးတစ်ထုပ် ရနိုင်သည်။

ထိုဆေးငုံကြသူများကို ခံတွင်း၌ ရောဂါတစ်မျိုးကို ဖန်တီးလိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူသုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေးတပ်သား ''ကင်ဆာ'' ရောဂါက ဖိစီးဝင်ရောက် လာသည်။ ကြိုတင်မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည်တပ်လိုက်ပြီ။

ကုစားမရနိုင်သော ရောဂါဆိုးကြီးအဖြစ် ငွေကုန်သော်လည်း အသက်မမီ လိုက် သောအခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ်ပစ္စည်း ဒုက္ခက ပိုလာ သည်။ ကွမ်းတံတွေးကို အရမ်းထွေးပစ်၍မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေးလျက်ရှိ ပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေးတွေဖြင့် စားသုံးသူ၊ မှာကြားသူအတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီးငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေး နှင့် ထုံးတို့ဖြင့် စားတတ်ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ်
သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင်ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက်ဆိုးကျိုးအနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများဖြစ်စေ သည်။

သွားဖုံးရောင်ရောဂါ၊ မျိုးစုံ လှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှားလိုက်ကြ ပါစို့...။

အေးချမ်းမွန်မှ  မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီသတင်း
မိမိ အာဟာရဖြစ်စေမည့် အစာကို ငွေဖြင့်မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာမဝင်အောင် သေစေသော ကြောက်စရာကင်ဆာရောဂါဆိုးကို နေ့စဉ်ငွေပေး၍ စားသုံးမှီဝဲနေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာ ရဖြစ်စေသော အစာအာဟာရအဖြစ်

အယောင်ဆောင်၍ နေ့စဉ် လွှမ်းမိုးနေ သည်။ နေ့စဉ်ငွေရာ ထောင်ချီ၍ ကုန်နေသည်။

ထိုသို့ ငွေကြေး အကုန်အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရအစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူဖြစ်ကြောင်း စားသုံးမှီဝဲသူပင်မသိ။ ဘာသိဘာသာနေပြီး စားသုံးမှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူရနိုင်သည်။ ဝယ်နိုင်သည်။

ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ် မြေကြီးစိုးနေကြသည်။ အလွယ်တကူစားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံးမှီဝဲလိုက်ကြသည်။ ထိုအရာကားအခြားမဟုတ် ''ကွမ်းယာ''။

ကွမ်းယာကို နိုင်ငံတစ်ဝန်းနေရာတိုင်း၊ အချိန်တိုင်းတွေ့ကြရသည်။ မှီဝဲစားသုံးကြရသည်။ မြို့နေ၊ တောနေလူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာစားသုံးမှု အဖြစ် နေရာယူနေကြသည်။လူမှုရေးလောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ်လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူဝတ်ပြု နေကြသည်ကတော့ မှန်ပါသည်။

သို့သော်...အစဉ်အလာမလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။အစဉ်အလာ မလုပ်ဘဲ၊ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ်ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့စရိုက်ဆိုး ကလည်း ကွယ်ပျောက်သွားကြရမည်သာဖြစ်သည်။ ရှေးလူကြီးမင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုးတို့ဘွားများက လက်ခံကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။

''ကွမ်းစား၊ ဆေးသောက်''ဟူ၍ ပေါ့ပေါ့လေးပြောပြီး ပေါ့ပေါ့လေးလုပ်ခဲ့ကြသော ကြောင့်''ဓလေ့''အသွင်ဟန်ဆောင်၍ လူကခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေ မင်းကို လက်တွဲခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေးအသိ၊ ကျန်းမာရေး ဗဟုသုတကိုလည်းသိအောင်မလုပ်၊ ရှာမှီးခြင်းလည်းမရှိ၊

ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသောနိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှုကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည်ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်းမဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစားနေကြ သည်။ ပါးစပ်ကိုအအားမထား၊ အနားမနေ။

ကွမ်းထုပ် တစ်ထုပ်ပြီးတစ်ထုပ် တစ်နေကုန်စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထားလိုက်ကြသည်။ ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ် နေ့၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။

နေရာအနှံ့ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေးနယ်ပယ်၌ ပြဿနာမရှိ။ တွေ့သည့် နေရာတွင် ထွေးချလိုက်ကြ သည်။ ''ကွမ်းတံတွေးမထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီသွားကြပြီ။ ကွမ်းတံတွေးများက မြို့၏အင်္ဂါရပ်ကို အကျည်းတန်အရုပ်ဆိုးစေ သည်။ ပတ်ဝန်းကျင်အလှကို ဖျက်ဆီးလိုက်ကြသည်။

ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူလာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယဆေးတစ်ထုပ် ရနိုင်သည်။

ထိုဆေးငုံကြသူများကို ခံတွင်း၌ ရောဂါတစ်မျိုးကို ဖန်တီးလိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူသုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေးတပ်သား ''ကင်ဆာ'' ရောဂါက ဖိစီးဝင်ရောက် လာသည်။ ကြိုတင်မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည်တပ်လိုက်ပြီ။

ကုစားမရနိုင်သော ရောဂါဆိုးကြီးအဖြစ် ငွေကုန်သော်လည်း အသက်မမီ လိုက် သောအခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ်ပစ္စည်း ဒုက္ခက ပိုလာ သည်။ ကွမ်းတံတွေးကို အရမ်းထွေးပစ်၍မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေးလျက်ရှိ ပါသည်။

ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေးတွေဖြင့် စားသုံးသူ၊ မှာကြားသူအတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီးငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေး နှင့် ထုံးတို့ဖြင့် စားတတ်ကြသည်။ ဝါးကြသည်။ ငုံကြသည်။

အချို့က ကွမ်းရည်ကို မျိုချသည်။အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ်
သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။

သို့သော် ကွမ်းယာတွင်ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက်ဆိုးကျိုးအနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်းသည့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများဖြစ်စေ သည်။

သွားဖုံးရောင်ရောဂါ၊ မျိုးစုံ လှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှားလိုက်ကြ ပါစို့...။

 From :မြ၀တီသတင်း

အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်

Photo: အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်

အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ၊ မျက်နှာပေါ်မှာ တင်းတိပ်လို အကွက်ပေါ်တာ စတဲ့ အိုမင်းစေတဲ့ အချက်တွေ ကင်းဝေးပြီး အရွယ်မရွေး နုပျိုလှပနေစေဖို့ အောက်ပါနည်းသုံးသွယ်ကို အမြဲ လိုက်နာသင့်ပါတယ်။

(၁) အရိပ်ထဲမှာ နေပါ
...

နေပူထဲမှာ နေတဲ့အခါ အသားအရေကို အရေးကြောင်းဖြစ်စေတာ အပြင် မျက်စိကျိန်းကာ မျက်မှောင်ကြုတ်ထားတာကြောင့် မျက်ဝန်းထောင့်နဲ့ မျက်ဝန်းအောက်တွေမှာ အရေးကြောင်းထင်နိုင်ခြေ များပါတယ်လို့ ဘော့စတွန်ရှိ အရေပြား အထူးကု ရာနီလာက ဆိုပါတယ်။ ဒါကြောင့် နေပူဒဏ် မရစေမယ့် အရိပ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်က တက်လိုက်၊ ကျလိုက် မကြာခဏ ဖြစ်နေရင် အရေပြား လျော့တွဲကျနိုင်ခြေ များပါတယ်။ အသားအရေကလည်း တင်းရင်းမှု မရှိတတ်ပါဘူး။ ဒီလိုမဖြစ်စေဖို့ ပိန်အောင် လျှော့နေရင်တောင် အစားအသောက်ကို အလွန်အမင်း လျှော့တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်းသာ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။

(၃) ရာသီမရွေး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာက အသားအရေကို စိုပြည်တင်းရင်းစေတဲ့နည်းပါ။ တကယ်လို့ အပြင်ထွက်ရမယ်ဆိုရင် နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။

ကြယ်စင်

By Good Health

မိုဘိုင်းဖုန်း များကထွက် သော လျှပ်စစ် သံလိုက် လှိုင်းများကြောင့် လူ့ကျန်းမာ ရေး ထိခိုက် သည် ဆိုခြင်းမှာ မဟုတ်

Photo: မိုဘိုင်းဖုန်း များကထွက် သော လျှပ်စစ် သံလိုက် လှိုင်းများကြောင့် လူ့ကျန်းမာ ရေး ထိခိုက် သည် ဆိုခြင်းမှာ မဟုတ် 
http://www.myawady.net.mm/mwdhealth/treatment/prevent/215-2012-11-01-05-31-38
မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေသည် ၊ ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊ အမျိုးသားများ မျိုး မအောင်ခြင်းထိ ဖြစ်ပွားစေ သည်ဟူသော ပြောဆိုချက် များသည် လုံးဝကို မှားယွင်း နေသော ပြောဆိုချက် များဖြစ်ကြောင်း နော်ဝေနိုင်ငံက ပြုလုပ် ထားသော စစ်တမ်းက အတိအလင်း ပြောကြား လိုက်သည်။

မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တ
ာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေသည် ၊ ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊ အမျိုးသားများ မျိုး မအောင်ခြင်းထိ ဖြစ်ပွားစေ သည်ဟူသော ပြောဆိုချက် များသည် လုံးဝကို မှားယွင်း နေသော ပြောဆိုချက် များဖြစ်ကြောင်း နော်ဝေနိုင်ငံက ပြုလုပ် ထားသော စစ်တမ်းက အတိအလင်း ပြောကြား လိုက်သည်။

ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ

Photo: ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ 

ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရ အသက် ၇၅ နှစ်အရွယ် ဆွီဒင် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ 

သူ့အိမ်မှာ တပ်ဆင်ထားတဲ့ အင်တာနက် လိုင်းက တစ်စက္ကန့်ကို 40Gbs အထိ လိုင်းစွဲအားများပါတယ်။ ဒါကြောင့် Full HD ဗားရှင်း ဗီဒီယို ဖိုင်တစ်ဖိုင် ကို Download ဆွဲဖို့ ၂ စက္ကန့် သာ ကြာပါတယ်။ HDTV channel အခု ၁၅၀၀ ကိုလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သာမန် လူတစ်ယောက် ရရှိတဲ့ အင်တာနက် လိုင်းစွဲအားထက် အဆပေါင်း များစွာ သာလွန်နေတာ ဖြစ်ပါတယ်။ 

ဒီလို အင်တာနက် လိုင်းမြန်ရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူ့သား Peter Löthberg ဟာ အင်တာနက် geek တစ်ဦး ဖြစ်ပြီး နောက်တစ်ယောက် Karlstad Stadsnät ကလည်း ဒေသတွင်း Network ကောင်စီမှာ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ အင်တာနက်လိုင်း မြန်မြန်ဆန်ဆန် ရရှိရေး အတွက် ကြိုးပမ်းနေသူများ ဖြစ်ပါတယ်။ 

ယခု Sigbritt အမေအတွက် ဖန်တီးပေးထားတဲ့ အင်တာနက်လိုင်းက စံပြ တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဒီလို လိုင်း ဖြစ်အောင် ပြု လုပ် ပေးဖို့လည်း ကြိုးစားနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: reuters
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/blog-post_8368.html