“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, September 5, 2012

လူ့အရိုးတွနဲ့ ဆောက်ထားတဲ့ဘုရားကျောင်းတဲ့

ထူးထူးဆန်းဆန်း လူတွေရဲ့အရိုးတွေ၊ ခေါင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ဘုရားရှိခိုးကျောင်းဟာ အပြင်မှာ တကယ်ရှိပါတယ်ဆိုရင် ယုံချင်ပါ့မလားမသိဘူးနော်။ မယုံဘူးဆိုရင် အောက်က ပုံတွေမှာ ကြည့်နိုင် ပါတယ်။ လူတွေရဲ့ အရိုး အစစ် တကယ်ဟုတ်မဟုတ် သေချာ လေ့လာ စူးစမ်းချင်တယ်ဆိုရင်တော့ ချက်ဇ် ရီပတ်ပလစ်နိုင်ငံကို ကိုယ်တိုင်သွားရောက်လို့ လေ့လာနိုင်ပါတယ်နော်။
ပုံမှာမြင်ရတဲ့ဘုရားကျောင်းဟာ အတွင်းထဲမှာတော့ လူ့အရိုးပေါင်းများစွာနဲ့ မျက်နှာကျက်တွေ နံရံတွေ၊ တိုင်တွေမှာ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ချက်ဇ်ရီပတ်ပလစ်နိုင်ငံမှာ တည်ရှိတဲ့ Ossuary ဘုရားကျောင်းဟာ ဘယ်လိုများ တန်ဆာဆင်ထားသလဲဆိုတာ သိချင်ရင် ဘုရားကျောင်းထဲ ဝင်ကြည့်ကြပါစို့လားရှင်။
ပုံမှာ မြင်ရတဲ့အတိုင်းပါဘဲ။ အားလုံးမြင်နေရတဲ့ အရိုးတွေ ဦးခေါင်းတွေဟာ တကယ်ကို လူရိုးတွေ ဖြစ်ပါ တယ်။ Ossuary ဘုရားကျောင်းဟာ (Bone Church) လို့ လူသိများပြီး ချက်ဇ်လိုတော့ Kostnice လို့ခေါ်ကြပါတယ်။ လူပေါင်း ၄၀၀၀၀ ခန့်ရဲ့ အရိုးများကို ခင်းကျင်း ဆင်ယင်ထားတာ ဖြစ်ပြီး ဒီဘုရားကျောင်းကို ၁၃ရာစုမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုထည်ကြီးမားတဲ့ အဆောက် အဦး ဖြစ်သော်လည်း အလင်း ဝင်ပေါက်မှာ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်း ကနေသာ ဝင်ရောက်နိုင်အောင် စီမံထားတာဖြစ်လို့ ဘုရားကျောင်းထဲမှာ လျှပ်စစ်မီးသာ မရှိလျှင် အေးစိမ့် မှုန်မှိုင်းနေမှာ သေချာပါတယ်။ ဘုရားကျောင်းရဲ့ နံရံ၊ မျက်နှာကျက် ကြည့်လေရာရာ နေရာတိုင်းမှာ လူတွေရဲ့ အရိုးတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပြုလုပ်ဖန်တီးထားတာ တွေ့နိုင်ပါတယ်။ အဲဒီအရိုးတွေဟာ ဘုရားကျောင်းရဲ့ သင်္ချိုင်း မှာ နောက်ထပ် အသစ်ရောက်လာတဲ့ လူသေ အလောင်းများ မြုပ်နှံရန် နေရာ လွတ်အတွက် ယခင်ကမြုပ်နှံ ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဘုရားကျောင်းမှာ ထိန်းသိမ်းထားရာကနေ ခုလို ပြုပြင်ဖန်တီးဖို့ စိတ်ကူး ရကာ ပြင်ဆင်
ထားခဲ့တာဖြစ်ပါတယ်။
ဘုရားကျောင်း မျက်နှာကျက်ပေါ်မှာလည်း အရိုးတွေချိတ်ဆွဲထားတဲ့အပြင် မီးပန်းဆိုင်းကိုပင်လျှင် ပုံမှာ မြင်ရတဲ့အတိုင်း အရိုးများနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီမီးပန်းဆိုင်းဟာ မရဏမင်းရဲ့ မီးပန်းဆိုင်းလို့လည်း တင်စားကြပါသေးတယ်။
အထက်ပါ ဘုရားကျောင်းဟာ လာရောက်ကြည့်ရှုလေ့လာသူများအတွက် တစ်နှစ်ပတ်လုံး ဖွင့်ထားပြီး ဒီဇင်ဘာလ ၂၄ရက်နဲ့ ၂၅ရက် ၂ရက်တည်းသာ ပိတ်ပါတယ်။ ဝင်ကြေးမှာ ချက်ဇ်ငွေ 40Kč ဖြစ်ပြီး ကျောင်း သူကျောင်းသားများ ဆိုရင်တော့ 20Kč သာ ပေးရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ ကင်မရာအတွက် အပိုကြေး 30Kč ထပ်မံ ပေးဆောင်ကြရမှာဖြစ်ပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1421439&xgs=1&xg_source=msg_share_post

ကွန်ပျူတာရှိ Anti-virus Software ကောင်းစွာအလုပ်လုပ်ခြင်း ရှိ ၊ မရှိ ကိုစမ်းသပ်ခြင်း

မိမိကွန်ပျူတာတွင်လက်ရှိအသုံးပြုနေသည့် Anti-virus Software ကောင်းစွာအလုပ်လုပ်ခြင်း ရှိ ၊ မရှိ ကို စမ်းသပ်စစ်ဆေးနိုင်ပါသည်။ အောက် ဖော် ပြပါ စာသားများကို Copy ကူး၍ Notepad တွင် paste ပေးရပါမည်။
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
ထို့နောက် ကြိုက်နှစ်သက်ရာအမည်နှင့် File type (ဥပမာ : .mp3, .vbs, .exe, .com, .zip ) ပေး၍သိမ်းဆည်းရပါမည်။

 အကောင်းဆုံးမှာ မူရင်း .txt text ဖိုင်သည် Anti-virus Software အလုပ်လုပ်ခြင်းကို စစ်ဆေးရန်အတွက်အကောင်းဆုံးဖြစ်ပါသည်။ ကွန်ပျူတာတွင် လက်ရှိအသုံးပြုနေသည့် Anti-virus Software ကောင်းစွာအလုပ်လုပ်ပါက Save လုပ်ပြီးသည်နှင့် File ကိုဖျက်ပစ်လိုက်မည်ဖြစ်ပါသည်။ အလုပ်လုပ်ခြင်းမရှိပါက Save လုပ်ပြီးသည့်တိုင် File မှာပျက်စီးသွားမည်မဟုတ်ပါ။

ထိုသို့စမ်းသပ်စစ်ဆေးခြင်းဖြင့် ကွန်ပျူတာကိုအန္တရာယ် မဖြစ်စေနိုင်ပါ။

http://www.zwekapinmyae.com/forum/topic/show?id=2879352%3ATopic%3A754687&xgs=1&xg_source=msg_share_topic
@ www.cherrymyay.com

LCD Monitor ၀ယ်ရင်သိထားသင့်တဲ့အချက်များ


အခုချိန်မှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက်ပြီ ဖြစ်ပါတယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် () ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။

အဲဒါတွေကတော့
(1) Resolution
(2) Contract Ratio
(3) Monitor Ratio
(4) Response Time
(5) View Angle
(6) Port (DVI/VGA) နဲ့
(7) Warranty တို့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

(1) Resolution
Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏနဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခုကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့်
အစက်အရေအတွက် ရပါတယ်။

(2) Contract Ratio
Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ်ပါတယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။

(3) Monitor Ratio
Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာရှိတဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုးမှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT မော်နီတာတွေမှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။

(4) Response Time
မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။

(5) View Angle
Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်းကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။

(6) Port
မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။

(7) Warranty
Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေမယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1009397&xgs=1&xg_source=msg_share_post

ကွန်ပြူတာတွင် ဗိုင်းရပ်စ် ရှိ ၊ မရှိ စမ်းသပ်ခြင်း

မိအသုံးပြုနေတဲ့ ကွန်ပြူတာကို ဗိုင်းရပ်စ်ကူးစက်ခြင်း အန္တရာယ်ကနေ ကင်းစင်ဖို့ အတွက် နေ့ စဉ်စစ်ဆေးဖို့  လိုပါတယ်။ ဒီလို စစ်ဆေးရာမှာ အလွယ်ကူဆုံးနဲ့ ခန့် မှန်းနိုင်အောင်အတွက် နည်းလမ်းတစ်ခုကို ဖော်ပြလိုပါတယ်။ ဘာ Software မှ မလိုအပ်ပါဘူး။ မိမိရဲ့  တန်ဖိုးရှိလှတဲ့ ကွန်ပြူတာကို တစ်ရက်တစ်ခါလောက် အောက်ဖော်ပြပါအတိုင်း စစ်ဆေးပေးခြင်းဖြင့် ဗိုင်း ရပ်စ် ကင်းစင်ပြီး စိတ်ချမ်းသာစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။
၁။ Start>Run ကို click နှိပ်ပြီးတော့ Run box မှာ cmd လို့ ရိုက်ပြီးတော့ ok ကိုနှိပ်ရပါမယ်။
cmd
cmd
၂။ Cmd box ပေါ်လာရင် Directory ကိုချိန်းရပါမယ်။ မူလရှိပြီးသား C:Doc**ent and Setting> ကို ၀င်းဒိုးတင်ထားတဲ့ Driver ကိုချိန်းပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ၀င်းဒိုးကို Driver C ထဲမှာ တင်ထားမယ်ဆိုရင် cd လို့ ရိုက်ပြီး Enter ကိုနှိပ်ရမယ် ဖြစ်ပါတယ်။
cmd 2
cmd 2
၃။ ပြီးရင် setup လို့ ရေးပြီး Enter ထပ်နှိပ်ရပါမယ်။
test virus
test virus
၎။ အဲလို နှိပ်လိုက်တာနဲ့ အောက်ဖော်ပြပါအတိုင်း dialog box မှာ Please go to the Control Panel to install and configure system components. ဆိုတဲ့ စာသားပေါ်လာ မယ်ဆိုရင် မိမိအသုံးပြုနေတဲ့ ကွန်ပြူတာမှာ ဗိုင်းရပ်စ် ကင်းစင်နေပြီဖြစ်ပါတယ်။ ဒီလိုမှ ပေါ်မ လာဘူးဆိုရင်တော့ ကွန်ပြူတာမှာ ဗိုင်းရပ်စ် ကူးစက်နေပြီ ဖြစ်တဲ့အတွက် Anti Virus ကောင်း ကောင်းတစ်ခုကို တင်ပြီး Full scan နဲ့ စစ်ပြီး ဗိုင်းရပ်စ်သတ်ပေး ဖို့လိုပါတယ်။


http://www.zwekapinmyae.com/forum/topic/show?id=2879352%3ATopic%3A754542&xgs=1&xg_source=msg_share_topic

သင့်ရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှုရှိတဲ့နေရာ - (၉) ခု

သင့်ရဲ့ နေရာဒေသနဲ့ ဆိုင်တဲ့ အမူအကျင့် တစ်ခုချင်းစီဟာ သင့်ရဲ့ ကျန်းမာရေးအပေါ် ရောင်ပြန်ဟပ် သက်ရောက်မှုရှိတာ အသေအချာ မှန်ကန်ပါတယ်။ ဘာမှ အန္တရာယ် မရှိလောက်ပါဘူးလို့ ထင်ရတဲ့ အမူအကျင့် အသေးအဖွဲလေးတွေကနေ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တစ်ခါတစ်လေ ကြုံကြရတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးသုတေသီများ လေ့လာ စုစည်း ဖော်ပြထားတဲ့ ကျန်းမာရေးကို ထိခိုက်မှန်း မသိ ထိခိုက်စေသော အမူအကျင့် (၉)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။


(၁) သင့်ရဲ့ သွားပွတ်တံကို ထားရန် အဆိုးဆုံးနေရာ ရေချိုးခန်းထဲက လက်ဆေးဇလုံ
လက်ဆေးဇလုံ တစ်ခုပေါ်မှာ ဘက်တီးရီးယားများဟာ တစ်လက်မ ပတ်လည် ဧရိယာလေး မှာတောင် ပျမ်းမျှ
အကောင် ရေ ၃.၂သန်း လောက် အထိ ရှိနေနိုင်တာကို တွေ့ရပါတယ်။ ဒီပိုးမွှားတွေဟာ အချိန်နဲ့အမျှ ပေါက်ပွားနေကြတာ ဖြစ်ပြီး သင့်ရဲ့ သွားပွတ်တံကို သင်က ယူတိုက်လိုက်၊ လက်ဆေးဇလုံ မျက်နှာပြင်ပေါ် ပြီးစလွယ် ပြန်ထားလိုက်လုပ်နေသမျှ အကြိမ်တိုင်းမှာ သူတို့ဟာ သင့်ပါးစပ်ထဲကို ဗီဇာမပါဘဲ ၀င်ရောက်လာနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်သွားပွတ်တံ ကိုထားဖို့ အကောင်းဆုံး နေရာကတော့ အလုံပိတ် အဖုံးပါတဲ့ ဘူးတစ်မျိုးမျိုး ဖြစ်ပါတယ်။ (အဆင်သင့်ထည့်စရာ ဘူးပါ တဲ့ သွားတိုက်တံမျိုးကို ဒါကြောင့် ထုတ်ကြတာ ဖြစ်ပါတယ်။ လူတွေက ထည့်ရမှာ ပျင်းတဲ့အတွက်ကြာရင်ဘူးကအလကား ဖြစ်သွားတာများလို့ သွားတိုက်တံ တံဆိပ်တိုင်းက လိုက်မထုတ်ကြတာ ဖြစ်ပါတယ်)




(၂) ဖိနပ်များနှင့် ခြေနင်းပစ္စည်း များကို ထားရန် အဆိုးဆုံးနေရာ - အိပ်ခန်း
ဖိနပ်တွေနဲ့ မြေမှာ ထိတွေ့တဲ့ စကိတ် စတဲ့ပစ္စည်းတွေဟာ ညစ်ပတ်တဲ့ အရာတွေနဲ့ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့
အရာ (allergens) တွေကို တွယ်ကပ် သယ်ဆောင် လာတတ်ကြောင်း သင်သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကိုအိပ်ခန်းထဲကို ယူလာရင် သင့်ရဲ့ အခန်းထဲကနေ သင့်ကိုယ်ထဲကို ၀င်ရောက်လာကာ ရေရှည်မှာ ကျန်းမာရေး ဆုတ်ယုတ် လာနိုင်တာမို့ ဖိနပ်များကို အခန်းဝမှာသာ ချွတ်ခဲ့ပါ လို့ အကြံပြုပါတယ်။


(၃) အိပ်မောကျရန် အဆိုးဆုံး နေရာ - စောင်ပုံအောက်
နွေးနွေးထွေးထွေး အိပ်စက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပေမယ့် စောင်ထူထူတွေနဲ့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ ဦးနှောက်တွင်း ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းမှုကို အားပေးလို့ ကြာလာရင် ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက အိပ်ရာထဲက စောင်တစ်ထည်ဆိုတာ ဘယ်လောက်ပဲ သန့်အောင်လျှော်ထားပါစေ၊ လျှော်ပြီး ရက်နည်း နည်း ကြာလာတာနဲ့ လေထုထဲက ဖုံမှုန့် အညစ်ကြေးမှုန့် မျိုးစုံကို စုစည်းလက်ခံထားလို့ ခေါင်းမြီးခြုံ အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်း ထဲကို ဒါတွေ အလွယ်တကူ ၀င်စေပါတယ်။ နောက်ထပ် ကျန်းမာရေးပညာရှင်တွေ ညွှန်ပြထားတဲ့ အချက်တစ်ချက်ကတော့ စောင်ခြုံအိပ်နေစဉ်မှာ ကိုယ်တွင်း အပူစီးဆင်း
ရွေ့လျားမှု ညီညွတ်စေဖို့ ခြေထောက်နှစ်ဖက်ကို ခြေကျင်းဝတ်လောက် ကနေ ဖော်အိပ်သင့်တယ်လို့ ဆိုပါတယ်။


(၄) ချက်ပြီးပြီးချင်း ဟင်းတွေ ထားဖို့ အဆိုးဆုံးနေရာ - ရေခဲသေတ္တာ
မီးဖိုပေါ်က ချချချင်း ဟင်းတွေကို ရေခဲသေတ္တာထဲ တန်းထည့်ပြီး သိမ်းဆည်းခြင်း (သို့) အအေးခံခြင်းဟာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အရမ်းပူနေတဲ့ ဟင်းတွေ အရမ်းအေးတဲ့ လေထုနဲ့ ရုတ်တရက် ထိတွေ့ မိခြင်းဟာ ပုံမှန်အအေးခံသလို ညီညီညာညာ အေးမြသွားတာ မဟုတ်ဘဲနဲ့ ဟင်းထဲမှာ အပူအအေး မညီမျှတဲ့ အတွက် အစာအဆိပ်သင့်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာ ၀မ်းဗိုက်ဥပဒ် ဖြစ် တတ်ပါတယ်။ဒါကြောင့် မီးဖိုပေါ်က ချပြီး အနည်းဆုံး တစ်နာရီလောက် ကြာပြီးမှ ရေခဲသေတ္တာထဲ ထည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှမဟုတ် အလျင်စလို ရေခဲသေတ္တာထဲ ထည့်ချင်တယ် ဆိုလည်း ပန်းကန်တွေ အများကြီးထဲ ခွဲထည့်ပြီး အအေးခံတဲ့ နည်းကို အရင်သုံးပြီးမှ ထည့်သင့်ပါတယ်။


(၅) လေယာဉ်စီးလျှင် အဆိုးဆုံး ထိုင်ခုံနေရာ - လေယာဉ်နောက်ပိုင်း ထိုင်ခုံ
လေယာဉ်ရဲ့ အမြီးဟာ တုန်ခါဆုံး အပိုင်း ဖြစ်လို့ စီးနင်းသူအပေါ် (အထူးသဖြင့် သူများထက် ပိုပြီး မူးမော်တတ်တဲ့
သူဆိုရင်) ခေါင်းနောက်ခြင်း၊ လေယာဉ်တောက်ခြင်း၊ အကြောတက် ဇက်ထိုးခြင်းတွေ ခံစားရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒီဆောင်းပါးကို အခု ဖတ်လိုက်လို့ သင်သိသွားပြီ ဆိုတော့ လေယာဉ်လက်မှတ်ဝယ်ရင် အတောင်ပံနဲ့ အနီးဆုံး ခုံများကို ရွေးဝယ်ပါ။ အတောင်ပံနဲ့ အနီးဆုံး ခုံတွေဟာ စီးနင်းလိုက်ပါသူတွေ အပေါ် လေယာဉ်ရဲ့ သက်ရောက်မှုအနည်းဆုံး ဖြစ်ပါသတဲ့။


(၆) ခရီးဆောင်အိတ် ထဲက ပစ္စည်းတွေကို အထုတ်အသွင်း ပြုလုပ် ပြင်ဆင်ရန် အဆိုးဆုံးနေရာ -
ထမင်းစား စားပွဲနှင့် မီးဖိုခန်းကြမ်းပြင်

အထက်ပါ နေရာတွေရဲ့ မျက်နှာပြင် တစ်စတုရန်း လက်မလောက်မှာတောင် ဘက်တီးရီးယား ကောင်ရေ တစ်သိန်းလောက် ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် သင့်ရဲ့ ပစ္စည်းတွေကို အိတ်ထဲက ထုတ်ပြီး ပြင်ဆင် ထည့်သွင်း ချင်တယ်ဆိုရင် အစားအသောက်တွေ ပြင်ဆင်စားသုံးတဲ့ မီးဖိုချောင်နဲ့ ထမင်းစား စားပွဲပေါ်ကလွဲလို့ တခြား နေရာတွေမှာ လုပ်ပါ။
 

(၇) အများသုံး ရေချိုးခန်း အိမ်သာ သုံးလျှင် အဆိုးဆုံးနေရာ - အလယ်ပိုင်းအခန်းများ
ခရီးတွေ ဘာတွေ ထွက်လို့ အများသုံး ရေချိုးခန်း၊ အိမ်သာ တွေကို မဖြစ်မနေသုံးရမယ်ဆိုရင် အစွန်ဆုံး အခန်းနှစ်ခန်းကိုပဲ သုံးသင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အများသုံးအခန်းတွေ တန်းစီရှိနေရင် အလယ်ဘက်က အခန်းတွေက အစွန်နှစ်ခန်းထက် ရောဂါပိုး အရေအတွက် နှစ်ဆလောက် ပိုမိုပေါက်ပွား တည်ရှိနေလို့ပါပဲ။


(၈) ဆေးများ သိမ်းဆည်းရန် အဆိုးဆုံးနေရာ - ဗီရို
ဆေးတော်တော်များများဟာ အပူချိန် မြင့်မြင့်မှာ အာနိသင် ပျက်တတ်တာ သဘာဝပါ။ မိမိတို့ အိမ်မှာ ရှိတဲ့ ဗီရိုဟာ
အပူချိန် ထိန်းညှိတဲ့ စနစ်မပါတဲ့ အတွက် ပိတ်ထားရင် အထဲမှာ ဆေးတွေအတွက် သတ်မှတ်ထားတဲ့ အပူချိန်ထက်တော်တော်များ နေတတ်ပါတယ်။ မိသားစုသောက်ဖို့ ဆေးတွေကို ဒီလို သိုလှောင် သိမ်းဆည်းထားပြီး လိုတဲ့အချိန်မှာထုတ်သုံးချင်တယ် ဆိုရင် အေးမြပြီး ခြောက်သွေ့တဲ့ နေရာမှာ ရွေးချယ် သိမ်းဆည်း သင့်ပါတယ်။


(၉) နားကြပ်နှင့် သီချင်းနားထောင်ရန် အဆိုးဆုံးနေရာ - လေယာဉ်၊ ရထားနှင့် မြေအောက်ရထား
အကယ်၍ သင်ဟာ အထက်ပါ ယာဉ်တွေကို စီးနင်းသွားရင် ဆူညံသံတွေကြား ရောက်နေတဲ့ အတွက် နားကြပ် အသံ(volume) ကို ကျယ်ကျယ်မြှင့်ပြီး နားထောင်မိမှာ သေချာပါတယ်။ ခါတိုင်းပုံမှန် နားထောင်ရင် သင်နားမခံသာနိုင်တဲ့အသံအနေအထားကို အဲအချိန်မျိုးမှာ နားထောင်မိနေတာကို သတိမထားမိတဲ့အတွက် နားနဲ့ အာရုံကြောများ ထိခိုက်နိုင်တာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1725054&xgs=1&xg_source=msg_share_post

ကွန်ပြူတာ သုံးပြီးတိုင်း သတိထားသင့်တဲ့အချက်များ

ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့် တယ်ထင်လို့ပါကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသောသုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွားရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့်
ရောဂါများ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိအဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။

တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀ကျော်မှ ရသောကလေးလေး ဖြစ်သည်။အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။ အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကိုချီပြီး နမ်း တတ်သည်။ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်တအားနုနယ်သည့်ကလေးလေးပေါ့။သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(NeonatalSepsis) ဟုဆိုသည်။

၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည်မှအပတခြားအချိန်တွင် အထိအတွေ့ နည်းသည်။နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်းစနစ်တကျရှိလှသည်။
တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။

တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကိုချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီးသူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း
တစ်ခု တွင် သူလက်မှာ ရှိတဲ့ Bacteria တွေကိုCulture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြော ကြပါ။ဒီနေ့ခေတ်တွင်အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိစက်များမှာလူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ညစ်ပတ်မှာကအသေအချာပင်။

ထိုကြောင့်မည် သူမဆိုComputerသုံးပြီးတိုင်းလက် ဆေးသည့်အကျင့်ကိုဂရုတစိုက်လုပ်ဆောင်သင့်သည်။တစ် ချို့ အင်တာနက်ဆိုင်တွေရဲ့သန့်စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။ ဆိုင်တိုင်းမှာလည်းလုပ်ထားပေးသင့် သည်။မြန်မာနိုင်ငံမှာရှိနေသည့်ForeignerအများစုမှာH andSa nitizerခေါ်Sprayဘူးလေးများဆောင် ထားကြသည်။သူတို့အင်တာနက်ဆိုင်မှာသုံးပြီးတိုင်း လက်ကိုHandSprayဖြင့်သန်စင်ကြသည်ကို တွေ့ဖူးသည်။ထိုနည်းကတော့ပိုပြီးကောင်းသည်။ရေကို င်စရာ မလိုဆပ်ပြာကိုင်စရာမလို ပဲသန့်စင်နိုင်သည်။ထိုကဲ့သို့ပစ္စည်းမျိုးကိုမသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်သေချာစွာဆေးကြော သင့်သည်။သင်တို့၏လက်ကိုသန်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A462827&xgs=1&xg_source=msg_share_post

မေ့လျော့နေကြသော မိဘဂုဏ် - (၁၂)ပါး


 မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကိုလှူရမည်။
၎။ အိမ်စောင့်အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချိုတိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ဥစ္စာ သားသမီးဖို့ပါ ဖွေရှာထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက
မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။
အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည်ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည်လုပ်ကျွေးထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီးရှာဖွေသည်ကို မပျောက်ပျက်အောင်တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ်သည်။
၅။ သားသမီးမမွေးခင်ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့်
ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထား
သောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A573719&xgs=1&xg_source=msg_share_post

လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင် ကော်ဖီသောက်သင့်ဟု ဆရာဝန်များတိုက်တွန်း


ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ကော်ဖီသောက်ခြင်းကို အကျင့်တစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်း ပြောကြားလိုက်သည်။ ကဖိန်းဓာတ်နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများကို ပူးတွဲလုပ်ဆောင်ပါက အရေပြားကင်ဆာ ဖြစ်နိုင်သည့် အနေအထားနှင့် ကင်းဝေးစေကြောင်း ပညာရှင်များက ဆိုသည်။ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ပုံမှန် ကော်ဖီသောက်ခြင်းက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို (၆၂)ရာခိုင်နှုန်းဖြင့် လျှော့ချပေးနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သုတေသီများက ထောက်ခံခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာအားနက်စ် မာရီယို ဆေးဝါးကျောင်းမှ ဒေါက်တာ ယိုပင်လူ ဦးဆောင်သော သုတေသီများသည် ကြွက်များတွင် စမ်းသပ်မှုအရ ယခုအကျိုးထူးကို တွေ့ရှိခဲ့ရသည်။
ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများနှင့် ကဖိန်းဓာတ်တို့၏ တွဲစပ်မှုသည် နေရောင်ခြည်ကြောင့် ဖြစ်နိုင်သည့် အရေပြားကင်ဆာကဲ့သို့ ရောဂါများကို သိသိသာသာ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။ “ဒီတွေ့ရှိမှုက လူသားတွေရဲ့ ကျန်းမာရေး ကဏ္ဍမှာ မတူညီတဲ့ ကုထုံးတွေ ပူးတွဲလုပ်ဆောင်မှုကို အကျိုးထူးရှိအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်”ဟု ဒေါက်တာ ယိုက ပြောကြားခဲ့သည်။ ကြွက်များကို လည်နေသော ဘီးများပေါ် ပြေးခိုင်းပြီးနောက် ကဖိန်းဓာတ် ဖြည့်တင်းပေးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေကို သိသာစွာ လျှော့ချနိုင်ကြောင်း ဒေါက်တာယိုတို့ သုတေသန အဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။.

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A462677&xgs=1&xg_source=msg_share_post