“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, November 16, 2013

ချစ်စံဝင်း - ဓမ္မစေတီခေါင်းလောင်းကြီး၏ လျှို့ဝှက်ချက်များ

မိဘရဲ့  စည်းစိမ်တွေနဲ့  နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့ 

Photo: မိဘရဲ့  စည်းစိမ်တွေနဲ့  နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့ 

သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ ရည်စူးပြီး ကောင်းမှု့ ကုသိုလ်ပြုတာ
တွေထက် ယခုပစ္စပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။

အမျှဝေလို့ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ တစ်ဘုံဘဲရှိတယ် ။

ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့  ဘယ်သူမှ တပ်အပ်သေချာ
ပြောလို့ မရပါဘူး ၊ စိတ်မချရပါဘူး ၊ ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်
ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊ သေချာတဲ့ အလုပ်နဲ့ ပဲ ကျေးဇူးဆပ်ကြပါ ။

စာရေးသူရဲ့ ရပ်ကွက်ထဲမှာရှိပါတယ် ။ မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အ
ရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက အဘိုးကြီး အဘွားကြီး
တွေနှင့် ထမင်းအတူစားရတာ ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး ၊
ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့် ဟင်းလေးတွေပုံ
ပြီး အရင်ကျွေးထားနှင့်ပါတယ် ။

မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့မဟုတ်ပါ ၊
ကဲ ....... စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား နောက်ပြီး မိဘနှစ်ပါးဟာ
သားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီ
ဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့
ဘဝအသက်ရှင်ရေးအတွက် ကြိုးစားနေထိုင်ကြရပါတယ် ။

ဟို တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်း
ယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့ မရတဲ့ အခြေအနေကို ဆိုက်ရောက်
ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။

ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာအိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ စောင်စုတ် ပုဆိုးစုတ်တို့  အထပ်ထပ်ခင်းပြီး ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲ
ဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေကမကောင်းတော့ အနံအသက်တွေနဲ့ 
ညစ်ပတ်နံစော်နေတော့တာပေါ့ ။

သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် ။

တချို့ ဆိုလျှင် ထားစရာနေရာမရှိသဖြင့် ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ်
ပို့ထားလိုက်ကြပြန်တော့တယ် ။

တစ်ချို့ ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့ အိမ်ပေါ်ခေါ်တင်ထား ကြရတာပါ ။

သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့ တစ်ခါဝင်မကြည့် စကားမပြောဖြစ်
မိမိသားကဒီလိုနေမှတော့ ချွေးမကလည်း ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့ဆိုပြီး ကျွန်တစ်ယောက်လို ပန်းကန်ခွက်ယောက် ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ်စဉ်းစား
ကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး

သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့  ...........

( သားသမီးနှင့် မိဘ ဖြစ်ရပ်မှန်စာအုပ်မှ )


Hla Sabai

http://myawadynews.blogspot.com/2013/11/blog-post_3722.html
သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ ရည်စူးပြီး ကောင်းမှု့ ကုသိုလ်ပြုတာ တွေထက် ယခုပစ္စပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။

အမျှဝေလို့ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ တစ်ဘုံဘဲရှိတယ် ။

ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့  ဘယ်သူမှ တပ်အပ်သေချာပြောလို့ မရပါဘူး ၊ စိတ်မချရပါဘူး ၊ ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊ သေချာတဲ့ အလုပ်နဲ့ ပဲ ကျေးဇူးဆပ်ကြပါ ။

စာရေးသူရဲ့ ရပ်ကွက်ထဲမှာရှိပါတယ် ။ မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက အဘိုးကြီး အဘွားကြီးတွေနှင့် ထမင်းအတူစားရတာ ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး ၊ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့် ဟင်းလေးတွေပုံ
ပြီး အရင်ကျွေးထားနှင့်ပါတယ် ။

မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့မဟုတ်ပါ ၊
ကဲ ....... စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား နောက်ပြီး မိဘနှစ်ပါးဟာသားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့ ဘဝအသက်ရှင်ရေး အတွက် ကြိုးစားနေထိုင်ကြရပါတယ် ။

ဟို တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်းယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့ မရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။

ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာအိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ စောင်စုတ် ပုဆိုးစုတ်တို့  အထပ်ထပ်ခင်းပြီး ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေကမကောင်းတော့ အနံအသက်တွေနဲ့ ညစ်ပတ်နံစော်နေတော့တာပေါ့ ။

သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် ။

တချို့ ဆိုလျှင် ထားစရာနေရာမရှိသဖြင့် ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ်ပို့ထားလိုက်ကြပြန်တော့တယ် ။

တစ်ချို့ ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့ အိမ်ပေါ်ခေါ်တင်ထား ကြရတာပါ ။

သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့ တစ်ခါဝင်မကြည့် စကားမပြောဖြစ်
မိမိသားကဒီလိုနေမှတော့ ချွေးမကလည်း ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့ဆိုပြီး ကျွန်တစ်ယောက်လို ပန်းကန်ခွက်ယောက် ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ်စဉ်းစား
ကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး

သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့  ...........

( သားသမီးနှင့် မိဘ ဖြစ်ရပ်မှန်စာအုပ်မှ )


Hla Sabai

http://myawadynews.blogspot.com/2013/11/blog-post_3722.html

စိတ်ဖိစီးမှုက အသက် ပိုကြီးစေ

စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့က လူတွေကို အသက် ပိုကြီးစေကြောင်း သိရ ပါတယ်။ ဒီအတွက် နယ်သာလန် Universtiy of Medical Centre မှ စိတ်ကျန်းမာရေး သုတေသီတို့ သေချာ သုသေ တန ပြုလုပ် စစ်တမ်းကောက်ယူ ထားခြင်း ဖြစ်ပါတယ်။ 
လူဦးရေ ၂၄၀၇ ဦးကို စမ်းသပ်ခဲ့ပြီး စိတ်ဓာတ်ကျတဲ့ ၃ ပုံ ၁ ပုံသော လူဦးရေ က Aging ဆဲလ်များ ပိုမို ပျက်ဆီးနေကြောင်း လေ့လာတွေ့ရှိခဲ့ ပါတယ်။ စစ်တမ်းကောက်ထားတဲ့ လူတွေရဲ့  သွေး ပမာဏ အနည်းငယ်ကို ယူပြီး ဓာတ်ခွဲလေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်နုပျိုအောင် ထိန်းထားပေးတဲ့ ဆဲလ်များ ကို လေ့လာခဲ့ပြီး စိတ်ဓာတ်ကျလေ့၊ စိတ် ဖိစီးလေ့ မရှိသူများရဲ့ ဆဲလ်များဟာ ပိုရှည်ပြီး အသက်ရှင်နေတာ ကို တွေ့ရ ပါတယ်။ စိတ်ဖိစီးနေသူတို့ရဲ့  ဆဲလ် ကတော့ တိုပြီး အားအင် သိပ်မပြည့်ဖြိုး တာကို လေ့လာ တွေ့ရှိခဲ့ ပါတယ်။ 
ဒါကြောင့်မို့ ရုပ်ပျို၊ ရုပ်နုတယ်ဆိုတာ စိတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ ဘယ်လောက်ပဲ ရှိရှိ စိုးရိမ်ပူပန်ကြောင့်ကြခြင်း နည်းဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ စိုးရိမ်ပူပန်မှုကင်းရင် စိတ်ဓာတ်ကျစရာလည်းမရှိသလို၊စိတ်ဖိစီးစရာလည်း မရှိပါဘူး။ ယင်းနည်းလမ်းနဲ့ အသက်ဘယ်လောက်ကြီးကြီး အပြင်ပန်း ရုပ်ရည်သွင်ပြင်ကို နုပျိုအောင် အကောင်းဆုံး ထိန်းထား နိုင်စကြောင်း သိရ ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
********************
တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။
ထိုဒေသတွင်မိုးများသည့်အတွက် တောင်ယာသမား အများစုသည် နွားအစားကျွဲ
များဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏။ ကျွဲများသည် သန်မာထွားကျိုင်းပြီးချို
ကြီးများကားနေ၏။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒ
ကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။

“ဒကာကြီး ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြ
ဘူးလား”

“တစ်ခါတလေတော့ ရန်မူတယ်ဘုရား၊ တလောက ဟိုဘက်ရွာက တောင်သူ
တစ်ယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီးသေတာ
ပါရောလားဘုရား”

“အိုး...ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော်
အန္တရာယ်များတာပဲ”

“ဒါက ဖြစ်ခဲပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့နေရာမှာ ညှာလိုက်လို့ပါ”

“ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထားလို့လား”

“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိတယ်ဘုရား”

“ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့၊ ဘယ်လို
ထိန်းတာလဲ”

“အလုပ်နဲ့ ထိန်းတာပါဘုရား၊ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန်ယာထွန်
တယ်၊ လယ်တွေ၊ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကိုလှည်းပေါ်တင်
ပြီးး မြစ်ရေကိုသယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ်ဘုရား...

“အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့အ
တွက် နားရတဲ့အချိန်လေးမှာ ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကိုမပေး
တော့ဘူးဘုရား”

“အို...ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းကဘုန်းကြီးအတွက်တော့ တရားတစ်
ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာထားပြီး စိတ်ကိုအလွတ်မထားဘူးအမြဲခိုင်းနေ
မယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့။ ဒါ
ကြောင့်ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့၊ စိတ်ဆိုတာမ
ကောင်းတဲ့ ဘက်မှာ ပျော်တာအားနေရင် စာဖတ်၊ စာရေး၊ တရားနာ၊ တရား
ဟောအဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”

ညီမေတ္တာ
(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ မှ)
Buddhavasa Tiloka
တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။ ထိုဒေသတွင်မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစားကျွဲ များဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏။ ကျွဲများသည် သန်မာထွားကျိုင်းပြီးချို ကြီးများကားနေ၏။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒ
ကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။

“ဒကာကြီး ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား”

“တစ်ခါတလေတော့ ရန်မူတယ်ဘုရား၊ တလောက ဟိုဘက်ရွာက တောင်သူတစ်ယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီးသေတာပါရောလားဘုရား”

“အိုး...ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော်အန္တရာယ်များတာပဲ”

“ဒါက ဖြစ်ခဲပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့နေရာမှာ ညှာလိုက်လို့ပါ”

“ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထားလို့လား”

“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိတယ်ဘုရား”

“ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့၊ ဘယ်လိုထိန်းတာလဲ”

“အလုပ်နဲ့ ထိန်းတာပါဘုရား၊ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန်ယာထွန်တယ်၊ လယ်တွေ၊ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကိုလှည်းပေါ်တင်ပြီး မြစ်ရေကိုသယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ်ဘုရား...

“အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့အတွက် နားရတဲ့အချိန်လေးမှာ ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကိုမပေးတော့ဘူးဘုရား”

“အို...ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းကဘုန်းကြီးအတွက်တော့ တရားတစ်ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာထားပြီး စိတ်ကိုအလွတ်မထားဘူးအမြဲခိုင်းနေမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့။ ဒါကြောင့်ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့၊ စိတ်ဆိုတာမ
ကောင်းတဲ့ ဘက်မှာ ပျော်တာအားနေရင် စာဖတ်၊ စာရေး၊ တရားနာ၊ တရားဟောအဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”

ညီမေတ္တာ
(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ မှ)
Buddhavasa Tiloka

လက်တစ်ကမ်းမှ အဆိပ်သင့် အစိမ်းရောင်ကမ္ဘာ

သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။ ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ် ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ စားသုံးရပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့် ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာ ဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့ ရရှိထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။
၎င်းက မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမံနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း၏ အကြံပေးတစ်ဦးဖြစ်သည့်အပြင် မန္တလေး နည်းပညာ တက္ကသိုလ် ဇီဝနည်းပညာဌာန၌ ဧည့် ပါမောက္ခ တစ်ဦးအဖြစ် တာ ဝန်ထမ်းဆောင်နေပြီး လက်ရှိမြန်မာတွင် ကြီးမားစွာ ရင်ဆိုင်နေရသော

ပုဂံစေတီပုထိုးများ

ပုဂံစေတီပုထိုးများ

http://www.mediafire.com/?5vz5fdcp2u42qsb
Download  ~ ~ ~

ကိုယ်ချင်းစာတဲ့ သူ(ဟာသ)

ကိုယ်ချင်းစာတဲ့ သူ
Saturday, November 16, 2013

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ 

မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ 

ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ 

မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ 

အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစား လိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"


နိုင်းနိုင်းစနေ
စိတ္တဇ ဟာသများ
မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။

မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။

ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။

မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။

အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစား လိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"


နိုင်းနိုင်းစနေ
စိတ္တဇ ဟာသများ

Flash Song စုစည်းမှု(၁)




အင်တာနက်ချစ်သူ   ပြန်လာမဲ့အချိန်   "မ" အတွက်သီချင်း      ပြန်လာပါ  ကော်ရုပ်လေး   လွမ်းဆွတ်ခွင့်   ချစ်သူ-ရိန်မိုး  အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့   ပထမအနမ်း   ချစ်သူသိပါစေ   နင်မသွားခင်    နှမြောတယ်   အလွမ်းဝင်္ကပါ    မ မရှိတဲ့နေ့ရက်များ  ကဗျာမမှီတဲ့အချစ် မိုးသည်းချိန်မှာ   နောက်ဆုံးပေါ့   မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ်    သံစဉ်နဲ့ချော့သိပ်ခွင့်   သူလေး  သိမ်းထားခွင့်  အမုန်းတော်   ရိုးမြေကျ   မင်းရှိရင်   ဆု....ထံသို့     နှုတ်ဆက်သီချင်း  ကောင်းကင်ကအချစ်ငှက်   ပြုံးလိုက်ပါ    ကမ္ဘာပျက်နေ့   ဖက်ထားမယ် တစ်ချိန်က”မ”   မမ ကောင်လေး-ရိုးရာ    တမ်းတခြင်း-Oakkar   ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက်   လမင်းသစ်ပင်-ရိန်းမိုး  တစ်ကယ့်ပုံပြင်-ရိုးရာ   မိုး-ရိုးရာ+Rဖြိုး+ဥာဏ်ထက်    အမြဲရှိနေပါ   ကောင်မလေး..သို့    အချစ်ရူးလေး

အမုန်းဖွဲတေး ပြိုလဲကြေကွဲ တစိမ့်စိမ့်ကြည့် မီနစ်တိုင်း ကိုယ်မညာတော့ဘူး နေပါစေ ဝမ်းနည်းတတ်တဲ့ချစ်သူ ဒီတိုင်းလေးပဲချစ်နေမယ် တိတ်တိတ်လေး တစ်မိုးအောက်