“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, April 12, 2014

အချစ်ဦးမို့ပါ


နှလုံးသားလေးက အသစ် ရင်ခုန်သံဖြစ်တည်စမို့
ရင်ထဲက အချစ်ကို မချွေတာ
တစ်ဘ၀စာ ပုံအပ်မိခဲ့...........


အတွေ့အကြုံအသစ်မို့ မင်းပေးတဲ့ အချစ်ကို
အစစ်လို့ ထင်မိတာ ကိုယ်အပြစ်လားကွယ်...........

ငါဆိုတာလည်းလေ တစစီ ပြိုကွဲနိုင်မှန်းသိလျှက်
တိမ်လွှာတို့ရဲ့ သတ္တိနဲ့ မုန်တိုင်းကိုဝင်တိုးမိသလို
အကြောက်တရားတွေကင်း နှလုံးသားကို ချနင်းလို့
နောင်တ တရားတွေလည်း
စွန်းထင်း ခဲ့ဖူးတယ်...........

အချစ်ဆိုတဲ့ကစားပွဲ ၀ှက်ဖဲတစ်ချက် ထားတတ်မြဲတဲ့