“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, March 1, 2013

အခြေအနေ(ဟာသ)

Photo: အခြေအနေ.........

ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက်ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။

ဆရာဝန်မကြီးရောက်လာပြီးနောက်-
...
"လူနာရော""အခန်းထဲမှာ"

"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"

"ဟုတ်ကဲ့"ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။

"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"

"ဟုတ်ကဲ့"ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။

ဆရာမကြီးဝင်သွားပြီး ခဏနေတော့ပြန်ထွက်လာတယ်။

"ပလာယာပါ လိုချင်တယ်""ဟုတ်"တစ်မိနစ်လောက်ကြာတော့

"စို့ နဲ့ တူသာ ပေးပါတော့"ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့

"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ၊ လူနာရဲ့ အခြေအနေကတော်တော်ဆိုးလို့လား"

ဆရာဝန်ပြောလိုက်တာက.."မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကိုမကြည့်ရသေးဘူး"....တဲ့

ရီမောနိုင်ပါစေ..

by Lon Elys.................

http://www.facebook.com/jokeandothers

မီးသီးများက အဆိပ်သင့်စေသည်

ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ် မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့် စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
မီးသီးတွေရဲ့ အထဲက အသုံးပြုတဲ့ သတ္တများမှာ မာကျူရီ ပါရှိပါတယ်။ မာကျူရီကြောင့်လည်း လျှပ်စစ် ကောင်းကောင်း ကူးပြီး အလင်းရောင် တောက်တောက် ပေးပါ တယ်။ သူက အထဲမှာ အမြဲ လောင်ကျွမ်း နေရတာပါ။ အကယ်၍ မီးလုံး တစ်လုံးသာ ကွဲသွားမယ်ဆိုရင် အတွင်းက မာကျူရီဟာ အပြင်ရောက် သွားပါတယ်။ မီးဖွင့် ထားသည် ဖြစ်စေ၊ မဖွင့်ထားသည် ဖြစ်စေ မာကျူရီ အငွေ့ ဟာ အခန်းထဲကို အမြန်ဆုံး ပျံ့ နှံ့ သွားပြီး မာကျူရီ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ် စေပါတယ်။
ယခုနောက်ပိုင်း တိုက်တာ အဆောက်အအုံ တွေမှာ မီးလောင်ရင် ဝါယာကြိုး ညှော်နှံ့ထက် မာကျူရီ ညော်နှံ့က ပိုအဆိပ် ပြင်းတယ်လို့ ဆိုပါတယ်။ အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ် ရောဂါကို ဖြစ်စေပြီး အဆိုးဆုံး ကတော့ အသက် ဘေးအန္တရာယ် အထိ သက်ရောက်စေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အိမ်မှာ မီးသီးကွဲရင် လက်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ကြဉ် ရမယ်လို့ တိုက်တွန်း ထားပါတယ်။ အဝတ်စ တစ်ခုခုခံပြီးမှ ကောက်ပြီး ပလပ်စတစ်ထဲမှာ လုံလုံခြုံခြုံ ထည့်လို့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ မာကျူရီ အဆိပ်သင့်မှုဟာ မြို့ကြီး ပြကြီးတွေမှာ ပိုမို အဖြစ်များလေ့ ရှိကြောင်း သိရပါတယ်။
Ref: medic-facts
ရိုးရာလေး
http://www.myawady.net.mm/health/knowledge/item/8105-2013-03-01-09-49-50

သူ့အလိုလိုက်၍ ကိုယ့်အလိုပြည့်အောင် လုပ်နည်း(၁၃)မျိုး

Photo: သူ့အလိုလိုက်၍ ကိုယ့်အလိုပြည့်အောင် လုပ်နည်း(၁၃)မျိုး
==============================
၁။ အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း
၂။ ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း
၃။ အလိုရမ္မက်ကြီးသူကို ဥစ္စာပေးခြင်းဖြင့်လည်းကောင်း
၎။ အစိုးရသူကို သူ့အမှုကိစ္စကို ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း
၅။ ရသေ့ရဟန်းတို့ကို ရိုသေလေစား ပူဇော်ခြင်းအားဖြင့်လည်းကောင်း
၆။ သတို့သမီးကို ချင်းခြင်းအားဖြင့်လည်းကောင်း
၇။ လက်အောက်ငယ်သားတို့ကို မျှတချီးမြောက်ခြင်းအားဖြင့်လည်းကောင်း
၈။ ဒေါသအမျက်ကြီးသူကို ချီမွမ်းခြင်းအားဖြင့်လည်းကောင်း
၉။ ဆရာကို ရှိခိုးရိုသေခြင်းအားဖြင့်လည်းကောင်း
၁၀။ သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း
၁၁။ ပညာရှိကို အတတ်ပညာပေးခြင်းလည်းကောင်း
၁၂။ အစားကြူးသူကို အရသာပေးခြင်းအားဖြင့်လည်းကောင်း
၁၃။ အလုံးစုံပြည့်စုံသူကို အကျင့်သီလဖြင့်လည်းကောင်း လိုက်လျောအနိုင်ယူ အောင်နိုင်ရာ၏။
(စာဏကျနီတိ)
============================
စာရေးသူ =မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
----------------------------------------------------

Credit  ► မြတ်ဗုဒ္ဓအလင်း

စာဖတ် စွမ်းအားဖြင့် အမျိုးဂုဏ်ကို မြှင့်တင် ကြပါစို့

Photo: စာဖတ် စွမ်းအားဖြင့် အမျိုးဂုဏ်ကို မြှင့်တင် ကြပါစို့
==========================

လောကကြီးတွင် လူအမျိုးမျိုး ရှိသည်။ တချို့က လှပသော ဘဝကို တည်ဆောက်နိုင်ကြပြီး သမိုင်းကြောင်း ကောင်းသူအဖြစ် ရပ်တည် သွားနိုင်ကြသည်။

တချို့က အရုပ်ဆိုး အကျည်းတန်သော ဘဝကို တည်ဆောက်ပြီး သမိုင်းကြောင်း မကောင်းသူ အဖြစ် ရပ်တည် သွားကြသည်။

လှပသောဘဝဆိုသည်မှာ မိမိနှင့် သူတစ်ပါး အကျိုးကို သယ်ပိုး ပေးသော၊  ဂုဏ်ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော၊ ပညာရှိ သူတော်ကောင်း များ၏ ချီးမွမ်းခြင်းကို ခံရသော ဘဝမျိုး ဖြစ်သည်။ သမိုင်းကြောင်း ကောင်းသူ ဆိုသည်မှာ အရှက်အကြောက် တရားနှင့် ပြည့်စုံပြီး အဆုံးအမ တရားများဖြင့် ဘဝခရီး တစ်လျှောက်လုံး နေထိုင် သွားခြင်းကို ဆိုလိုသည်။

အရုပ်ဆိုး အကျည်းတန်သော ဘဝဆိုသည်မှာ မိမိနှင့် သူတစ်ပါး အကျိုးကို ဖျက်ဆီးသော၊ ရှက်ဖွယ်အပေါင်းနှင့် ပြည့်စုံသော၊ ပညာရှိ သူတော်ကောင်း များ၏ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ခံရသော ဘဝမျိုး ဖြစ်သည်။ သမိုင်းကြောင်း မကောင်းသူ ဆိုသည်မှာ အရှက်နှင့် အကြောက်တရား နှစ်ပါး ကင်းမဲ့ပြီး အဆုံးအမ တရားများ ကင်းလွတ်စွာဖြင့် ဘဝခရီး တစ်လျှောက်လုံး နေထိုင်  သွားခြင်းကိုဆိုလိုသည်။

စာပေသည် အသိပညာနှင့် အသိ အလိမ္မာကို ပေးသည်။ စာပေနှင့် မပြတ်ထိတွေ့ နေလေလေ အသိပညာနှင့် အသိ အလိမ္မာ ကြီးလေလေ ဖြစ်သည်။ ကြီးမားသော အသိပညာနှင့် အသိ အလိမ္မာကြောင့် လှပသော ဘဝနှင့် ဂုဏ်ယူဖွယ် ကောင်းသော သမိုင်းကြောင်းကို  ပိုင်ဆိုင်ရခြင်း ဖြစ်သည်။ စာပေနှင့် ထိတွေ့မှု နည်းပါး လေလေ အသိပညာနှင့် အသိ အလိမ္မာ နည်းပါးလေလေ ဖြစ်သည်။ နည်းပါးသော အသိပညာနှင့် အသိ အလိမ္မာကြောင့် အရုပ်ဆိုး အကျည်းတန်သော ဘဝနှင့် မကောင်းသော သမိုင်းကြောင်းကို ပိုင်ဆိုင်ရခြင်း ဖြစ်သည်။

စာဖတ်ခြင်းသည် လိမ္မာ ပါးနပ်မှုကို ဖြစ်စေသည်။ စာပေများကို ဖတ်ရှု လေ့လာသည့် အခါ အသိငါးမျိုး ဖြစ်ပေါ်လာသည်။ ယင်းတို့မှာ ဓမ္မညုတ ဟူသော အကြောင်းကို သိခြင်း၊ အတ္တညုတ ဟူသော အကျိုးကို သိခြင်း၊ မတ္တညုတ ဟူသော အတိုင်းအရှည်ကို သိခြင်း၊ ကာလညုတ ဟူသော အချိန် ကာလကို သိခြင်း၊ ပရိသညုတ ဟူသော ပရိသတ် သဘောကို သိခြင်း စသည်တို့ ဖြစ်သည်။ ဤအသိ ငါးမျိုးကို ပိုင်ဆိုင်မှုကြောင့် လိမ္မာ ပါးနပ်မှု ရှိလာသည်။ လိမ္မာ ပါးနပ်မှုကြောင့် အရာရာကို သိလွယ် မြင်လွယ်သည်။ တတ်လွယ်သည်၊ သဘောပေါက် နားလည် လွယ်သည်။ တစ်ထွာပြလျှင် တစ်တောင် မြင်သည်။ လိမ္မာ ပါးနပ်မှု ရှိနေသည့် အတွက် ပတ်ဝန်းကျင် ကြီးက လိမ်ညာ၍ မရ၊ လှည့်စား၍ မရပေ။ ငါးစာကို သာမက အတွင်း၌ လျှို့ဝှက်စွာ ရှိနေသော ငါးမျှားချိတ် ကိုပါ ထိုးထွင်း သိမြင်သည်။ အရာရာကို လှေနံဓားထစ် မကျင့်သုံးဘဲ ပြောင်းလဲနေသော ကာလ၊ ဒေသလိုက်၍ လိုက်လျော ညီထွေစွာ  ပြုပြင် ပြောင်းလဲ နေထိုင်နိုင်စွမ်း ရှိသည်။ စာပေနှင့် မပြတ် ထိတွေ့ နေမှုကြောင့် ဤသို့ လိမ္မာပါးနပ် လာခြင်းဖြစ်သည်။

စာဖတ်ခြင်းသည် မှန်ကန်သော အတွေးအခေါ်ကို ဖြစ်စေသည် မှန်ကန်သော အတွေးအခေါ်သည် ဘဝ အောင်မြင်မှု အတွက်

Read More >> http://bit.ly/XudOBl
လောကကြီးတွင် လူအမျိုးမျိုး ရှိသည်။ တချို့က လှပသော ဘဝကို တည်ဆောက်နိုင်ကြပြီး သမိုင်းကြောင်း ကောင်းသူအဖြစ် ရပ်တည် သွားနိုင်ကြသည်။
တချို့က အရုပ်ဆိုး အကျည်းတန်သော ဘဝကို တည်ဆောက်ပြီး သမိုင်းကြောင်း မကောင်းသူ အဖြစ် ရပ်တည် သွားကြသည်။
လှပသောဘဝဆိုသည်မှာ မိမိနှင့် သူတစ်ပါး အကျိုးကို သယ်ပိုး ပေးသော၊  ဂုဏ်ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော၊ ပညာရှိ သူတော်ကောင်း များ၏ ချီးမွမ်းခြင်းကို ခံရသော ဘဝမျိုး ဖြစ်သည်။ သမိုင်းကြောင်း ကောင်းသူ ဆိုသည်မှာ အရှက်အကြောက် တရားနှင့် ပြည့်စုံပြီး အဆုံးအမ တရားများဖြင့် ဘဝခရီး တစ်လျှောက်လုံး နေထိုင် သွားခြင်းကို ဆိုလိုသည်။
အရုပ်ဆိုး အကျည်းတန်သော ဘဝဆိုသည်မှာ မိမိနှင့် သူတစ်ပါး အကျိုးကို ဖျက်ဆီးသော၊

ဖြတ်ထိုးဥာဏ်(ဟာသ)

Photo: ဖြတ်ထိုးဥာဏ်......

လဘက်ရည်ဆိုင် တဆိုင်တွင်.....ယောက်ကျား ၂ ယောက် ကား တိုက်မှူတခု အကြောင်းပြောနေကြ၏။

ပထမ ယောက်ကျား။       ။မင်းတို့ လင်မယား ကား တိုက်တဲ့ အထဲ ပါသွားတယ်လို့ သတင်းကြားတော့စိတ်မကောင်းလိုက်တာကွာ။

ဒုတိယ ယောက်ကျား။    ။အေးကွ ...။ဒါပေမဲ့ ဒဏ်ရာပြင်းပြင်း ထန်ထန်တော့ မရပါဖူး။ငါ့အတွက်တော့ လျော်ကြေး  ၂၅၀၀၀ ရတယ်။

                               ပျောက်တဲ့အထိလည်း ဆေးကုပေးပါတယ်။ငါ့ မိန်းမကတော့ ကွာ လျော်ကြေး ၁၀၀၀၀ပဲရတယ်။ဒဏ်ရာကသိပ်မပြင်းဖူးလေ။

ပထမ ယောက်ကျား။       ။သြ...မင်းမိန်းမလည်း  ဒဏ်ရာရသလား......။

ဒုတိယ ယောက်ကျား။    ။မရပါဖူး။ဒါပေမဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ ငါက အခွင့် ကောင်းယူပီး သူ့မျက်နှာကို ခပ်ပြင်းပြင်း တချက်ထိုးလိုက်ဖို့...

                               ငါ ရုတ်တရက် ဖျတ်ကနဲ သတိ ရ လိုက်လေကွာ...။.......တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ....

Lon Ely..........

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ

Photo: နိုဘယ်ဆုရှင်မာသာထရီဆာ၏
မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ
==========================

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမ့ေဲ ဂဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်စေ

လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတ့ဘဲ ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတေ့ရွှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တ့အဲ တိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများန့ဘဲ ၀ကိုတည်ဆောက်နိုင်ကြပါစေ။

http://www.facebook.com/MyawadyNews

“ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်”

Photo: “ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်”

အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။

”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။ သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ် နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီ ဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်းများသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ ပိုးသတ်ဆေးများအား အသုံးပြုကြကြောင်း သိရသည်။

အသီးအနှံ၊ အရွက်များတွင် အသုံးပြုနေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ် ဆေးနှင့် ပင်လုံးပျံ့ ပိုးသတ်ဆေးတို့ ဖြစ် သည်။

ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် သည့်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေးများ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

”ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင်သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေသေးတယ်”ဟု ၄င်းက ထပ်မံ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ပရွာရှိ သစ်ပါးလွှာစက်ရုံတွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

မိုးငယ် - Popular Myanmar News Journal

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

Photo: မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါသုတေသနပြုလေ့လာမှုကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်းဖြစ်ပြီး ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီး ဓါတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်၏သေစေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သောသတ္တိကို ခြေဖျက်နိုင်စွမ်းရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် မွေကိုက်လူနာများကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ် ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေးရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိအပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အမာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။

သိကြားမင်းပြောတဲ့ အရက်သောက်ခြင်းရဲ့အကျိုးများ

Photo: သိကြားမင်းပြောတဲ့ အရက်သောက်ခြင်းရဲ့အကျိုးများ
===========================

အရှင်မင်းကြီး ဒီအရက်ဟာ ထောပတ်လည်းမဟုတ်၊ ပျားရည်လည်းမဟုတ်ပါ၊ တင်လဲလည်းမဟုတ်ပါ ဒီအရက်သောက်မိတဲ့သူဟာ - - -

၁။ လမ်းသွားတိုင်း ယိမ်းယိုင်လဲကျတတ်ပါတယ်။

၂။ မစားသင့်တဲ့ အစာကိုလည်း စားမိတတ်ပါတယ်။

၃။ စိတ်ကို အစိုးမရ ဖြစ်တတ်ပါတယ်။

၎။ ကိုးကွယ်ရာမရှိသူလို ဟိုဟိုဒီဒီ သွားလာတတ်ပါတယ်။

၅။ သီချင်းလည်း အော်ဆိုတတ်ပါတယ်။ က လည်းကတတ်ပါတယ်။

၆။ တက္ကတွန်းလို အ၀တ်မ၀တ်ဘဲ သွားလာတတ်ပါတယ်။

၇။ တွေတွေဝေေ၀နဲ့ အကြာကြီးလည်း အိပ်တတ်ပါတယ်။

၈။ လက်တုန်ခြေတုန် ဖြစ်တတ်ပါတယ်။

၉။ မီးလောင်သလို ပူပူလောင်လောင်နဲ့ အိပ်ရတတ်ပါတယ်။

၁၀။ သူတစ်ပါးတို့ရဲ့ ထိုးကြိတ်ခြင်းကိုလည်း ခံရတတ်ပါတယ်။

၁၁။ လူများရှေ့မှာလည်း မပြောသင့်တဲ့စကားကိုလည်း ပြောတတ်ပါတယ်။

၁၂။ ကိုယ့်အန်ဖတ်တွေနဲ့ ကိုယ် အိပ်ရတတ်ပါတယ်။

၁၃။ ငါ့လောက်မိုက်တဲ့သူ မရှိဘူးလို့လည်း ကြွေးကြော်တတ်ပါတယ်။

၁၄။ မျက်စိတွေလည်း နီလာတတ်ပါတယ်။

၁၅။ လိုအပ်တာထက်ပိုပြီး မာန်တက်တတ်ပါတယ်။

၁၆။ ငြင်းလည်းငြင်းခုံတတ်ပါတယ်။

၁၇။ ရုပ်ရည်အဆင်းတွေလည်း တဖြေးဖြေးလျော့လျော့လာပြီး
အိုလွယ်တတ်ပါတယ်။

၁၈။ သူခိုးတွေရဲ့ နေရာဒေသကိုလည်း ရောက်တတ်ပါတယ်။

၁၉။ စည်းစိမ်ဥစ္စာတွေလည်း ကုန်တတ်ပါတယ်။

၂၀။ မိဘ၊ ယောက္ခမ စသည်ကိုလည်း ဆဲရေးမိတတ်ပါတယ်။

၂၁။ ချွေးမစသည်ကိုလည်း မှားယွင်းပြီး ကိလေသာဖြစ်တတ်ပါတယ်။

၂၂။ မိန်းမရဲ့ ဆဲရေးခြင်းကိုလည်း ခံရတတ်ပါတယ်။

၂၃။ ရဟန်း၊ ပုဏ္ဏား စသည်ကိုလည်း ရိုက်ပုတ်မိတတ်ပါတယ်။

၂၄။ ငွေပေးပြီး မဟုတ်မမှန်ထွက်ဆိုဖို့ သက်သေလိုက်ခိုင်း ခံရတတ်ပါတယ်။

၂၅။ တစ်ခုခုခိုင်းလိုက်ရင်လည်း လေးဖင့်နေတတ်ပါတယ်။

၂၆။ မြေကြီးပေါ်မှာလည်း အိပ်တတ်ပါတယ်။
အရှင်မင်းကြီး ကျွန်ုပ်လက်မှာရှိတဲ့ အရက်ဟာ အဲဒီလိုစွမ်းအင်တွေရှိပါတယ်။

(ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ကုမ္ဘဇာတ်)

အရက်သောက်တာဟာ အသက်ကိုလည်းတိုစေသလို ရောဂါများဖြစ်လွယ်သဖြင့် ဆေးဖိုးဝါးခကုန်ကျစရိတ်တွေလည်းကုန် ကိုယ့်မိသားစုပတ်ဝန်းကျင် စိတ်ဒုက္ခရောက်ကြရပါတယ်။

လူငယ်တစ်ယောက်ဟာ ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်၊ တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် တကယ်ရှိတယ်ဆိုရင် အသက်တိုမယ့်ကိစ္စတွေကို ငယ်ငယ်ကတည်းက ရှောင်ရှားသင့်ပါတယ်။

အရက်မသောက်ဘဲနေတာဟာ ကိုယ်တစ်ယောက်ထဲတင် အကျိုးရှိတာ မဟုတ်ပါဘူး၊ ကိုယ့်မိသားစု၊ ကိုယ်ဝန်းကျင်၊ ကိုယ်နိုင်ငံအတွက်ပါ အကျိုးရှိတာပါ။

အရက်တော့မသောက်ဘဲနေပါရဲ့၊ အရက်တွေကျတော့ တွင်တွင်ရောင်းနေတယ်ဆိုရင်လည်း အဓိပ္ပါယ်မရှိလှပါဘူး။ တကယ်တော့ အရက်ရောင်းတယ်ဆိုတာ အသက်တိုဆေး ရောင်းနေတာပါ။ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိမယ့်လူတစ်ယောက် ကိုယ်ရောင်းလိုက်တဲ့ အရက်သောက်ပြီး အသက်တိုသွားတယ်ဆိုရင် နိုင်ငံအတွက် အများကြီးနစ်နာပါတယ်။

ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် အသက်တိုစေမယ့် အရက်ကို လုံးဝ မရောင်းသင့်ပါဘူး။ အရက်မရောင်းရလို့လည်း ထမင်းငတ်မသွားနိုင်ပါဘူး။

မြန်မာတစ်နိုင်ငံလုံး အရက်ရောင်းမယ့်လူမရှိ၊ အရက်သောက်မယ့်လူမရှိရင် သိပ်ကောင်းမှာပါ။ ဒါဆို အရက်အတွက် ကုန်မယ့်ငွေတွေ ထွက်လာမှာပါ။ အဲဒီငွေတွေနဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ ပရဟိတကျောင်းတွေသာ ဆောက်လိုက်မယ်ဆိုရင်၊ အများအကျိုး ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာသာ အသုံးချလိုက်မယ်ဆိုရင် . . . . . . . . .

ရဝေနွယ် (အင်းမ)

မင်္ဂလာအတွေးများ မှ ကောက်နှုတ်ဖော်ပြပါသည်။

ညီမလေးအတွက် စကားလက်ဆောင်(၁၁)

Photo: ညီမလေးအတွက် စကားလက်ဆောင်(၁၁)
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ညီမလေးရေ....
ချစ်သူအပေါ် အရာရာ ပေးဆပ်ပြီးချစ်တာပာာ မိန်းကလေးတွေအတွက် မပာုတ်ပါဘူး။ မိန်းကလေးပာာ ချစ်သူအပေါ် ပေးဆပ်စရာ မလိုဘူး။ မိန်းကလေးဆိုတာ ပေးဆပ်မှုကို ခံယူဖို့ သက်သက်ပဲ ဖြစ်တယ်။

မိန်းကလေးတွေရဲ့ ဘ၀ပာာ သိပ်သနားဖို့ ကောင်းတယ်။ သူတို့လည်း လူပဲလေ။ ချစ်တတ်တယ်။ ခံစားတတ်တယ်။ ချစ်သူရဲ့ အချစ်ကို ရချင်ကြတယ်။ ဒါပေမယ့် ဖွင့်ပြောဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

မိန်းကလေးက ဖွင့်ပြောပြန်ရင် ယောက်ျားလေးက တန်ဖိုးမထားတတ်ကြဘူး။
ဖွင့်မပြောရင်လည်း မိန်းကလေးချစ်နေတာကို ယောက်ျားလေးက မသိဘူး။ ဒါ့ကြောင့် မိန်းကလေးတွေရဲ့ ဘ၀ပာာ သိပ်သနားစရာ ကောင်းပါတယ်။

ဒါပေမယ့် အားမငယ်ပါနဲ့ ။သဘာဝ နည်းလမ်းကောင်းတွေ အများကြီး ရှိပါတယ်။

ညီမလေးရဲ့ ခန္ဓာကိုယ်ပာာ ချစ်သူက မက်မောလောက်တဲ့ အလှတရားမရှိလည်း ကိစ္စမရှိပါဘူး။ ပကတိ ဖြူစင်နေဖို့ပဲ လိုတယ်။
အချစ်ဆိုတာက အလှတရားကို တော်တော်များများ အခြေခံနေပေမယ့် မေတ္တာဆိုတာက ဘာကိုမှ အခြေမခံဘူး ညီမလေး။

မေတ္တာပာာ သံယောဇဉ်ကိုပဲ အခြေခံနေတာပါ။ သံယောဇဉ်မဲ့မေတ္တာကတော့ ပါရမီရှင်တွေပဲ ဖြစ်နိုင်တာ။ တစ်ယောက်နဲ့ တစ်ယောက်ပာာ သံယောဇဉ်တွေ ဖြစ်နေကြပြီဆိုရင် တစ်နေ့နေ့မှာ ချစ်ခွင့်ပန်လာမှာ သေချာတယ်။

ချစ်ခွင့်ပန်လာတိုင်း ပြန်ချစ်ဖို့တော့ မဖြစ်နိုင်ဘူး။ ကိုယ့်ကို ချစ်နေတဲ့လူပာာ ပေးဆပ်မယ့်လူးလား။ သိမ်းပိုက်ရယူမယ့်လူလား ဆိုတာ ဝေဖန်ပြီး ဆုံးဖြတ်သင့်တယ်။ ချစ်သူက ချစ်ခွင့်ပန်လာလို့ အပျော်လွန်ပြီး အဖြေမပေးရဘူး။ အကြံသမားဖြစ်နေရင် ကျန်ရစ်ဖြစ်နေတတ်တယ်။

လူတော်တော်များများ ပြောနေတယ်။ အချစ်စစ် အချစ်မှန် ဆိုတဲ့ စကားလုံးပါ။ အချစ်မှာ အတုအစစ်မရှိပါဘူး။ အချစ်ပာာ အချစ်ပဲ။ အချိန်မရွေး ပျက်ဆီးခြင်းသဘောကို ဆောင်တယ်။ပျက်ဆီး သွားတဲ့အခါ လူတွေက အတုအယောင် အချစ်လို့ ထင်နေတယ်။ မပာုတ်ပါဘူး။ အချစ်ပာာ အနိစ္စပဲမို့ ပျက်ဆီးတတ်တာကို အထင်လွဲတာပါ။

မေတ္တာဆိုတာလည်း ပျက်ဆီးတာပါပဲ။ ဒါပေမယ့် မေတ္တာပာာ ဖြူစင်တယ်။ အတိုင်းအတာ တစ်ခုထိ ခိုင်မာတယ်။ မိန်းကလေးတိုင်းပာာ ကိုယ့်ရဲ့ ချစ်သူပာာ ချစ်တာလား မေတ္တာလား ဆိုတာ ဝေဖန်နိုင်ရင် ကောင်းပါတယ်။

ချစ်သူတွေ ခိုင်မြဲကြပါစေ။
အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း
ညီမလေးရေ....
ချစ်သူအပေါ် အရာရာ ပေးဆပ်ပြီးချစ်တာပာာ မိန်းကလေးတွေအတွက် မပာုတ်ပါဘူး။ မိန်းကလေးပာာ ချစ်သူအပေါ် ပေးဆပ်စရာ မလိုဘူး။ မိန်းကလေးဆိုတာ ပေးဆပ်မှုကို ခံယူဖို့ သက်သက်ပဲ ဖြစ်တယ်။

မိန်းကလေးတွေရဲ့ ဘ၀ပာာ သိပ်သနားဖို့ ကောင်းတယ်။ သူတို့လည်း လူပဲလေ။ ချစ်တတ်တယ်။ ခံစားတတ်တယ်။ ချစ်သူရဲ့ အချစ်ကို ရချင်ကြတယ်။ ဒါပေမယ့် ဖွင့်ပြောဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

မိန်းကလေးက ဖွင့်ပြောပြန်ရင် ယောက်ျားလေးက တန်ဖိုးမထားတတ်ကြဘူး။
ဖွင့်မပြောရင်လည်း မိန်းကလေးချစ်နေတာကို ယောက်ျားလေးက မသိဘူး။ ဒါ့ကြောင့် မိန်းကလေးတွေရဲ့

Comment တွေမှာလိုက်ချနေတဲ့ Facebook Virus Warning !!!!!

ပုံစံကတော့ Auto သဘောမျိုး ကူးစက်ခံရသူ မသိပဲ တခြားနေရာတွေ မှာ ဗိုင်းရပ်လင့်တွေလိုက်ချတဲ့ပုံစံမျိုးပါ ။ စာသားကတော့အောက်ပါအတိုင်းဖြစ်ပါတယ် ။

ပုံအလယ်မှာပြထားတဲ့လင့်တစ်ခုတွေ့မယ်

အဲဒီလင့်ကိုနှိပ်တဲ့အခါ video file တစ်ခုပေါ်လာမယ် Click on play to watch! ဆိုပြီး စာရေးထားတယ် ။

Video အပေါ်ကိုနှိပ်လိုက်တဲ့အခါ အဲဒီ video ဖိုင်ပျောက်သွားပြီး Verify You Are Human ဆိုပြီးပေါ်လာတယ် ။ ပြီးတော့Generate code လုပ်ခိုင်းတယ်ကိုယ့်ဖေ့ဘုတ် address bar ကို Copy paste ပြန်လုပ်ခိုင်းတယ် ။

လုံးဝ (လုံးဝ ) မလုပ်မိပါစေနဲ့ ။

Virus ဆိုတာထက် အကောင့်တွေခိုးယူတဲ့ Phishing link ဖြစ်နေမှာစိုးလို့ပါ ။ အခုက profile တွေရော page တွေမှာပါ အဲဒီဗိုင်းရပ်အကူးခံရတဲ့လူတွေက သူတို့ကိုယ်တိုင်တောင်မသိပဲ လင့်တွေလိုက်ချနေတာတွေ့ရပါတယ် ။

ဒီသတင်းလေးကို share ပေးကြပါဦး ။

သက်တန့်ချို
1st March 2013