“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, July 19, 2013

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်။

Photo: မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်။

- မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။
ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

- မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ပွါးလိုက်ပါ။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

- ကြည်လင်နေတဲ့ရေကိုကြည့်ပြီး
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

- ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

- မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ cE¨mudk,fဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။
အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

Ref - မြတ်ဗုဒ္ဓအလင်း

အနီရောင်အသား ကန့်သတ်စားကြပါ

Photo: အနီရောင်အသား ကန့်သတ်စားကြပါ

လေ့လာချက် အသစ်တစ်ခုအရ အူမကြီး ကင်ဆာဖြစ်နေပြီလို့ ရောဂါ အမည်တပ် မခံရခင် တုန်းက အနီ ရောင်အသားများနှင့် အသင့်စားသုံး ရန် စီမံထားသော ကြာရှည်ခံ အစား အစာများအား အများဆုံး စားသုံးကြ သူတွေဟာ ကင်ဆာရောဂါဖြစ်နေ ကြောင်းပြောပြီး နောက်ထပ် ၈ နှစ် လောက်သာ အသက်ရှည်ကြောင်း တွေ့ခဲ့ရပါတယ်။အတ္တလန္တာရှိ အမေရိကန် ကင်ဆာ အဖွဲ့အစည်းမှ ခေါင်းဆောင် Dr. Marjorie ၏ ပြောပြချက်အရ "ဤတွေ့ရှိချက်ဟာ အနီရောင် အသားနှင့် ကြာရှည်ခံအောင် စီမံ ထားသော အစားအစာများကို စားသုံး ရာမှာ ကန့်သတ်ရန် ညွှန်ကြားချက် များ လိုက်နာဖို့ အရေးကြီးတယ်" လို့ ဆိုပါတယ်။ ဤလေ့လာ သုတေသန ပြုချက် ကို ၁၉၉၂ ခုနှစ်နှင့် ၁၉၉၃ ခုနှစ် အတွင်း ကင်ဆာရောဂါမရှိတဲ့ အမေရိ ကန်နိုင်ငံသားပေါင်း ၁၈၄ယဝ၀ဝ ဦးအား စစ်တမ်းကောက်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ Dr.Mc Cullough ၏ ပြောပြ ချက်အရ "ကျွန်တော်တို့က သက် သတ်လွတ်စားဖို့ ပြောနေခြင်းမဟုတ် ပါ။ အသား အများကြီး (ဥပမာ- တစ်ခါစားလျှင် အနီရောင်အသား ၅ တုံး၊ ၆ တုံးထက်ပို၍စား) စားသုံးတဲ့ သူတွေဟာ နှစ်ကြာလာတာ နဲ့အမျှ အူမကြီးကင်ဆာ ဖြစ်လာနိုင်စရာ ရှိပါ တယ်" လို့ ရှင်းပြပါတယ်။  

မေ
BY HEALTH DIGEST

ဗိုက်နာလို့ ငိုတဲ့ကလေး

Photo: ဗိုက်နာလို့ ငိုတဲ့ကလေး

ကလေးတွေ ဗိုက်နာလေထိုး လို့ ငိုတာဟာ ရောဂါမဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏ ဗိုက်နာလေထိုး လေပွလို့ ငိုကြောရှည်ကြာလာမယ် ဆိုရင်တော့ မိသားစုဝင်တွေ၊ အနားက လူတွေ စိတ်ရှုပ်၊ စိတ်ညစ်လာစရာ ဖြစ်သလို ကလေးငယ်တွေ ခမျာ သနားစရာပါ။ ဒါကြောင့် ကလေး ဗိုက်နာပြီဆိုရင် စဉ်းစားစရာအချက် လေးတွေကို မိဘများနှင့် အများ ပြည်သူများ နားလည်လွယ်အောင် ရှင်းပြလိုပါတယ်။
အမှန်တော့ ဗိုက်နာတာဟာ ဆိုးဆိုးဝါးဝါးဖြစ်လှတာ မဟုတ်ပေမယ့် ခံရခက်ကြောင်း လူတိုင်းသိပါလိမ့် မယ်။ ဒါကြောင့် ကလေးငယ်တွေ ဗိုက်နာ ဗိုက်ပွ လေထိုး လေအောင့် မဖြစ်အောင် ဘယ်လိုနေထိုင် ကျွေးမွေး ရမလဲဆိုတာ သိဖို့လိုပါတယ်။

အများကြီး မကျွေးပါနှင့်

ကလေးက ထွားထွားလေးဆိုရင် ချစ်စရာကောင်းတယ်။ ဒါကြောင့် မိဘတွေက ကလေးကို အစွမ်းကုန် ပြုစုကျွေးမွေး ကြတယ်။ အမှန်တော့ ကလေး အစာအိမ်ကလေးဟာ ဘယ် လောက်ပဲ ရှိနေမယ်ဆိုတာ မတွေး မတော မဆင်ခြင်ကြဘဲ တစ်ပန်းကန် လုံးစာ စားနိုင်တယ်ဆိုလေ ထပ်ခွံ့ ကျွေးလေနဲ့ လက်လွန် တတ်ပါတယ်။ ဝမ်းခေါင်းမကျယ်သေးတဲ့ ကလေးဘဝ မှာ လက်ဖက်ရည်အကြမ်း တစ်ပန်း ကန်စာလောက် စားနိုင်ရင် လုံလောက် ပါပြီ။ အသား၊ ဟင်းရွက်၊ ငါး မျှတ အောင် ကျွေးပါ။ မဝါးနိုင်သေးတဲ့ အသားဖတ်တွေအစား ငါးလို နူးညံ့တဲ့ အသားချည်းကျွေးတာဟာ မျိုချရတာ အလွယ်တကူ ရှိလှတယ်ဆိုတာ သတိ ရပါ။ အစာကွေးချိန်မှန်ဖို့ (နို့စို့တဲ့ အရွယ်ဆိုရင်လည်း နို့မှန်မှန် တိုက်ဖို့) လိုတယ်။

ချော့မြူ၍ ချော့သိပ်ပါ

 သိပ္ပံနည်း မကျပေမယ့် ကလေး ငယ်တွေကို ရင်ခွင်ထဲ နွေးနေအောင် ပွေ့ပိုက်ပြီး ကျောလေးပုတ်ပေးတာ မျိုး၊ ဒါမှမဟုတ် ပုခက်ထဲထည့်လွှဲတာ၊ ဒါမှမဟုတ် ကလေးကို ရင်ခွင်ထဲမှာပဲ ထားပြီး မိမိကိုယ်ကိုလှုပ်ရမ်း လက်နှစ် ဖက်ကို ဘယ်ညာ တစ်လှည့်စီ စည်းချက်ကျစွာ) ယိမ်းလှုပ်ပေးပြီး ချော့သိပ်တာမျိုး လုပ်ရင် ကလေးဟာ ငိုနေရာကနေ ငြိမ်ကျပြီး အိပ်ပျော် သွားတတ်ပါသေးတယ်။ မိမိတို့ ပါးစပ် ကလည်း သားချော့တေးလေး၊ ဒါမှ မဟုတ် စိတ်သက်သာရာရအောင် "ကျွတ်ကျွတ်"ဆိုပြီး စုပ်ထိုးပေးသလို ချော့ရပါမယ်။ ဒါမှ ကလေးငယ် ငြိမ်သက်လာစေပါတယ်။

မွေးစ ကလေးငယ်တွေ ဘာကြောင့် အနှီးထွေးပေး ရပါသလဲ

ဒါလည်းရှင်းပါတယ်။ မိခင်ရဲ့ သားအိမ်ထဲမှာ ၁၀ လတာ ကာလ အကျင့်လေးအတိုင်း မွေးပြီးတာနဲ့ အနှီးလေးနဲ့ထုပ်ပိုးပေးထားလိုက်တော့ အမေ့ရဲ့ သားအိမ်ထဲမှာ နေခဲ့ရသလို သူ့အတွက် နွေးနွေးထွေးထွေးဖြစ်စေ တော့တာ အမှန်ပါပဲ။ သူ့အဖို့လည်း မစိမ်းတော့ပါ။ လေထိုးလေပွဖြစ်ရင် တောင် သူ့ဗိုက်လေးကို မိခင်ရဲ့ ရင်ဘတ်နဲ့ကပ်ပေး၊ ခေါင်းလေးထောင် ပေးလိုက်ခြင်းဖြင့် လေတွေက ထုံးစံ အတိုင်း ပေါ့ပါးပြီး အပေါ်တက်ကာ အစာရေမျိုမှတစ်ဆင့် ပါးစပ်ကနေ အေ့ခနဲထွက်ပြီး လေထိုးတာ သက် သာစေမှာပါ။

ကျောပိုးပေးထားပါ

လူအမျိုးမျိုး ဘယ်လိုပင် ကွဲပြား ကြပါစေ။ ကလေးငယ်လေးတွေကို မိခင်တွေ ကျောပိုးထားတာ သို့မဟုတ် ရင်ခွင်ထဲ သိုင်းထားတာဟာ ကြည်နူး စရာကောင်းတဲ့ မြင်ကွင်းပါ။ သူတို့ လေးတွေကလည်း မိခင်ကိုယ်ငွေ့နဲ့ ဖြစ်သူကလည်း အလုပ်အကိုင်မပျက် ပေါ့။

အနားယူပါ

ကလေးဟာ နေ့စဉ်ရက်ဆက် မသက်သာလို့ ငိုနေပြီဆိုရင် အဖေ တစ်လှည့်၊ အမေတစ်လှည့် သို့မဟုတ် အဘိုးအဘွား၊ အဒေါ်တွေ တစ်လှည့် စီ ထိန်းပေးမှသာ မိခင်ခမျာ သက် သာရာ ရလိမ့်မယ်။ အနားယူဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် စိတ်ရှုပ် ထွေးပြီး ကလေးမွေးရတာ စိတ်ဓာတ် ကျသွားလိမ့်မယ်။

ကူညီပေးပါ

ကလေးငိုတာ မဆုံးနိုင်ရင်တော့ ဆရာဝန်ထံသွားဖို့ လိုပါပြီ။ ဒါပေမယ့် ကလေးစပြီး အီလာ၊ ငိုလာတဲ့အချိန် ကစပြီး ဘာတွေ ဘယ်လို ဖြစ်ပျက် လာသလဲ ဆိုတာလေး ချရေးထားပါ။ ဒါမှ ဆရာဝန်မေးတော့ ပြန်ဖြေနိုင် မှာပါ။  

ဂျပန်နိုင်ငံက ကားမှတ်တိုင်များ

Photo: ဂျပန်နိုင်ငံက ကားမှတ်တိုင်တစ်ခုပါ။
====================

ဂျပန်နိုင်ငံက ကားမှတ်တိုင်တွေမှာ စာအုပ်စင်တွေထားပေးပါတယ်။ကားစောင့်ရင်းစာအုပ်ဖတ်နိုင်အောင်လို့ပါ။တကယ်လို့ စာအုပ်ဖတ်လို့မပြိးဘူးဆိုရင် အိမ်ကို ယူပြီးဖတ်နိုင်ပါတယ်။ဖတ်ပြီးလို့နောက်တစ်နေ့ကားစီးတဲ့အခါ မှတ်တိုင်မှာပြန်ထားခဲ့ရပါတယ်။ကိုယ်ယူခဲ့တဲ့မှတ်တိုင်မှာမဟုတ်လဲ အခြားမှတ်တိုင်တွေမှာလဲထားခဲ့နိုင်ပါတယ်။စာအုပ်တွေကိုလဲအမျိုးအစားတွေခွဲခြားပေးထားပါတယ်။မြန်မာနိုင်ငံမှာဆိုရင် စာအုပ်ဆိုင်ကစာအုပ်တွေကိုတောင်ပြန်မအပ်ပဲယူထားကြတာ။သူတို့နိုင်ငံမှာတော့. . .
ဒါကြောင့်စည်းကမ်းဆိုတာ အလွန်အရေးကြီးပါတယ်။

မောင်စိုင်း
(ကနောင်)
https://www.facebook.com/photo.php?fbid=193834674111632&set=a.144808482347585.29835.144483682380065&type=1&theater