“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, January 5, 2013

Volkswagen က ထုတ်မည့် ဘီးမပါ၊ မြေမထိကား

 
ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။ 


http://www.fusarshinlay.net/profiles/blog/show?id=6384739%3ABlogPost%3A6450882&xgs=1&xg_source=msg_share_post

ပဟေဠိဆန်ဆန်ကြောက်စရာကောင်းတဲ့ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်နေရာ or ဘာမြူဒါ တြိဂံ (Bermuda Triangle)

ဒီတစ်တခါတင်ဆက်ပေးမဲ့ အကြောင်းအရာလေးကတော့ Bermuda Triangle လို့ လူသိများတဲ့ ထူးခြားတဲ့ ကမ္ဘာပေါ်က နေရာလေးတစ်ခု အကြောင်းပါ။ ကြားဖူးတဲ့သူတွေကတော့ Devil's Triangle လို့လဲ သိကြပါတယ်။ လေယာဉ်တွေ၊ သဘောင်္တွေ သူ့အလိုလို အဲ့ဒီနေရာကို ရောက်သွားတာနဲ့ ပျောက်ကွယ်သွားကြပြီး ပြန်လည်ရှာဖွေလို့ မရတော့တဲ့ နေရာလေးပါ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် MYMC ကနေပြီးတော့ .. ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ပါတယ်..

Bermuda Triangle တည်နေရာ

ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြားတဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။

History

>ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့ ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း ၁၃ယောက် ပါဝင်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။

Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)
Compass variations

ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ လူတွေထင်မြင်ချက်နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။ ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက်အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်းဆိုတဲ့ ဖော်ပြချက်ပါ။ ဒီသံလိုက်အိမ်မြောင်နဲ့ ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ သံလိုက်ဓာတ်တွေဟာ သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေစပြီး ပြောင်းလဲတတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိသေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝအားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။ တခါတလေ တြိဂံကြီးတစ်ခုအဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။

Deliberate acts of destruction

Deliberate acts of destruction ဆိုတဲ့ ဖော်ပြချက်မှာတော့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက စစ်မက်တွေကြောင့် ဖြစ်ပွားမူနဲ့ ပင်လယ်ဓားပြ တိုက်ခိုက်ခံရခြင်း ဆိုတာတွေပါ။ မြောက်များစွာသော ရေတပ်သဘောင်္တွေ နစ်မြုပ်သွားမှု ဖြစ်စဉ်တွေကို စစ်မက်ဖြစ်ပွားနေစဉ်မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ မကျန်ခဲ့တဲ့ ထူးခြားစွာနစ်မြုပ် ပျောက်ကွယ်သွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဥပမာ ၁၉၁၈ ခုနှစ်မှာ USS Cyclops လို့ ခေါ်တဲ့ စစ်သဘောင်္နဲ့ သူရဲ့ အမျိုးအစားတူတဲ့ သဘောင်္တွေဖြစ်တဲ့ Proteus နဲ့ Nereus သဘောင်္တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ ပင်လယ်ရေအောက်ကို နစ်မြုပ်ခဲ့တယ်လို့သာ သိခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက်တွေတော့ ဘယ်မှတ်တမ်းတွေမှာမှ မတွေ့ရ နိုင်ပါဘူး။

နောက်တစ်ချက်က ပင်လယ်ဓားပြ တိုက်ခိုက်ခြင်းပါ်။ ဒီနေ့ဒီအချိန်ထိ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သဘောင်္တွေကို တားဆီး လုယှက်မှုတွေဟာ ဖြစ်ပေါ်နေတုန်းပါ။ များသောအားဖြင့် ကုန်တင်သဘောင်္တွေကို ဓားမြတိုက်မှုဟာ များပါတယ်။ ဇိမ်ခံသဘောင်္တွေကိုလည်း တိုက်ခိုက်လေ့ရှိတယ်။ အများအားဖြစ်တော့ မူးယစ်ဆေး မှောင်ခိုထုတ်လုပ်တဲ့ သူတွေက မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းဖို့အတွက် ဇိမ်ခံသဘောင်္တွေကို ဓားမြတိုက်လေ့ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲ့ဒီ Bermuda Triangle မှာ နစ်မြုပ်သွားတဲ့ သဘောင်္တွေ ပင်လယ်ဓားမြတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Gulf Stream

နောက်ထပ် အချက်လေးတစ်ချက်ကတော့ ပင်လယ်ရေစီးကြောင်းလို့ ပြောနိုင်ပါတယ်။ များသောအားဖြစ် Mexico ပင်လယ်ကွေ့ကနေ Straits of Florida ကို ဖြတ်ပြီး North Atlantic ထိ စီးဆင်းလေ့ရှိတဲ့ ပင်လယ်ရေစီးကြောင်း တွေကြောင့်လည်း နစ်မြုပ်မှူဖြစ်စဉ်တွေဟာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမုဒ္ဒရာထဲမှာပဲ စီးဆင်းနေတဲ့ ပင်လယ်တွေလည်း ရှိတယ်လေ။ ပင်လယ်လိုမျိုး သူ့ရေစီးကြောင်းနဲ့သူ စီးနေကြတာ။ အဲဒီ ပင်လယ်တွေက ရေပေါ်မှာ မျှောနေတဲ့အရာတွေကို ဆွဲခေါ်သွားလေ့ရှိတယ်။ ပုံမုန်အားဖြင့်က တစ်စက္ကန့် ကို ၂.၅ မီတာ လောက်ကို အရှိန်နှူန်းမြန်မြန်နဲ့ စီးဆင်းနေလေ့ ရှိတယ်လေ။ ဒါကြောင့်လည်း ရေပေါ်မှာ ခဏ ရပ်နားတတ်တဲ့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် စက်ချွတ်ယွင်းမှုရှိတဲ့ သဘောင်္တွေ အတွက်ကတော့ အဲဒီ ရေစီးကြောင်းတွေက အလွယ်တကူ ဆွဲယူနစ်မြုပ်လိုက်နိုင်ပါတယ်။

Human Error

>နောက်တစ်ချက်ကတော့ အဖြစ်အများဆုံး လူသားတွေနဲ့ ပတ်သတ်တဲ့ အမှားအယွင်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမှားနဲ့ မကင်းဘူးဆိုတဲ့ လူသားတွေရဲ့ ချွတ်ယွင်းချက်တွေကြောင့် ဆုံးရူံးမူတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၇၂ မှာ ဖြစ်ပွားခဲ့တဲ့ Tanker SS VA Fogg နစ်မြုပ်မှူမှာ Benezne လို့ခေါ်တဲ့ ဓာတုအနည်တွေကို ကောင်းမွန်စွာ မသန့်စင်နိုင်တဲ့အတွက်ကြောင့်၊ ကောင်းမွန်စွာ သန့်စင်ဖို့ လေ့လာမူ အားနည်းချက်တွေကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ခေါင်းမာ အရဲစွန့်မူတွေကြောင့် စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Harvey Conover ဟာ သူ့ရဲ့ အပျော်စီး ရွက်လှေကို ဆုံးရူံးလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၁၉၅၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ Florida တောင်ပိုင်းမှာ မုန်တိုင်းဖြစ်နေတဲ့ ကြားကခေါင်းမာပြီး အရဲစွန့် ရွက်လွင့်ခဲ့ရာကနေ အခုလို ဆုံးရူံးမှုတွေနဲ့ ကြုံရတာပါ။

Hurricanes

ဟာရီကိန်းလို့ ဆိုတာနဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းဆိုတာ လူတွေသိပြီးသား ဖြစ်မှာပါ။ အပူပိုင်း ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဟာရီကိန်းတွေကြောင့် မြောက်များစွာသော လူ့အသက်တွေနဲ့ ဆုံးရုံးမှုတွေဟာ ဖြစ်ပွားလေ့ရှိပါတယ်။ အတိတ်မှာကော ခုချိန်ထိပါ မလွန်ဆန်နိုင်တဲ့ သဘာဝတရားရဲ့ ကြောက်မက်ဖွယ် ပြောင်းလဲမှုတွေဟာ လူသားတွေရဲ့ ဘ၀များစွာကို တခဏအတွင်းမှာ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ ၁၅၀၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ စပိန်သဘောင်္ Francisco de Bobadilla ရဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် နစ်မြုပ်မှုဟာ ပထမဦးဆုံး Bermuda ဒေသမှာ မှတ်တမ်းတင်ရတဲ့ မုန်တိုင်းကြောင့် နစ်မြုပ်မှုပါ။

Methane Hydrates

နောက်တစ်ချက်က မြောက်များလှစွာသော နစ်မြုပ် ပျောက်ကွယ်မှုတွေ အဓိကကျ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ Methane Hydrates တွေ တည်ရှိနေမှုပါ။ Australia နိုင်ငံက သုတေသန ပြုချက်အရ Methane ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မြောက်များလှစွာသော ရေပွက် ( bubbles ) တွေဟာ ရေရဲ့ သိပ်သည်းဆကို လျော့နဲစေခြင်းအားဖြင့် သဘောင်္တွေကို နစ်မြုပ်နိုင်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအရာက mud volcanoes လို့ ခေါ်လေ့ရှိတဲ့ Methane Eruptions တွေဟာ ရေမျက်နှာပြင် ကို အမြုပ်တွေထ ရေပွက်တွေ ဖြစ်ပေါ်လာစေနိုင်ပြီ သဘောင်္တွေအတွက် ရေပြင်ပေါ်နိုင် စွမ်းအားကို လျော့နဲလာစေနိုင်ပြီး နစ်မြုပ်သွားစေနိုင်တာပါ။ USGS လို့ခေါ်တဲ့ United States Geological Survey Agency က ဖော်ပြချက် တစ်ခုမှာတော့ ကမ္ဘာရေပြင်ရဲ့ အောက်ခြေမှာ မြောက်များလှစွာတဲ့ Methane ဓာတ်ငွေ့တွေ ရှိနေပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ထပ်ဖော်ပြချက် တစ်ခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စပြီးကြီးမားတဲ့ ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ Bermuda ဒေသမှာ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

Rogue Waves

နောက်ဆုံး အချက်ကတော့  Rogue Waves လို့ခေါ်ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းတွေကြောင့်ပါတဲ့။ အများကလည်း Killer Waves, monster waves, Extrem waves, abnormal waves စသဖြင့် ခေါ်လေ့ရှိတဲ့ လှိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောက်ဆို Bermuda Triangle မှာ ဘာကြောင့် ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေလည်းဆိုတာ အကြမ်းပျင်းအားဖြင့် သိရှိသွားပြီလို့ ထင်ပါတယ်.။


မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များကတော့.....
Flight 19

Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

USS Cyclops

ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ ၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့ Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။

Star Tiger and Star Ariel

ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁ ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည် ၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ် ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။

Douglas DC-3

1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့ လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့် လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။

MYMC မှ.. တဆင့် ကူးယူဖော်ပြပါသည်...

'''ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေးချက်များ'''

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့...


http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1164778&xgs=1&xg_source=msg_share_post 

ပဌာန်း (၂၄)ပစ္စည်း ၏ အနက်အဓိပ္ပာယ်

 

၁။ ဟေတု ပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲပါစေသား။

၂။ အရမ္ပဏ ပစ္စယော = မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော = ရုပ်နာမ်နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။

၎။ အနန္တရ ပစ္စယော = များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရ ပစ္စယော = ရုပ်နှင့်နာမ်အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော = ရုပ်-ရုပ်ခြင်းသို့ နာမ်-နာမ်ခြင်းထင်ရှားစွာသိရပါစေသား။

၇။ အညမည ပစ္စယော = အပြန်အလှန်တရားမှန် သိဟန်ရှိခိုးပါ၏ဘုရား။

၈။ နိဿယ ပစ္စယော = ရုပ်နာမ်နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော = ရှေ့ကဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရ ပါစေသား။

၁။ ပစ္ဆာဇာတ ပစ္စယော = နောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရ ပါစေသား။

၁၂။ အာသေ၀န ပစ္စယော = လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မ ပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။

၁၄။ ၀ိပါက ပစ္စယော = ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရ ပစ္စယော = လိုရာကိုပြည့်စုံစွာထောက်ပံ့နိုင်ကြပါစေသား။

၁၆။ ဣန္ဒြိယ ပစ္စယော = ရုပ်နာမ်ကိုထိန်းသိမ်းတတ်သောပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော = သူတော်ကောင်းတရားခုနှစ်ပါး၊ ဉာဏ်စဉ်ငါးပါးတို့နှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော = ဘာဝနာ(၂)ပါးအပေါင်းကို အာရုံပြု၍ အထွဋ်အထိပိပညာကိုရပါစေသား။

၁၉။ သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့်ပေါင်း၍ ခုနှစ်ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ၀ိပ္ပယုတ္တ ပစ္စယော = သူယုတ်မာနှင့် ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။

၂၁။ အတ္ထိ ပစ္စယော = သမုတိနယ်၌အသိကို ဟုတ်မှန်စွာ သိရပါစေသား။


၂၂။ နတ္ထိ ပစ္စယော = ပရမတ္တမရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ၀ိဂတ ပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးဖြစ်သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အ၀ိဂတ ပစ္စယော = ပွင့်လတ္တံ့သော ဘုရာတို့ကို ရှိခိုးရပါစေသား။

လှချင်၍ ဆံပင်ဆေးဆိုးရာမှ မျက်လုံးကွယ်၍ မျက်နှာအလှပါ ပျက်စီးခဲ့ရသည့် အမျိုးသမီး

 
ဗြိတိန်မှ အမျိုးသမီးတစ်ဦး ၏အဖြစ်မှာ သိပ်လှချင်ကြသည့် ယနေ့ခေတ်အမျိုးသမီးလေးများ အတွက်
သင်ခန်းစာယူစရာပင် ဖြစ်သည်။ ဖြစ်ပုံမှာ အသက် ၂၅ နှစ်အရွယ်ရှိကားမင်းရိုးဟုအမည် ရသော
အမျိုးသမီးသည်သူမ၏ နီညိုရောင်ဆံပင်အား အရောင် ပြောင်းရန် အနက်ရောင်ကာလာ ဆိုးဆေးအသုံးပြုရာမှဓာတ်မတည့်  မှုများကြောင့် မျက်လုံးအမြင်များ ကွယ်၍ မျက်နှာတွင် ဖောင်းအစ် ပျက်စီးလာကာဆေးရုံတက်ရောက်  ကုသမှုခံခဲ့ရသည်။
ရိုးအသုံးပြုသော ဆိုးဆေးမှာ  Claird nsice ဖြစ်ပြီးအသုံးမပြုခင် ဆိုးဆေးတွင်ဖော်ပြထားသော
အညွှန်းများအတိုင်း ၄၈ နာရီကြာ  အရည်ပြားစမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်းနှင့်
ယခုကဲ့သို့ ဖြစ်ရခြင်းကိုနားမလည်နိုင်ဟု သူမကဆိုသည်။
အသုံးပြုပြီးတစ် ရက်မပြည့်ခင်မှာပင် အမြင်များ ကွယ်သွားပြီးသူမ၏ဦးခေါင်းနှင့် မျက်နှာတွင်
ဖူးရောင်လာပြီး ဘောလုံးကြီးတစ်လုံးကဲ့သို့ပင်ခံစား ရကြောင်း The San သတင်းဌာန သို့ဆက်လက်ပြောကြားခဲ့သည်။

သူမ ဆေးကုသမှုခံယူသော ဆွမ်းဆီးရှိ မောရစ်ဆင်ဆေးရုံမှ အရေပြားဆရာဝန်မှ ဆိုးဆေးတွင်
ပါဝင်သောဓာတုပစ္စည်းများနှင့် ဓာတ်မတည့်မှုကြောင်အရည်ပြား မှ ဆိုးဆိုးရွားရွားတုန့်ပြန်ခဲ့၍
ယခု ကဲ့သို့ဖြစ်ရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

(ပြန်လည်မျှဝေသည်)
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1540195&xgs=1&xg_source=msg_share_post

fire fox ကို hack ခြင်းဖြင် speed10 ဆမြှင့်ကြမယ်

ဘားမှာabout:configကိုရိုက်ထည့်ပါပြီရင်scresh ဘားမှာpip လိုရိုက်ထည်ပါ
network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်ပေးပါ
network.http.pipelining.maxrequests မှာ4ကို နှစ်ချက်နှိပ်ပြီ3း0ပြောင်းပေးပါ
network.http.proxy.pipeliningကိုလဲ trueပြောင်းပေးပါ ဒါတွေကိုပြုလုပ်ခြင်းဖြင့်
သူငယ်ချင်းတိုရဲ fire fox ဟာပိုမိုမြန်ဆန်လာစေမှာ WINDOW 7 User-

network IPv6-capable DNS serversတွင် IPv6 address မှတောင်းဆိုချက်ရ IPv4
address ဆီသို့ပြန်လည်ကူးပြောင်း
သွားပါလိ့မ်မည်။ထိုသို့မှားယွင်းစွာပြုလုပ်ခြင်းအတွက်Filter Search Box တွင်
network.dns.disableIPv6 ရိုက်ထည့်ပြီး ရှာဖွေပါ။တွေ့ကနှစ်ချက်နှိပ်၍ True
ဖြစ်အောင်လုပ်ပါ။ Caution ;Window XP User is Not Need ထို့နောက် prefence List
box တွင် Right Click နှိပ်ပြီး New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။ (APPLE computer
User use Ctrl+mouse Click) content.interrupt.parsing ကိုဘောက်တွင်ထည့်ရိုက်ပြီး
Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက True ရွေးပေးပါ။ များစွာသော Access has
been Denied အတွက်ပြင် ဆင်လိုက်ခြင်းဖြစ်သည်။ prefence List box တွင် Right Click
နှိပ်ပြီး New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။ (APPLE computer User use Ctrl+mouse
Click) content.max.tokenizing.time ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok
နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက2250000 ကိုရိုက်ထည့်ပေးပါ။

ထိုသို့အသစ်ပြင်ဆင်ပြောင်းလိုက်ခြင်းဖြင့် Download တွင်ပိုမိုမြန်ဆန်လာစေသည်။
prefence List box တွင် Right Click နှိပ်ပြီး New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click) content.notify.interval
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက 750000
ကိုရိုက်ထည့်ပေးပါ။ ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး New
ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။ content.notify.ontimer ကိုဘောက်တွင်ထည့်ရိုက်ပြီး
Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက Ture ကိုရိုက်ထည့်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဟာ
သတင်းအချက်လက်ကိုမြန်ဆန်အောင် Timer ချခြင်းတစ်မျိုးပါဘဲ.. prefence List box
တွင် Right Click နှိပ်ပြီး New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။ (APPLE computer User
use Ctrl+mouse Click) content.notify.backoffcount ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok
နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက 5 ကိုရိုက်ထည့်ပေးပါ။ Back နှင့် Forward
အတွက်ပြင်ဆင်ခြင်းဖြစ်သည်။ prefence List box တွင် Right Click နှိပ်ပြီး New
ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။ (APPLE computer User use Ctrl+mouse Click)
content.switch.threshold ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok
နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက 750000 ကိုရိုက်ထည့်ပေးပါ။ web pageမှရှိသော
Switch အားလုံးအတွက်ပြင်ဆင်ခြင်းဖြစ်သည်။ prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။ (APPLE computer User use Ctrl+mouse Click)
nglayout.initialpaint.delay ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok
နှိပ်ပါနောက်ဘောက်တစ်ခုပေါ် လာက 0 ကိုရိုက်ထည့်ပေးပါ။ web pages
နှေင်နှေးမှုအတွက်ပြင်ဆင်ခြင်းဖြစ်ပါတယ်....

ရဲဂျာရဲ.ပိုစ်လေးကို 
ပြန်လည်မျှဝေတာပါ 
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1557296&xgs=1&xg_source=msg_share_post

ကြက်ဥအစိမ်း ၂၈ လုံးဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး

 
ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။

ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar

ဘ၀မှာပျော်ရွှင်ဖို့..........

၁. မိမိကိုယ်ကိုချစ်ပါ။ (တစ်ကိုယ်ကောင်းဆန်ဖို့မဟုတ်ဘူးနော်)
၂. ကောင်းတာလုပ်ပါ။
၃. ခွင့်လွှတ်သည်းခံပါ။ (ဒေါသကြီးရင်ရောဂါရတတ်လို့ပါ)
၎. သူတစ်ပါးကိုဒုက္ခမပေးနှင့်။
၅. အကောင်းမြင်ပါ။

မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ

မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နား ကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက် ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။ များသောအားဖြစ်လူတိုင်းဟာ ညာဘက်သန်သူများဖြစ်တဲ့အတွက် ညာဘက်ကိုပိုမိုအသုံးပြုတတ်ပါတယ် ထိုအလေ့ကျင့်လေးကိုဆင်ခြင်နိုင်ကြပါစေ.....                                                    ယင်းအချက်ကို Apollo Medical Team မှနောက်ဆုံး လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

http://myanmarnewslocal.blogspot.com/
 မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နား ကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက် ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။ များသောအားဖြစ်လူတိုင်းဟာ ညာဘက်သန်သူများဖြစ်တဲ့အတွက် ညာဘက်ကိုပိုမိုအသုံးပြုတတ်ပါတယ် ထိုအလေ့ကျင့်လေးကိုဆင်ခြင်နိုင်ကြပါစေ..... ယင်းအချက်ကို Apollo Medical Team မှနောက်ဆုံး လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

http://myanmarnewslocal.blogspot.com/

အမေ့ထူသူများအတွက် နည်း ၅ နည်း

လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူ လွန်းလို့ စိတ်ညစ် နေပါ သလား။ သော့ဘယ်မှာ ထားမိမှန်း မသိ ဖြစ်နေသလား။
စိတ်မညစ် ပါနဲ့တော့။ မေ့တတ်တဲ့ အကျင့် ပျောက်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။
(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ
ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်း ထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြ တာကိုပေါ့။ အဲဒီလိုပဲ အချက်အလက် အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီ အချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။
(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ
ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက် တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။
(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ
သိပ္ပံပညာရှင် တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ် စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။
(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့
အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက် တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။
(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ
Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)
http://www.myawady.net.mm/health/preventing/item/3629-2013-01-05-10-27-59