“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, October 18, 2013

"စေတနာရှင်များ"(ဟာသ)

Photo: "စေတနာ့ရှင်များ"

လူတစ်ယောက် ဆံပင်လာညှပ်နေတယ်
သူ့ကြည့်ရတာ စိတ်ဓါတ်ကျနေတဲ့ပုံ ဖြစ်နေတော့ ဆံသဆရာက မေးတယ်... ...

"ခင်ဗျားကြည့်ရတာ စိတ်ညစ်နေပုံပဲ"
"ဟုတ်တယ်၊ အကြွေးတွေ ပူနေလို့ဗျာ"

"မညစ်နဲ့၊ ခင်ဗျားကို အဖြစ်မှန်လေးတခု ပြောပြမယ်"
"အင်း ပြော"

"တခါက လူတစ်ယောက်ဟာ အကြွေး ဒေါ်လာ 5000 တင်နေလို့ စိတ်ညစ်ပြီး သူမောင်းလာတဲ့ ကားကို တောင်ကမ်းပါးတစ်ခုကနေ ထိုးချဖို့ လုပ်တယ်၊ အဲဒီနေရာမှာ ထိုးချမယ် မချဘူးနဲ့ ချီတုံချတုံဖြစ်နေတာ နာရီဝက်လောက်ကြာတယ်၊ အဲဒါ လူတစ်စုက သူ့အဖြစ်ကို သိသွားတော့ ဝိုင်းပြီးပိုက်ဆံစုပေးလိုက်တာ ဒေါ်လာ 5000 ရသွားတယ်၊ ဒါနဲ့ သူလည်း ကားကို နောက်ပြန်ဆုတ်လိုက်တယ် တဲ့"

"ဟာ... တော်တော် စေတနာသဒ္ဓါတရားထက်သန်တဲ့ လူတစ်စုပဲနော်"
"အင်း...."

"ဘယ်မြို့က လူတွေလဲဗျ"
"ဘယ်မြို့ကလဲတော့ မသိဘူး၊ သူ့ကားပေါ်ပါလာတဲ့ ခရီးသည်တွေ"

"ဂျာ..."


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
လူတစ်ယောက် ဆံပင်လာညှပ်နေတယ်
သူ့ကြည့်ရတာ စိတ်ဓါတ်ကျနေတဲ့ပုံ ဖြစ်နေတော့ ဆံသဆရာက မေးတယ်... ...

"ခင်ဗျားကြည့်ရတာ စိတ်ညစ်နေပုံပဲ"
"ဟုတ်တယ်၊ အကြွေးတွေ ပူနေလို့ဗျာ"

"မညစ်နဲ့၊ ခင်ဗျားကို အဖြစ်မှန်လေးတခု ပြောပြမယ်"
"အင်း ပြော"

"တခါက လူတစ်ယောက်ဟာ အကြွေး ဒေါ်လာ 5000 တင်နေလို့ စိတ်ညစ်ပြီး သူမောင်းလာတဲ့ ကားကို တောင်ကမ်းပါးတစ်ခုကနေ ထိုးချဖို့ လုပ်တယ်၊ အဲဒီနေရာမှာ ထိုးချမယ် မချဘူးနဲ့ ချီတုံချတုံဖြစ်နေတာ နာရီဝက်လောက်ကြာတယ်၊ အဲဒါ လူတစ်စုက သူ့အဖြစ်ကို သိသွားတော့ ဝိုင်းပြီးပိုက်ဆံစုပေးလိုက်တာ ဒေါ်လာ 5000 ရသွားတယ်၊ ဒါနဲ့ သူလည်း ကားကို နောက်ပြန်ဆုတ်လိုက်တယ် တဲ့"

"ဟာ... တော်တော် စေတနာသဒ္ဓါတရားထက်သန်တဲ့ လူတစ်စုပဲနော်"
"အင်း...."

"ဘယ်မြို့က လူတွေလဲဗျ"
"ဘယ်မြို့ကလဲတော့ မသိဘူး၊ သူ့ကားပေါ်ပါလာတဲ့ ခရီးသည်တွေ"

"ဂျာ..."


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး


Photo: အိပ်စက်ခြင်းပုံစံများနှင့် ကျန်းမာရေး

(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall))
မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။
(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။
(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။
(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည် ပျို့သောကြောင့် ရင်ပူတတ်သူများ၊ ဟောက်တက်သူများအတွက် သင့် တော်သည့်ပုံစံဖြစ်သည်။
(၅)စစ်သား (the soldier)
လက်နှစ်ဖက်ဘေးချလျက် ပက်လက်အိပ်သည့်အနေအထားဖြစ် သည်။ ပက်လက်အိပ်ခြင်းကြောင့် လျာအနောက်ဘက်သို့ ခွေဝင်ကာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ စေသဖြင့်ဟောက်သံကျယ်တတ်သည်
(၆)ကြယ်ငါး (the starfish)
လက်နှစ်ဖက်မြှောက် လျက် ပက်လက်အိပ်သည်ပုံစံဖြစ်သည်။
ယင်းသို့ အိပ်တတ်သူများသည် သူတစ်ပါးပြောစကားကို တလေး တစားနားထောင်တတ်သူများဖြစ် သည်ဟု သုတေသီများက ဆိုသည်။ သို့သော် ပက်လက်အိပ်တတ်သူတို့ ထုံးစံအတိုင်း ဟောက်သံကျယ်တတ် သည်။

Source: MensHealth
Health Updates Journal
(၁)ခြေပစ်လက်ပစ်ခုန်ချခြင်း (the freefall)
 မှောက်လျက်အနေအထားဖြင့် လက်နှစ်ဖက်မြှောက်ကာ ခေါင်းအုံး ပေါ်တင်ထားပြီး အိပ်သည့်ပုံစံ ဖြစ် သည်။
မှောက်လျက်အိပ်သည့်အနေအထား သည် အစာကြေလွယ်စေသည်။

(၂) သန္ဓေသား (the Fetus)
ဘေးတစ်ဖက်စောင်း၍ ကွေး အိပ်သည့်ပုံစံဖြစ်ပြီး လူအများစုတွင် တွေ့ရသည်။ လက်ဝဲဘက်စောင်း အိပ်သည့်အခါ နှလုံး၊အဆုတ်စသည့် အင်္ဂါများကို ဖိအားသက်ရောက်စေ သည့်အတွက် လက်ယာဘက်ကိုသာ စောင်းအိပ်သင့်သည်။

(၃) သစ်တုံး (the log)
ဘေးတစ်ဘက်စောင်း၍ ခြေ လက်များဆန့်တန်းလျက်အိပ်သည့် ပုံစံဖြစ်သည်။ ဤပုံစံသည် ကျောရိုး ဆစ်ကို ဖြောင့်တန်းစေသောကြောင့် ခါးနာဝေဒနာရှိသူများအတွက် အသင့် တော်ဆုံးပုံစံဖြစ်သည်။

(၄)တမ်းတသူ (the yearner)
ဘေးတစ်ဘက်စောင်း၍ လက် နှစ်ဖက်စလုံးဘေးသို့ ဆန့်ထုတ်ထား သည့်ပုံစံဖြစ်သည်။ အစာခြေရည်

Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်

Photo: Folder တွေကိုအရောင်မျိုးစုံပြောင်းမယ်
Friday, October 18, 2013

Folder တွေအရမ်းများလာတဲ့အခါ Folder name တွေနဲ့ခွဲရတာရိုးနေပြီလား? ဒါဆို နာမည်တွေနဲ့ မခွဲဘဲ အရောင်တွေနဲ့ခွဲကြမယ်။ ဘယ်အရောင်ဆိုရင် စာနဲ့ပတ်သတ်တာ ဘယ်အရောင်ဆိုရင် ဗီဒီယိုတွေ စသဖြင့်ပေါ့ခင်ဗျာ။

Folder Colorizer
***********

ဒီကောင်လေးကတော့ Folder တွေကိုအရောင်ပြောင်းဖို့အတွက် ကူညီမယ့်ကောင်လေးပါခင်ဗျာ။ သူ့ကိုအောက်မှာပေးထားတဲ့ လင့်လေးမှာ ဒေါင်းလိုက်ပါ။ File Size သေးလို့ ဒေါင်းရတာအဆင်ပြေမယ်ထင်ပါတယ်။ ဒေါင်းပြီးလို့ သွင်းပြီးသွားရင်ဆိုရင်တော့ ကိုပြောင်းချင်တဲ့ Folder အပေါ်မှာ Right Click ပြီးရင် Colorize ဆိုတာလေးကိုရွေးပြီး ပြောင်းချင်တဲ့အရောင်ကို သာစိတ်ကြိုက်ပြောင်းလိုက်ပါခင်ဗျာ။ သူပေးတဲ့အရောင်ကိုမှ မကြိုက်သေးဘူး ကို့ဘာသာ အရောင်ထွင်မယ်ဆို၇င်လည်း Colorize >>> Colours ဆိုတာလေး ရွေးပြီး စိတ်ကြိုက် အရောင်ဖန်တီးနိုင်ပါတယ်ခင်ဗျာ။

ဒီဟာလေးအသုံးပြုပြီး အရောင်တွေပြောင်းထားရင် အနည်းဆုံးတော့ အမြင်ဆန်းပြီး ကို့ Folder တွေကိုမှတ်သားရာမှာ လွယ်ကူသွားတာပေါ့ခင်ဗျာ။

ဆော့ဝ်ဒေါင်းရန်လင့် (မှတ်ချက်.. အောက်ပါလင့်အားသွားရောက်ပြီး ပထမဆုံးတွေ့ရသော Folder Colorizer ကိုသာဒေါင်းပါရန်)

http://softorino.com/products/

ကျနော်တို့ပေ့ခ်ျလေးမှ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင်ကျေနပ်နေတဲ့
IT4M
Folder တွေအရမ်းများလာတဲ့အခါ Folder name တွေနဲ့ခွဲရတာရိုးနေပြီလား? ဒါဆို နာမည်တွေနဲ့ မခွဲဘဲ အရောင်တွေနဲ့ခွဲကြမယ်။ ဘယ်အရောင်ဆိုရင် စာနဲ့ပတ်သတ်တာ ဘယ်အရောင်ဆိုရင် ဗီဒီယိုတွေ စသဖြင့်ပေါ့ခင်ဗျာ။

Folder Colorizer

***********

ဒီကောင်လေးကတော့ Folder တွေကိုအရောင်ပြောင်းဖို့အတွက် ကူညီမယ့်ကောင်လေးပါခင်ဗျာ။ သူ့ကိုအောက်မှာပေးထားတဲ့ လင့်လေးမှာ ဒေါင်းလိုက်ပါ။ File Size သေးလို့ ဒေါင်းရတာအဆင်ပြေမယ်ထင်ပါတယ်။ ဒေါင်းပြီးလို့ သွင်းပြီးသွားရင်ဆိုရင်တော့ ကိုပြောင်းချင်တဲ့ Folder အပေါ်မှာ Right Click ပြီးရင် Colorize ဆိုတာလေးကိုရွေးပြီး ပြောင်းချင်တဲ့အရောင်ကို သာစိတ်ကြိုက်ပြောင်းလိုက်ပါခင်ဗျာ။ သူပေးတဲ့အရောင်ကိုမှ မကြိုက်သေးဘူး ကို့ဘာသာ အရောင်ထွင်မယ်ဆို၇င်လည်း Colorize >>> Colours ဆိုတာလေး ရွေးပြီး စိတ်ကြိုက် အရောင်ဖန်တီးနိုင်ပါတယ်ခင်ဗျာ။

ဒီဟာလေးအသုံးပြုပြီး အရောင်တွေပြောင်းထားရင် အနည်းဆုံးတော့ အမြင်ဆန်းပြီး ကို့ Folder တွေကိုမှတ်သားရာမှာ လွယ်ကူသွားတာပေါ့ခင်ဗျာ။

ဆော့ဝ်ဒေါင်းရန်လင့် (မှတ်ချက်.. အောက်ပါလင့်အားသွားရောက်ပြီး ပထမဆုံးတွေ့ရသော Folder Colorizer ကိုသာဒေါင်းပါရန်)

http://softorino.com/products/

ကျနော်တို့ပေ့ခ်ျလေးမှ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင်ကျေနပ်နေတဲ့
IT4M
Myanmar Online News

အုန်းလွဲခြင်း (Stiffness of Neck)

Photo: အုန်းလွဲခြင်း (Stiffness of Neck)

ရောဂါမဟုတ်သော ဝေဒနာတစ်ခုဖြစ်ပါသည်။ အုန်းလွဲခြင်းသည် လူအ တော်များများဖြစ်ဖူးသော ဝေဒနာတစ်ခုဖြစ်သည်။ အိပ်ရာပေါ်တွင် အိပ်ပျော် နေစဉ် ခေါင်းနှင့် လည်ပင်းအနေအထား မမှန်ကန်မှု (Postural Defect) ကြာရှည်စွာ ခေါင်းငုံ့ လျက်ဖြစ်စေ ငဲ့စောင်းလျက်ဖြစ်စေ နေမိရာမှ ဖြစ်လေ့ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိသော ဝေဒနာတစ်ခုဖြစ်ရာ သာမန်အားဖြင့် အရေးမကြီးဟု ထင်ရသော်လည်း ဤဝေဒနာဖြစ်ပျက် လာပုံကို လည်းကောင်း၊ ကာကွယ်နိုင် ပုံကိုလည်းကောင်း၊ စနစ်တကျ ကုပုံကို လည်းကောင်း သိရှိနားလည်မှု မရှိကြသဖြင့် တစ်ရက်နှစ်ရက်နှင့် ပျောက်ရမည့်အစား တပတ်နှစ်ပတ်မှ တလအထိ ဝေဒနာကို ကြာရှည်စွာ ခံစားရခြင်းများ ရှိလေသည်။ အချို့သော လူနာများသည် ခေါင်းအုံးကို နေလှန်း၍ အုန်းခြင်းဖြင့်လည်း ကောင်း၊ ရေနွေးကပ်ပေးခြင်း ဖြင့်လည်းကောင်း၊ အကိုက်အခဲပျောက်ဆေး များကို သုံးခြင်းဖြင့် လည်းကောင်း အမှတ်မထင် သက်သာပျောက်ကင်းမှု ရတတ်ကြ သော်လည်း အုန်းလွဲသူတိုင်းထိုသို့ ပြုလုပ်၍ ပျောက်ကင်း ကြသည် မဟုတ်ချေ။ အထက်ဖေါ်ပြပါနည်းများမှ တနည်းနည်းကို သော်လည်း ကောင်း နှစ်နည်းသုံးနည်းကိုသော် လည်းကောင်းပြုလုပ်ပြီးမှ သက်သာမှု မရခြင်း၊ (သို့) ပို၍နာကျင်ခြင်းဖြစ်လာသဖြင့် အကြောအဆစ် ဆေးကုဌာန သို့ ရောက်လာကြသူများမှာ မနည်းလှပါ။ အကြောင်းမှာ အနှိပ်သည်၏ ကုသနည်းမမှန်၍သော်လည်းကောင်း၊ လည်ပင်းနှင့်ပတ် သက်၍ သတိပြု ဆင်ခြင်ရမည်များကို မသိ၍သော်လည်း ကောင်း၊ စနစ်မကျ ကုသနည်းကို သိရှိထားခြင်းမရှိ၍သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ အုန်းလွဲခြင်းကို ကျား၊မ အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။
ဤဝေဒနာ အကြောင်းသိရှိပါက လူနာကိုယ်တိုင် ကုသရလွယ်ကူ၍ အပျောက်မြန်လေသည်။ ဆေးရုံဆေးခန်းသို့ သွားရန်မလိုပေ။

လည်ပင်းကြွက်သားများတည်ရှိပုံ(Anatomy of Neck)

ပုံတွင်ပြထားသည့်အတိုင်း လည်ပင်းရိုးများ (Cervical Vertebrae) ကိုဗဟိုပြုလျက် ကြွက်သားများသည် အဘက်ဘက်မှ လည်ပင်းအား အညီအမျှ ဖွဲ့စည်းထိန်း ကျောင်းထားကြသည်ဖြစ်၏။ ယင်းကြွက်သားများ၏ ရုန်းဆွဲခြင်းကြောင့် လည်ပင်းလှုပ်ရှားမှုများ ဖြစ်ရလေသည်။
ဝေဒနာဖြစ်ရခြင်းအကြောင်းအရင်းများ
ခေါင်းအုံးထူထူမြင့်မြင့်ကိုလည်းကောင်း၊ ခေါင်းအအုံးမာမာကို လည်းကောင်း ကြာရှည်စွာ အသုံးချ အိပ်စက်ခြင်း။
သစ်သားတန်းပေါ်၌ဖြစ်စေ၊ ပက်လက်ကုလားထိုင်လက်တန်းပေါ်၌ဖြစ်စေ ပစ္စည်းထုပ်ပေါ်၌ ဖြစ်စေ ဖြစ်သလိုအိပ်စက်ခဲ့ခြင်း။
စာရေး စာဖတ်ခြင်း၊ လက်နှိပ်စက်ရိုက်ခြင်း၊ ဆန်ရွေးခြင်းကဲ့သို့သော အလုပ် များကို ကြာရှည်စွာခေါင်းငုံ့ လည်စောင်းလျက် အလုပ်လုပ်မိခြင်း။
အမှတ်မထင် ဗြုန်းစားလှည့်ကြည့်မိရာမှ လည်ပင်းပခုံးကြွက်သားများ မျက်သွားခြင်း။
ရောဂါ လက္ခဏာများ
လည်ပင်းလှည့်မရခြင်း
ဇက်စောင်းခြင်း
လည်ပင်းနှင့် ပခုံးကြွက်သားများ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခြင်း။
ဇက်ကြော၊ ပခုံးကြောများ တင်းတောင့်နေခြင်း။
ခေါင်းငုံ့မရခြင်း၊ ခေါင်းငုံ့က ပိုနာခြင်း။
(ရောဂါလက္ခဏာများအရ လူနာ၏မျက်နှာပုံပန်းသည် မာနကြီးသူ၏ ပုံမျိုးဖြစ်နေတတ်ပေသည်။)

အုန်းလွဲခြင်းဟူသည်
အုန်းလွဲခြင်းသည် အထက်တွင်တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း ရောဂါမဟုတ် သော ဝေဒနာတမျိုးဖြစ်လေသည်။ ခေါင်းနှင့် လည်ပင်းအား စနစ်တကျ အနားယူသော အနေအထားဖြင့် အိပါစက်မှုမပြုခြင်း၊ အလုပ်တခုခုကို အကြောင်းပြုပြီး လည်ပင်းကြွက်သားများ မညီမမျှတာဝန် ထမ်းဆောင် စေခြင်းတို့ကြောင့် လည်ပင်းကြွက်သားအချို့ တင်းတောင့်လာကြခြင်း (Spasm) ဖြစ်ပြီး ဇက်ခိုင်လာခြင်းကို အုန်းလွဲခြင်းဟု ခေါ်ပါသည်။ ကြွက်သားများ တင်းလာသဖြင့် ကြွက်သားများအတွင်းရှိ အာရုံ ကြောများအား ညှစ်မိရာမှ နာကျင်ခြင်းဖြစ်ရလေသည်။

ကုသနည်းများ

(က) အနားယူခြင်း။ ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း အုန်းလွဲခြင်းဖြစ်နေချိန်တွင် လည်ပင်းနှင့် ပခုံးကြွက်သားတို့သည် တင်းတောင့်ခြင်းဖြစ်နေကြရာ အားဖြင့်နှိပ်ခြင်း၊ နင်းခြင်း၊ ချိုးလှည့်ခြင်းအား ဖြင့် ကြွက်သားများ နာကျင်သွားနိုင်ပေသည်။ ထိုအခါ တရက်နှစ်ရက်နှင့် ပျောက်ကင်းရမည့်အစား တပတ်နှစ်ပတ်ထိကုသမှု ခံယူရတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ဤဝေဒနာရှင်များအဖို့ အနားယူရန် အရေးကြီး ပေသည်။ အနားယူခြင်းဆိုသည်မှာ စာရေးစာဖတ်ခြင်းကဲ့သို့ ခေါင်းငုံ့ပြီး အလုပ်မလုပ်ရခြင်း၊ မျက်နှာကို ငုံ့ခြင်း မော့ခြင်းမရှိစေပဲ တည့်တည့်အနေအ ထားရှိစေခြင်း၊ လည်ပင်းစောင်း၍မနေစေရန် မှန်ကြည့်လျက် ပြုပြင်ပေးခြင်း၊ အနင်းအနှိပ်မခံရခြင်း၊ ခေါင်းအုံးမြင့်မြင့်မားမားဖြင့် မအိပ်စက်ခြင်း၊ ပက်လက်ကုလားထိုင်တွင် မထိုင်ရခြင်းတို့ ဖြစ်လေသည်။
အနားယူခြင်းကို ကုသနည်းကောင်းတစ်ခုအနေဖြင့် စွဲမြဲစွာ မှတ်ယူသင့် ပါသည်။

(ခ) အပူပေးခြင်း။ ။ ရောဂါစဖြစ်သည့်နေ့မှစ၍ အပူပေးခြင်းကို ပြုလုပ်နိုင်ပါသည်။ ရေနွေးအိတ်၊ ရေနွေးပုလင်း၊ အုတ်ပူ၊ ဆားကျပ်ထုပ် စသည့် အပူတမျိုးမျိုးအား လည်ပင်းနောက် ပိုင်း သို့ လည်းကောင်း၊ လက်ပြင်နှင့် လက်မောင်းများသို့လည်းကောင်း ကပ်ပေးပါ။ ဝေဒနာအဖြစ် များလျင် များသလို အကြိမ်များများ ကပ်ပေးပါ။
ဤရောဂါရှင်များအား အကြောအဆစ်ဆေးကုဌာန၌ S.W.D သို့ RH များဖြင့် အပူပေး လေ့ရှိသည်။ ဆေးရုံတွင် တစ်နေ့ တကြိမ်သာ စက်ဖြင့်အပူပေးပြီး ကျန်သော အချိန်များတွင် ရေနွေးကပ်စေပါသည်။
အပူပေးခြင်းဖြင့် တင်းနေသော ကြွက်သားများ ပျော့လာမည်။ အနာသက်သာမည်။ ခိုင်နေသော လည်ပင်းအား အနည်းငယ်လှုပ်ရှားမှု ပြုလုပ်လာနိုင်မည် ဖြစ်သည်။

(ဂ) လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။ ။ ဝေဒနာများစွာ ခံစားနေရသော ပထမ တစ်ရက်နှစ်ရက်တွင် လေ့ကျင့်ခန်းပြုလုပ်မပေးပဲ အနားယူခြင်း၊ အပူပေးခြင်းလောက်သာ ပြုလုပ်ပေးသင့်ပါသည်။ ထိုနောက် အပူပေးပြီးတိုင်း လည်ပင်းကို ဟိုဘက်သည်ဘက် တဖြည်းဖြည်းလှည့် ပေးရမည်။ တခြားသော လည်ပင်းလှုပ်ရှားမှုများ (ဥပမာ- ငုံ့ခြင်း) အား လုံးဝ မပြုလုပ်ရပေ။ လည်ပင်းလှည့်သောအခါ ပခုံးနှင့် ကိုယ်ပါ လိုက်ပါလှည့်မသွားစေရန် လက်ဖြင့်ခုံကို ကိုင်ထားလျက် လည်ပင်း သက်သက်ကိုသာ ဗယ်ညာလှည့်ပေးရမည်။ လည်ပင်းကို ပထမနေ့တွင် မနာခင်အထိသာ လှည့်ပေးရမည်။ နာသည်အထိ လှည့်ပေးခြင်းဖြင့် လည်ပင်းကြွက်သားများ ပို၍တင်းလာပြီး သက်သာတိုးတက်မှု မရဖြစ်တတ် သည်။ နောက်ရက်များ၌ ရောဂါအခြေအနေကိုကြည့်ပြီး တဖြည်းဖြည်းတိုး၍ လည့်ပေးရမည်။ လည်ပင်းလှည့်ခြင်းကို အတော်အတန်ပြုလုပ်၍ ရလာသောအခါ လည်ပင်း၊ ခေါင်းမော့ခြင်း နှင့် ဘေးသို့ စောင်းခြင်း (နားရွက်နှင့် ပခုံးသို့ထိခြင်း) များတဖြည်းဖြည်း ပြုလုပ်ပေးပါ။ အခြားသော လှုပ်ရှားမှုများအားလုံး အတော်အတန်တိုးတက်မှု ရလာပြီး နာကျင်မှုလည်း များစွာ သက်သာမှုရလာသော အခါ တွင်မှ ခေါင်းငုံ့ခြင်းကို တဖြည်းဖြည်း ချင်း လေ့ကျင့်ယူရမည် ဖြစ်သည်။ သိပ်နာသည်အထိ မပြုလုပ်ရပေ။
လည်ပင်းလေ့ကျင့်ခန်းများအား ရောဂါအခြေအနေအရ တနေ့လျင် ၁၀ခါ သုံးကြိမ်နှင့် အထက် ပြုလုပ်ပေးနိုင်သည်။

လည်ပင်းအားစိုက်လှည့်ခြင်း

လည်ပင်းလှုပ်ရှားမှုများ အဘက်ဘက်သို့ အတော်အတန်ပြုလုပ်လာနိုင် သောအခါ အားစိုက်၍ လှည့်ရသော လေ့ကျင့်ခန်းများသို့ တဆင့်တက် လှမ်းပြုလုပ်ရပေမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်ရောဂါကြောင့် အင်အား လျော့ပါးသွားသော ကြွက်သားများပြန်၍ သန်စွမ်း လာကြရန် ဖြစ်သည်။ ယင်းလည်ပင်းကြွက်သားများ ထာဝရသန်စွမ်းနေကြ မှသာ ဤရောဂါ ဝေဒနာမှာ ကာလကြာရှည်စွာ သက်သာပျောက်ကင်းနိုင်ပါမည်။ အကြောင်း မှာ လည်ပင်းကြွက်သားမသန်စွမ်းက လည်ပင်းရိုးများ အချင်းချင်း ကွာဟ မနေကြဘဲ လျော့ကျ ပူးကပ်နေမည်ဖြစ်ရာ အာရုံကြောအား ဖိမိညှပ်မိ နိုင်မည် ဖြစ်သည်။

လေ့ကျင့်ခန်းပြုလုပ်နည်း

(က) လည်ပင်းလှည့်ခြင်း
ဥပမာ လည်ပင်းအား ဗယ်ဘက်သို့ လှည့်ကြည့်သည် ဖြစ်အံ့၊ လူနာသည် လည်ပင်းမလှည့်မီ သူ၏ဗယ်ဘက်မေးစေ့အား ညာဘက်သို့ တွန်းထားရမည်။ ထိုနောက် တွန်းထားသောလက်အား ဆန့်ကျင်လျက် ခေါင်းကို ဗယ်ဘက်သို့ အားစိုက်လှည့်ပေးရမည်။ တွန်းထားသော လက်သည် လည်ပင်းလှည့်နေစဉ် တချိန်လုံးတွန်းထားပါ။ လည်ပင်းလှည့်ရာတွင် တဖြည်းဖြည်းချင်း တသမတ်တည်းလှည့်ရမည်။ ရပ်လိုက် လှည့်လိုက်မလုပ်ရ။ အားဖြင့် ဆောင့်၍လှည့်ခြင်း ၊ ဖြုန်းစားလှည့်ခြင်းမပြုလုပ်ရ။ လည်ပင်းသည် ဗယ်ဘက်သို့ တဆုံးလှည့်ပြီးသောအခါ ဗယ်လက်ကို ဖယ်လိုက်ပြီး ညာလက်ဖနောင့်ဖြင့် ညာဘက်မေးအား ဗယ်ဘက်သို့ တွန်းထားလျက် ညာဘက်သို့ တဖြည်းဖြည်းချင်းပြန်လှည့်ပေးပါ။ ဤသို့ဖြင့် တဘက်လျင် လေးငါးကြိမ် ပြုလုပ်ပေး ရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။

(ခ) လည်ပင်းစောင်းခြင်း
ဥပမာ လည်ပင်းအား ညာဘက်သို့ စောင်းလိုသည်ဖြစ်အံ့၊ လူနာသည် ခေါင်းကို ဗယ်ဘက်သို့ အတန်ငယ်စောင်းထားပြီး ညာဘက်လက်ဖ၀ါးဖြင့် ညာဘက်နားရွက်၏ အထက်နားသို့ တွန်းထားပေးပါ။ ထိုနောက် တွန်းထားသော လက်ကို ဆန့်ကျင်လျက် လည်ပင်းကို ညာဘက်သို့ တဖြည်းဖြည်းချင်း စောင်းပေးပါ။ ဤသို့ဖြင့် ခေါင်းကို ညာဘက် စောင်းပြီးသောအခါ ညာဘက်နားရွက် အထက်နားသို့ ညာဘက်လက် ဖ၀ါးဖြင့် တွန်းထားလျက် ဗယ်ဘက်သို့ ပြန်စောင်းပေးပါ။ တဘက် ငါးကြိမ် ပြုလုပ်ပေးရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။

(ဂ) ခေါင်းငုံ့ခြင်း၊ မော့ခြင်း
ပထမဦးစွာ ခေါင်းကို အရှေ့ဘက်သို့ အနည်းငယ် ၄၅ဒီဂရီခန့် ငုံ့ထားပါ။ မနာခင်အထိသာ ငုံ့ထားပေးပါ။ ထိုနောက်လက်ဖ၀ါး နှစ်ခုအား တခုပေါ် တခုကပ်လျက် လက်နောက်ပစ်ပြီး နောက်စိကို အုပ်၍ တွန်းထားပါ။ ထိုနောက် တွန်းထားသည့် လက်ဖ၀ါးကို ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း မော့ပေးရမည်။ အတတ်နိုင်ဆုံးမော့ပြီးသောအခါ နောက်စေ့မှ လက်များကိုဖယ်လိုက် ပြီး မော့ထားသော မေးစေ့အောက်၌ အပေါ်သို့ တွန်းတင်သည့် အနေအထားဖြင့် ထားပါ။ ထိုနောင် ယင်းတွန်းတင်ထားသော လက်နှစ်ဘက်အား ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း ငုံ့ ပေးပါ။ ပထအဆုံး အနေအထားအထိ ပြန်ငုံ့ပေးရမည်။ လေးငါးကြိမ်ထိ ငုံ့မော့ပေးပါ။ တနေ့ သုံးကြိမ်ပြုလုပ်ပေးပါ။ အုန်းလွဲ သောလူနာများသည် များသောအားဖြင့် လည်ပင်းဆွဲပေးရန် မလိုအပ်ပါ။
ရှောင်ရန် ဆောင်ရန်များ
၁-ခေါင်းအုံးထူထူမအုံးရ။ ခေါင်းအုံးမ မာစေရ။ ခေါင်းအုံးပါးပါး ပျော့ပျော့ဖြင့် အိပ်ပါ။
၂-ပက်လက်ကုလားထိုင် မထိုင်ရ။
၃-ခေါင်းငုံ့ အလုပ်မလုပ်ရ။ အကယ်၍ စာဖတ်ခြင်း၊ စာရေးခြင်း ပြုလုပ်လိုက ခေါင်းမငုံ့စေဘဲ စာအုပ်ကို မျက်နှာရှိရာ နေရာအထိ မြှင့်တင်လျက် ဖတ်ပါ၊ ရေးပါ။
၎-နင်းခြင်း၊ နှိပ်ခြင်း၊ လည်ပင်းချိုးခြင်း မပြုလုပ်ရ။
၅-ခေါင်းကို တတ်နိုင်သရွေ့ မော့ခြင်း၊ ငုံ့ခြင်း၊ စောင်းခြင်း မဖြစ်စေပဲ ရှေ့သို့ တည့်တည့်ကြည့်လျက် အနေအထားဖြင့် နေပါ။

အနားယူခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းများကို တိတိကျကျ လိုက်နာကျင့်သုံးပါ။
မိမိဘာသာပြုလုပ်ကြည့်၍ တပတ်အတွင်းသက်သာပျောက်ကင်းမှု မရှိက ဆေးရုံသို့ သွားရောက်ပြသရမည်ဖြစ်ပါသည်။
ရောဂါမဟုတ်သော ဝေဒနာတစ်ခုဖြစ်ပါသည်။ အုန်းလွဲခြင်းသည် လူအ တော်များများဖြစ်ဖူးသော ဝေဒနာတစ်ခုဖြစ်သည်။ အိပ်ရာပေါ်တွင် အိပ်ပျော် နေစဉ် ခေါင်းနှင့် လည်ပင်းအနေအထား မမှန်ကန်မှု (Postural Defect) ကြာရှည်စွာ ခေါင်းငုံ့ လျက်ဖြစ်စေ ငဲ့စောင်းလျက်ဖြစ်စေ နေမိရာမှ ဖြစ်လေ့ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိသော ဝေဒနာတစ်ခုဖြစ်ရာ သာမန်အားဖြင့် အရေးမကြီးဟု ထင်ရသော်လည်း ဤဝေဒနာဖြစ်ပျက် လာပုံကို လည်းကောင်း၊ ကာကွယ်နိုင် ပုံကိုလည်းကောင်း၊ စနစ်တကျ ကုပုံကို လည်းကောင်း သိရှိနားလည်မှု မရှိကြသဖြင့် တစ်ရက်နှစ်ရက်နှင့် ပျောက်ရမည့်အစား တပတ်နှစ်ပတ်မှ တလအထိ ဝေဒနာကို ကြာရှည်စွာ ခံစားရခြင်းများ ရှိလေသည်။ အချို့သော လူနာများသည် ခေါင်းအုံးကို နေလှန်း၍ အုန်းခြင်းဖြင့်လည်း ကောင်း၊ ရေနွေးကပ်ပေးခြင်း ဖြင့်လည်းကောင်း၊ အကိုက်အခဲပျောက်ဆေး များကို သုံးခြင်းဖြင့် လည်းကောင်း အမှတ်မထင် သက်သာပျောက်ကင်းမှု ရတတ်ကြ သော်လည်း အုန်းလွဲသူတိုင်းထိုသို့ ပြုလုပ်၍ ပျောက်ကင်း ကြသည် မဟုတ်ချေ။ အထက်ဖေါ်ပြပါနည်းများမှ တနည်းနည်းကို သော်လည်း ကောင်း နှစ်နည်းသုံးနည်းကိုသော် လည်းကောင်းပြုလုပ်ပြီးမှ သက်သာမှု မရခြင်း၊ (သို့) ပို၍နာကျင်ခြင်းဖြစ်လာသဖြင့်

ရထားပေါ်မှာအိပ်ပျော်သွားတဲ့ကလေးတစ်ယောက် (၂၆) နှစ်ကြာမှ Gogle Earth ကိုအသုံးပြုပြီး အိမ်ပြန်ရှာတွေ့ 



Saroo Munshi Khan ဆို တဲ့ ငါးနှစ်သားအရွယ် India ကလေး တစ်ယောက်ဟာ India နိုင်ငံ Berhanpur ဒေသက ရထားပေါ်မှာအိပ်ပျော်သွားရာကနေ အိမ်ပြန်ဖို့လမ်းပျောက်သွားခဲ့ပြီး (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိသွားတယ်ဆို တဲ့အကြောင်း Google ကပြောပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၂) နှစ်အကြာ 1986 ခုနှစ်ကဖြစ်ပြီး Google Company မတည်ထောင်ရသေးပါဘူး။

Saroo က သူ့ရဲ့ (၁၄) နှစ်သားအရွယ်ရှိတဲ့ အစ်ကို ဖြစ်သူ Guddu နဲ့ အတူ မိသားစုအတွက်ပိုက်ဆံရှာထွက်ခဲ့တာပါ။ Guddu က Saroo ကိုရထားပေါ်မှာထားခဲ့ပြီး ပိုက်ဆံရှာထွက်သွားခဲ့ပါတယ်။ Saroo ကသူ့အစ်ကို ကို စောင့်ရင်းနဲ့ အိပ်ပျော်သွားခဲ့ပြီးနာရီအနည်းငယ်အကြာမှအိပ်ရာ ကနိုးလာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူ့အိမ်နဲ့ 1500

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ


Photo: အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ


ဂျင်း 

သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။ 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။ 

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။ 


ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။ 

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။ 

နာနတ်သီး

နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။ 

ချယ်ရီသီး

ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။ 

ခရမ်းချဉ်သီး 

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။ 

--
Ref: medic facts

အောင်ခမ်း (ရိုးရာလေး)
ဂျင်း

သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက်

တရုတ်ပြည်မှ အလှဆုံး ကြိုးတံတား


Photo: တရုတ်ပြည်မှ အလှဆုံး ကြိုးတံတား 

Aizhai လို့အမည်ရတဲ့ ကြိုးတံတား ဖြစ်ပါတယ်။ တရုတ်ပြည်နယ် တောင် အလယ်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ ၆ ခုမြောက် အမြင့်ဆုံး တံတားနဲ့ ကမ္ဘာ့ ၁၅ ခုမြောက် အရှည်ဆုံး ကြိုးတံတား အဖြစ် စံချိန် တင်ထား ပါတယ်။ 

တံတား အရှည်က ပေ ၃၇၆၀ ရှိပြီး မီတအားဖြင့်က ၁၁၄၆ ပါ။ အမြင့် ကတော့ ပေ ၁၁၅၀ ရှိပါတယ်။ လိုဏ်ဂူမှ လိုဏ်ဂူ ဆက်သွယ်တဲ့ တံတား ထဲမှာ ကမ္ဘာ့အရှည်ဆုံး တံတားအဖြစစ်လည်း စံချိန် တင်ထားပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလက စတင် တည်ဆောက်ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ တည်ဆောက်ပြီးစီး ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၀၈ သန်းပါ။ မီးလုံးပေါင်း ၁၈၈၈ လုံးကို ညအခါ ထွန်းရတဲ့ အတွက် အသုံးပြုရင်လည်း ကုန်ကျစရိတ်ကြီးတဲ့ တံတား ဖြစ်ပါတယ်။ 

Aizhai Bridge ဟာ တရုတ်ပြည်ရဲ့  အလှဆုံး ကြိုးတံတား တစ်ခု အဖြစ် လည်း သတ်မှတ် ထားကြကြောင်း သိရပါတယ်။
.
Ref: dyknow
Aizhai လို့အမည်ရတဲ့ ကြိုးတံတား ဖြစ်ပါတယ်။ တရုတ်ပြည်နယ် တောင် အလယ်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ ၆ ခုမြောက် အမြင့်ဆုံး တံတားနဲ့ ကမ္ဘာ့ ၁၅ ခုမြောက် အရှည်ဆုံး ကြိုးတံတား အဖြစ် စံချိန် တင်ထား ပါတယ်။

တံတား အရှည်က ပေ ၃၇၆၀ ရှိပြီး မီတအားဖြင့်က ၁၁၄၆ ပါ။ အမြင့် ကတော့ ပေ ၁၁၅၀ ရှိပါတယ်။ လိုဏ်ဂူမှ လိုဏ်ဂူ ဆက်သွယ်တဲ့ တံတား ထဲမှာ ကမ္ဘာ့အရှည်ဆုံး တံတားအဖြစစ်လည်း စံချိန် တင်ထားပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလက စတင် တည်ဆောက်ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ တည်ဆောက်ပြီးစီး ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၀၈ သန်းပါ။ မီးလုံးပေါင်း ၁၈၈၈ လုံးကို ညအခါ ထွန်းရတဲ့ အတွက် အသုံးပြုရင်လည်း ကုန်ကျစရိတ်ကြီးတဲ့ တံတား ဖြစ်ပါတယ်။

Aizhai Bridge ဟာ တရုတ်ပြည်ရဲ့  အလှဆုံး ကြိုးတံတား တစ်ခု အဖြစ် လည်း သတ်မှတ် ထားကြကြောင်း သိရပါတယ်။
.
Ref: dyknow
မြ၀တီ