“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, May 10, 2012

"မေမေသို့"

ဆောင်းမှ နွေသို့ ကူးပြောင်းခဲ့ပြီ .....

ရာသီစက်ဝန်း ပြောင်းခဲ့ပေမယ့်
မပြောင်းလဲတဲ့ မေမေ့မေတ္တာ
သမီးရင်ထဲ အမြဲစီးဆင်း
အေးမြနေပြီ မေမေ .....

ပျော်ရာမှာမနေ တော်ရာမှာနေ
ဆုံးမစကား နာခဲ့ရပေမယ့်
မလိမ္မာတဲ့ မေ့သမီး
ပူလောင်ခြင်းတွေ လောင်မြိုက်နေပြီ .....

ကြည်နူးစေတဲ့ ပျားရည်စကား
ချိုသကာ လူးထားလေတော့
အမေ့ရဲ့ ဆုံးမစကား
တမာလို ခါးခဲ့ပြီ .....

လျှောက်ရမယ့် အနာဂတ်လမ်း
ယောင်ဝါးဝါး လှမ်းတော့မှ
လိုချင်တဲ့ အာပေးမှု
တွေ့ချင်တဲ့ နွေးထွေးအပြုံး
အားလုံးဟာ မေမေ့မေတ္တာ .....



(ခင်စံပယ်ထွေး-တမူးမြို့)ရေးသားပါသည်...  jasminehtwelay@gmail.com

"လွန်ဆွဲချစ်"

မချစ်သင့်ဘူး လို့
ဦးနှောက်က တားမြစ်ပေမယ့်
မတွန်းလှန်နိုင်တဲ့
နှလုံးသားရဲ့  စကားသံကို
နင် ကြားနိုင်ပါ့မလား။
"နင့်ကိုချစ်တယ်"။

မမုန်းသင့်ဘူးလို့
နှလုံးသားက ငြင်းဆိုပေမယ့်
အယူခံမလိုတဲ့
ဦးနှောက်ရဲ့  စကားသံကိုတော့
နင် ကြားမှာပါ။
"နင့်ကိုမုန်းတယ်"။


(ခင်စံပယ်ထွေး-တမူးမြို့)ရေးသားပါသည်...  jasminehtwelay@gmail.com