“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, January 15, 2013

Chrome မှာ Zawgyi Font ပေါ်အောင်လုပ်နည်း

မသိသေးသူများအတွက်ပါ...
ပထမဦးစွာ Chrome ကိုဖွင့်လိုက်ပါ၊
Chrome ထဲမှ မျှားနီလေးပြထားတာကို နှိပ်ပါ...
Options ကိုနှိပ်ပါ၊ ပြီးတော့ Minor Tweaks ထဲမှ Change Font and Language Settings
Fonts And Languages Box ထဲမှ Fonts and Encoding Tab ထဲမှ
Serif Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ...
San-Serif Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ...
Fixed-Width Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ...
Ok ကိုနှိပ်ပါ...
Close ကိုနှိပ်ပါ...
အခုဘယ်လိုလဲ Site တစ်ခုကိုဝင်ကြည့်လိုက်ပါ။

http://mgminzaw.blogspot.com

Youtube က သီချင်းတွေ Phone ထဲကနေ အလွယ်Download ယူနည်း

ဖုန်းထဲကနေ ဗီဒီယိုတွေ သီချင်းတွေ ယူချင်ရင် ကောင်းမွန်တဲ့ဆော့ဝဲလေးတစ်ခုပါ
ဒီဟာလေးထည့်ထားလိုက် ။Youtube က သီချင်းတွေကို အလွယ်တကူ ယူနိုင်ပါပြီ
လိုင်းကောင်းဖို့ တော့လိုတယ်နော ။ စက်ရုံက ၀ိုင်ဖိုင်ရသူတွေအတွက် အဆင်ပြေ
လွယ်ကူပါတယ် စမ်းဒေါင်းကြည့်တာ အဆင်ပြေလို့  မျှဝေလိုက်ပါတယ်............။
MP3 အဖြစ်လည်း ဒေါင်းလုပ်ယူနိုင်ပါသေးတယ် တကယ့် ဖလမ်းဖလမ်းလေးပါ
ဒီလင့်မှာ ယူပါ - http://www.mediafire.com/youtube downloader
ဒီလင့်မှာ ယူပါ - http://www.androidfreeware.net.
အသုံးပြုပုံက
ဆော့ဝဲကို အင်စတောလုပ်ပြီး ဖွင့်ထားလိုက်ပါ....
လိုချင်တဲ့သီချင်းကို ရှာပြီး ဖွင့်လိုက်ပါ ( မြန်မာလို အင်္ဂလိပ်လို ရှာနိုင်ပါတယ်)
သီချင်းကို Play လိုက်တာနဲ့  Download Or Watch လို့ ပေါ်ပါတယ်
Download ယူပြီးတာနဲ့  Phone ထဲက Download ဖိုင်ထဲမှာ ကြည့်ပါ...

http://mgminzaw.blogspot.com

ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော ..

အမေးရှိလာတော့လည်း အဖြေကို ဖြေပေးရပေတော့မည်။ အဖြေကို ရေးမည်ဟု ဆိုသော်လည်း ပထမဦးစွာ စကားပလ္လင်ခံထားပါရစေဦး။ စာရေးသူသည် ဘာသာခြားကို ပုတ်ခတ်၍ ရေးသားခြင်းမဟုတ်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရကို ပေါ်လွင်အောင်၊ သိမြင်လာအောင် ရေးသားတင်ပြခြင်းသာ ဖြစ်ပေသည်။ ဤသည်ကိုပင် ဘာသာရေးကို ပုတ်ခတ်သည်ဟု ပြောဆို၍ မရစကောင်းပေ။


စာရေးသူသည် ဤဆောင်းပါး၌ တောင်းခံခြင်းနှင့် အလှူခံခြင်း စကားနှစ်ရပ်လုံးကို ဦးစွာပထမ ကွဲကွဲပြားပြား ရှင်းပြချင်ပါသည်။ တောင်းစားခြင်း ဆိုသည့်စကားလုံး ကိုယ်စား တောင်းခံခြင်း ဟုသာ အစားထိုး၍ စာရေးသူ ဖော်ပြပေးချင်သည်။ တောင်းစားခြင်း ဆိုသော စကားလုံးသည် ယဉ်ကျေးမှု ရှိကြသော ပုဂ္ဂိုလ်များအဖို့ငှာ သုံးစွဲရန် မသင့်တော်သောကြောင့် ပင်တည်း။

(၁) တောင်းခံခြင်းသည် အခွန်တော်၊ အကြွေး စသည်တို့ကို လိုက်လံ တောင်းယူခြင်း၊ ပေးရန်ပြောခြင်း ဖြစ်သည်။

(၂) အလှူခံခြင်းသည် လှူသည်ကို လက်ခံခြင်း၊ လှူရန် မေတ္တာရပ်ခံခြင်း စသည်တို့ ဖြစ်သည်။

ထိုစကားနှစ်လုံး၏ အဓိပ္ပာယ်ကို လေ့လာတွေးတောခြင်း အားဖြင့် ယင်းတို့၏ အဓိပ္ပာယ်တို့သည် တူသယောင်ယောင် ဖြစ်နေသော်လည်း သိသာစွာ ကွဲပြားနေသည်ကို ဖွင့်လှစ်ပြနိုင်ပါသည်။

ပထမ စကားလုံး တောင်းခံခြင်းသည် မဖြစ်မနေရ ပေးဆောင်ရမည့် သဘောကို ဆောင်ထားပေသည်။ အကယ်၍ တောင်းခံခြင်းကို မပေးနိုင်ပါက တောင်းခံသူသည် အတောင်းခံရသူကို ပြဿနာ တစ်စုံတစ်ရာ ရှာကောင်း ရှာ၍ ရနိုင်ပါသည်။ ဥပမာ အားဖြင့် နိုင်ငံတော်က ပြည်သူလူထုထံတွင် ထိုက်လျောက်သော အခွန်အခများကို ပေးရန် တောင်းခံသည့်အခါတွင် ပြည်သူလူထုမှ မဖြစ်နေ တိုင်းပြည်အတွက် ပေးဆောင်ရမည် ဖြစ်ပါသည်။ မပေးဆောင်သော ပြည်သူကို နိုင်ငံတော်၏ ကျင့်ထုံးဥပဒေအရ တာဝန်ရှိသူများမှ အရေးယူ အပြစ်ပေးနိုင်ပါသည်။

ဒုတိယ စကားလုံး အလှူခံခြင်းသည်ကား သဒ္ဓါတရား ထက်သန်နေသော ပုဂ္ဂိုလ်များ ထံမှ လှူဒါန်းသော လှူဖွယ်တို့ကို မေတ္တာဖြင့် လက်ခံခြင်းဖြစ်သည်။ ထို့အပြင် အများသူငှာအား အလှူဒါနများကို ပြုလုပ်စေ၍ ကုသိုလ်ကောင်းမှု ရရှိစေရန်၊ သဒ္ဓါတရား ထက်သန်လာစေရန် အလို့ငှာ အလှူပြုရန် မေတ္တာရပ်ခံခြင်း သဘောကိုလည်း သက်ရောက်ပါသည်။ အကယ်၍ မလှူနိုင်ပါကလည်း အလှူခံသူသည် မလှူသော ပုဂ္ဂိုလ်ကို မည်သို့မျှ ပြဿနာ တစ်စုံတရာ ရှာခြင်း မရှိပေ။ ကုသိုလ်ရရှိစေရန်၊ အလှူဒါန ပေးနိုင်စေရန် အတွက်သာ မေတ္တာရပ်ခံခြင်း ဖြစ်ပေသည်။ တောင်းခံခြင်းတွင် မဖြစ်နေ
ပေးရမည် ဖြစ်သည်။ ရွေးချယ်စရာ လမ်းမရှိပေ။ အလှူခံခြင်းတွင်မူကား အလှူပေးမည့် ပုဂ္ဂိုလ်သည် မိမိသဘော ဆန္ဒအလျောက် အလှူခံသည့် ပုဂ္ဂိုလ်အား လှူခြင်း၊ မလှူခြင်း စသည့် ရွေးချယ်စရာ လမ်းရှိသည်။ လှူဒါန်းရမည် ဟု အတင်းအကြပ် ပြုလုပ်ထားခြင်း မဟုတ်။

ကမ္ဘာ့နိုင်ငံများတွင်လည်း ဗုဒ္ဓဘာသာ မဟုတ်သော သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဘာသာရေးပုဂ္ဂိုလ်များသည် အိမ်စဉ်သွားရောက်၍ အလှူခံနေသည်များကို စာရေးသူ မြင်သိ၊ ကြားသိ နေရပါသည်။ ခေတ်မီ တိုးတက်နေသော နိုင်ငံများတွင် ဘဏ်အကောင့်များမှ အလှူခံခြင်း၊ ချက်လက်မှတ်ဖြင့် အလှူခံခြင်း၊ အင်တာနက်များမှ အလှူခံခြင်း စသည့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို အသုံးပြု၍ အလှူခံခြင်းမျိုး ပြုလုပ်ကြပါသည်။

ဤကဲ့သို့ အိမ်စဉ် အလှူခံခြင်းကို တောင်းသည်ဟု ပြောဆို၍ ရနိုင်ပါမည်လော။ မည်သည့် ကိုးကွယ်သည့် ဘာသာများပင် ဖြစ်လင့်ကစား အလှူခံခြင်းသည် မရှိ၍ လုံးဝ မဖြစ်နိုင်ပေ။ အလှူခံခြင်းမှ ရရှိသော ငွေကြေးများဖြင့်သာ မိမိတို့၏ဘာသာ ရှင်သန်နေစေရေး အတွက် ရပ်တည်နေကြရသည်။

ဤအကြောင်းများကြောင့် တောင်းခံခြင်းနှင့် အလှူခံခြင်းကို ထပ်တူပြု၍ အဓိပ္ပာယ် ပူးတွဲဖော်ဆောင်ရန် မရစကောင်းပေ။ မတူသည့် အဓိပ္ပာယ်များကို ဆင်တူ ဖြစ်သွားအောင် အဘိဓာန်တွင်လည်း ဖွင့်ဆို၍ မရချေ။ တောင်းခံခြင်းနှင့်
အလှူခံခြင်း ဟူသော ဤစကားနှစ်ရပ်၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သိပြီဟု ဆိုလျှင် စာရေးသူသည် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ ဆွမ်းခံ၍ သုံးဆောင်ခြင်းကို ဆက်လက်၍ ရှင်းရပေတော့မည်။

ရဟန်းများသည် ဒကာ၊ ဒကာမများထံမှ တတ်စွမ်းနိုင်သမျှ လှူဒါန်းကြသော ဆွမ်းဟင်း၊ ဆွမ်းထမင်းကိုသာ အလှူခံကြသည်။ ရဟန်းများမှ မည်သည့်ဆွမ်းထမင်း၊ မည်သည်ဆွမ်းဟင်း ကို လောင်းလှူပါဟု ဒကာ၊ ဒကာမများကို မပြောကြ။ လောင်းလှူသမျှနှင့်သာ တင်းတိမ်ကြသည်။
ရောင့်ရဲကြသည်။ ဤအချက်သည်ပင်လျှင် ရဟန်းများမှ လောဘကိလေသာကို နည်းပါးအောင် ကျင့်ကြံအားထုတ်လျှက် နေကြသည်မှာ ထင်ရှားလှသည်။

စာရေးသူ စစ်ကိုင်းတွင် သီတင်းသုံးစဉ်က ဖြစ်ပါသည်။ နံနက်ခင်း ဝေလီဝေလင်း မိုးလင်းစ အချိန်လောက်တွင် ဆွမ်းခံထွက်ရသည်။ ဆွမ်းခံထွက်ရာတွင် မည်သည့်ဆွမ်းထမင်း၊ မည်သည့်ဆွမ်းဟင်း ရလိမ့်မည်ဟု မတွက်ထားရ။ ရသမျှဖြင့် တင်းတိမ်ရောင့်ရဲနိုင်အောင် နေထိုင်ရသည်။

ရဟန်းတော်များ ဆွမ်းခံကြွရာတွင် ဘုန်းကြီးကျောင်းမှ စတင်၍ ခြေလှမ်း လှမ်းလျှင်လှမ်းချင်း ဒကာ၊ ဒကာမများကို ကျန်းမာ၊ ချမ်းသာစေဖို့ မေတ္တာပို့၍ လှမ်းနေကြသည်။ မေတ္တာဖြင့်သာ ဆွမ်းခံကြွသဖြင့် ဒေါသကိလေသာ
ခေါင်းပါးသွားသည်။ မေတ္တာ၏ အေးချမ်းမှုဖြင့် ဆွမ်းခံထွက်ရခြင်းသည်
ကောင်းလေစွတကား။ ဆွမ်းခံကြွရာတွင် ခြေလှမ်းတိုင်းကို သတိဖြင့် လှမ်းနေရသဖြင့် သတိအား ကောင်းလျှက်ရှိသည်။ လှမ်းလျှင် လှမ်းတိုင်း သိနေသည်။ သတိအား ကောင်းခြင်းဖြင့် အတတ်နိုင်ဆုံး မောဟကိလေသာ ကင်းနေသည်။ အိမ်စဉ် လှည့်လည်၍ ဆွမ်းခံခြင်းသည် မိမိ၏ မာန်မာနကို နှိပ်ချ၍ လျှော့ထားရသဖြင့် မာနကိလေသာလည်း နည်းပါးနေသည်။

စာရေးသူသည် မြန်မာနိုင်ငံအောက်ပိုင်း မြို့တစ်မြို့နှင့် အတော်အတန် အလှမ်းဝေးသော ရွာတစ်ရွာအနီး တောရကျောင်းတွင် သီတင်းသုံးစဉ်က ဆွမ်းခံထွက်ခဲ့သော အကြောင်းအရာ တစ်ခုကို မျှဝေ ခံစားစေချင်သည်။ ရွာဟု ဆိုသည့်အတိုင်း အိမ်လမ်းကြားများသည် ကောင်းလှသည်မဟုတ်။ သို့ဖြစ်သော်ငြားလည်း ရွာသူ၊ ရွာသားများ၏ သဒ္ဓါတရားအား ကုသိုလ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် မေတ္တာရှေ့ထားကာ အိမ်စဉ် ဆွမ်းခံ ကြွပါသည်။
လမ်းကြိုလမ်းကြားများ ဖြစ်သဖြင့် မကောင်းသော အနံ့အသက်များ၊ လမ်းတွင် မသန့်ရှင်းမှုများ၊ မစင်များကို ရှောင်ကွင်းရင်း အောင့်အည်း သည်းခံကာ မိမိ၏ မာန်မာနကို ပယ်ခွာ၍ ဆွမ်းအလှူခံ ထွက်ပါသည်။ ရွာသူ၊ ရွာသားများသည် သူတို့၏ လမ်းကြား မသန့်ရှင်းသည်ကို မသိကြ။ သို့သော် ၄င်းတို့သိကြသည်မှာ ရဟန်းသံဃာများ ဆွမ်းခံကြွလာသဖြင့် ဆွမ်းလောင်းနေရသည်ကိုပင် ပျော်ရွင်နေကြသည်။ စိတ်ချမ်းသာနေကြသည်။

တစ်ခု ထူးခြားသည်မှာ ဆွမ်းလောင်းပြီးသည်နှင့် ၄င်းတို့၏ အိမ်အထဲသို့ ချက်ချင်း ၀င်သွားခြင်းမဟုတ်ဘဲ မိမိဆွမ်းလှူလိုက်သော ရဟန်းအား မြေကြီးပေါ်တွင် ရိုရိုသေသေ ထိုင်ချ၍ ရှိခိုးလိုက်ခြင်းပင် ဖြစ်ပါသည်။ စာရေးသူသည် ဤမြင်ကွင်းကို ကြည့်ပြီး ထိုရွာရှိ ရွာသားများ၏ သာသနာကို ကြည်ညိုသည့်စိတ်ဓာတ်၊ ရဟန်းသံဃာကို ရိုသေလေးစားသည့် စိတ်ဓာတ် စသည်တို့ကို လေးစားနေမိသည်မှာ အထူးတလည် ပြောနေစရာပင် လိုမည်မထင်ပေ။ လူနေခြုံကြား သာသနာကို ကြည်ညိုကြသည့် စိတ်ဓာတ်များက ဘုံဖျားလောက်ကိုပင် မြင့်မားနေကြပါလား ဟု စာရေးသူ တွေးတောနေမိသည်မှာ လွန်အံ့မည်မထင်။

ရဟန်းများသည် ကုသိုလ်စိတ်များဖြင့်သာ ဆွမ်းခံထွက်နေကြသည်။ ထိုကြောင့် စိတ်ထဲသို့ အကုသိုလ်စိတ် ၀င်ရောက်လာဖို့ အခွင့်အလမ်း နည်းနေသည်။ ကုသိုလ်စိတ်ဖြင့်သာ ဆွမ်းခံကြွကြကြောင်း ရဟန်းများက သိသဖြင့် အယူမှန်လျှက် ဒိဋ္ဌိ သန့်စင်သည်။ ဤအချက်သည်လည်း အယူမှားခြင်း ဒိဋ္ဌိကိလေသာ မရှိခြင်းကို ကောက်ချက်ချရမည် ဖြစ်သည်။

ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးခြင်းသည် အကုသိုလ်မရှိ ဖြစ်ကြောင်းနှင့် အလှူခံ၍ ရရှိလာသော ဆွမ်းများသည် အကုသိုလ်မရှိ သန့်ရှင်းဖြူစင်နေသည်ဟု သိနေသည်။ ထိုကြောင့် ဆွမ်းခံခြင်းသည် အကုသိုလ် ဖြစ်လိမ့်မည်ဟု ၀ိစိကိစ္ဆာ ယုံမှားသံသယ ကိလေသာ ကင်းနေပြန်သည်။

ထို့အပြင် ၀ီရိယဖြင့် ဆွမ်းခံထွက်ရသဖြင့် လှမ်းနေသော ခြေလှမ်းတိုင်းသည် ကာယကံကုသိုလ်များ ရရှိနေသည်။ ဆွမ်းခံကြွရာတွင်လည်း သတိနှင့် မေတ္တာဓာတ်ဖြင့်သာ ကြွကြသဖြင့် စိတ်များ ပျံ့လွင့်မှု ဥဒစ္စ ပပျောက်လျှက် ရှိသည်။

ဆွမ်းခံကြွခြင်းသည် တစ်ပါးသူထံမှ လက်နက်ပြ၍ ဓားပြတိုက်ခြင်း မဟုတ်။ မေတ္တာဓာတ်ဖြင့်သာ အလှူခံကြွခြင်း ဖြစ်သဖြင့် အကုသိုလ် အလုပ် မဟုတ်သောကြောင့် ရှက်စရာ၊ ကြောက်စရာ အဖြစ် ရဟန်းများက သတ်မှတ်ထားခြင်း မရှိပေ။ ထိုကြောင့် အဟိရိက၊ အနောတ္တပ္ပ ကိလေသာများလည်း ကိန်းအောင်းနေခြင်း မရှိပေ။

ဤအချက်များကို သိရခြင်းအားဖြင့် ဆွမ်းခံကြွနေသော ရဟန်းသံဃာများသည် ကိလေသာကို အတတ်နိုင်ဆုံး နည်းပါးအောင် ကျင့်ကြံအားထုတ်နေသည်မှာ သိသာလှပေသည်။

မြတ်စွာဘုရားသည် ကိလေသာအာရုံတောထဲမှ ရုံးထွက်၍ ကိလေသာများ နည်းပါးအောင် တောထဲတွင် တရားများ ကျင့်ကြံခဲ့သည်။ လောကီ စည်းစိမ်များတွင် အကောင်းဆုံးသော ဘုရင့်မင်းသားဘ၀ အဖြစ်မှပင်လျှင် မိမိ၏ မာန်မာနများကို လျှော့ချလျက် အားလုံးကို စွန့်လွှတ်ခဲ့သည်။
ဘုရားအဖြစ်ကို ရောက်တော်မူခါနီး၌ပင် သုဇာတာ သတို့သမီးမှ လှူဒါန်းသော ဆွမ်းကို အလှူခံယူ၍ ဆွမ်းဘုဉ်းပေးခဲ့သည်။ ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးကာ မဟာဗောဓိပင် ခြေတော်ရင်းမှာ ဗောဓိဉာဏ်တော်ကို ရရှိတော်မူခဲ့ပြီး သုံးလောကထွတ်ထား မြတ်ဗုဒ္ဓအဖြစ်ကို ရောက်ရှိခဲ့သည်။

နီပေါ နိုင်ငံတွင် အမျိုးအမြင့်မြတ်ဆုံးဟု ဆိုကြသော ဗြဟ္မဏအနွယ်ဝင် အမြောက်အများ သည်ပင်လျှင် မြတ်စွာဘုရား၏ အေးချမ်းသော သာသနာ့ဘောင်သို့ ၀င်ရောက်ခိုလှုံလာကြသည်။ ထို့နောက် ကိလေသာနည်းပါးကြောင်း တရားများကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ဒကာ၊ ဒကာမများမှ သဒ္ဓါတရား ဖြူစင်စွာ လှူဒါန်းကြသော ဆွမ်းကိုသာ အလှူခံကြွကြ၍ ဘုဉ်းပေးခဲ့ကြသည်။

ဤကဲ့သို့ ဆွမ်းခံကြွ၍ ဆွမ်းဘုဉ်းပေးရင်းဖြင့် ရဟန္တာများ ဖြစ်ကုန်ကြပြီး နိဗ္ဗာန်ကို စံဝင်ကြသည့် သာဓက များစွာ ရှိပေသည်။
မြတ်စွာဘုရား၏ လက်ဝဲတော်ရံနှင့် လက်ယာတော်ရံများ ဖြစ်ကြသော အမျိုးမြတ်ကြသည် ဟုဆိုကြသော ဗြဟ္မဏအနွယ်ဝင်များဖြစ်သည့် အရှင်မောဂ္ဂလာန်နှင့် အရှင်သာရိပုတ္တရာ တို့သည်လည်း ဗုဒ္ဓထံသို့ တပည့်သာဝကအဖြစ် ခံယူခဲ့ကြသည်။ ထိုသာဝကကြီး နှစ်ပါးသည်လည်း မြတ်စွာဘုရား နည်းတူ ကိလေသာနည်းအောင် ကျင့်ကြံအားထုတ်ရင်း ဆွမ်းခံ၍ ဘုဉ်းပေးခဲ့ကြသည်။

ရဟန်းသံဃာများသည် သီလ၊ သမာဓိ၊ ပညာများ တိုးပွားလာအောင်နှင့် ကိလေသာများ နည်းပါးလာအောင် ကျင့်ကြံအားထုတ် နေကြသဖြင့် လှူဒါန်းကြသော အလှူရှင် ဒကာ၊ ဒကာမ များအတွက်လည်း အကျိုး များလှပေသည်။ အလှူခံခြင်းသည် ဆွမ်းတစ်ခုတည်းကိုသာ ပြောဆို၍ မရနိုင်ပေ။ ရဟန်းအား ဒကာ၊ ဒကာမများက ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စသော ပစ္စည်းလေးပါး ဒါယကာ အဖြစ် ခံယူထားလျှင် ထိုရဟန်းသည်း ယင်းပစ္စည်းလေးပါးကို အလှူခံယူခွင့်ရှိသည်။ ခွင့်ပြုချက် မရရှိသော ပစ္စည်းကို အလှူခံယူခြင်း မဟုတ်ပေ။ ဤကဲ့သို့ အလှူခံယူခြင်းသည် အပြစ်ကင်းလျှက် ရှိပေသည်။

အထက်ပါ ဖော်ပြချက် အကြောင်းအရာများကို ထောက်ရှုခြင်းအားဖြင့် ရဟန်းများ ဆွမ်းခံခြင်းသည် မေတ္တာဖြင့် သန့်ရှင်းဖြူစင်စွာ အလှူခံယူခြင်းသာ ဖြစ်ကြောင်းနှင့်တောင်းခံခြင်း မဟုတ်ကြောင်း အမြင်ရှင်းလင်းစွာ သိသာနိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် မှန်သမျှ ဤအချက်များကို သိရှိထားသင့်ပေသည်။ သို့မှသာ မသိနားမလည်သေးသော မည်သည့်ပုဂ္ဂိုလ် မျိုးကိုမဆို မျက်စိတွင် ဖုံးကွယ်နေသော တိမ်များကို ခွဲစိတ်ကုသ ပေးနိုင်သကဲ့သို့ အမြင်အာရုံများ ရှင်းလင်းသွားစေရန် လက်ဆင့်ကမ်း ပြောကြားနိုင်မည် ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် မျှဝေလိုက်ရပါတော့သည်…..

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) ပိုစ့်မှပြန်လည်မျှဝေးပါသည်။။။။

ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်ဖို့ ဘာတွေ စားသင့်သလဲ

 
(၁) အသီးအနှံ သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။ ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။

(၂) အစိမ်းရောင်အစာများ

ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ အစာချက် နိုင်တဲ့ ကလိုရို ဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက် နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။

(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး

ဒီအချဉ် အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့ အပြင် အသည်းမှ အဆိပ် ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီ နိုင်ပါတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲ ရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော် ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ် ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။

(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်

ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေး ပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။

(၆) လက်ဖက်ရည်ကြမ်း

ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ လက်ဖက်ရည် ကြမ်းဟာ ကိုယ်တွင်း စနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။

(၇) ပဲစေ့ အမျိုးမျိုး

အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ် အကြွင်းအကျန် တွေကို စုပ်ယူနိုင်ပါတယ်။

(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)

ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

(၉) အစေ့နှင့် အခွံမာသီးများ

ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ် ဖြေနေစဉ် အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။

(၁ဝ) အိုမီဂါ ၃ အဆီ

ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီ ဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေ ဖြစ်ပါတယ်။

http://www.myawady.com.mm/health/knowledge/item/4275-2013-01-13-19-17-46

အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး သင့်ကျန်းမာရေး အတွက် သံသယ ဖြစ်နေ သလား

မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ သွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။
သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ ချင်းလည်း မတူညီ နိုင်ပါဘူး။

မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း
တချို့ မိန်းကလေးတွေက အသန့် ကြိုက်လွန်း တာကြောင့် ကြော်ငြာ ကောင်းတဲ့ မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ဖယ်ရှား လိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ် နိုင်တော့ဘဲ ပိုးဝင် လွယ်စေပါတယ်။

အဖြူဆင်းများခြင်း
အဖြူဆင်းများ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါတယ်။

အဖြူဆင်းခြင်းနှင့် ပိုးစွဲကပ်ခြင်း
မိန်းမကိုယ်မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်းတဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။ ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

Tip
- အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ။
- အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။
- မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။
- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ။
- ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ။
- Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။

အလင်း(ဆေးဝါး)
BY GOOD HEALTH]
http://www.myawady.com.mm/health/preventing/item/4410-2013-01-15-09-36-56

တစ်နေ့ ၁၀ နာရီ ထက် အလုပ်လုပ်ပါက နှလုံးကို ထိခိုက်စေနိုင်

တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူ များသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူ များထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါ ဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။
ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံး သွေးကြောပိတ် ရောဂါနှင့် ဆိုင်သော ပြဿနာ များကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရ သေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။
လန်ဒန် အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန် ရပ်ခြင်းနှင့် ရင်ဘတ် စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ် အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ် သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုး အန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန် ပိုမို မြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက် တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည် ထိုနုလုံးရောဂါ၏ ဆိုးကျိုး အန္တရယ်များ ပိုမိုမြင့်မားလာခြင်း မဖြစ်ပွားနိုင်ဟု ဆိုသည်။
“ဒီနှလုံး ရောဂါရဲ့ အကျိုး သက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီး အလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး”ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။
ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက် လာခြင်းမှာ ဆေးလိပ် သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက် စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုး သက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။
သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရာယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန် ကြာမြင့်စွာ ပိုမို အလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွား စေသည်ဟု သိရသည်။
အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ် နေသော စိတ်ဖိစီးမှု များလည်း မြင့်တက်လာသည် ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ် မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။
ဒေါက်တာ Marianna Virtanen နှင့် အပေါင်း အပါများက အဆိုပါ တွေ့ရှိချက်ကို European Heart Journal တွင် ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန် တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။
“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါ မှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီး ပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့ နေရာမှ လုပ်ငန်းခွင် ဖိအားတွေပါ အပိုတွဲ ပါလာ တတ်ပြီး အဓိက အချက်ကတော့ ဒါတွေက နှလုံး သွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မား လာတာပါပဲ”ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။

http://www.myawady.com.mm/health/preventing/item/4335-2013-01-14-09-58-28