“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, September 25, 2012

ငရုတ်ကောင်း၏ ဆေးဖက်ဝင် အာနိသင်များ

  http://www.sandhiexim.com/export/images/medium/ex051.jpg
 ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များကျန်းမာရေး ကောင်းဖို့ရာ အတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။
(၁) အစာကြေစေပါတယ်
ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ် ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေ ကြာကြာမရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတို့ ကင်းဝေးစေတာပါ။
(၂) အစာစားချင်စိတ် မရှိတာကို လျော့ပါးစေပါတယ်
ငရုတ်ကောင်းဟာ လျှာအရသာခံအဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။
(၃) ကိုယ်ပူကျစေပါတယ်
ကိုယ်ပူပြီး ဖျားနေချိန်မှာ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာစေပါတယ်။
(၄) သွားကိုက်တာကို သက်သာစေပါတယ်
သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်းပေးပါက သွားကိုက်ဝေဒနာကို သက်သာစေပါတယ်။
(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်
တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းရည်ပူပူကို သောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။
(၆) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်
ငရုတ်ကောင်း အနည်းငယ်ငုံပေးတာကြောင့် ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်း ယားယံတာတို့ကို သက်သာစေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ရင်လည်း အအေးမိဝေဒနာကို သက်သာစေပါတယ်။
(၇) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်
ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကိုသောက်တာကြောင့် ချွေးထွက်များစေပြီး ဆီးသွားစေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။
(၈) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်
အသေးအမွှား ပြတ်ရှ ဒဏ်ရာတွေအတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်း အနာကျက်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယားသတ်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါ။
(၉) ကင်ဆာကို ကာကွယ်ပေးပါတယ်
ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။
(၁ဝ) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်
ငရုတ်ကောင်းမှာပါတဲ့ သဘာဝ နှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး အရည်ကျဲကျဲ နှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းပိတ်နေရင် ကြက်သား စွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့် ဖြူးပြီး စားပေးပါ။ အသက်ရှူလမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အသက်ဝဝရှူနိုင်ပါလိမ့်မယ်။

http://fuzarshinlay.ning.com/profiles/blog/show?id=6384739%3ABlogPost%3A5963375&xgs=1&xg_source=msg_share_post

ရေနွေးကြမ်းသောက်ခြင်းနှင့် ရေနွေးကြမ်း၏ စွမ်းရည်သတ္တိများ

ပင်လောင်း လက်ဖက်ခြောက်
လက်ဖက်ရဲ့ မူလ
larger image

လက်ဖက်စိမ်းရွက်ရဲ့ မူလအစဟာ တရုတ်ပြည်ကလို့ ဆိုပါတယ်.. တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း
၄၀၀၀ကျော် ၅၀၀၀ လောက်ကတည်းက ဘုရင်ဧကရာဇ်မင်းတို့ လက်ထက်မှာ လက်ဖက်ရွက်ကို
စတင်သုံးစွဲတဲ့ အလေ့အထ ထွန်းကားခဲ့ကြောင်း သိရပါတယ်.. လက်ဖက်ရွက်ကို စတင်တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ရှိသော်လည်း လူသိများတဲ့ လက်ဖက်နဲ့ပါတ်သက်တဲ့ ပုံပြင်လေးက BC 2737 မှာ တရုတ်ဧကရာဇ်ကြီးဟာ တိုင်းခန်းလှည့်လှည်တဲ့အခါ လမ်းခရီးမှာ ခရီးတစ်ထောက်နားကြတော့ ခြုံပုတ်တစ်ခုရဲ့ဘေးနားမှာ အစေအပါးတွေက မီးမွှေးပြီး ရေနွေးအိုး တည်ကြပါတယ်.. အဲလိုရေနွေးတည်ချိန်မှာ ခြုံပုတ်က သစ်ရွက်တစ်ချို့ဟာ ရေနွေးအိုးထဲကို ကြွေကျလာပါတယ်.. အဲဒီရေကို သောက်မိတဲ့ ဧကရာဇ်ကြီးဟာ အရသာထူးလှတဲ့ ရေနွေးဖြစ်တာကို သိသွားတော့ အကျိုးအကြောင်းကို စုံစမ်းတဲ့အခါ သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်တွေကြောင့် ဆိုတာ သိသွားခဲ့ပါတယ်.. ဒါနဲ့ အဲဒီအပင်ကို နန်းတော်ကို ယူဆောင်လာကာ စိုက်ပျိုးစေခဲ့တာကြောင့် ထိုဘုရင်ဧကရာဇ် လက်ထက်က စပြီး နန်းတော်ထဲမှာသာ
လက်ဖက်ရွက်ကို ဆေးဘက်ဝင်အပင်အဖြစ် သုံးစွဲခြင်း၊ စိုက်ပျိုးခြင်း စတဲ့ အလေ့အထ စတင်ခဲ့ကြောင်း သိရပါတယ်..

စိမ်းစိမ်းစိုစို လက်ဖက်ခင်း

ထိုစဉ်ကတော့ လက်ဖက်ကို နန်းတော်တွင်းမှာနဲ့ ငွေကြေးတတ်နိုင်သူများ၊ မှူးမတ်ကြီးများသာ ဆေးဘက်ဝင်သော အရွက်အဖြစ် သောက်သုံးခဲ့ကြပြီး ဟန်မင်းဆက် လက်ထက်အရောက်မှာ တရုတ်ဘုန်းတော်ကြီးများဟာ လက်ဖက်ရွက်ကို ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တစ်ဝိုက်မှာ စတင်စိုက်ပျိုးခဲ့ကြပြီး တရုတ်ဧကရာဇ် မင်းဆက်လက်ထက်မှသာ ပြည်သူပြည်သားတို့အကြား လက်ဖက်ရွက်ဟာ ကူးသန်းရောင်းဝယ်ခွင့်၊ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခွင့် ရလာကြပါတယ်..
၆ရာစုနှစ်မှာ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဂျပန်နိုင်ငံကို လဘက်ပင်များစပြီး ယူဆောင်လာခဲ့ကြပါတယ်.. ၁၆ရာစု အရောက်မှာတော့ ပေါ်တူဂီလူမျိုးတို့ဟာ လက်ဖက်ပင်များကို ဥရောပသို့ ယူဆောင်သွားခဲ့ကြတဲ့အတွက် ထိုအချိန်မှစကာ လက်ဖက်ကို နိုင်ငံတကာမှာ
စတင်သုံးစွဲလာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးတဲ့ အလေ့အထ စတင်ပျံ့နှံ့လာကြောင်း သိရပါတယ်. ၁၆၁၅ခုနှစ်မှာ အင်္ဂလန်နိုင်ငံရှိ ကုန်သည်ကြီးများက အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှ လက်ဖက်များကို အမြောက်အမြား
ဝယ်ယူခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်..

သာယာလှတဲ့ လက်ဖက်စိုက်ခင်း

ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး
လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်.. တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်.. တရုတ်နဲ့ဂျပန်မှာတော့ အိမ်တိုင်းနီးပါး လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့ အလေ့အထ ရှိကြပြီး တရုတ်ပြည်တွင် ဧည့်သည်များကို လက်ဖက်ရည်ကြမ်းနှင့် ဧည့်ခံရာတွင် ဧည်သည်ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး လက်ဖက်ကိုလည်း အကောင်းအညံ့ ရွေးချယ်ဧည့်ခံတတ်သော အလေ့အထရှိကြောင်း သိမှတ်ခဲ့ရဖူးပါတယ်..
လက်ဖက်ရွက်မှာ အတန်းအစား အမျိုးမျိုးပေါ်မူတည်ပြီး အရသာလည်း ကွဲပြားသွားပါတယ်..
အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..

၁. လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်.
ဘလက်ရွက်မှာ ပါတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ဗီတာမင်စီထက် အဆတစ်ရာ
အစွမ်းထက်ပြီး ဗီတာမင်းအီးထက်လည်း ၂၅ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်..
ထို့ကြောင့်လဲ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို
ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်တယ်လို့ သိရပါတယ်..

၂. လက်ဖက်ရွက်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်..
ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို
သောက်သုံးခြင်းအားဖြင့် ဆဲလ်များ သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး
နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်.

၃. လက်ဖက်မှာပါတဲ့ Antioxidant ဟာ Free Radicals များကို
တိုက်ထုတ်နိုင်စွမ်းရှိတာကြောင့် ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော
သက်စောင့်ပစ္စည်း ဖြစ်ပါတယ်..

၎. လက်ဖက်ဟာ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး
ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်.. တစ်ရက်ကို ကယ်လိုရီ ၇၀ကို
လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ၇ပေါင်နှင့်ညီမျှသော
ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်..

၅. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် မျက်နှာပြင် အရေးအကြောင်းများကို
ဖြစ်ပေါ်စေခြင်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်. အရေပြားကိုလည်း
ခန္ဓာကိုယ်ပြင်ပမှာ ဘက်တီးရီးယားများ ၀င်ရောက်ခြင်းမှာ
အကာအကွယ်ပေးနိုင်ပါတယ်..

၆. အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါတယ်..
၇. လက်ဖက်မှာ ဖလူအိုရိုက်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အရိုးများကို သန်မာစေတယ်လို့ ဆိုပါတယ်..
၈. လက်ဖက်မှာ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်ပါတယ်..

၉. လက်ဖက်ရွက်သည် ဆဲလ်များတွင်းရှိ ဂလူကိုစ့်များ ရွေ့လျားခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကျန်းမာစွာ ၀ိတ်လျှော့လိုသူများ လေ့ကျင့်ခန်းနေ့စဉ်လုပ်ကာ လက်ဖက်ရည်ကြမ်းကိုလည်း နေ့စဉ်
ပုံမှန်သောက်သုံးပေးလျှင် ကိုယ်အလေးချိန် မြင့်တက်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်.

၁၀. ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း...

၁၁. လက်ဖက်မှာ ပါဝင်သော Antioxidants သည် ဦးနှောက်အတွင်းရှိ ဆဲလ်များ
ပျက်စီးခြင်းကို ကာကွယ်ပေးသောကြောင့် အကြောအားနည်း၍ ခြေလက်တုန်သော (Parkinson’s) ရောဂါကို ကာကွယ်ပေးခြင်း...

၁၂. လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့် ရေငတ်ပြေခြင်း၊ အသားအရေ လှပစိုပြေခြင်း၊
၁၃. သွားအတွင်းရှိ အညစ်အကြေးများ၊ ဘက်တီးရီးယားများကို သန့်စင်စေနိုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်းစသည်တို့ဖြင့် ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့
ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေက များပြားလှပါတယ်.. ဒါကြောင့်
လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း
(လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ်
သောက်သုံးသင့်ပါကြောင်း
 ( သူငယ်ချင်းတို့ကျန်းမာရေး ဗဟုသုတအတွက် mandalaygazette မှ ကူးယူမျှဝေပါသည် )

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7999468&xgs=1&xg_source=msg_share_post

ပါရာစီတမောလ် ဆေးလုံးလေးများ...........

 Photo: ပါရာစီတမောလ် ဆေးလုံးလေးများ........... ( ဖတ်လည်းဖတ် မှတ်လည်းမှတ်စေချင်ပါသည် ...Mg Mandalay ) ယခုတလော ဆေးဆိုင် တစ်ဆိုင်မှာ ရောင်း အကောင်းဆုံး ဆေးက ဘာလဲလို့ မေးလိုက်ရင် ပါရာစီတမောလ် လို့ပဲ ဖြေမှာ သေချာ ပါတယ်။ ရာသီဥတု အပြောင်းအလဲ မြန်ဆန် လွန်းတဲ့ ကာလမှာ ပူလိုက်၊ အေးလိုက် နဲ့မို့ လူတွေဟာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ကိုက်ခဲကြ ပါတယ်။ အခုလို ဖျားကြ၊ နာကြတဲ့ ကာလမှာ နေမကောင်း တစ်ခုခု ဖြစ်လိုက်ပြီ ဆိုတာနဲ့၊ ခေါင်းလေး ကိုက်ရုံနဲ့၊ ဖျားချင် သလိုမျိုး ခံစား လိုက်ရပြီ ဆိုတာနဲ့၊ ဗိုက်အောင့် ခါးကိုက်ရုံနဲ့ စတဲ့ အကြောင်းကြောင်း တွေကြောင့် ပါရာစီတမောလ် အကိုက်အခဲနှင့် အဖျား ပျောက်ဆေး တွေကို သောက်ကြ ပါတယ်။ တချို့ ကလည်း ပါရာစီ တမောလ်ကို ဘာမှ မဖြစ်ဘဲနဲ့လည်း သောက်ချင် နေကြ ပါတယ်။ ဘယ်ဆေးခန်းမှ မသွားမီ၊ မိမိ သဘောနဲ့ မိမိ ရောဂါ ပျောက်ကင်း သက်သာ သွားလေမလား ဆိုပြီး အရင်ဆုံး ပါရာစီတမောလ် ဝယ်သောက်တတ် ကြပါတယ်။ ဆေးကုမ္ပဏီ များက ကုန်ပစ္စည်း တံဆိပ် အမျိုးမျိုးနှင့် ပါရာစီတမောလ် ဆေးပြားကို တင်သွင်းကာ နည်းပေါင်းစုံဖြင့် ကြော်ငြာ နေကြတဲ့ အတွက် သုံးစွဲသူ တွေက ပါရာစီတမောလ် ဆေးကို ကြားဖူး နားဝ သိလာ ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါရာစီ တမောလ် သောက်သုံးမှု များတဲ့သူများ အတွက် ရည်ရွယ်ပြီး ပါရာစီတမောလ် သောက်သုံးတဲ့ အခါ လိုက်နာ သင်တဲ့ အချက် အလက်၊ သိသင့် သိထိုက်တဲ့ အချက်အလက် များကို ဗဟုသုတ အဖြစ် ဖော်ပြလို ပါတယ်။ ပါရာစီတမောလ် ဆိုတာ ဘာလဲ....... ပါရာစီတမောလ်ဟာ အကိုက်အခဲ ပျောက်ဆေး၊ အဖျားကျဆေး တစ်မျိုး ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခါးနာခြင်း၊ သွား ကိုက်ခြင်း၊ အအေးမိ ဖျားနာခြင်း စတဲ့ ကျန်းမာရေး ပြဿနာများ အတွက် ပါရာစီတမောလ်ကို အသုံးပြုကြ ပါတယ်။ ဆေးစာအုပ် များထဲတွင် ညွှန်ကြား ထားခြင်း မရှိဘဲ အခြား ရည် ရွယ်ချက် များဖြင့် အသုံးပြု နိုင်ပါ သေးတယ်။ လိုက်နာသင့်တဲ့အချက်များ ..... ပါရာစီတမောလ်ကို အမြဲသောက်သုံးလေ့ ရှိတဲ့သူ တစ်ယောက် အနေနဲ့ သိထားသင့်တာ ကတော့ ညွှန်ကြား ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး မသောက်သုံး ရဘူး ဆိုတာ ပါပဲ။ သာမန် အားဖြင့် ဈေးကွက်ထဲမှာ ရှိတဲ့ ပါရာစီတမောလ် တစ်လုံးတွင် ၅၀ဝ မီလီဂရမ် ရှိပါတယ်။ အရွယ် ရောက်ပြီးသူ တစ်ယောက် အတွက် အများဆုံး ပမာဏဟာ တစ်ခါ သောက်လျှင် ၁၀ဝ၀ မီလီဂရမ် (၂ လုံး) ဖြစ်ပြီး တစ်နေ့တာလုံး အတွက် အများဆုံး သောက်သုံးနိုင်တဲ့ ပမာဏ ဆိုရင်တော့ စုစုပေါင်း ၄၀ဝ၀ မီလီဂရမ် (၈လုံး) ဖြစ်ပါတယ်။ ပါရာစီတမောလ် လွန်ကဲစွာ သောက် သုံးမိပါက အသက် အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက် နိုင်ပါတယ်။ ပါရာစီတမောလ် သောက်သုံးမှု များလေလေ အသည်း ထိခိုက်မှု များလေလေ ဖြစ်ပါတယ်။ သင်ဟာ တစ်နေ့ကို အရက် ပါဝင်တဲ့ ဘီယာ ၃ လုံးထက် ပိုသောက်တဲ့သူ ဆိုရင်၊ အရက်ကြောင့် ဖြစ်သော အသည်း ရောဂါ ရှိနေတဲ့ သူဆိုရင် ပါရာစီတမောလ် မသောက်ခင် ဆရာဝန်နှင့် အရင် တိုင်ပင်သင့် ပါတယ်။ သင်ဟာ ပါရာစီတမောလ် သောက်လို့ မရတဲ့သူ ဖြစ်နေနိုင် ပါတယ်။ ထိုကဲ့ သို့သော သူတွေဟာ တစ်နေ့ကို ပါရာစီတမောလ် ၂၀ဝ၀ မီလီဂရမ် (၄ လုံး) ထက် ကျော်လွန်ပြီး လုံးဝ မသောက် သုံးသင့် ပါဘူး။ဒါ့ကြောင့် ပါရာစီတမောလ် မသောက်ခင် ဆရာဝန်ကို အသည်း ဆိုင်ရာ ရောဂါတွေ ရှိ၊ မရှိ ကြိုတင် ပြောပြထားသင့် ပါတယ်။ ပါရာစီတမောလ် သောက်ထား ပြီးရင်လည်း အခြား နှာစေး၊ ချောင်းဆိုး ပျောက်ဆေး၊ အဖျား ပျောက်ဆေး တွေကို ထပ်မံပြီး မသောက် သင့်ပါ။ ဘာလို့လဲ ဆိုတော့ အချို့ဆေး တွေမှာ ပါရာစီ တမောလ် ပါဝင်နေတဲ့ အတွက် သတ် မှတ် ထားတဲ့ ပမာဏ လွန်ကဲသွားမှာ စိုးလို့ ဖြစ်ပါတယ်။ ပါရာစီတမောလ် သောက်ပြီး အရက် သောက်ခြင်းကို ရှောင်ရှားပါ။ သာမန် အားဖြင့်တော့ ပါရာစီတမောလ် သောက်နေစဉ် မသောက် သုံးသင့်တဲ့ ဆေးဝါးများ မရှိပါ။ မသောက်သုံး သင့်တဲ့ လူအုပ်စု ဟူ၍လည်း မရှိပါ။ ကိုယ်ဝန်ဆောင်များ ပါရာစီတမောလ် သောက်သုံးမှုဟာ စိတ်ချ လုံခြုံမှု ရှိရဲ့လား ဆိုတာတော့ သေချာစွာ မသိရှိ ရသေးတဲ့ အတွက် ဆရာဝန်နှင့် အရင် တိုင်ပင်သင့် ပါတယ်။ ပါရာစီတမောလ်ဟာ မိခင်နို့ထဲ ကနေ ဖြတ်သန်း သွားနိုင်တဲ့ အတွက် ကလေးငယ်ကို ထိခိုက်နိုင် ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ပါရာစီတမောလ်ကို ဆေးအသွင် ပုံသဏ္ဌာန် အမျိုးမျိုး၊ တံဆိပ် အမျိုးမျိုးဖြင့် ရောင်းချနေ ပါတယ်။ Tablet (ဆေးပြား)၊ Capsule (ဆေးတောင့်)၊ Suspension (အရည်)၊ Suppository (စအိုတွင်းထည့် ဆေးတောင့်) စသည်ဖြင့် ရှိပါတယ်။ ဘယ်လို ပါရာစီတမောလ် ဆေးအမျိုးအစားကိုပဲ သောက်သောက် ဆေးဘူးခွံမှာ ရေးထားတဲ့ အတိုင်း၊ ဆရာဝန်၏ ဆေးညွှန်းစာ အတိုင်း အတိအကျ လိုက်နာ ရပါမယ်။ ညွှန်ကြား ထားတာထက် ပိုပြီး မသောက်သုံးရ ပါဘူး။ ကလေးငယ်များ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ပါရာစီ တမောလ် ဆေးများလည်း ရှိပါတယ်။ ၂ နှစ် အောက် ကလေးငယ်များ ကိုတော့ ဆရာဝန်က ညွှန်ကြားမှပဲ တိုက်သင့် ပါတယ်။ ပါရာစီတမောလ် အရည်ပုံစံ ဆေး ဆိုရင်တော့ ဆေးချိန် တွယ်တဲ့ ခွက်၊ ဇွန်းတွေကို ထည့်သွင်း ပေးထားလေ့ ရှိပါတယ်။ ဆေးဘူးပေါ်မှာ ညွှန်ကြား ထားတဲ့ အတိုင်း လိုက်နာပြီး ဆေးသောက်သုံး ရပါတယ်။ ဝါးစားရသော ပါရာစီတမောလ် ဆေးပြား ဆိုရင်လည်း သေချာ ကျေညက်အောင် ဝါးပြီးမှ မျိုချ ရပါမယ်။ အခြား နိုင်ငံတွေမှာ ပါရာစီတမောလ် ရေဆူဆေးမှုန့် ထုပ်လေးတွေ ရှိပါတယ်။ ထိုအမှုန့်ထုပ် လေးတွေ ဆိုရင်တော့ တစ်ထုပ် ဆိုရင် ရေ ၄ အောင်စ ထည့်ကာ ညင်သာစွာ မွှေပြီး၊ ဖျော်ပြီး ချက်ချင်း သောက်ပစ် ရမယ်။ စအိုတွင်းထည့် ပါရာစီတမောလ် ဆေးတောင့် များကို ပါးစပ် ကနေ လုံးဝ မသောက် သုံးရပါဘူး။ ဆေးတောင့်ကို မထည့်မီနှင့် ထည့်ပြီး လက်ကို သေချာစွာ ဆေးကြောပါ။ စအိုတွင်း ထည့် ပါရာစီတမောလ် ဆေးတောင့် များကို အသုံးမပြုမီ အချိန် ကြာမြင့်စွာ အပြင် ဘက်တွင် ထားပါက အရည်ပျော် သွားနိုင် ပါတယ်။ ဒါ့ကြောင့် အသုံးပြု ခါနီးမှ ဖောက်ပါ။ စအိုတွင်းထည့် ပါရာစီတမောလ်များ ကိုတော့ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများ၊ အစာအိမ် ရောဂါ ရှိသူများ ပါးစပ်မှ ဆေးသောက်သုံး နိုင်မှု မရှိသည့် လူနာများတွင် ဆရာဝန်များက အဓိက ညွှန်ကြားလေ့ ရှိပါတယ်။ ပါရာစီတမောလ် လွန်ကဲပါက ...... ပါရာစီတမောလ် လွန်ကဲစွာ သောက်သုံး မိပါက ပါရာစီတမောလ် အဆိပ် အတောက် ဖြစ်စေ နိုင်ပါတယ်။ အသည်းကို အဓိက ထိခိုက်စေ ပါတယ်။ လူကြီးများတွင် ၆ ဂရမ် ( ၅၀ဝ မီလီဂရမ် ဆေးပြား ၁၂ ပြား) ကျော် သောက်သုံး မိပါက %E</body
ယခုတလော ဆေးဆိုင် တစ်ဆိုင်မှာ ရောင်း အကောင်းဆုံး ဆေးက ဘာလဲလို့ မေးလိုက်ရင် ပါရာစီတမောလ် လို့ပဲ ဖြေမှာ သေချာ ပါတယ်။ ရာသီဥတု အပြောင်းအလဲ မြန်ဆန် လွန်
းတဲ့ ကာလမှာ ပူလိုက်၊ အေးလိုက် နဲ့မို့ လူတွေဟာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ကိုက်ခဲကြ ပါတယ်။

အခုလို ဖျားကြ၊ နာကြတဲ့ ကာလမှာ နေမကောင်း တစ်ခုခု ဖြစ်လိုက်ပြီ ဆိုတာနဲ့၊ ခေါင်းလေး ကိုက်ရုံနဲ့၊ ဖျားချင် သလိုမျိုး ခံစား လိုက်ရပြီ ဆိုတာနဲ့၊ ဗိုက်အောင့် ခါးကိုက်ရုံနဲ့ စတဲ့ အကြောင်းကြောင်း တွေကြောင့် ပါရာစီတမောလ် အကိုက်အခဲနှင့် အဖျား ပျောက်ဆေး တွေကို သောက်ကြ ပါတယ်။ တချို့ ကလည်း ပါရာစီ တမောလ်ကို ဘာမှ မဖြစ်ဘဲနဲ့လည်း သောက်ချင် နေကြ ပါတယ်။ ဘယ်ဆေးခန်းမှ မသွားမီ၊ မိမိ သဘောနဲ့ မိမိ ရောဂါ ပျောက်ကင်း သက်သာ သွားလေမလား ဆိုပြီး အရင်ဆုံး ပါရာစီတမောလ် ဝယ်သောက်တတ် ကြပါတယ်။ ဆေးကုမ္ပဏီ များက ကုန်ပစ္စည်း တံဆိပ် အမျိုးမျိုးနှင့် ပါရာစီတမောလ် ဆေးပြားကို တင်သွင်းကာ နည်းပေါင်းစုံဖြင့် ကြော်ငြာ နေကြတဲ့ အတွက် သုံးစွဲသူ တွေက ပါရာစီတမောလ် ဆေးကို ကြားဖူး နားဝ သိလာ ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါရာစီ တမောလ် သောက်သုံးမှု များတဲ့သူများ အတွက် ရည်ရွယ်ပြီး ပါရာစီတမောလ် သောက်သုံးတဲ့ အခါ လိုက်နာ သင်တဲ့ အချက် အလက်၊ သိသင့် သိထိုက်တဲ့ အချက်အလက် များကို ဗဟုသုတ အဖြစ် ဖော်ပြလို ပါတယ်။

ပါရာစီတမောလ် ဆိုတာ ဘာလဲ.......

ပါရာစီတမောလ်ဟာ အကိုက်အခဲ ပျောက်ဆေး၊ အဖျားကျဆေး တစ်မျိုး ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခါးနာခြင်း၊ သွား ကိုက်ခြင်း၊ အအေးမိ ဖျားနာခြင်း စတဲ့ ကျန်းမာရေး ပြဿနာများ အတွက် ပါရာစီတမောလ်ကို အသုံးပြုကြ ပါတယ်။ ဆေးစာအုပ် များထဲတွင် ညွှန်ကြား ထားခြင်း မရှိဘဲ အခြား ရည် ရွယ်ချက် များဖြင့် အသုံးပြု နိုင်ပါ သေးတယ်။

လိုက်နာသင့်တဲ့အချက်များ .....

ပါရာစီတမောလ်ကို အမြဲသောက်သုံးလေ့ ရှိတဲ့သူ တစ်ယောက် အနေနဲ့ သိထားသင့်တာ ကတော့ ညွှန်ကြား ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး မသောက်သုံး ရဘူး ဆိုတာ ပါပဲ။ သာမန် အားဖြင့် ဈေးကွက်ထဲမှာ ရှိတဲ့ ပါရာစီတမောလ် တစ်လုံးတွင် ၅၀ဝ မီလီဂရမ် ရှိပါတယ်။ အရွယ် ရောက်ပြီးသူ တစ်ယောက် အတွက် အများဆုံး ပမာဏဟာ တစ်ခါ သောက်လျှင် ၁၀ဝ၀ မီလီဂရမ် (၂ လုံး) ဖြစ်ပြီး တစ်နေ့တာလုံး အတွက် အများဆုံး သောက်သုံးနိုင်တဲ့ ပမာဏ ဆိုရင်တော့ စုစုပေါင်း ၄၀ဝ၀ မီလီဂရမ် (၈လုံး) ဖြစ်ပါတယ်။ ပါရာစီတမောလ် လွန်ကဲစွာ သောက် သုံးမိပါက အသက် အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက် နိုင်ပါတယ်။ ပါရာစီတမောလ် သောက်သုံးမှု များလေလေ အသည်း ထိခိုက်မှု များလေလေ ဖြစ်ပါတယ်။ သင်ဟာ တစ်နေ့ကို အရက် ပါဝင်တဲ့ ဘီယာ ၃ လုံးထက် ပိုသောက်တဲ့သူ ဆိုရင်၊ အရက်ကြောင့် ဖြစ်သော အသည်း ရောဂါ ရှိနေတဲ့ သူဆိုရင် ပါရာစီတမောလ် မသောက်ခင် ဆရာဝန်နှင့် အရင် တိုင်ပင်သင့် ပါတယ်။ သင်ဟာ ပါရာစီတမောလ် သောက်လို့ မရတဲ့သူ ဖြစ်နေနိုင် ပါတယ်။ ထိုကဲ့ သို့သော သူတွေဟာ တစ်နေ့ကို ပါရာစီတမောလ် ၂၀ဝ၀ မီလီဂရမ် (၄ လုံး) ထက် ကျော်လွန်ပြီး လုံးဝ မသောက် သုံးသင့် ပါဘူး။ဒါ့ကြောင့် ပါရာစီတမောလ် မသောက်ခင် ဆရာဝန်ကို အသည်း ဆိုင်ရာ ရောဂါတွေ ရှိ၊ မရှိ ကြိုတင် ပြောပြထားသင့် ပါတယ်။

ပါရာစီတမောလ် သောက်ထား ပြီးရင်လည်း အခြား နှာစေး၊ ချောင်းဆိုး ပျောက်ဆေး၊ အဖျား ပျောက်ဆေး တွေကို ထပ်မံပြီး မသောက် သင့်ပါ။ ဘာလို့လဲ ဆိုတော့ အချို့ဆေး တွေမှာ ပါရာစီ တမောလ် ပါဝင်နေတဲ့ အတွက် သတ် မှတ် ထားတဲ့ ပမာဏ လွန်ကဲသွားမှာ စိုးလို့ ဖြစ်ပါတယ်။ ပါရာစီတမောလ် သောက်ပြီး အရက် သောက်ခြင်းကို ရှောင်ရှားပါ။ သာမန် အားဖြင့်တော့ ပါရာစီတမောလ် သောက်နေစဉ် မသောက် သုံးသင့်တဲ့ ဆေးဝါးများ မရှိပါ။ မသောက်သုံး သင့်တဲ့ လူအုပ်စု ဟူ၍လည်း မရှိပါ။ ကိုယ်ဝန်ဆောင်များ ပါရာစီတမောလ် သောက်သုံးမှုဟာ စိတ်ချ လုံခြုံမှု ရှိရဲ့လား ဆိုတာတော့ သေချာစွာ မသိရှိ ရသေးတဲ့ အတွက် ဆရာဝန်နှင့် အရင် တိုင်ပင်သင့် ပါတယ်။ ပါရာစီတမောလ်ဟာ မိခင်နို့ထဲ ကနေ ဖြတ်သန်း သွားနိုင်တဲ့ အတွက် ကလေးငယ်ကို ထိခိုက်နိုင် ပါတယ်။

မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ပါရာစီတမောလ်ကို ဆေးအသွင် ပုံသဏ္ဌာန် အမျိုးမျိုး၊ တံဆိပ် အမျိုးမျိုးဖြင့် ရောင်းချနေ ပါတယ်။ Tablet (ဆေးပြား)၊ Capsule (ဆေးတောင့်)၊ Suspension (အရည်)၊ Suppository (စအိုတွင်းထည့် ဆေးတောင့်) စသည်ဖြင့် ရှိပါတယ်။ ဘယ်လို ပါရာစီတမောလ် ဆေးအမျိုးအစားကိုပဲ သောက်သောက် ဆေးဘူးခွံမှာ ရေးထားတဲ့ အတိုင်း၊ ဆရာဝန်၏ ဆေးညွှန်းစာ အတိုင်း အတိအကျ လိုက်နာ ရပါမယ်။ ညွှန်ကြား ထားတာထက် ပိုပြီး မသောက်သုံးရ ပါဘူး။

ကလေးငယ်များ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ပါရာစီ တမောလ် ဆေးများလည်း ရှိပါတယ်။ ၂ နှစ် အောက် ကလေးငယ်များ ကိုတော့ ဆရာဝန်က ညွှန်ကြားမှပဲ တိုက်သင့် ပါတယ်။ ပါရာစီတမောလ် အရည်ပုံစံ ဆေး ဆိုရင်တော့ ဆေးချိန် တွယ်တဲ့ ခွက်၊ ဇွန်းတွေကို ထည့်သွင်း ပေးထားလေ့ ရှိပါတယ်။ ဆေးဘူးပေါ်မှာ ညွှန်ကြား ထားတဲ့ အတိုင်း လိုက်နာပြီး ဆေးသောက်သုံး ရပါတယ်။ ဝါးစားရသော ပါရာစီတမောလ် ဆေးပြား ဆိုရင်လည်း သေချာ ကျေညက်အောင် ဝါးပြီးမှ မျိုချ ရပါမယ်။ အခြား နိုင်ငံတွေမှာ ပါရာစီတမောလ် ရေဆူဆေးမှုန့် ထုပ်လေးတွေ ရှိပါတယ်။ ထိုအမှုန့်ထုပ် လေးတွေ ဆိုရင်တော့ တစ်ထုပ် ဆိုရင် ရေ ၄ အောင်စ ထည့်ကာ ညင်သာစွာ မွှေပြီး၊ ဖျော်ပြီး ချက်ချင်း သောက်ပစ် ရမယ်။

စအိုတွင်းထည့် ပါရာစီတမောလ် ဆေးတောင့် များကို ပါးစပ် ကနေ လုံးဝ မသောက် သုံးရပါဘူး။ ဆေးတောင့်ကို မထည့်မီနှင့် ထည့်ပြီး လက်ကို သေချာစွာ ဆေးကြောပါ။ စအိုတွင်း ထည့် ပါရာစီတမောလ် ဆေးတောင့် များကို အသုံးမပြုမီ အချိန် ကြာမြင့်စွာ အပြင် ဘက်တွင် ထားပါက အရည်ပျော် သွားနိုင် ပါတယ်။ ဒါ့ကြောင့် အသုံးပြု ခါနီးမှ ဖောက်ပါ။ စအိုတွင်းထည့် ပါရာစီတမောလ်များ ကိုတော့ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများ၊ အစာအိမ် ရောဂါ ရှိသူများ ပါးစပ်မှ ဆေးသောက်သုံး နိုင်မှု မရှိသည့် လူနာများတွင် ဆရာဝန်များက အဓိက ညွှန်ကြားလေ့ ရှိပါတယ်။


ပါရာစီတမောလ် လွန်ကဲပါက ......

ပါရာစီတမောလ် လွန်ကဲစွာ သောက်သုံး မိပါက ပါရာစီတမောလ် အဆိပ် အတောက် ဖြစ်စေ နိုင်ပါတယ်။ အသည်းကို အဓိက ထိခိုက်စေ ပါတယ်။ လူကြီးများတွင် ၆ ဂရမ် ( ၅၀ဝ မီလီဂရမ် ဆေးပြား ၁၂ ပြား) ကျော် သောက်သုံး မိပါက ၄၈ နာရီ အတွင်း အဆိပ်အတောက် ဖြစ်ကာ သေဆုံး နိုင်ပါတယ်။ ပါရာစီတမောလ် သောက်သုံးမှု များသွား ပြီလို့ ကိုယ့်ကိုယ်ကို ထင်တယ် ဆိုရင် အရေးပေါ် ဆေးကုသမှုကို ခံယူပါ။ ပါရာစီတမောလ် အဆိပ်အတောက် ဖြစ်မှုရဲ့ ကနဦး လက္ခဏာတွေ ကတော့ မစားချင် မသောက်ချင် ဖြစ်ခြင်း၊ မူးဝေ အော့အန်ခြင်း၊ ဗိုက်အောင့် ခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ရှုပ်ခြင်းနှင့် အားအင် ချိနဲ့ခြင်းတို့ ဖြစ်ပါတယ်။ နောက်ပိုင်း တွင်တော့ အစာအိမ် အပေါ်ပိုင်း နာကျင်ခြင်း၊ ဆီးမည်း မည်းသွားခြင်း၊ အသားဝါ လာခြင်းနှင့် မျက်ကွင်း သားများ ဝါလာခြင်းတို့ ဖြစ်ပေါ် ခံစား ရနိုင် ပါတယ်။

ပါရာစီတမောလ်နှင့် ဓာတ်မတည့်ဖြစ်မှု .....

ပါရာစီတမောလ်နှင့် ဓာတ်မတည့် ပါက အနီကွက်များ ဖြစ်ပေါ်လာခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်းများ ရောင်ရမ်း လာခြင်းတို့ ခံစား ရနိုင် ပါတယ်။ ဓာတ်မတည့်မှု ဖြစ်ပေါ် ပါက ဆေးသုံးစွဲမှုကို လုံးဝ ရပ်လိုက်ပြီး ဆရာဝန်နှင့် ချက်ချင်း ပြသ သင့်ပါတယ်။


သောက်သုံးသင့်သည့် ပမာဏ .......
 
(က) အရွယ်ရောက်ပြီးသူ တစ်ယောက် အတွက်
ဖျားနာလျှင် ၃၂၅-၆၅၀ မီလီဂရမ် တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ။ နာကျင်ကိုက်ခဲမှု သက်သာစေရန် ၃၂၅-၆၅၀ မီလီဂရမ် တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ။ သို့မဟုတ် ၁၀ဝ၀ မီလီဂရမ် တစ်နေ့လျှင် ၂ ကြိမ်။
(ခ) တစ်လအောက် ကလေးငယ်များ အတွက်
ဖျားနာလျှင် ၁၀-၁၅ မီလီ ဂရမ်/ ၁ ကီလိုဂရမ် တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ် အထိ။ နာကျင်ကိုက်ခဲမှု သက်သာစေရန် ၁၀-၁၅ မီလီဂရမ်/ ၁ကီလိုဂရမ်။ တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ် အထိ။

Health Digest News Journal
http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A274922&xgs=1&xg_source=msg_share_post