“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”
Showing posts with label Phone သုတ. Show all posts
Showing posts with label Phone သုတ. Show all posts

Saturday, June 21, 2014

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ

ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။
ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း

Monday, February 3, 2014

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖြော်ပပေးလိုက်ပါတယ။်
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

Sim Card lock ကျသွားတဲ့အခါမျက်စိမလည်အောင်


Sim Card lock ကျသွားတဲ့အခါ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ် PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် မပုတုရုံး ဆီရောက်ရောက်သွားရတယ် တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို)


ဖြစ်တက်သော ပြသနာအမျိုးမျိုး နှင့် ဖြေရှင်းခြင်း


ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်

၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း

ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။

ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??

အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။

ဘယ်လို ဖြေရှင်း မလဲ ???

Saturday, February 1, 2014

ဖုန်း နံပါတ် ဖျောက်ပြီးဖုန်းခေါ်မယ်

ကိုယ့်ချစ်သူကစိတ်ကောက်နေလို့ ကိုယ့် ဖုန်းနံပါတ်နဲ့ခေါ်လို့မရတော့ဘူး ... သူမသိတဲ့ဖုန်နံပါတ်နဲ့ခေါ်ဖို့လိုလာပြီဆိုရင် ဒီနည်းလေးကိုသုံးလိုက်ပေါ့နော် :)
ဟီး..အကြံပေးတာပါဗျာ
အကြောင်းကိစ္စတစ်ခုခုကြောင့် ကိုယ့်ဖုန်းနံပါတ်ကို မမြင်စေချင်ဘူးဆိုရင်သုံးလို့ရတာပေါ့ဗျာ
ကဲစမယ်ဗျာ.....အောက်မှာလိုအပ်တဲ့ ဟာလေးတွေအရင်ဒေါင်းမယ်ဗျာ
လိုတာတွေကတော့ Hidden call(hide your caller id) နဲ့ Secret call နှစ်ခုပါ
ဒီမှာ ဖြစ်ဖြစ် ဒီမှာ ဖြစ်ဖြစ် ဒေါင်းလိုက်ပါ
ဒေါင်းလို့ ရလာတဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ
ထွက်လာတဲ့ apk နှစ်ခုကို install လုပ်လိုက်ပါ
ပြီးရင်ဖုန်းကို Restart ချလိုက်ပါ
ဖုန်းပြန်တက်လာရင် Hide Caller Id ကို ဖွင့်လိုက်ပြီး Enable နဲ့ Show Icon ကို အမှန်ခြစ်ပေးပါ
Add contact Number ကိုနှိပ်ပြီးကို Add မယ့်ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါ...ဖုန်းထဲမှာရှိတဲ့ Contact အကုန်ထည့်လည်းရပါတယ်
Add လုပ်မထားတဲ့ဖုန်းနံပါတ်ကိုခေါ်ရင် Hide လုပ်မလား Show လုပ်မလားမေးပါလိမ့်မယ်
ကိုလုပ်ချင်သလို Select လုပ်ပေးလိုက်ပါ
မရှင်းရင် အောက်ကပုံတွေကိုကြည့်လိုက်ပါ




Sunday, October 20, 2013

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ


 မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage

အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုရင် 90 MB ခန့်

YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုရင် 11 MB ခန့်

Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ရင် 15 MB ခန့်

Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုရင် 5 MB ခန့်

Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်

Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်

Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်

Google maps ကို 10 mins လောက် ဝင်ကြည့်ရင် 6 MB ခန့်


Video streaming
Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်း အားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။

Radio streaming
Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။

Google maps
ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Facebook
ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ရင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။

Email
ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါရင်တော့ data usage က တိုးလာမှာပါ။

Apps and games
Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေရင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။

Music
Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။

Standard web pages
အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။

Skype
Skype အတွက် typical data usage တွေကတော့
Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုရင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုရင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုရင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုရင် 600 kbps ခန့်

Viber
Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kb per min ဖြစ်ပြီး 1 hr ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။

Phone Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)

100 Kb (2 ကျပ်)1 MB (20 ကျပ်)100 MB (1500 – 1800 ကျပ်) Pyay-Phyo http://2daymyanmar.blogspot.com/

Friday, October 11, 2013

Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပြီ

 
Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပါပြီ .... 

ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယိုလေးကို မိမိတို့ရဲ့ ဖုန်း မှ တစ်ဆင့် နားဆင်ချင်တယ် ဆိုရင်တော့ ၊ Malaysia Online Radio.apk ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ဖုန်းထဲမှာ ထည့်သွင်း ထားနိုင်ပါတယ် ။ ဆော့ဝဲလ်လေးရဲ့ Size ဖိုင်ဆိုဒ်ကတော့ 3.93 MB ပဲ ရှိပါတယ်။ 

Malaysia Online Radio.apk လေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ၊ ထည့်သွင်းထားခြင်း အားဖြင့် ၊ သီချင်းပေါင်းများစွာကို ၊ အင်တာနက်လိုင်းရှိရုံလေးဖြင့် လွယ်လင့်တကူ ၊ ခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ အခု ဗာရှင်းအနေနဲ့ ၁၂.၁၀.၂၀၁၃ ရက်နေ့မှ စတင်ကာ Android Version 2.5.1 အထက်ရှိသော ဖုန်းတွေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ 

Malaysia Online Radio.apk ကိုထည့်ထားခြင်းဖြင့် မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာဝက်ဆိုက်မှာ တင်ထားသမျှ မလေးရှားသတင်းများ ၊ စာပေများ ၊ နည်းပညားမျာ ၊ ဆော့ဝဲလ်များ ၊ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပြီး Facebook လည်း အသုံးပြုနိုင်ပါတယ်။ 

 ဒီ APK လေးကိုတော့ မလေးရှား အွန်လိုင်းရေဒီယိုမှ ၊ Dj - Nay Zaw Lin နှင့် Dj - Zaw Min Tan က ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Android ဖုန်းများ အားလုံးမှာ နားဆင်ဖို့အတွက် အောက်ကလိပ်စာမှာ APK လေးကို ဒေါင်းယူပြီး ဖုန်းထဲ အင်စတောလုပ်ပြီး နားဆင်နိုင်ပါတယ်။ 


အားလုံးပဲ အေးချမ်းသော ဘဝနေ့သစ်လေးတွေမှာ ၊ နွေးထွေးသာယာလွန်းတဲ့ သံစဉ်လှိုင်းများနဲ့ ၊ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်မာခြင်းတို့ကို ၊ ကျော်လွန် ဖြတ်သန်းနိုင်ပါစေလို့ ၊ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို အဖွဲ့သားများမှ ၊ တောင်းဆုခြွေ မေတ္တာ ပို့သလိုက်ပါတယ်။ 

ဖုန်းနဲ့နားထောင်ဖို့ အဆင်မပြေသူများအတွက် အောက်ကဝဘ်ဆိုဒ်တွေကို ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်လေးကို နားဆင်နိုင်ပါတယ်။ 


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။ 

(1) Radio DJ - ,~NLS~' {ALinn} (China) 
(2) Radio DJ - David Sai (Muar-Malaysia) 
(3) Radio DJ - Zaw Zaw (Rawang-Malaysia) 
(4) Radio DJ - Sky Min (Bangkok - Thailand) 
(5) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(6) Radio DJ - Zaw Min Tan (Alor Stear-Malaysia) 
(7) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia) 
(8) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(9) Radio DJ -Aung Phyo(San Diego-California-American) 
(10) Radio DJ - Yaw Tha Ma Mhwe Ko Htet (Pyin Oo Lwin-Myanmar) 

နေဇော်လင်း
Live Free Online Radio Media (Malaysia) 

Saturday, September 28, 2013

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်(အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)for android

 
sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ။
 
 လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ :D 
 
ကျွန်တော်ကတော့ ခု ကြည့်နေပီ ကြည့်ချင်တဲ့ ဘော်ဘော်တွေ အောက်ကလင့်မှာဒေါင်းလိုက်နော်။
 
အဆင်ပြေပါစေ......
Enjoy!
Hnget Ngai

Monday, September 23, 2013

ဇူလိုက်လ အတွက် အကောင်းဆုံး လူအကြိုက်အများဆုံး Ring Tone များ ပြန်လည်စုစည်းမူ

 

http://rqringtone.wordpress.com/
  • (1) Ring Tone Title
သစ္စာ
  • Ring Tone Artists
ဘန်နီဖြိုး & ဆိုတေး
  • For You !!
  • (2) Ring Tone Title
အရောင်မဆိုးနဲ့ 
  • Ring Tone Artists
နီနီခင်ဇော်
  • For You !!
  • (3) Ring Tone Title
Priyanka Chopra
  • Ring Tone Artists
 Exotic (ft Pitbull)
  • For You !!
  • (4) Ring Tone Title
Looking at me
  • Ring Tone Artists
step up 2 movie song
  • For You !!
  • (5) Ring Tone Title
VIP
  • Ring Tone Artists
ရဲရင်အောင်
  • For You !!
  • (6) Ring Tone Title
Like a G 6
  • Ring Tone Artists
Far East
  • For You !!
  • (7) Ring Tone Title
window Eorr Remix
  • Ring Tone Artists
SMS Tone
  • For You !!
  • (8) Ring Tone Title
Gangnam Gummy Style
  • Ring Tone Artists
RING TONE
  • For You !!
  • (9) Ring Tone Title
နင်သာရှိရင်
  • Ring Tone Artists
Ning One (9 one)
  • For You !!
  • (10) Ring Tone Title
ဥမ္မာလီဇာ
  • Ring Tone Artists
bunny phyo
  • For You !!
  • (11) Ring Tone Title
Oye Brazil Vs Hey Baby
  • Ring Tone Artists
 Pitbull ft. T-Pain
  • For You !!
  • (12) Ring Tone Title
ဖုန်းမကိုင်ဘူးကွာ
  • Ring Tone Artists
funny Ring tone
  • For You !!
  • (13) Ring Tone Title
Dance Again
  • Ring Tone Artists
jennifer Lopez & pitbull
  • For You !!
  • (15) Ring Tone Title
ThatPower
  • Ring Tone Artists
Feat Justin Bieber
  • For You !!
  • (16) Ring Tone Title
အလွမ်းသက်သေ
  • Ring Tone Artists
Wolf Clown family
  • For You !!

AUG လ အတွက် တစ်လတာ မန်ဘာအကြိုက်ဆုံး Ring TOne စုစည်းမူ ထွက်ပါပြီး !

Rq Ring TOne Main LOGO!!
မင်္ဂလာပါခင်ဗျာ..။
AUG လ အတွက် တစ်လတာ မန်ဘာအကြိုက်ဆုံး Ring TOne စုစည်းမူ ထွက်ပါပြီး !
အားလုံး တစ်နေရာရာမှ အသုံးဝင်နိုင်ပါစေဗျာ..။

http://mmflashsongs.ning.com/မှ ကူးယူဖော်ပြပါသည်...
  • (1) Ring Tone Title
နတ်သက်ကြွေ
  • Ring Tone Artists
ဘန်နီဖြိုး
  • For You !!
  • (2) Ring Tone Title
Sasung Mix 2013
  • Ring Tone Artists
best in 2013
  • For You !!
  • (3) Ring Tone Title
You Have text massage
  • Ring Tone Artists
SMS TONE
  • For You !!
  • (4) Ring Tone Title
Hey Baby !!
  • Ring Tone Artists
T pain & bitpull
  • For You !!
  • (5) Ring Tone Title
Ring TONE NEW
  • Ring Tone Artists
in 2013
  • For You !!
  • (6) Ring Tone Title
FANTASTICBABY
  • Ring Tone Artists
Big Bang (KOREA)
  • For You !!
  • (7) Ring Tone Title
Just Give Me A Reason
  • Ring Tone Artists
P!nk feat Nate Ruess
  • For You !!
  • (8) Ring Tone Title
ဝေးခဲ့ရင်
  • Ring Tone Artists
ဖော်ကာ
  • For You !!
  • (9) Ring Tone Title
ရင်ထဲကဂီတာ
  • Ring Tone Artists
လင်းလင်း ( သံမဏိလိပ်ပြာ)
  • For You !!
  • (10) Ring Tone Title
ချစ်သူသို့ 
  • Ring Tone Artists
Bachit(B-Lord) ft Joe Jar
  • For You !!
  • (11) Ring Tone Title
အသက်မဲ့စကား
  • Ring Tone Artists
G LET (ဂျီလတ်)
  • For You !!
  • (12) Ring Tone Title
လွမ်းလွန်းလို့ 
  • Ring Tone Artists
ရဲရင့်အောင်
  • For You !!
  • (13) Ring Tone Title
Sexy Me(sexy lady)
  • Ring Tone Artists
hip hop
  • For You !!
  • (14) Ring Tone Title
Sexy Me(sexy lady)
  • Ring Tone Artists
Solo
  • For You !!
  • (15) Ring Tone Title
COOL DJ Remix songs
  • Ring Tone Artists
for sms & Ring Tone
  • For You !!

Friday, September 6, 2013

SIM card ရဲ့ PIN or PUK lock အကြောင်းနဲ့ lock ကျရင်ဖြေရှင်းနည်း ...


PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွှင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်ဗျ.....ဒီကဒ်အခွံမှာ PUK code တစ်ခါထဲပါပီသားပါ.....

Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....

အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...

အနော်လိုကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...

- unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK code ၈ လုံးကို ရိုက်ထည့်ပေးပီ ok နှိပ်ပါ....

- PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ.....

- နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....

ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...
အနော်ကတော့မတိုက်တွန်းပါဘူး....

sim card lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ antivirus ဆော့ဝဲလ်တွေမှာ sim card lock function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့  SIM lock ချထားရပါသလဲ ဆိုရင် SIM card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...

SIM lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ

....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...
PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...
ပြင်ချင် lock ချချင်သူများကတော့ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

**********************************
အနော်ေ၇းလိုက်တဲ့ပို့စ်ဟာ brothers တို့အတွက်အသုံးဝင်သွားတယ်ဆိုရင် အနော်ပင်ပန်းရကြိုးနပ်တာပေါ့ဗျာ...

အဆင်ပြေပါစေဗျ.....




မောင်ပေါက်< Knowledge Note >
www.maungpauk.org

Friday, April 19, 2013

ကွန်ပျုတာကနေ မိုဘိုင်းဖုန်းကို Free ဖုန်းခေါ်လို့ရပြီ...

မြန်မာပြည်မှာ အခုဆိုရင် မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေကြပါပြီ။ Gtalk ကို မိုဘိုင်းဖုန်းနဲ့ တွဲသုံးပြီးတော့ Chatting
လုပ်လို့လည်းရနေပါပြီ။ အင်တာနက်ဆိုင် သွားစရာမလိုတော့ဘူးပေါ့။

ပြသာနာကဘာလဲဆိုတော့ မြန်မာပြည်ကနေပြီး မိုဘိုင်းဖုန်းနဲ့ Chatting လုပ်တာပဲ အဆင်ပြေတယ်။ အသံနဲ့
Voice Chat လုပ်တာ အဆင်မပြေသေးပါဘူး။ အခု အင်တာနက်တွဲသုံးလို့ရတဲ့ မြန်မာ Mobile Users တွေအတွက်
Viber ဆိုတဲ့ Program လေးအကြောင်း အသိပေးချင်ပါတယ်။

Viber ကို Android, Windows နဲ့ Apple (Phone & PC) တွေမှာပဲ လောလောဆယ် သုံးခွင့်ရပါသေးတယ်။
ရှင်းရှင်းပြောမယ်ဆိုရင် Smart Phone နဲ့ တွဲသုံးလို့ရတာပေါ့။
ဒါပေမယ့် .. အခု
သင့်ရဲ့ ကွန်ပျုတာမှ Viber Program ထည့်သုံးထားသော မည့်သည့် Smart ဖုန်း အသုံးပြုသူကိုမဆို
Free Phone Call and Message လုပ်လို့ရပြီ။ 


- www.bluestacks.com ထဲကိုသွားပြီး Android App on PC (Blue Stacks) ကို Download ဆွဲချလိုက်ပါ။

- Download လုပ်မည့် File ကို သင့်ကွန်ပျုတာတွင်းရှိ Desktop ဖြစ်ဖြစ် တနေရာရာ တွင် Save လုပ်ထားပါ။

- Download လုပ်ပြီးသွားရင် ၎င်း file ကို Double click နှိပ်၍ Install လုပ်လိုက်ပါ။

(Install လုပ်သောအခါ သင့် အင်တာနက်အမြန်နှုန်းပေါ်မူတည်၍ အချိန်ကြာလိမ့်မယ်)


Download ပြီးသွားသောအခါ BlueStacks ပုံကလေး သင့် ကွန်ပျုတာ Desktop ပေါ်မှာမြင်ရမယ်။
၎င်းကို Double click နှိပ်၍ဖွင့်ကြည့်လျင် Android Phone တစ်လုံးကဲသို့ သင့်ကွန်ပျုတာထဲတွင် မြင်နေရမယ်။

 အထဲတွင် Viber, Kakao, Skype စသော Program များမြင့်နေရပြီ။


အကယ်၍ ၎င်းအထဲတွင်ရှိသော Viber ကိုသုံးချင်ရင် ၎င်းကို Double Click နှိပ်ပါ။ Install လုပ်ပေးသွားပါလိမ့်မယ်။
(အကယ်၍ Viber မတွေ့ပါက Search Box ထဲတွင် Viber လို့ရိုက်ထည့်ပြီးရှာပါ)

Viber Installation ၏အဆုံးတွင် Activate လုပ်ဖို့လိုပါမယ်။

          - သင့် မိုဘိုင်းဖုန်းနံပါတ် ရိုက်ထည့်ပေးရပါမယ်။

          - Submit လုပ်လိုက်တာနဲ့ သင့်ထံ Message တစ်ခု ၁ မိနစ်အတွင်းရောက်လာမယ်။ Message ထဲမှာ
Activation Code ဂဏန်း လေးလုံးပေးလိမ့်မယ်။ အကယ်၍ 1 မိနစ်အတွင်း မည့်သည့် Message မှ မရောက်လျှင်
scream ပေါ်တွင် link တစ်ခုအနေနဲ့ ဒုတိယ Option အနေနဲ့ ၎င်းကို နှိပ်လိုက်လျှင် သင့်ထံကို ဖုန်းခေါ်လာပြီး
Activation Code ဂဏန်းလေးလုံးပြောပြပါလိမ့်မယ်။ သေချာမှတ်သားထားပါ။

          - မိမိရရှိသော ဂဏန်းလေးလုံးကို Activation Code ရိုက်ထည့်ရမယ့်နေရာတွင် ရိုက်ထည့်လိုက်ပါ။
          - ပြီးရင် Submit လုပ်လိုက်ရင် ပြီးပါပြီ။ Viber သုံးသော သင့်သူငယ်ချင်းကို Free ဖုန်းခေါ်လို့ရပါပြီ။
သင့်သူငယ်ချင်းဆီ ဖုန်းခေါ်သောအခါတွင် သင့်ဖုန်းနံပါတ်နဲ့ နာမည့်ပေါ်လိမ့်မယ်။
(Viber အသုံးပြုသူများ အချင်းချင်းသာ Free Phone call လုပ်လို့ရပါတယ်)
ဒါဆိုရင် အခု ကွန်ပျုတာကနေ မိုဘိုင်းဖုန်းကို Free ခေါ်လို့ရပြီပေါ့။

Kakao Talk ကိုလည်း Viber ကဲ့သို့ Install လုပ်ပြိးသုံးကြည့်နိုင်ပါတယ်။
သူလည်း Free Call လုပ်လို့ရတယ်။

Sunday, March 24, 2013

ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်


Photo: ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်
Sunday, March 24, 2013 

ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ 

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ 

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။
 
စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

IT GARDEN
ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

IT GARDEN
http://www.facebook.com/pages/Myanmar-Online-News/459386844101959

Monday, January 21, 2013

ဖုန်းနဲ့ အင်တာနက် သုံးသူတွေအတွက် Wifi ဖွင့်ပြီး ကွန်ပျုတာသို့ ခွဲချိတ်နည်း

 
ဒီနည်းကတော့ ဖုန်းက အင်တာနက်လိုင်းကို ကွန်ပျုတာမှာ ချိတ်ပီးသုံးမယ့်စနစ်ပါ...

ဖုန်းမှာ ၀ိုင်ဖိုင်စနစ်ပါရမှာ ဖြစ်သလို ကွန်ပျုတာကလည်း ၀ိုင်ဖိုင်စနစ်ပါမှရပါတယ်...

အဲ့လိုဆိုရင်  စချိတ်လို့ ဖို့ အတွက်   ဖုန်းမှာ   အင်တာနက်လိုင်း  ဖွင့်ထားရပါမယ်...

ဖုန်းမှာ ချက်တင်လုပ်ရင်း ကွန်ပျုတာကိုလည်း ခွဲသုံးတဲ့သဘောတရား တစ်ခုပါပဲ။

အောက်က နည်းအတိုင်းလိုက်လုပ်ပါ ....။


၁ -  Seting ==>Wireless and networks ကိုဝင်ပါ

၂ - Tethering and porable hospot ကိုဆက်ပြီးဝင်ပါ

၃ - Portable Wi-Fi hospot ကို အမှန်ချစ်လိုက်ရင် ရပါပီ



ဒါဆိုရင် ဖုန်းက ၀ိုင်ဖိုင်စပြီးလွှင့်နေပါပြီ ။ ကွန်ပျုတာမှာပေါ်နေပါလိမ့်မယ် ။
ဒီလိုဆိုချိတ်လို့ ရပါပြီ ။ကွန်ပျုတာမှာလည်းသုံးလို့ ရပါပြီ...

Ref:http://www.zwmnna.com

Friday, January 18, 2013

Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ


Samsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက် ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေ ပေးလိုက် ရပါတယ်။

*#9125# : Smiley

*#9999# : Software Version

*#06# : IMEI Number

*#0001# : Serial Number

*#9998*523# : LCD Contrast

*#0228# or *#8999*228# : Battery Info

*#8999*636# : Display Storage Capacity

*#8999*778# : Display SIM Card Information

*#8999*782# : Show Date And Alarm Clock

*#8999*786# : The Display During Warning

*#8999*837# : Samsung Hardware Version

*#0523# - *#8999*523# : Display Contrast

*#8999*638# : Show Network Information

*#9998*246# : Battery Status- Memory Capacity

*#9998*324# - *#8999*324# : Debug Screen

*#9998*842# - *#8999*842# : Vibration Test

*#9998*289# - *#8999*289# : Alarm Beeper - Ringtone Test

*#8999*9266# : Display Received Channel Number And Received Intensity

*#8999*364# : Watchdog ON/OFF

*#8999*427# : WATCHDOG Signal Route Setup

*2767*3855# : Full Reset (Caution every stored data will be deleted.)

*2767*2878# : Custom Reset

*2767*927# : Wap Reset

*2767*226372# : Camera Reset (deletes photos)

*2767*688# : Reset Mobile TV

#7263867# : RAM Dump (On or Off)

#*4773# : Incremental Redundancy

#*7785# : Reset wake-up & RTK Timer Variables

#*7200# : Tone Generator Mute

#*3888# : BLUETOOTH Test Mode

#*7828# : Task Screen

#*2562# : Restarts Phone

#*2565# : No Blocking? General Defense.

#*3353# : General Defense, Code Erased.

#*3837# : Phone Hangs on White screen.

#*3849# : Restarts Phone

#*7337# : Restarts Phone (Resets Wap Settings)

#*2886# : Auto Answer ON/OFF

#*7288# : GPRS Detached/Attached

#*7287# : GPRS Attached

#*2077# : GPRS Switch

#*22671# : AMR REC START

#*22673# : Pause REC

#*22674# : Resume REC

#*22675# : AMR Playback

#*22676# : AMR Stop Play

#*22677# : Pause Play

#*22678# : Resume Play

#*77261# : PCM Rec Req

#*77262# : Stop PCM Rec

#*77263# : PCM Playback

#*77264# : PCM Stop Play

#*22679# : AMR Get Time

#*7666# : White Screen

#*7693# : Sleep Deactivate/Activate

#*2286# : Data Battery

#*2679# : Copycat Feature Active/Deactivate

#*3940# : External Loop-Test 9600 bps

#*4263# : Hands Free Mode Activate/Deactivate

#*2558# : Time ON

#*3941# : External Loop-Test 115200 bps

#*5176# : L1 Sleep

#*7462# : SIM Phase

#*7983# : Voltage/Freq

#*7986# : Voltage

#*8466# : Old Time

#*2255# : Call Failed

#*5376# : Delete All Sms!!!!

#*2337# : Permanent Registration Beep

#*2474# : Charging Duration

#*2834# : Audio Path (Hands-free)

#*3270# : DCS Support Activate/Deactivate

#*3282# : Data Activate/Deactivate

#*3476# : EGSM Activate/Deactivate

#*3676# : Format Flash Volume!!!

#*4760# : GSM Activate/Deactivate

#*4864# : White Screen

#*7326# : Accessory

#*7683# : Sleep Variable

#*3797# : Blinks 3D030300 In RED

#*7372# : Resetting The Time To DPB Variables

*#8999*667# : Debug Mode

*#92782# : Phone Model (Wap)

#*5737425# : JAVA Mode

*#2255# : Call List

*#232337# : Bluetooth MAC Address

*#5282837# : Java Version

*#8999*8376263# : All Versions Together

*#8999*8378# : Test Menu

*#4777*8665# : GPSR Tool

*#8999*523# : LCD Brightness

*#8999*377# : Error LOG Menu

*#8999*327# : EEP Menu

*7465625*228# : Active Lock ON

#7465625*228# : Active Lock OFF

*7465625*28638# : Auto Network Lock ON

#7465625*28638# : Auto Network Lock OFF

*7465625*28782# : Auto Subset Lock ON

#7465625*28782# : Auto Subset Lock OFF

*7465625*2877# : Auto SP Lock ON

#7465625*2877# : Auto SP Lock OFF

*7465625*2827# : Auto CP Lock ON

#7465625*2827# : Auto CP Lock OFF

*7465625*28746# : Auto SIM Lock ON

#7465625*28746# : Auto SIM Lock OFF

*#7465625# : Check the phone lock status

*7465625*638*Code# : Enables Network lock

#7465625*638*Code# : Disables Network


lock

*7465625*782*Code# : Enables Subset lock

#7465625*782*Code# : Disables Subset lock

*7465625*77*Code# : Enables SP lock

#7465625*77*Code# : Disables SP lock

*7465625*27*Code# : Enables CP lock

#7465625*27*Code# : Disables CP lock

*7465625*746*Code# : Enables SIM lock

#7465625*746*Code# : Disables SIM lock

အချို့ ကုဒ်များ မှားယွင်း နိုင်သဖြင့် သတိထား အသုံးပြုရန် လိုအပ် ပါသည်။



http://myawady.com.mm/tech/localtechnews/item/4766

Friday, July 27, 2012

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar


မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။
 “1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။