“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, August 12, 2012

ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း.

သူဌေး ..... "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"

သူဌေး........ "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊ ဆံပင်ဖြီးတာတို့... "

ဝန်ထမ်း ..... "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"

သူဌေး..... "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"

သူဌေး.... "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"

ဝန်ထမ်း.... "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."

ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ

G-talk Account ကအမြဲတမ်း Online ပြနေတယ်ဆိုရင်

ကျွန်တော့်ကို ကိုတစ်ယောက် မေးထားတာလည်း ရှိတာနဲ့ G-talk အကောင့်တွေကို Sing Out လုပ်လိုက် ပေမယ့်လည်း တစ်ခြား မိမိအကောင့်ထဲက သူတွေဆီမှာ Offline မဖြစ်သွားပဲ Online ဖြစ်နေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေကို ရေးပေးသွားပါမယ် .. 
အရင်ဆုံး မိမိတို့ G-talk ဟာ မိမိတို့က Sing Out လုပ်လိုက် ပေးမယ့်လည်း Online အနေနဲ့ပဲ မိမိအကောင့် ထဲက သူတွေဆီမှာ ဖြစ်နေသေးတယ် ဆိုရင် အရင်ဆုံး စဉ်းစား ရမှာက မိမိက G-talk မှာမဟုတ်ပဲ G-Mail မှာများ အကောင့်ကို ဖွင့်ထားသေးလား ဒါမှမဟုတ် တစ်ခြား ဆိုဒ်တစ်ခုခုကနေ G-Mail ဖွင့်ထားခဲ့ တာများ ရှိသေးလား ဆိုတာတွေကို အရင်စဉ်းစား သင့်ပါတယ် .. အဲ့လိုမှ မဟုတ်သေးဘူး ဆိုရင်တော့ အရင်ဆုံး မိမိတို G-Mail အကောင့်ကို ပါတ်ဝတ်စ်ချိန်း လိုက်ပါ .. ကျွန်တော် အောက်မှာပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ .. 

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ အကောင့်ဖောက် တုန်းက ပေးထားခဲ့တဲ့  Security question တွေ နောက်ပြီးတော့ Recovery email တွေကို ပြန်ပြီးတော့ ပြောင်းပေးလိုက်ပါ .. တကယ်လို့ မိမိတို့အကောင်က ဖွင့်လို့မရတော့ဘူး Fail ဖြစ်သွားမယ် ဆိုရင်တောင် ဒီကောင်လေး တွေကို မှတ်မိနေမယ် ဆိုရင် ပြန်ပြီးတော့ Recover လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်ကလင့်လေးကနေ သွားပြီး ချိန်းပေးလိုက်ပါ .. 
နောက်တစ်ချက်ကတော့ G-talk မဟုတ်ပဲနဲ့ 3rd Party Clients တွေဖြစ်တဲ့ GMail/Orkut chat တွေ သုံးတယ် ဆိုရင် အဲ့ဒီကောင်တွေမှာsign out မလုပ်မိတာ တွေရှိတာလည်း ဖြစ်နိုင်ပါတယ် .. ဒီအောက်ကလင့် လေးမှာ တစ်ချက်သွား ကြည့်လိုက်ပါ .. တကယ်လို့ Sign Out မလုပ်ရသေးဘူး ဆိုရင် Sign  Out လုပ်ပေးလိုက်ပါ ..Sign Out ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးနဲ့လည်း ပြပေးထားပါတယ် ..
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ မိမိတို့ G-mail ထဲကနေပြီး ကိုယ့်အကောင့်ထဲကို ၀င်ရောက်အသုံး ပြုထားတဲ့ Detail တွေကို တစ်ချက်စစ်ပြီး Session တွေကို Sign Out လုပ်ပေး ရမှာဖြစ်ပါတယ် .. တကယ်လို့ မိမိအကောင်ကို မိမိမသိပဲ ၀င်ရောက် အသုံးပြုထား တယ်ဆိုရင်တော့ Password ချိန်းပေးဖို့ လိုအပ်တယ် ဆိုပြီး ပြနေမှာ ဖြစ်ပါတယ် .. ဒါဆိုရင်တော့ လက်ရှိသုံးနေတဲ့ Password ကို စိတ်ချရတဲ့ Password အသစ်ချိန်းပေးဖို့ လိုအပ်ပါတယ် .. ကျွန်တော် အကောင့် Detail တွေကို ဘယ်လိုစစ်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Detail ကိုနှိပ်ပြီး ဖွင့်လိုက်ပါ .. 
 ပုံမှန်အတိုင်း အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Sign Out other session ကိုနှိပ်ပြီး Sign Out လုပ်ပေး လိုက်ပါ ..
တကယ်လို့ အောက်ကပုံအတိုင်း မိမိရဲ့ G-Mail အကောင့်မှာ မိမိတို့ မသိရှိပဲ ၀င်ရောက်ထားတယ်လို့ ဖော်ပြနေပြီဆိုရင်တော့ လက်ရှိအသုံးပြုနေတဲ့ Password ကို အသစ်ချိန်းပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ် .. 
ကျွန်တော်တို့ အခုလိုအများဆုံး ဘာကြောင့်ဖြစ်ရလည်း ဆိုရင် ကော်နက်ရှင် မကောင်းတဲ့ အချိန်တွေမှာ အသုံးပြုကြတဲ့ third party client တွေဖြစ်တဲ့ gmail client sever တွေကို အသုံးပြုတဲ့ အခါမှာ မိမိတို့ အသုံးပြုနေရင်နဲ့ ကော်နက်ရှင် ကျသွားလို့ အကောင့်တွေကို မပိတ်မိပဲ ထားခဲ့ရတာ ပဲဖြစ်ဖြစ် ဒီ Connection မကောင်းတဲ့ အချိန်မှာ အသုံးပြုထားတဲ့ gmail client sever တွေကို မပိတ်ပဲ ထားခဲ့မိတာတွေ ကြောင့် ဖြစ်တက်ပါတယ် .. ဒါကြောင့် အခုလိုမျိုး ကြုံလာရပြီ ဆိုရင် အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အရင်ဆုံး Password ချိန်းပေးလိုက်ပါ .. ပြီးမှ ကျွန်တော် အပေါ်မှာ ပြထားတဲ့ အတိုင်း လိုက်ပြီး စစ်ပေးလိုက်ရင်တော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ် ..

http://www.zwekapinmyae.com/forum/topic/show?id=2879352%3ATopic%3A693928&xgs=1&xg_source=msg_share_topic