“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, September 19, 2013

ဖန်ခွက်နှင့် ပြဿနာ(အရမ်းကောင်းတဲ့ ရသစာစုလေးပါ)

ဖန်ခွက်နှင့် ပြဿနာ
==========

စာသင်ခန်း တစ်ခုထဲကို ဆရာဝင်လာပါတယ်။ ယင်းနောက် ကျောင်းသား များ ရှေ့မှာ ဖန်ခွက်ထဲ ရေဖြည်လို့ ကိုင်မြောက်ပြီး ယခုလို စကားဆိုပါတယ်။

"တပည့်တို..။ ဒီဖန်ခွက်ကို ဆရာ ကိုင်မြောက်ပြီး ၁ မိနစ်တိတိနေမယ်။ အထဲမှာ ရေဘာဖြစ်သွားမလဲ"

ကျောင်းသားများ -- ဘာမှ ဖြစ်မသွားပါဘူး ဆရာ

ဆရာ ---- အင်း ဟုတ်ပြီ။ ဒါဆို ဒီရေဖြည့်ထားတဲ့ ခွက်ကိုပဲ ၁၅ မိနစ်တိတိ မြောက်ထားမယ်။ ရေဘာဖြစ်သွားမလဲ

ကျောင်းသားများ - ဘာမှ ဖြစ်မသွားပါဘူး ဆရာ

"ဆရာ့လက် အညောင်းမိမှာတော့ အသေအချာပါပဲ" လို့ ကျောင်းသား တစ်ဦးက ဖြေတော့ အားလုံး ပြုံးစိစိနဲ့ ရယ်ပါတယ်။

ဆရာ - ဒါဆို ၂၄ နာရီလုံး မြောက်ထားမယ်ကွာ။ ဘာဖြစ်သွားမလဲ

" အညောင်းမိလို့ ဘာမှ မလုပ်နိုင်တဲ့ ဆရာ့လက်ကို ဆေးရုံပို့ကုရတော့မှာ အမှန်ပါပဲ" လို့ ဖြေတော့ အားလုံး ဝိုင်းရယ်ကြပါတယ်။

ဒါနဲ့ ဆရာက အောက်ပါ စကားလေး ဆိုပါတယ်။

"အင်း ဖန်ခွက်ထဲက ရေက ဘယ်အခြေအနေရောက်ရောက် မပြောင်းဘူး။ မြောက်ထားတဲ့ လက်ကပဲ အချိန်ကြာသလောက် ညောင်း သွားပါတယ်။ လက်ညောင်းအောင် လုပ်တာကလည်း ဘယ်သူမှ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပါပဲ။

ဒီလိုပါပဲ။ လူတွေဟာ ဘဝမှာ အခက်အခဲ ကိုယ်စီ၊ ပြဿနာကိုယ်စီ ရှိနေကြ ပါတယ်။ ဒီ အခက်အခဲ၊ ပြဿနာများကို ကြုံတွေ့ရတဲ့အခါ အမြဲ ပင့်မထား၊ မြောက်မထားမိစေပါနဲ့။ ဒါတွေကို ပင့်ထားလေလေ၊ မြောက် ထားလေလေ၊ ခေါင်းထဲ အမြဲထည့်ထားလေလေ ကိုယ့်အတွက် မကောင်းလေပါပဲ။ အခက်အခဲတွေကို သူ့အချိန်နဲ့သူပဲ စဉ်းစားပါ၊ ဖြေရှင်းပါ၊ ကျန်တဲ့အချိန်မှာ ဘဝကို ပုံမှန် ဖြတ်သန်းနေကျ အတိုင်း ဖြတ်သန်းနိုင် ပါတယ်။ စိတ်ဆင်းရဲစရာများကို အမြဲလွယ်ထားနေစရာ မလိုပါဘူး။ စိုးရိမ်စိတ်ကို ဖယ်ထားလို့ ဘဝကို အကောင်းဆုံး လျှောက်လှမ်းနိုင်ပါစေ တပည့်တို့"

Ref:duknow

အောင်ခမ်း ( The Webshop )

အခမဲ့ကြော်ငြာ

"ပထမဆု"(ဟာသ)

Photo: "ပထမဆု"
Wednesday, September 18, 2013

'ဟကောင်ကြီး၊ နာရီအကောင်းစားကြီးနဲ့ ပါလား'
'ဟုတ်တယ်'

'ဘယ်က ဝယ်လာတာလဲ'
'ဝယ်လာတာမဟုတ်ဘူး၊ အပြေးပြိုင်တာ ပထမ ရလာတာ'

'ဟုတ်လား၊ ဘယ်သူတွေနဲ့ ပြိုင်ရတာတုန်း'
'ငါရယ် နာရီပိုင်ရှင်ရယ် ရဲတစ်ယောက်ရယ်'

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ဘီဂိတ်နှင့် စားပွဲထိုး

Photo: ဘီဂိတ်နှင့် စားပွဲထိုး

ဘီလ်ဂိတ်တစ်ယောက် စားသောက်ဆိုင် တစ်ခုမှာ နေ့လည်စာ စားပါတယ်။ ပြီးတော့ ကုန်ကျစရိတ်ရှင်းတဲ့အခါ စားပွဲထိုးကို ဒေါ်လာ ၂၀ ဘောနပ်စ် ပေးလိုက်ပါတယ်။

ယင်းအပေါ် အံ့သြစွာ ကြည့်ရှုနေတဲ့ စားပွဲထိုးဟာ တစ်ခုခုမေးချင်နေတယ်လို့ ရိပ်မိလို့ မေးလိုက်ပါတယ်။ ဒီတော့ စားပွဲထိုးက

"ဒီလိုပါဆရာ။ ဆရာ့သား ဒီဆိုင်မှာ လာစားရင် ဘောနပ်စ် ၂၀၀ ပေးပါတယ်။ သူ့အဖေလည်း ဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဆရာ ကျ တော့ ဒေါ်လာ ၂၀ ပဲ ပေးတယ်ဆိုတော့ နည်းနည်း ထူးဆန်း နေ လားလို့ပါ"

ဒီတော့ ဘီဂိတ်လ်က အောက်ပါ အတိုင်း ခပ်ရယ်ရယ်ပြုံးပြုံးပဲ ဖြေပါတယ်။

"အင်း..။ သူက ဘီလျံနာ တစ်ယောက်ရဲ့  သားလေ။ ကျနော့ကတော့ ထင်းခုတ်သမား သားမို့လို့ပါ"
---------
-------

သင်ခန်းစာ - ဘဝမမေ့နှင့်။
--
Ref: qutoes

www.facebook.com/TheWebshopMM
www.thewebshop-mm.com

"အလှူရေစက် လက်နဲ့မကွာ"(ဟာသ)

Photo: "အလှူရေစက် လက်နဲ့မကွာ"
..................................

သူငယ်ချင်းသုံးယောက် ဘယ်သူက အလှူအတန်း ပိုရက်ရောသလဲဆိုတာ ပြိုင်နေကြတယ်

ပထမတစ်ယောက်က ပြောတယ်... ......
"ငါက ရက်ရောတာပေါ့"
"ဘာလို့လဲ"
"ငါ့ဝင်ငွေကို ဆယ်ပုံ ပုံတယ်၊ တစ်ပုံကို ဘုရားလှူတယ်၊ ကျန်တဲ့ကိုးပုံ ငါသုံးတယ်"

နောက်တစ်ယောက်က ပြောတယ်... ...
"ငါက ပိုရက်ရောတယ်"
"ဘာလို့လဲ"
"ငါက မြေပြင်မှာ စက်ဝိုင်းတခု ဝိုင်းလိုက်တယ်၊ အဲဒီစက်ဝိုင်းထဲကို ငါ့ပိုက်ဆံတွေအကုန် ပစ်ထည့်လိုက်တယ်၊ အပြင်ထွက်တဲ့ပိုက်ဆံ ငါယူတယ် အထဲဝင်တဲ့ပိုက်ဆံ ဘုရားလှူတယ်"

နောက်ဆုံးတစ်ယောက်က ပြောတယ်...
"ငါကမှ အရက်ရောဆုံး အလှူရှင်ကွ"
"ဘာလို့လဲ"

"ငါ့ပိုက်ဆံတွေအားလုံး ဘုရားကို လှူလိုက်တယ်"
"ဟာ... ရက်ရောလှချည်လား၊ ဘယ်လို လှူလိုက်တာလဲ"

"ဘုရားသခင် စိတ်ကြိုက်သုံးပါ ဆိုပြီး ငါ့ပိုက်ဆံတွေအကုန်လုံး ကောင်းကင်ပေါ်ပစ်တင်လိုက်တယ်၊ သူ မလိုချင်လို့ ပြန်ကျလာတာကိုပဲ ငါယူတယ်"
"ဟေ..."

ခွင့်တစ်ရက်တိုင်မိတဲ့ ကျွန်တော့်အဖြစ်(ဟာသ)

Photo: “ကျွန်တော် ဒီနေ့ခွင့်လေးလိုချင်လို့ သူဌေးကို ခွင့်လေးတိုင်မိပါတယ်ဗျာ”

"သူဌေး ကျွန်တော့်ကိုကိစ္စလေးရှိလို့ ခွင့်အပိုလေးတစ်ရက်လောက်ပေးပါ.... " လို့

သူဌေး က

"ဘာ... ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?
တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။

တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။

တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။

တစ်ရက်ကို မိနစ်(၃ဝ) မင်း...ကော်ဖီသောက်တယ်။ ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။

တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။

တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။

တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။

ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။
နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။

ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?"

တိန် @_@ !
....
Internet Jokes
“ကျွန်တော် ဒီနေ့ခွင့်လေးလိုချင်လို့ သူဌေးကို ခွင့်လေးတိုင်မိပါတယ်ဗျာ”

အကောင်းဆုံးသမားတော်(ဟာသ)

  1. Photo: အကောင်းဆုံးသမားတော်

အရင်တုန်းကမြို့တစ်မြို့မှာ ဆေးဆရာတွေချည်းပဲ စုပြီးနေတဲ့ ရပ်ကွက်တစ်ခုရှိတယ်.... ထူးခြားတာက ဆေးဆရာတစ်ယောက်ယောက်က ကုလို့ လူနာတစ်ဦးဦး သေဆုံးခဲ့ရင် အုန်းခွံတစ်ခုကို ကုတဲ့ဆရာရဲ့ အိမ်ရှေ့မှာ လူမြင်အောင် ချိတ်ဆွဲထားရတယ်.... ၂ယောက်သေရင် ၂ခု ။ ၃ ယောက် သေရင်ရင် ၃ ခုပေါ့......... တစ်နေ့ ....

တခြားရပ်ကွက်က သားဖနှစ်ဦးမှာ ဖအေလုပ်တဲ့သူက အတော်ကြီးနေမကောင်းဖြစ်တော့ သားဖြစ်တဲ့သူကို ဆေးဆရာ ရပ်ကွက်သွားပြီး အကောင်းဆုံး သမားတော်ကိုရွေးပြီး ပင့်ခဲ့ဖို့ခိုင်းလိုက်တယ်..... သားဖြစ်တဲ့သူလည်း အဲဒီရပ်ကွက်သွာပြီး အကောင်းဆုံး သမားတော်ကို လိုက်ရှာတယ်....... ဒါပေမယ့် ...တစ်ယောက်မှ စိတ်တိုင်းမကျဘူးတဲ့.... ဘာကြောင့်လဲဆိုတော့ ဆေးဆရာတွေရဲ့ အိမ်ရှေ့တွေမှာက အုန်းခွံတွေ ပလူပျံနေ လို့လေ.... တချို့ အိမ်တွေက အခု ၂၀ ၊ ၃၀ ...တချို့  အိမ်တွေဆိုအများကြီးပဲတဲ့....အုန်းခွံ ဆွဲမထားတဲ့အိမ်ကတော့ တစ်အိမ်တောင်မရှိဘူးတဲ့..... သားဖြစ်တဲ့သူလည်း စိတ်ညစ်ညစ် နဲ့ လိုက်ရှာလိုက်တာ... ရပ်ကွက် အစွန်နားရောက်တော့ အုန်းခွံနှစ်ခုတည်းပဲ ဆွဲထားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ အိမ်ကို ရှားရှားပါးပါးတွေ့ရသတဲ့......

သားဖြစ်တဲ့ သူလည်းဝမ်းသာအားရနဲ့ အိမ်ကိုပင့်လာတာပေါ့..... ဆေးဆရာလည်း အိမ်ရောက်တော့... လူနာအခြေအနေကြည့်ပြီး....ဆေးတွေတိုက်....ဆေးတွေပေးပြီး .....အပြန်ကျတော့ သားဖြစ်တဲ့သူက ပြန်လိုက်ပို့တာပေါ့... လမ်းရောက်တော့ သားဖြစ်တဲ့သူက စကားစတယ်.... "ဆရာက အိမ်ရှေ့ မှာအုန်းခွံ နှစ်ခုတည်းပဲ ဆွဲထားတယ် ဆိုတော့ အတော်စွမ်းတာပဲနော်"တဲ့..... "ဒါနဲ့ဆရာကလူနာ ဘယ်နှယောက် ကုဖူးလဲ"....လို့ ဆက်မေးတယ်.... ဆေးဆရာကြီးရဲ့ အဖြေစကားကြောင့် သားဖြစ်တဲ့သူ မျက်လုံးပြူးသွားတယ်......

ဆေးဆရာကြီးက လက်ညှိးနှစ်ချောင်းထောင်ပြီးတော့ ပြန်ဖြေတယ်...... " ..နှစ်ယောက်......."

    အရင်တုန်းကမြို့တစ်မြို့မှာ ဆေးဆရာတွေချည်းပဲ စုပြီးနေတဲ့ ရပ်ကွက်တစ်ခုရှိတယ်.... ထူးခြားတာက ဆေးဆရာတစ်ယောက်ယောက်က ကုလို့ လူနာတစ်ဦးဦး သေဆုံးခဲ့ရင် အုန်းခွံတစ်ခုကို ကုတဲ့ဆရာရဲ့ အိမ်ရှေ့မှာ လူမြင်အောင် ချိတ်ဆွဲထားရတယ်.... ၂ယောက်သေရင် ၂ခု ။ ၃ ယောက် သေရင်ရင် ၃ ခုပေါ့......... တစ်နေ့ ....
     
    တခြားရပ်ကွက်က သားဖနှစ်ဦးမှာ ဖအေလုပ်တဲ့သူက အတော်ကြီးနေမကောင်းဖြစ်တော့ သားဖြစ်တဲ့သူကို ဆေးဆရာ ရပ်ကွက်သွားပြီး အကောင်းဆုံး သမားတော်ကိုရွေးပြီး ပင့်ခဲ့ဖို့ခိုင်းလိုက်တယ်..... သားဖြစ်တဲ့သူလည်း အဲဒီရပ်ကွက်သွာပြီး အကောင်းဆုံး သမားတော်ကို လိုက်ရှာတယ်....... ဒါပေမယ့် ...တစ်ယောက်မှ စိတ်တိုင်းမကျဘူးတဲ့.... ဘာကြောင့်လဲဆိုတော့ ဆေးဆရာတွေရဲ့ အိမ်ရှေ့တွေမှာက အုန်းခွံတွေ ပလူပျံနေ လို့လေ.... တချို့ အိမ်တွေက အခု ၂၀ ၊ ၃၀ ...တချို့  အိမ်တွေဆိုအများကြီးပဲတဲ့....အုန်းခွံ ဆွဲမထားတဲ့အိမ်ကတော့ တစ်အိမ်တောင်မရှိဘူးတဲ့..... သားဖြစ်တဲ့သူလည်း စိတ်ညစ်ညစ် နဲ့ လိုက်ရှာလိုက်တာ... ရပ်ကွက် အစွန်နားရောက်တော့ အုန်းခွံနှစ်ခုတည်းပဲ ဆွဲထားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ အိမ်ကို ရှားရှားပါးပါးတွေ့ရသတဲ့......

    သားဖြစ်တဲ့ သူလည်းဝမ်းသာအားရနဲ့ အိမ်ကိုပင့်လာတာပေါ့..... ဆေးဆရာလည်း အိမ်ရောက်တော့... လူနာအခြေအနေကြည့်ပြီး....ဆေးတွေတိုက်....ဆေးတွေပေးပြီး .....အပြန်ကျတော့ သားဖြစ်တဲ့သူက ပြန်လိုက်ပို့တာပေါ့... လမ်းရောက်တော့ သားဖြစ်တဲ့သူက စကားစတယ်.... "ဆရာက အိမ်ရှေ့ မှာအုန်းခွံ နှစ်ခုတည်းပဲ ဆွဲထားတယ် ဆိုတော့ အတော်စွမ်းတာပဲနော်"တဲ့..... "ဒါနဲ့ဆရာကလူနာ ဘယ်နှယောက် ကုဖူးလဲ"....လို့ ဆက်မေးတယ

    ဆေးဆရာကြီးက လက်ညှိးနှစ်ချောင်းထောင်ပြီးတော့ ပြန်ဖြေတယ်...... " ..နှစ်ယောက်......."
     
     ဆေးဆရာကြီးရဲ့ အဖြေစကားကြောင့် သားဖြစ်တဲ့သူ မျက်လုံးပြူးသွားတယ်......
     
    ဟိုက် !!!!
     
  2. တစ်ထောင့်တစ်ညပုံပြင်ကြိုက်သူများ

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်နိုင်ဖို့ တိုးတိုးတိတ်တိတ်စကား(၁၀)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...
၁) မနှိုင်းနဲ့
"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူ တွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။
၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်း တဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင် ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။
၃) မျက်နှာထား မပြနဲ့
မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ် ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကား ပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။
၎) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေး အကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင် နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါ လိမ့်မယ်။
၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေမြင်ရင်ယာက်ျားလေးတွေကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျား ကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါ တယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။
၆) မရိုက်နဲ့
မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ
မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ် မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမ တွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့ သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေး လေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလို လိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသ မထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။
၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင် ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။
၉) ယောက္ခမ ဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့် မယ်။
၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါ တလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင် ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။ မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့ လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့် လွတ်ပေးပါ။
သုတလင်း
http://www.todaymyanmar.net/

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။

Photo: ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။

(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန်
့ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။

(၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။

(၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်)seroten ဓာတ်များကဦးနှောက်ကို ကျန်းမာစေပါတယ်။

(၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ်
လုပ်စေပါတယ်။

(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့  အဖြူရောင်အဖတ်သားများကို
များစွာကောင်းကျိုးပြုပါတယ်။

(၇) ဂျင်း စားပေးခြင်းဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါ ကိုမဖြစ်စေ
တော့ပါဘူး။

(၈) ပန်းသီး က ခန္တာကိုယ်အတွက် ဘက်စုံအားကောင်းစေရုံသာမက၊
မှတ်ဥာဏ်အားလည်းကောင်းစေပါတယ်။

(၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့  ဖွဲ့ စည်းတည်ဆောက်မှုကို အားပေးပါတယ်။

(၁၀) ဂေါ်ဖီထုပ်က အဆုပ်၊ ဆီးကျိတ်ကင်ဆာ တွေမဖြစ်စေတဲ့အပြင်၊
ဦးနှောက်ပျက်စီးထိခိုက်မှုကိုပါ လျော့ပါးသွားစေပါတယ်။

(၁၁) ဆလပ်ရွက် များများစားပေးခြင်းဖြင့် neurovascular
coupling(ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့သွေး ကြောတွေမှာ
သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းရောဂါ ကိုမဖြစ်စေနိုင်ပါဘူး။ ဒါ့ပြင်
Alzheimer(ခေါ်)ဦးနှောက်ဇရာကြို အယ်လယ် ဇိုင်း မားရောဂါ
ဖြစ်လာနိုင်ချေကိုပါ လျော့ချပေးပါတယ်တဲ့။

(၁၂) သခွားမွှေးသီးစားပါ။ ဦးခေါင်းခွံကျန်းမာရေးကို
ကောင်းကျိုးပြုတဲ့အပြင် ဦးနှောက်အားကောင်းစေပါတယ်။

(၁၃) ထင်းရှုးသီးစေ့ က ဦးနှောက်ကို တက်ကြွအောင်လှုံ့ ဆော်ပေးနိုင်စွမ်းရှိပါတယ်။

(၁၄) မြင်းခွာရွက် တစ်နေ့  ၄-ရွက်စားပါ။ အုန်းဆီ ၈၀-ကျပ်သားနဲ
့မြင်းခွာရွက်သတ္တုရည် ၂၇-ကျပ်သားတို့ ရောပြီး မီးအေးအေး ဖြင့်ချက်ပါ။
ရေခန်း၍ဆီသာကျန်တော့တဲ့အထိ ချက်ပြီးအအေးခံပါ။ ဆံပင်နဲ
့ဦးရေပြားကိုလိမ်းပေးခြင်းဖြင့် ဦးနှောက်အားရှိလာ စေပါတယ်။ ဒါ့ပြင်
သတိကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
စသည်ဖြင့်ကောင်းကျိုးပြုပါတယ်။ (သို့ မ ဟုတ်) မြင်ခွာရွက်မှုန့်ကို
နွားနို့ ၊ သကြားတို့ နဲ့ ရောသောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍
မှတ်ဥာဏ်ကောင်းစေပါတယ်။

(၁၅) ဦးနှောက်ပျက်/စိတ်ဖောက်ပြန်ခြင်းအတွက် လင်းနေပင်အမှုန့် ကို
ပျားရည်နှင့်ရောလျက်ပေးပါ။ ဦးနှောက်အားနည်းပြီး မကြာခဏ
သတိမေ့လျော့ခြင်းအတွက် လင်းနေပင်အမှုန့် ကို၊ ထောပတ်၊ နွားနို တို
့ဖြင့်သောက်ပါ။

(၁၆) ဦးနှောက်ပျက်/စိတ်မငြိမ်ခြင်းအတွက် ဆီးသီးခြောက်ကို ထန်းလျက်ဖြင့်
ယိုထိုးစားပါ။

(၁၇) ဦးနှောက်ကြည်စေရန်အတွက် ကြံရည်နဲ့  ပျားရည် (သို့ မဟုတ်) ကြံရည်နဲ
့ဇီးဖျော်ရည် ရောသောက်ပါ။

(၁၈) ဦးနှောက်မကြည်မလင် ပင်ပန်းနွမ်းနယ်ခြင်းအတွက်
ဖီးကြမ်းဌက်ပျောသီးမှည့်မှည့်ကို စပျစ်သီးအမှည့်ဖြင့် ဖျော်ရည်လုပ်
သောက်ခြင်းဖြင့် တခဏအတွင်း လန်းဆန်းလာစေပါတယ်။

(၁၉) မြတ်လေးပန်းရှုပါ။ မြတ်လေးပန်းရနံရှုခြင်း (သို့ မဟုတ်)
မြတ်လေးပန်းခြောက်မှုန့် ကို ပျားရည် တွင်စိမ်၍ ညအိပ်ယာဝင် တိုင်း
လ္ဘက်ရည်ဇွန်း ၁-ဇွန်း သောက်ခြင်းက ဦးနှောက်ကြည်လင် လန်းဆန်းလာစေပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား။ best brain & memory tonic foods)
(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန့် ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။

(၃) သစ်ကြားသီးကို အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။

(၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်)seroten ဓာတ်များကဦးနှောက်ကို ကျန်းမာစေပါတယ်။

(၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်စေပါတယ်။

(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့  အဖြူရောင်အဖတ်သားများကိုများစွာကောင်းကျိုးပြုပါတယ်။