“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, September 30, 2013

ယူရိုငွေ ၁.၂၅ သန်းတန် မာစီဒီး ရွက်လှေ

ယူရိုငွေ ၁.၂၅ သန်းတန် မာစီဒီး ရွက်လှေ

Monday, September 30, 2013

ဂျာမနီ မာစီဒီးက ကားပဲ ထုတ်တာ မဟုတ်ပါဘူး။ ရွက်လှေနဲ့ အခြားသော စက်အစိတ်အပိုင်းများလည်း ထုတ်လုပ်ပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့နေရတဲ့ လှေက မာစီဒီးက ထုတ်မယ့်လှေ ဖြစ်ပါတယ်။

မာစီဒီး ကုမ္မဏီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ Silver Arrow Marine အမည်ရ ကုမ္မဏီက စက်ပိုင်းဆိုင်ရာကို အဓိက တာဝန်ယူပြီး ဇိမ်ခံ ရွက်လှေဖြစ်လာအောင်နဲ့ ဒီဇိုင်းထူးခြားသွားအောင်ကတော့ မာစီဒီးက တာဝန်ယူမှာ ဖြစ်ပါတယ်။ ရွက်လှေ အရှည်ပေ ကတော့ ၄၆.၂ ပေ ရှိပါတယ်။ ဒီဇယ်အင်ဂျင် ၂ လုံး တပ်ဆင်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုအားက ၉၄၀ ရှိပါတယ်။

ရွက်လှေရဲ့  ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁.၆၉ သန်း ရှိပါတယ်။ ယူရိုငွေနဲ့ တွက်တော့ ၁.၂၅ သန်း ဖြစ်ပါတယ်။ ၂၀၁၅ အမှီရောင်းချနိုင်ဖို့ ပြင်ဆင်နေတဲ့ ရွက်လှေ ဖြစ်ပြီး ရွက်လှေ တည်ဆောက်မှုကို စတင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

http://myawadynews.blogspot.com/2013/09/blog-post_8027.html

သင် ပျင်းတဲ့အခါ လုပ်စရာ (၁၀)ခု

သင်ပျင်းနေပါသလား။ အကယ်၍ သင် ပျင်းလည်းပျင်းနေတယ်၊ ဘာလုပ်ရမယ်မှန်းလည်းမသိဘူးဆိုရင်တော့ ဒီ Top 10 List က သင့်အတွက်ပါပဲ။ ဟောဒီမှာ အချိန်တွေကို ကုန်လွန်သွားစေဖို့ အားလပ်ချိန်မှာ သင်လုပ်နိုင်တဲ့အရာတစ်ချို့။

၁။ အပြင်ထွက်ပါ- သင့်မှာ တခြားဘာမှလုပ်စရာမရှိဘူး ဆိုရင်တော့ ပြင်ပလုပ်စရာလေးတစ်ခုခု လုပ်တာလောက် ကောင်းတဲ့အရာ မရှိပါဘူး။ ဒါကြောင့် လမ်းလျှောက်ပါ။ ပြေးပါ။ သင် အနှစ်သက်ဆုံး ကော်ဖီဆိုင်ကို သွားးပါ။ မိတ်ဆွေတစ်ချို့နဲ့ တွေ့ဆုံပါ ၊ ဒါမှမဟုတ် သင့်စိတ်ထဲက အမှန်တကယ် ဆန္ဒရှိတဲ့ ဘယ်အရာကိုမဆို လုပ်ပါ။

၂။ ဂိမ်းကစားပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ chess ကစားတာပဲဖြစ်ဖြစ် ၊ အွန်လိုင်းဂိမ်းတစ်ခုခုကို ကစားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်ကြိုက်တဲ့ ဂိမ်းအခွေတစ်ခွေကို ကစားတာပဲဖြစ်ဖြစ်ပေါ့၊ ဂိမ်းကစားခြင်းဟာ သင့်ကိုယ်သင် ခဏတာ ပျော်ရွှင်မှုရစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

၃။ အကြိုက်ဆုံး သီချင်းတွေကို ဖွင့်ပြီး လိုက်ဆိုပါ။ ကခုန်ပါ။ သီချင်းသံနဲ့အတူစီးမျောရင်း
သင့်ရဲ့အချိန်ကို ပျော်ရွှင်စွာ ခံစားပါ။

၎။ သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြီး သူတို့မှာ လုပ်စရာ

ဥာဏ်ရည်ဥာဏ်သွေး(ဟာသ)

Photo: "ဥာဏ်ရည်ဥာဏ်သွေး"

အင်ဂျင်နီယာတစ်ယောက်နဲ့ ရှေ့နေတစ်ယောက် တောထဲကရေကန်တခုမှာ ငါးမျှားဖို့ရောက်လာတယ်။
ဖြစ်ချင်တော့...
တက္ကသိုလ်ကျောင်းသူတစုကလည်း ပျော်ပွဲစားထွက်လာရင်း ဘယ်သူမှမရှိတာနဲ့ ကန်ထဲရေဆင်းချိုးရင်း ဆော့နေကြတယ်။

ခိုးခိုးခစ်ခစ်ရယ်သံတွေကြားတော့ ငါးမမျှားသေးပဲ ချောင်းကြည့်လိုက်တယ်
ရေထဲမှာ ကောင်မလေးတွေ...
ကမ်းပေါ် ခပ်လှမ်းလှမ်းမှာက အဝတ်အစားပုံ...
ရွှီ... ပွပြီပေါ့

အင်ဂျင်နီယာက ပြောတယ်... ...
"ငါတို့ ဒီကစောင့်ပြီး ခြောင်းကြည့်ရအောင်၊ သူတို့ရေထဲကတက်လာရင် ရှယ်ပဲ"

ဒီတော့ ရှေ့နေက ပြန်ပြောတယ်... ...
"အာ... ဘာလို့ခြောင်းကြည့်မှာလဲ"
"ဟမ်... မင်းက မကြည့်ချင်ဘူးလား"
"ကြည့်မှာပေါ့ကွ၊ ဒါပေမယ့် စောင့်စရာမလိုတဲ့အကြံ ငါ့မှာရှိတယ်"
"ဘယ်လိုလဲ"
"လာကွာ.... " ... ဆိုပြီး ရှေ့နေက အနားမှာတွေ့တဲ့ ပုံးအစုပ်တလုံးကို ကောက်လို့ ရေကန်စပ်ဆင်းသွားတယ်...

ကောင်မလေးတွေက သူတို့ကို မြင်တော့ အော်တာပေါ့... ...
"အဲ... အား... အီး... ရှင်တို့ ရှင်တို့ ကျမတို့ရေချိုးနေတာကို မမြင်ဘူးလား"
"မြင်သားပဲ"
"မြင်ရဲ့သားနဲ့ ရေကန်စပ်ကို ဘာလာလုပ်တာလဲ"

ဒီတော့ ရှေ့နေက လက်ထဲကိုင်လာတဲ့ ပုံးကို မြှောက်ပြလိုက်ရင်း ပြောတယ်... ...
"အို... ဒီအချိန်ဆို ကန်ထဲကမိကျောင်းတွေကို အစာကျွေးရတာ င့ါအလုပ်ကွ"
"ရှင်... မိကျောင်း"
"ဟယ်... မိကျောင်း"
"ဘုရား ဘုရား"
"အမလေး အမလေး... မိကျောင်းတဲ့"

ဒီတော့... 
ရှေ့နေက အင်ဂျင်နီယာကို ပြုံးပြုံးလေးလှည့်ကြည့်ရင်း ပြောလိုက်တယ်... ...

"ကဲ... သူငယ်ချင်း၊ စိတ်တိုင်းကျ ရှုစားပေတော့"... တဲ့

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

ကမ္ဘာ့ ဆံပင်အရှည်ဆုံးအမျိုးသ္မီး

ကမ္ဘာ့ ဆံပင်အရှည်ဆုံးအမျိုးသ္မီး
++++++++++++++++++++

သူမရဲ့နာမည်ကတော့ Asha Mandela ဖြစ်ပြီး
သူမရဲ့အသက်ဟာ 47နှစ်ရှိနေပါပြီ။

သူမရဲ့ဆံပင်ကိုသူမအသက် 25နှစ်ထဲကမညှပ်ပဲထားခဲ့ကာ
ယခုအချိန်မှာတော့သမရဲ့ဆံပင်အရှည်ဟာ 55ပေအထိရှိနေပြီး
ဒီအရှည်ကတော့ City Bus တစ်စီးအရှည်စာလောက်ရှိပါတယ်။

ဆရာဝန်ရဲ့ပြောဆိုချက်အရတော့ သူမသာဒီဆံပင်ကိုဆက်ပြီး
အရှည်ထားနေမယ်ဆိုရင်သွက်ချာပါဒရောဂါရနိုင်ပြီး
ယခုအချိန်တွင်လည်းသူမတွင်နှလုံးရောဂါရှိနေပါတယ်။

သူမကတော့ဆံပင်ကိုညှပ်မဲ့အစားမိမိကိုယ်ကိုသက်သေလိုက်မည်ဟု
သူမရဲ့ဆံပင်အပေါ်အလွန်ခင်တွယ်နေပါတယ်။

ယခုအချိန်မှာ Asha Mandela သည်ကမ္ဘာ့ ဆံပင်အရှည်ဆုံးသူအဖြစ်
ဂင်းနစ်စံချိန်တင်ခံထားရသူဖြစ်နေပါပြီ။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 28-9-2013 
https://www.facebook.com/excellencemedia

သူမရဲ့နာမည်ကတော့ Asha Mandela ဖြစ်ပြီး သူမရဲ့အသက်ဟာ 47နှစ်ရှိနေပါပြီ။

သူမရဲ့ဆံပင်ကိုသူမအသက် 25နှစ်ထဲကမညှပ်ပဲထားခဲ့ကာ ယခုအချိန်မှာတော့သမရဲ့ဆံပင်အရှည်ဟာ 55ပေအထိရှိနေပြီး
ဒီအရှည်ကတော့ City Bus တစ်စီးအရှည်စာလောက်ရှိပါတယ်။

ဆရာဝန်ရဲ့ပြောဆိုချက်အရတော့ သူမသာဒီဆံပင်ကိုဆက်ပြီး အရှည်ထားနေမယ်ဆိုရင်သွက်ချာပါဒရောဂါရနိုင်ပြီး
ယခုအချိန်တွင်လည်းသူမတွင်နှလုံးရောဂါရှိနေပါတယ်။

သူမကတော့ဆံပင်ကိုညှပ်မဲ့အစားမိမိကိုယ်ကိုသက်သေလိုက်မည်ဟု သူမရဲ့ဆံပင်အပေါ်အလွန်ခင်တွယ်နေပါတယ်။

ယခုအချိန်မှာ Asha Mandela သည်ကမ္ဘာ့ ဆံပင်အရှည်ဆုံးသူအဖြစ် ဂင်းနစ်စံချိန်တင်ခံထားရသူဖြစ်နေပါပြီ။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 28-9-2013
https://www.facebook.com/excellencemedia

အဖေသို့ သမီးပေးစာ

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ

ချစ်သော ဖေဖေ
ဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။
သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။
ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။
ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး
စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော.
 
Today Myanmar