“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, October 1, 2013

အိမ်ရှင်မလုပ်မည့်.. မမများအတွက်...

အိမ်ရှင်မလုပ်မည့်.. မမများအတွက်...

ကဲ ဧဒင်ထမင်းဆိုင်က ချက်နည်းမသင်ခင်လေးမှာအိမ်ရှင်မလုပ်မည့် မမများအတွက်.... သိထားသင့်တာလေးသင်ပေးပါမယ်...။။။
မမကတော့အချက်အပြုတ်ရှေ့ တန်းကပေါ့ .. ဇွန်းကိုင်ပြိးမြည်းတတ်တာ...

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။
အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။
(သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အက်ႌကို
သံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲ
မူရင်းရေးတဲ့သူကို ပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း (တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို
ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။
နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။
ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. ...သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..

ကျေးဇူးတင်ပါတယ်.

ရွှေအိမ်စည်စာကြည့်တိုက်

http://myawadynews.blogspot.com/2013/10/blog-post_1791.html
ကဲ ဧဒင်ထမင်းဆိုင်က ချက်နည်းမသင်ခင်လေးမှာအိမ်ရှင်မလုပ်မည့် မမများအတွက်.... သိထားသင့်တာလေးသင်ပေးပါမယ်...။။
မမကတော့အချက်အပြုတ်ရှေ့ တန်းကပေါ့ .. ဇွန်းကိုင်ပြိးမြည်းတတ်တာ...

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။
အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု

(ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်)

သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။

ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ယင်း အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကတော့ HTC One ဖြစ်ပြီး BBC သတင်းဌာနနဲ့ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Daniel အနေနဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းမှာ ယင်း၏ လူမှုရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိရန်ဖြစ်ပြီး ဤကဲ့သို့ ပထမဆုံးအကြိမ် စမတ်ဖုန်းဖြင့် ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့ခြင်းဖြင့် ယင်း၏ ရည်ရွယ်ချက်အား လူသိများစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

Daniel ၏ ရန်ပုံငွေမှာအဖွဲ့မှာ ဗြိတိန်အခြေစိုက် Comic Relief အဖွဲ့ဖြစ်ပြီး ယင်းတို့အနေဖြင့် ယခု ခရီးစဉ်နှင့် ဆက်စပ်ပြီါ် ဒေါ်လာ ၁.၅ သန်း ရန်ပုံငွေ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ Comic Relief အဖွဲ့သည် ဗြိတိန်နိုင်ငံမှာ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအား ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။

ဗီဒီယိုကြည့်ရှုရန်လင့်ခ် - http://www.youtube.com/watch?feature=player_embedded&v=j7grH7EOMfA

http://myawadynews.blogspot.com/2013/10/blog-post_2539.html
သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။

ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ယင်း အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကတော့ HTC One ဖြစ်ပြီး BBC သတင်းဌာနနဲ့ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Daniel အနေနဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းမှာ ယင်း၏ လူမှုရေး လုပ်ငန်းများအတွက်

ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်

Photo: ရေငုပ်သင်္ဘော တည်ဆောက်ခဲ့သည့် အမေရိကန် ဆယ်ကျော်သက်လူငယ်

Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင်သည့် ရေငုပ်သင်္ဘောတစ်စင်းအား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ 

ထူးခြားလှတဲ့ ဤတီထွင်မှုဟာ ချက်ခြင်းဆိုသလို ပြန်နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနများက Justin အား ခေတ်သစ်ရဲ့ သော်မတ်စ်အက်ဒီဆင်လို့တောင် တင်စားခေါ်ဝေါ နေကြပြီဖြစ်ပါတယ်။ 

ယင်းအနေနဲ့ အဆိုပါ ရေငုပ်သင်္ဘောအား ရေပိုက်များတွင် အသုံးပြုသည့် ပလတ်စတတ်သားဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ငယ်စဉ်ဘဝကတည်းက အီလက်ထရောနစ်ပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါသူဟု သိရှိရသည်။ ယင်း၏ ရေငုပ်သင်္ဘောအတွက် လိုအပ်သည့် စက်ကရိယာများနှင့် အီလက်ထရောနစ် ပစ္စည်းများကို ယင်း၏နေအိမ် ဂိုထောင်အတွင်းမှ ရှိပြီးသား ပစ္စည်းများကို အသုံးချခဲ့ခြင်းဖြစ်သည်။ 

ဤရေငုပ်သင်္ဘော တည်ဆောက်မှု၏ စုစုပေါင်း ကုန်ကျစရိတ်မှာ မယုံကြည်နိုင်ဖွယ်ရာ ဒေါ်လာ ၁ ထောင်သာ ဖြစ်သည်ဟု သိရှိရသည်။ 

Justin သည် ကလေးဘဝကပင် အင်ဂျင်နီယာ နည်းပညာနှင့် တီထွင်ဖန်တီးမှုတို့ကို လွန်စွာစိတ်ဝင်စားသူဖြစ်ကြောင်း ယင်းအနေဖြင့် ဖုန်စုပ်စက်များ ၊ ဂျက်အင်ဂျင် အသေးစားများ ၊ ဒီဗီဒီ ကြည့်ရှုနိုင်သည့် စက်များကို တည်ထွင်ခဲ့ဖူးကြောင်း သိရှိရသည်။

Justin Beckerman လို့ အမည်ရတဲ့ အမေရိကန်နိုင်ငံ၊ နူးဂျာစီပြည်နယ်မှ အသက် ၁၈ နှစ်အရွယ် အထက်တန်း ကျောင်းသာတစ်ဦးဟာ အနက်ပေ ၃၀ တွင် ခုတ်မောင်းနိုင် သည့် ရေငုပ်သင်္ဘောတစ်စင်း အား အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။

ထူးခြားလှတဲ့ ဤတီထွင်မှုဟာ ချက်ခြင်းဆိုသလို ပြန်နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနများက Justin အား ခေတ်သစ်ရဲ့ သော်မတ်စ်အက်ဒီဆင်လို့တောင် တင်စားခေါ်ဝေါ နေကြပြီဖြစ်ပါတယ်။

ယင်းအနေနဲ့ အဆိုပါ ရေငုပ်သင်္ဘောအား ရေပိုက်များတွင် အသုံးပြုသည့် ပလတ်စတတ်သားဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် ငယ်စဉ်ဘဝကတည်းက အီလက်ထရောနစ်ပစ္စည်းများ စုဆောင်းခြင်းကို ဝါသနာပါသူဟု သိရှိရသည်။ ယင်း၏ ရေငုပ်သင်္ဘောအတွက် လိုအပ်သည့်

ကျွန်ုပ်တို့ Glaxy ထဲမှ အမှောင်ဆုံးဂြိုလ်

Photo: ကျွန်ုတို့ Glaxyထဲမှ အမှောင်ဆုံးဂြိုလ်
•••••••••••••••••••••••••••••••

NASA မှစတင်တွေ့ ရှိခဲ့တာဖြစ်ပြီး TrES-2bလို့ အမည်ပေးထားပါတယ်။

အရွယ်အစားကတော့ ဂျူပီတာဂြိုလ်လောက်ရှိပြီး
GSC 03549-02811 လို့ ခေါ်တဲ့အ၀ါရောင်(နေနဲ့ အလားတူ)
ကြယ်တစ်လုံး ကိုလှည့်ပတ်နေပြီး Draco နက္ခနဲ့ ဆိုရင်တော့
အလင်းနှစ် 75ဝေးကွာပါတယ်။

ဒီဂြိုလ်ဟာ ကျောက်မီးသွေးထက်ပင်မှောင်သောအရောင်ရှိပြီး
သူလှည့်ပတ်နေတဲ့နေမှလာတဲ့အလင်းကို 99%ကျော်ကျော်စုပ်ယူ
ထားပြီး အလင်းပြန်နှုန်းကတော့ 1%အောက်နည်းသော
အလင်းပမာဏ သာရှိပါတယ်။

ဒါ့ကြောင့်ယခုတွေ့ ရှိသမျှထဲမှလတွေဂြိုလ်တွေထဲမှတော့ အမှောင်ဆုံးဂြိုလ်တစ်လုံးဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To >Scientist Myanmar < Thanks
Re-posted By ACM 30-9-2013 
https://www.facebook.com/excellencemedia
NASA မှစတင်တွေ့ ရှိခဲ့တာဖြစ်ပြီး TrES-2bလို့ အမည်ပေးထားပါတယ်။

အရွယ်အစားကတော့ ဂျူပီတာဂြိုလ်လောက်ရှိပြီး
GSC 03549-02811 လို့ ခေါ်တဲ့အ၀ါရောင်(နေနဲ့ အလားတူ)
ကြယ်တစ်လုံး ကိုလှည့်ပတ်နေပြီး Draco နက္ခနဲ့ ဆိုရင်တော့
အလင်းနှစ် 75ဝေးကွာပါတယ်။

ဒီဂြိုလ်ဟာ ကျောက်မီးသွေးထက် ပင်မှောင်သောအရောင်ရှိပြီး