“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Monday, August 19, 2013

ဝေးကွာနေသော ချစ်သူ၏ နှလုံး ခုန်သံကို ကြားနိုင်သော application သစ် သုတေသီများ ထုတ်လုပ်

ဝေးကွာနေသော ချစ်သူများ အတွက် တစ်ယောက်၏ နှလုံး ခုန်သံကို တစ်ယောက်က နားထောင်နိုင်သော application သစ်တစ်ရပ်ကို သုတေသီများက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အသုံးပြုသူများ အနေဖြင့် Pillow Talk လက်ပတ်ကြိုးနှင့် ဗြိတိန်ဒီဇိုင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Little Riot ကုမ္ပဏီမှ တီထွင်ထားသော application တို့ကို ချိတ်ဆက်ခြင်းဖြင့် မိုင်ပေါင်းများစွာ ဝေးကွာနေသော ချစ်သူ၏ နှလုံးခုန်သံကို ကြားရမည် ဖြစ်သည်။

Pillow Talk လက်ပတ်ကြိုးသည် ၀တ်ဆင် ထားသူ၏ နှလုံးခုန်သံကို ဖမ်းယူပြီး ယင်းနှလုံး ခုန်သံကို Bluetooth မှတစ်ဆင့် iOS သို့မဟုတ် Android application သို့ ပေးပို့၍ ယင်းမှ တစ်ဆင့် ချိတ်ဆက်ထားသူ ထံသို့ ပေးပို့ ပေးခြင်းဖြင့် ချိတ်ဆက်ထားသူ နှစ်ဦးစလုံးသည် နှလုံးခုန်သံ များကို နားဆင်နိုင်မည် ဖြစ်သည်။
Pillow Talk လက်ပတ်ကြိုး တီထွင်မှု စီမံကိန်းသည် You Tube ပေါ်တွင် ပရိသတ် ၇၅၀၀၀၀ ကျော်၏ ထောက်ခံမှုကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းတွင် ကြိုက်နှစ် သက်သူ ထောင်ပေါင်းများစွာရှိကြောင်း Little Riot ကုမ္ပဏီက ပြောကြားခဲ့သည်။ 

မြ၀တီ

မိန်းကလေးတွေ ဘာကြိုက်?

၁။မိန်ကလေးတွေတော်တော်များများကြိုက်တာ အပြောချိုတဲ့ ယောက်ျားမျိုးကိုကြိုက်ကြတယ်။

၂။စိတ်ကောက်ရင်လည်း အလိုက်သိချော့တဲ့ ယောက်ျးမျိုးကိုကြိုက်တယ်။

၃။သစ္စာရှိပြီး ခွင်လွတ်နားလည်တတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၎။မိန်းမအလုပ်ယောက်ျားအလုပ် မခွဲခြားပဲ အားရင်အသလို မတွက်မကပ်လုပ်တတ်တဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၅။ချစ်ခင်ကြင်နာ သနားယုယ ကိုယ်ချင်းစာစိတ်ရှိတဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၆။သူတို့ ကိုချစ်ပြီး သူတို့ ရဲ့မိဘအတိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနီးအောင်နေတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

၇။လျှို့ ဝှက်ချက်မရှိအကောင်းအဆိုး သူတို့ နဲ့ အတူတူမျှဝေခံစားတတ်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၈။လက်ကျောတင်းပြီး မပျင်းရိတဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၉။ဆင်ခြေနည်းတဲ့ ယောက်ျားမျိုးကို ကြိက်ြတယ်။

၁၀။မိသားစုနဲ့ သားသမီးတွေရဲ့ အနာဂတ်လှပရေး အိမ်ထောင်ဦးစီးပီသတဲ့ ယောက်ျားမျိုးကို ကြိုတယ်။

သြော် ယောက်ျား - မိန်းမ ....

သြော် ယောက်ျား - မိန်းမ .... 
Monday, August 19, 2013

(၁) သြော်…ယောက်ျား

တွေ့စ
ဟာ.. ချစ်စရာလေး…ဖြူလွှလွှလေး… နတ်သမီးလေးကျနေတာပဲ။
ချစ်စ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အကောင်းဆုံး မိန်းကလေး….ငါ့သူ့ကိုပဲ လက်ထပ်မယ်။

လက်ထပ်ပြီး(၁)နှစ်
ငါ့မိန်းမ မဆိုးဘူး။ တော်တယ်လို့ ပြောလို့ရတယ်။ တစ်ခါတလေ
စိတ်ကောက်တတ်တာလေး တစ်ခုပဲ။

လက်ထပ်ပြီး(၅)နှစ်
ဒီမိန်းမ ပစိပစပ်နဲ့ ကြာလေဆိုးလေပဲ ငါသည်းခံလို့ မရတော့ဘူး။

လက်ထပ်ပြီး(၁၀)နှစ်
ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး မိန်းမ…အကျိုးသင့် အကြောင်းသင့်
မစဉ်းစားတတ်တဲ့ မိန်းမ ငါဘာလို့ သူ့ကို လက်ထပ်မိပါလိမ့်…

လက်ထပ်ပြီး အနှစ်(၂၀)
သူရဲ့ ဆိုးပြစ်တွေ၊ မကောင်းတဲ့ အကျင့်တွေကို ဖယ်လိုက်တော့ နည်းနည်းခံသာပါသေးတယ်။

လက်ထပ်ပြီး အနှစ်(၃၀)
တစ်ခါတလေမှာ သူသဘောထား ပြည့်ဝရှာပါတယ်။ အိမ်ထောင်လည်း ထိန်းနိုင်တယ်။
ငါ့ကိုလည်း နားလည် ပေးတတ်တယ်။

လက်ထပ်ပြီး အနှစ်(၄၀)
ငါ့မိန်းမ မဆိုးဘူး။ အိမ်မှာနေ အိမ်တာဝန်ကျေသလို.. လူမူရေးမှာလည်း
သူလုပ်နိုင်တယ်။ နောင်ဘ၀ရှိရင် သူ့ကိုပဲ ငါလက်ထပ်မယ်။

မိန်းမသေဆုံးပြီးနောက်
ဘယ်လောက်ထိ ၀မ်းနည်းတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ပါပဲ။ ငါဟာ
ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး မိန်းမတစ်ဦးကို ဆုံးရှုံးလိုက်ရပြီ….

(၂) သြော်…..မိန်းမ

တွေ့စ
ဟင်း..မအူမလည်လေး… တုံးအအ ပုံစံလေးနဲ့…ချစ်ဖို့ကောင်းတယ်

ချစ်စ
သူ အရမ်းရိုးသားတာပဲ။ စကားလည်း နားထောင်တယ်။ သနားကမားလေး..ငါ့သူနဲ့ပဲ လက်ထပ်မယ်။

လက်ထပ်ပြီး (၁)နှစ်
သူ မဆိုးဘူး။ ဗဟုသုတလည်းရှိတယ်။ ငါ့ကိုလဲ ကြင်နာတယ်။ ယောက်ျားပီသတယ်။

လက်ထပ်ပြီး (၅)နှစ်
သူတော်မှန်း အခုမှ သိတော့တယ်။ တစ်ခြားယောက်ျားတွေနဲ့ မတူဘူး။ ကြိုးစားတယ်။

လက်ထပ်ပြီး (၁၀)နှစ်
သူဟာ ဒီကမ္ဘာမှာ အကောင်းဆုံး ယောက်ျားပဲ။ သူသာမရှိရင် ငါဘယ်လို အသက်ရှင်ရ
မလဲတောင် မသိဘူး။

လက်ထပ်ပြီး အနှစ်(၂၀)
သူ့ရဲ့ ကောင်းကွက်တွေ တစ်ဖြည်းဖြည်း နည်းလာပါလား…

လက်ထပ်ပြီး အနှစ်(၃၀)
မကောင်းတာတွေ ပိုပိုများလာပါလား။ ပျင်းလည်း ပျင်းသေး၊ တုံးလည်း တုံးသေး၊
ခေါင်းက မာသေး…

လက်ထပ်ပြီး အနှစ်(၄၀)
တုံးတုံးအအ ဒီအဘိုးကြီးကို နောင်ဘ၀မှာ ဘာပဲလာပြောပြော မယူဘူး…

ယောက်ျားသေဆုံးပြီးနောက်
ငါ့ကို တစ်ယောက်တည်း ရက်ရက်စက်စက် ထားသွားပြန်ပြီ….

Credit-> Original up-loader
ပုဂံအွန်လိုင်းမီဒီယာ

၉ လတော့ စောင့်ရမယ်(ဟာသ)

၉ လတော့ စောင့်ရမယ်
..............................

-အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော့ မိသားစုအတွက်နေ့စဉ်နေ့တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌ ဇနီးဖြစ်သူ မှာ
အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ ဇနီးသည် ကိုမနာလိုဖြစ်နေတက်သည်။

မိန်းမအား မနာလိုမူတို့ အားကြီးလာသာအခါ တစ်ည ညအိပ်ရာ ၀င်ချိန်တွင် ဘုရားသခင်ကိုတိုင်တည်ဆုတောင်းသည်ဟူ၏။

“အဖ ဘုရားသခင်….. ကျွန်တော်သည် နေ့စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင်ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘ၀မှာ မမျှတပါ… သို့ဖြစ်ပါ၍
မိန်းမတို.၏ အေးဆေးသက်သာရှိသောဘ၀ ကို မြင်စွမ်းနိုင်ခွင့်ငှာ မနက်ဖြန် မနက်မှစ၍ကျွန်တော်နှင့် ကျွန်တော့်မိန်းမတို့ဘ၀ တခဏ ဖြစ်ခွင့်ရပါစေသား အရှင်ဘုရား….”

ဟုဘုရားသခင်ထံ တိုင်တည် ဆုတောင်းလိုက်သည်။

အံ့အားသင့်စရာ ကောင်းစွာပင် ဘုရားသခင်က

 “မင်းတောင်းတဲ့ဆု ပြည့်စေ” 

ဟုခွင့်ပြုလေသည်။

နောက်တစ်နေ့ မိုးလင်းချိန်တွင် အမျိုးသားမှာ အမျိုးသမီးဘ၀သို့ ထူးဆန်းစွာပြောင်းလဲသွားလေသည်။ ထို့ကြောင့်ယောက်ျားထက် ဦးစွာနိုးထကာ နံနက်စာ
ပြင်ဆင်ရလေသည်။ 

နံနက်စာပြင်ဆင်ပြီးနောက် ယောက်ျားလုပ်သူနှင့် သားသမီးများကိုနိုးကာ နံနက်စာကျွေးမွေးရသည်။ နံနက်စာကျွေးပြီးနောက် ယောက်ျားနှင့်ကလေးများ
ရုံးနှင့် ကျောင်းသွားနိုင်ရင် အ၀တ်အစား၊ ထမင်းဘူး တို့ကို ပြင်ဆင်ပေးရသည်။ကလေးများကို ကျောင်းသို့ပို့ရသည်။

ထို့နောက် ဈေးဝင်ဝယ်ပြီး အိမ်ပြန်လာရသည်။ ချက်ပြုတ်ရသည်။ အ၀တ်လျှော်ရသည်။မီးပူတိုက်ရသည်။ အပြေးအလွား သတင်းစာ ဖတ်ရသည်။ ရုပ်မြင်သံကြား ကြည့်ရသည်။

ထို့နောက် ကလေးများကို ကျောင်းမှ ကြိုရသည်။ ကလေးများအား ရေမိုးချိုးပေးရသည်။အိမ်စာ ၀ိုင်းကူ လုပ်ပေးရသည်။ ယောက်ျား ရုံးမှ ပြန်လာချိန်တွင်
ရေမိုးချိုးနိုင်ရန် ပြင်ဆင်ပေးပြီး ညစာ အတူစားရသည်။ ဆေးကြော သန့်ရှင်းရေးလုပ်ရသည်။ယောက်ျားက စကားပြောဆို မေးမြန်လျှင် ပြန်လည်တုံ့ပြန်ဖြေကြားရပြီး
ယောက်ျားဖြစ်သူ အလိုအတိုင်း အိပ်ရာဝင်ရကာ ယောက်ျားစိတ်တိုင်းကျ ပြုသမျှနုရပြန်သည်။

နောက်တနေ့ နံနက်စောစောထချိန် မိန်းမ ဘ၀သို့ ရောက်နေဆဲ ဖြစ်သော ယောက်ျားသည်ဘုရားသခင်ထံ အပြေးအလွား ဆုတောင်းပြန်သည်။

“အဖ ဘုရားသခင်… ကျွန်တော်မျိုး(အဲ… ကျွန်မ) မှားသွားခဲ.ပါပြီ။ မိန်းမတွေမည်မျှပင်ပန်း၊ စိတ်ရှည်၊ သည်းခံရသည်ကိုလည်း ကိုယ်ချင်းစာမိပါပြီ။ ကျွန်တော်
မိန်း(အဲ ယောက်ျား၊ မဟုတ်ပါဘူး ဘုရား မိန်းမ) ကို ယခုမှ စပြီး ချစ်မြတ်နိုး၍ကောင်းစွာစောင့်ရှောက်ပါတော့မည်။ ကျွန်တော်မျိုးမအား ယောက်ျားဘ၀ကို
အခုချက်ချင်း ပြန်လည် ပေးသနားပါ။ မိန်းမနှင့်ဘ၀ချင်း ပြန်၍ပြောင်းလဲပေးတော်မူပါဘုရား” 

ဟုလိုက်လိုက်လှဲလှဲ ဆုတောင်းလေတော့သည်။

ဘုရားသခင်သည် တပည့်သား(သမီး) အားအောက်ပါအတိုင်း ပြော၍ ပြန်လေတော့သည်။

“မင်း (နင်) အမြင်မှန်ရ၍ ငါဝမ်းမြောက်လှပေသည်။ သို့သော်ငြား မင်း(နင်) သည်ယမန်နေ့ည က ယောက်ျားလုပ်သူအား ကောင်းစွာပြုစုခဲ့၍ သန္ဓေအောင်ခဲ့ပြီဖြစ်၍
နောက်ထပ် ၉ လမျှ အသာစောင့်၍ မွေးဖွားပြီးခါမှ ဘ၀ပြောင်းရန်ငါ့ထံဆုပြန်တောင်းလေ” 

ဟူသတည်း။

တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ

ဓါတ်ပုံ = Thai Ladyboy.

အခုချက်ချင်း ပြန်လည် ပေးသနားပါ။ မိန်းမနှင့်ဘ၀ချင်း ပြန်၍ပြောင်းလဲပေးတော်မူပါဘုရား