“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, June 21, 2012

အရှက်ကြီးသူနဲ့ စိတ်ပညာကျောင်းသူတို့ ခဏတာ

ချစ်သူများနေ့ ညချမ်းတစ်ခုမှာ အရှက်ကြီးတတ်သူ ကောင်လေး တစ်ယောက်ဟာ လူစည်ကားတဲ့ လမ်းဆုံ
လဖက်ရည်ဆိုင်တစ်ဆိုင်မှာ အေးအေးလူလူ သီချင်းလေးနားထောင်ရင်း လဖက်ရည် သောက်နေတုန်း ကျောင်းသူ
အရွယ် ကောင်မလေး
ချောချောလေး တစ်ယောက် တစ်ယောက်တည်း လာထိုင်နေတာကို တွေ့လိုက် ရတယ်။ လွန်းပျံခေတ်ဆို
တော့ မြင်မြင်ချင်းပဲ ကောင်လေးက ကျောင်းသူ ကောင်းမလေးကို ချစ်မိ သွားပေမယ့် ရှတ်တတ်သူပီပီ
စကားသွားပြောဖို့ရာ သတ္တိမရှိတာမို့တစ်နာရီ လောက်ကြာအောင် သတ္တိကို မွေးယူခဲ့တယ်။
နောက်ဆုံးအရဲစွန့်ပြီး ကျောင်းသူလေးနားကို မယောင်မလည်တိုးကပ်ပြီး .. ..

ကျွန်တော် ညီမလေးအတွက် သောက်စရာ တစ်ခုခုများ မှာပေးလို့ ရမလား သိပါရစေ လို့ မေးလိုက်ပါတယ်။
အဲဒီအခါမှာကျောင်းသူ ကောင်မလေးက အသံစွာကျယ်ကျယ်နဲ့ လူတွေအားလုံး ကြားလောက်အောင် .. ..


ရှင်နဲ့ ကျွန်မ လိုက်မအိပ်နိုင်ဘူး လို့ အဓိပ္ပာယ်မဲ့ ပြန်ပြောလိုက်တာကြောင့် လဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့သူတွေ
အားလုံး သူတို့ နှစ်ယောက်ကို လှည့်ကြည့် ကြပေမယ့် နားလည်ပေးကြပါတယ်။ အထင်နဲ့ လက်တွေ့အဖြစ်အပျက်
ကွာခြား လွန်းတာမို့ ရှက်တတ်တဲ့ ကောင်လေးခမျာ မျက်နှာနီရဲသွားပြီး ကျောင်းသူ ကောင်မလေးကို တောင်းပန်ကာ
သူ့နေရာမှာ ပြန်သွားထိုင်ပြီး စိတ်ဖြေနေပါတယ်။ ခဏအကြာမှာ အဲဒီ ကျောင်းသူလေးက ကောင်လေးရှိရာကို
ခပ်ပြုံးပြုံးလေး လျှောက်လာပြီး .. ..

ကျွန်မ စိတ်မကောင်းပါဘူးရှင်။ ကျွန်မ အပြုအမူကြောင့် ရှင် တော်တော်ရှက်သွားတယ် ထင်တယ်။ ကွန်မက
စိတ်ပညာနဲ့ ဘွဲ့ယူစာတမ်း ပြုစုနေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးပါ။ ဒီလို အခြေအနေမျိုးမှာ ပတ်ဝန်းကျင်
ကဘယ်လို တုံ့ပြန်မယ်မလဲ ဆိုတာကို လေ့ကျင့်ချင်တာ တစ်ခုတည်းနဲ့ ကျွန်မဒီလို လုပ်မိတာပါ လို့ ပြောပြီး
တောင်းပန်ပါ သတဲ့။ အဲဒီအခါမှာ ရှက်တတ်တဲ့ ကောင်လေးက အသံကုန်ပြန်ပြီး အော်လိုက် တာကတော့

ဟေ့ မင်းက ငွေ ငါးထောင်မှ မတန်တာ။ မပေးနိုင်ဘူး ဆိုပြီး ချာကနဲ လှည့်ထွက် သွားလေရဲ့ .. .. .. ။

သေသွားတဲ့ယုန်

အသက် (၉၀)အရွယ်ရှိ အဘိုးအိုတစ်ဦးဟာ သူ့မိသားစု ဆရာဝန်ဆီရောက်လာပြီး

ဆရာရယ်၊ ကျွန်တော် ဘယ်တုန်းကနဲ့မှ မတူအောင် အားအင်တွေ ရှိနေလိုက်တာဗျာ။ အခုဆိုရင် အသက်
(၁၈)နှစ် ရှိတဲ့ ကျွန်တော့် ဇနီးကလေး ကိုယ်ဝန်ရှိနေပြီဆရာ၊ ဘယ်လိုသဘော ရသလဲ .. ..

လို့ ခပ်ကြွားကြွားလေး မေးလိုက်ပါတယ်။ ဆရာဝန်က အဘိုးအိုရဲ့ မွေးခွန်းကို ခဏစဉ်းစားပြီး

ကျွန်တော့်မှာ အဘိုးလိုပဲ အသက်အရွယ် ကြီးရင့်တဲ့ မိတ်ဆွေ တစ်ဦး ရှိပါတယ်။ သူက မုဆိုးပါ။ သူ့ဘ၀မှာ
တစ်ခါမှ သားကောင် လွတ်သွားတယ် ဆိုလို့ မရှိခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ သားကောင် ပစ်ဖို့ တောထဲ ထွက်လာ
ရာမှာ သေနတ်အစား ထီးကောက်ကို မှားပြီး ယူသွားမိပါတယ်။ ချောင်းကလေး တစ်ခုကို ရောက်တော့ တစ်ဖက်
ကမ်းမှာ ယုန်လေး တစ်ကောင်ကို မုဆိုးအဘိုးအိုက လှမ်းတွေ့လိုက်တယ်။ ဒါနဲ့ သူက ထီးကောက်ကို မြှောက်
လိုက်ပြီးဒိုင်း .. ဒိုင်း .. နဲ့ ပစ်လိုက်တာ ယုန်ကလေး ခင်မျာ သေသွားပါ လေရော။ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့
အဘိုးဘယ်လို ထင်ပါသလဲ

လို့ ဆရာဝန်က ပြန်မေးလိုက်ပါတယ်။ ဒီအခါမှာ အဘိုးအိုက

ဒါတော့ ဘယ်ဖြစ်နိုင်မလဲ၊ ယုန်ကို တစ်ယောက်ယောက်က ပစ်လိုက်တာ နေမှာပေါ့

လို့ ဖြေလိုက်တဲ့အခါမှာ ဆရာဝန်က

ကျွန်တော့်အဖြေကလည်း အဲဒါပါပဲ လို့ ဆိုလိုက်ပါတယ်။
အကြောင်းကတော့


နေသာတဲ့နံနက်ခင်းတစ်ခုတွင် လူတစ်ယောက်သည် ကျဉ်းမြောင်းသော တံတားတစ်ခုကို ဖြတ်သန်းနေခိုက်၊
သူ့အောက်ရှိ မြစ်ကမ်းပါးဘေး သစ်ရိပ်အောက်တွင် ငါးမျှားနေသော တံငါသည်တစ်ယောက်ကို မြင်သည်။ မြစ်မှာ
ရေနက်ပြီး ညင်သာစွာ စီးဆင်နေသည်။ ထိုလူသည် တံတားပေါ်ရပ်၍ တံငါသည်ကို စောင့်ကြည့် နေခဲ့သည်။


မိနစ်အနည်းငယ်ကြာပြီးနောက် တံငါသည်သည် သူချထားသော ငါးမျှားကြိုးကို ဆွဲယူလေသည်။ ငါးမျှားကြိုး
အဆုံးတွင်အလွန်ကြီးသော ငါးတစ်ကောင်ပါလာသည်။


တံငါသည်သည် ငါးကို ငါးမျှားချိတ်မှဖြုတ်၍ ရေထဲသို့ ပြန်လွှတ်လိုက်သည်။ နောက်ထပ်မိနစ် အနည်းငယ်
အကြာတွင်နောက်ထပ် ငါးကြီးတစ်ကောင် ရပြန်သည်။ တံငါသည်သည် ထိုငါးကြီးကိုလည်း မြစ်ထဲသို့ ပြန်လွှတ်
လိုက်ပြန်သည်။ တတိယအကြိမ်တွင်မူ ငါးအသေးတစ်ကောင် ဖမ်းမိသည်။ ထိုငါးကို သူ့တောင်းထဲ ထည့်ပြီး
နောက် အိမ်ပြန်ရန် ပြင်ဆင်တော့သည်။ တံတားပေါ်မှ လူသည် အလွန်အံ့အားသင့်သွားသဖြင့် တံငါသည်အား
မေးသည်။

“ ခင်ဗျားဘာကြောင့် ကြီးမားပြီး လှပတဲ့ ငါးကြီးတွေကို ရေထဲ ပြန်လွှတ်ပြီး၊ ငါးသေးသေးကိုမှ ယူတာလဲ ”

တံငါသည်က မော့ကြည့်ပြီး ပြန်ဖြေလိုက်တာက..

“ ဒယ်အိုးက သေးသေးလေးမို့ပါဗျာ ” တဲ့



မူရင်း...http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1607347&xgs=1&xg_source=msg_share_post